uk

SBS

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

News MY ↓ Епізодів: 960

Independent news and stories connecting you to life in Australia and Burmese-speaking Australians. - သင့်ကို သြစတြေလျမှာရှိတဲ့ ဘ၀နဲ့ မြန်မာစကားပြောတဲ့ သြစတြေလျံတွေကို၊ လွတ်လပ်တဲ့သတင်းနဲ့ အကြောင်းရာများကို ဆက်နွယ်ပေးထားပါတယ်။

Обов'язково відвідайте сайт подкасту та підтримайте його автора: www.sbs.com.au

Автор

SBS

Категорія

News

Сайт подкасту

www.sbs.com.au

Останній епізод

7 жов 2026

Де слухати?

Подкасти в застосунку Replaio Radio Уже незабаром

Подкасти незабаром з'являться в застосунку. Встановіть уже зараз і першими побачте зовсім новий погляд на подкасти

Завантажити з Google Play Встановіть безкоштовно Android майже 10 млн завантажень · рейтинг 4,8 iOS незабаром

Епізоди

သတင်းထောက်များပေါ် တိုက်ခိုက်မှုများမြင့်တက်လာနေ။ 15.09.2026

ပဋိပက္ခများ မြင့်တက်လာခြင်း၊ ပြင်းထန်သော နိုင်ငံရေးအရ ရန်လိုမုန်းတီးမှုများနှင့် အွန်လိုင်းပေါ်မှ နှောင့်ယှက်စော်ကားမှုများ တိုးပွားလာခြင်းတို့ကြောင့် သတင်းထောက်များအပေါ် ဦးတည်သည့် တိုက်ခိုက်မှုများနှင့် အွန်လိုင်းမှ စော်ကားနှောင့်ယှက်မှုများသည် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ပါ မြင့်တက်လျက်ရှိသည်။

မြန်မာပြည်တွင်းက စာရေးသူနဲ့ ရဟန်းသံဃာတော်တွေရဲ့ လက်ရှိအနေအထားက ဘယ်လိုရှိလဲ။ 14.09.2026

ဒီကာလဟာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကာလဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာအာဏာပိုင်တွေရဲ့ ပေါ်လစီကြောင့် လောင်စာဆီစျေးနှုန်း အဆပေါင်းများစွာ မြင့်တက်မှုကြောင့် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သံယာတော်တွေကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ALC: SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၁၄ ရက် News Flash သတင်းများ။ 14.09.2026

သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက်ပေမှာဖြစ်ပါတယ်။

One Nation ရဲ့ Superannuation ဆိုင်ရာ ဥပဒေသစ်က သင့်အတွက် ဘာကို ဆိုလိုတာလဲ 11.09.2026

ဩစတြေးလျနိုင်ငံမှာ အိမ်အကြွေးဆပ်နေရတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အိမ်ငှားတွေအတွက် သူတို့ရဲ့ အိုစာမင်းစာအတွက် အလုပ်ကနေတဆင့် စုဆောင်းထားတဲ့ (Super) ရန်ပုံငွေထဲက ငွေအချို့ကို ထုတ်ယူပြီး အရေးပေါ် ဘေလ်တွေ ရှင်းနိုင်ဖို့ မူဝါဒအသစ်တစ်ခုကို One Nation ပါတီက အဆိုပြုလိုက်ပါတယ်။

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၂၅ နှစ်ကြာပြီးနောက် ကမ္ဘာ့လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲ 11.09.2026

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တုန်းက အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ယခုဆိုရင် ၂၅ နှစ်တိုင်ခဲ့ပါပြီ။ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ အမေရိကန် ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေ ဖြစ်ပေါ်လာခဲ့သလို သြစတြေးလျနိုင်ငံကလည်း အမေရိကန်နဲ့အတူ ရပ်တည်တဲ့အနေနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲတွေထဲပါ ပါဝင်ခဲ့ပါတယ်။

ရန်ကုန်မှာမတော်တဆမှုကြောင့် ကလေးငယ်တွေအသက်ဆုံးရှုံးရတာတွေ ပိုများလာ 11.09.2026

မြန်မာနိုင်ငံမှာ မတော်တဆမှုတွေနဲ့ ကလေးငယ်တွေ အသက်ဆုံးရှုံးရမှုတွေ များလာနေပါတယ်။

ရန်ကုန်နဲ့မန္တလေးမှာ အဓ္ဓမ စစ်မှုထမ်းစုဆောင်းခံရလို့ လူငယ်တွေ ထိတ်လန့်နေ 09.09.2026

ရန်ကုန်မြို့နယ်မှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြို့နယ် ၁၀ ခုက လူငယ် ၃၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Yangon scout Network RSN ချန်နယ်ရဲ့ အချက်အလက်တွေ အရသိရပါတယ်။ RSN ဟာ ရန်ကုန်မြို့ပေါ်မှာစစ်တပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေး၊ ဧည့်စာရင်းဝင်စစ်တဲ့နေရာတွေနဲ့ ပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေးကို အချိန်နှင့်တပြေးညီ ကြိုတင်သတိပေးထုတ်ပြန်ပေးနေတဲ့ ကွန်ရက်တစ်ခုဖြစ်ပါတယ်။

သင်နေထိုင်တဲ့ နေရာနဲ့ Motor Neurone ရောဂါ MND ဖြစ်နိုင်ခြေက ဩစီနိုင်ငံသားတွေ အံ့အားသင့်နိုင် 09.09.2026

"မော်တာ ညူရွန် ရောဂါ" (Motor Neurone Disease - MND) နဲ့ ပတ်သက်တဲ့ သုတေသနတွေအရ ဩစတြေးလျမှာ ဒီရောဂါ ပိုအဖြစ်များတဲ့ နေရာတချို့ကို ဖော်ထုတ်နိုင်ခဲ့လို့၊ ပြည်နယ်တစ်ခုက ကမ္ဘာမှာ ပထမဆုံးအကြိမ် အရေးယူဆောင်ရွက်မှုတစ်ခုကို စတင်လုပ်ဆောင်လိုက်တဲ့အကြောင်း တင်ပြထားတဲ့Camille Bianchi ရဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Together for Tomorrow ရံပုံငွေပွဲနဲ့ ဆက်စပ်ပြီး မင်းမော်ကွန်းကို မေးမြန်းထား 08.09.2026

ပြီးခဲ့တဲ့ စနေည စက်တင်ဘာလ ရက်တုန်းက မဲလ်ဘုန်းမြို့မှာ မြန်မာနိုင်ငံ စစ်ဘေးရှောင်နဲ့ ရေဘေးသင့်ပြည်သူတွေအတွက် Together for Tomorrow ရံပုံငွေရှာဖွေပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲကို Support for Myanmar from Australia and Singapore နဲ့ မနက်ခင်းတို့ ဦးစီးကျင်းပတာဖြစ်ပြီး ဖျော်ဖြေရေး ရံပုံငွေပွဲအနေနဲ့ အဆိုတော် ယုဇနနဲ့ တေးရေးတေးဆို မောင်မောင်ဇော်လတ်အပြင် အထူးဧည့်သည်အနေနဲ့ မင်းမော်ကွန်းနဲ့ အဆိုတော် နေ...

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဘာဖြစ်ဆက်ထားသင့်လဲ၊ မထားရင် ဘာဖြစ်နိုင်သလဲ။ 08.09.2026

ကုလသမဂ္ဂရဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခင် မစတင်ခင်မှာပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက်ထားရှိဖို့