uk

SBS

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

News MY ↓ Епізодів: 961

Independent news and stories connecting you to life in Australia and Burmese-speaking Australians. - သင့်ကို သြစတြေလျမှာရှိတဲ့ ဘ၀နဲ့ မြန်မာစကားပြောတဲ့ သြစတြေလျံတွေကို၊ လွတ်လပ်တဲ့သတင်းနဲ့ အကြောင်းရာများကို ဆက်နွယ်ပေးထားပါတယ်။

Обов'язково відвідайте сайт подкасту та підтримайте його автора: www.sbs.com.au

Автор

SBS

Категорія

News

Сайт подкасту

www.sbs.com.au

Останній епізод

12 жов 2026

Де слухати?

Подкасти в застосунку Replaio Radio Уже незабаром

Подкасти незабаром з'являться в застосунку. Встановіть уже зараз і першими побачте зовсім новий погляд на подкасти

Завантажити з Google Play Встановіть безкоштовно Android майже 10 млн завантажень · рейтинг 4,8 iOS незабаром

Епізоди

Australia ၏ အွန်လိုင်းဖန်တီးရှင်များဆိုင်ရာ ကွဲပြားစုံလင်မှုကို ထိန်းသိမ်းထားရှိ။ 20.08.2026

အင်တာနက်ပေါ်တွင် တင်ထားသမျှသည် ထာဝရတည်ရှိနေသည်ဟု ဆိုကြသော်လည်း အွန်လိုင်း တွင် အကြောင်းအရာများစွာကို မျှဝေတင်ဆက်နေကြသည့်အတွက် အမျိုးသား ရုပ်ရှင်နှင့် အသံမှတ်တမ်းဌာန (National Film and Sound Archives) ၏ လုပ်ငန်းတာဝန်မှာ ပိုမိုခက်ခဲလာ ပါသည်။

စားဝတ်နေရေးအတွက် မိမိတို့၏ ဆံပင်ကို ရောင်းချနေကြသော အမျိုးသမီးများ။ 20.08.2026

ရန်ကုန်မြို့ အင်းစိန်နဲ့ သာကေတအပါအဝင် ဆံပင်ဝယ်ယူတဲ့ နေရာတွေမှာ နေ့စဉ် အမျိုးသမီး အများအပြားဟာ သူတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ဆံပင်တွေကို ဖြတ်ရောင်းနေကြမှု တနေ့ထက် တနေ့များပြားလာတယ်လို့ဆံပင်ဝယ်ရောင်း လုပ်နေသူတွေ ဆီကသိရပါတယ်။

သြစတြေးလျတွင် ဘုံဘိုင်မှ ရေကို သောက်သုံးခြင်း။ 19.08.2026

ဘေးကင်းလုံခြုံသော သောက်သုံးရေ ရရှိနိုင်မှုသည် မရှိမဖြစ်လိုအပ်လှပြီး ဩစတြေးလျ၏ မကြာခဏဆိုသလို ကြမ်းတမ်းလေ့ရှိသော သဘာဝပတ်ဝန်းကျင်အခြေအနေများကြောင့် ကျွန်ုပ်တို့၏ သောက်သုံးရေအရင်းအမြစ်များသည် အထူးပင် တန်ဖိုးကြီးမားလှပါသည်။

တစ်စုံတစ်ယောက်ရဲ့ ဥယျာဉ်ထဲက သစ်သီးတွေကို ခူးလို့ရပါသလား။ 18.08.2026

သြစတြေးလျမြို့ပြဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် လမ်းလျှောက်သွားလာစဉ် အိမ်ရှေ့ဥယျာဉ်များ သို့မဟုတ် လမ်းဘေးမြက်ခင်းစပ်များ၌ စိုက်ပျိုးထားသော ဟင်းခတ်အရွက်များ (curry leaves) နှင့် သံပုရာသီးများမှစ၍ ခရမ်းချဉ်သီးများနှင့် ဟင်းခတ်အပင်များအထိ အမျိုးမျိုးသော အပင်များကို သင်တွေ့မြင်နိုင်ပါသည်။

ရန်ကုန်မှာဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေ။ 18.08.2026

ရန်ကုန်မြို့မှာ သြဂုတ်လအစောပိုင်းကနေ စပြီးကာလဝမ်းရောဂါဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အရှိန်အဟုန်နဲ့ တိုးလာနေပြီး လူသေဆုံးမှုတွေလည်းရှိနေကာ ရောဂါဖြစ်ပွားသူရေ ၂၆၀ကျော်နဲ့အထက် ရှိနေတယ်လို့သိရပါတယ်။

ALC: SBS မြန်မာ ၂၀၂၆ ဇူလိုင် ၁၇ ရက် News Flash သတင်းများ။ 17.08.2026

သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

Starlink ဝန်ဆောင်မှု ရပ်တန့်မှုများကြောင့် ဆက်သွယ်ရေးများ ပြတ်တောက်။ 13.08.2026

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်အများအပြားတွင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်ခဲ့သည်။

ဆီစျေးနှုန်းအပေါ် အာရုံစိုက်ခြင်း 13.08.2026

အမေရိကန်နဲ့ အီရန် စစ်ပွဲ အချိန်ကြာ လာတာနဲ့အမျှ သြစတြေးလျနိုင်ငံက ဓာတ်ဆီနဲ့ ဒီဇယ် စျေးနှုန်းတွေဟာ ဆက်ပြီး မြင့်တက်နေဆဲ ဖြစ်ပါတယ်။

သန့်စင်ထားသော မိလ္လာရေကို ကျွန်ုပ်တို့ သောက်သုံးသင့်ပါသလား။ 11.08.2026

ရာသီဥတုဖောက်ပြန်မှုနှင့် လူဦးရေ တိုးမြင့်လာမှုနှင့်အတူ ရေပေးမှု ဖိအားအောက် တွင် အနာဂတ် အတွက် သန့်စင်ထားသော မိလ္လာရေကို သောက်သုံးခြင်းက အဖြေ တစ်ခုဖြစ်နိုင်သည်ဟု ကျွမ်းကျင် သူများကဆိုသည်။

စစ်ကိုင်းမှာ ဆည်ရေလွှတ်လို့ မြို့ နယ် ၁၀ ခုထက်မနည်းမှာ ရေကြီးရေလျှံနေ။ 11.08.2026

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဆည်ရေလွှတ်ချမှုတွေကြောင့် စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသတစ်ခုလုံးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုနဲ့လူပျောက်မှုတွေပါ ဖြစ်ပွားနေပါတယ်။

ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးတဲ့အခါ သင့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိသလဲ။ 11.08.2026

ရဲအရာရှိများသည် ဥပဒေအရ ကျင့်သုံးနိုင်သော လုပ်ငန်းဆောင်တာဆိုင်ရာ လုပ်ပိုင်ခွင့်အမျိုးမျိုးရှိကြပြီး၊ ယင်းတို့တွင် မေးမြန်းစုံစမ်းခြင်း၊ ထိုနေရာမှ ထွက်ခွာသွားရန် ညွှန်ကြားခြင်းနှင့် ရှာဖွေစစ်ဆေးခြင်းတို့ ပါဝင်သည်။

SBS မြန်မာပိုင်း News Flash - တနင်္လာနေ့၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။ 10.08.2026

သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

Census နှင့် ပတ်သက်၍ Wyndham Settlement Services Team Leader ဦးမေစီဝင်းကို မေးမြန်းခန်း။ 06.08.2026

၂၀၂၆ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို ဩဂုတ်လ ၁၁ ရက် အင်္ဂါနေ့ညမှာ ပြုလုပ်မှာဖြစ်ပြီး၊ အဲဒီညမှာ ဩစတြေးလျနိုင်ငံအတွင်း ရှိနေသူတိုင်း စာရင်းထဲမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။

ICRC Redcross ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ။ 06.08.2026

၂၀၂၆ ခုနှစ် သြဂုတ်လ ၃ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပါတယ်။

SBS မြန်မာပိုင်း Newsflash ၂၀၂၆ ခုနှစ်၊ ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၅ ရက်။ 05.08.2026

သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၅ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

ရေကာတာကျိုးလို့ ဒေသခံသောင်းချီရေဘေးသင့်နေ။ 04.08.2026

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ဂျမ်းကုန်းကျေးရွာအနီးမှ ငဝန်မြစ်ရေ ကိုကာထားတဲ့ ရေကာတာ ကျိုးပေါက်သွားတာကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်းများစွာနှင့် မြို့ပေါ်ရပ်ကွက်အချို့အတွင်းကို မြစ်ရေတွေ အရှိန်အဟုန်နဲ့ စီးဝင်နေကာဒေ သခံသောင်းချီ ရေဘေးသင့်နေကြရပါတယ်။

Garma ဆိုတာဘာလဲ၊ ပြီးတော့ ဒါက ဘာကြောင့် အရေးကြီးတာလဲ။ 04.08.2026

နှစ်စဉ် သတင်းတွေမှာ Garma Festival ဂါးမ ပွဲတော်အကြောင်း ကြားဖူးကြပါလိမ့်မယ်။ အထူးသဖြင့် သြစတြေးလျရဲ့ နိုင်ငံရေးခေါင်းဆောင်တွေက Arnhem Land မြောက်အရှေ့ပိုင်းဆီ သွားရောက်တက်ရောက်ကြတဲ့ အခါမျိုးမှာ အဲဒီအကြောင်း ကြားကြရနိုင်ပါတယ်။

ရန်ပုံငွေမရှိလို့ STUM ရပ်လိုက်ရ 03.08.2026

မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ထိုက်တန်စွာ ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ အသံကို ရှေ့တန်းမှ ထုတ်ဖော်ပေးနေသည့် "သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM)" သည် ရန်ပုံငွေ ပြတ်တောက်မှုကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။

စစ်ကောင်စီအပေါ် ပိုမိုဖိအားပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂက လေဘာပါတီကို တောင်းဆို 30.07.2026

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဟာ ဩစတြေးလျနိုင်ငံကို ရောက်ရှိနေပါတယ်။ သူဟာ အလုပ်သမားအရေး၊ လူ့အခွင့်အရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု တိုက်ဖျက်ရေးတို့အတွက် နှစ်ရှည်လများ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် လေဘာပါတီရဲ့ အခြေနေတွေကို ပြောင်းဖို့ Ben Carroll ကြိုးပမ်း 30.07.2026

ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဝန်ကြီးချုပ်အသစ် ဘန် ကာရိုးလ်ဟာ ဂျာစင်တာ အလန် (Jacinta Allan) ကို ရာထူးကနေ ဖယ်ရှားပြီး ထိပ်တန်းခေါင်းဆောင်နေရာကို ရယူခဲ့ပြီးနောက်၊ လေဘာပါတီရဲ့ ကျဆင်းနေတဲ့ မျက်နှာပန်းကို ပြန်လည် ဆယ်တင်ဖို့အတွက် လေးလအချိန် ရရှိထားပါတယ်။

When can my teenager start work in Australia? - အသက်မပြည့်သေးတဲ့ လူငယ်တွေ အလုပ်လုပ်လို့ ရပါသလား 28.07.2026

Teenagers in Australia can undertake paid work under certain restrictions, with general employment rights also protecting young workers. Here’s what you need to know as a parent or guardian of a worker under 18. - အချိန်ပိုင်းအလုပ်တစ်ခု စတင်လုပ်ကိုင်တာဟာ အသက် ၁၆-၁၇ နှစ်အရွယ် လူငယ်တွေအတွက် သင့်တော်တဲ့ အတွေ့အကြုံတွေ ရရှိစေနိုင်ပါတယ်။

စစ်အုပ်စုနှင့်ဆက်ဆံမှုရပ်ဖို့ နိုင်ငံတကာရေနံကုမ္ပဏီ ၁၁ ခုကို JFM တောင်းဆို 28.07.2026

လန်ဒန်အခြေစိုက် Burma Campaign UK ရဲ့ “မသမာသော စီးပွားရေးလုပ်ငန်းများစာရင်း” (Dirty List) ထဲ ဇူလိုင်လအတွင်း ထပ်မံထည့်သွင်းခံရတဲ့ နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုအနေနဲ့ စစ်အုပ်စုထံ ငွေပေးချေမှု ရပ်ဆိုင်းရန် ဒါမှမဟုတ် တာဝန်သိသိဖြင့် လုပ်ငန်းတွေ ရပ်တန့်ဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။

၂၈ ဇူလိုင် ၂၀၂၆ အတွက် သတင်းများ 28.07.2026

ဒီကနေ့ ထိပ်တန်းရောက်နေတဲ့ သတင်းတွေက ဗစ်တိုးရီယားပြည်နယ် ဝန်ကြီးချုပ် Jacinta Allan ရာထူးကနေ နှုတ်ထွက်မယ့်အကြောင်း၊ Western Australia ပြည်နယ်မှာ စွမ်းအင်စက်ရုံအသစ် တည်ဆောက်မယ့်အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

"ပိုးဟပ်"ပါတီဆိုတာ ဘာလဲ? ဝန်ကြီးချုပ်အတွက် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာတဲ့ လူငယ်လှုပ်ရှားမှုအကြောင်း 24.07.2026

အိန္ဒိယ ဝန်ကြီးချုပ် Narendra မိုဒီအစိုးရကို ဆန့်ကျင်တဲ့ အကြီးမားဆုံး လူထုဆန္ဒပြပွဲကြီးတစ်ခုမှာ၊ ပညာရေးဝန်ကြီး နှုတ်ထွက်ပေးဖို့ တောင်းဆိုရင်း ဆန္ဒပြသူ သောင်းနဲ့ချီပြီး အိန္ဒိယပါလီမန်ရှေ့မှာ စုဝေးခဲ့ကြပါတယ်။

စစ်တပ်ရဲ့ တဖွဲ့ချင်း အပစ်ရပ်ရေး အစီအစဉ် ဘယ်ကို ဦးတည်နေလဲ။ 24.07.2026

နေပြည်တော် ခေါင်းဆောင်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAOs) တစ်ဖွဲ့ချင်းစီရဲ့ နယ်မြေအကျိုးစီးပွား၊ သီးခြား လိုလားချက်တွေနဲ့ စစ်ရေးဖိအားတွေအပေါ် မူတည်ပြီး "သီးခြား အပစ်ရပ်ရေး စေ့စပ်မှုများ" ကို ပြုလုပ်နေပါတယ်။

Слухайте подкаст SBS Burmese - SBS မြန်မာပိုင်း အစီအစဉ် у Replaio

Радіо та подкасти в одному застосунку - безкоштовно й без реєстрації. Встановіть уже сьогодні та не пропустіть запуск

Завантажити з Google Play

Replaio не є видавцем подкастів; назви шоу, обкладинки та аудіо належать їхнім авторам і поширюються через публічні RSS-канали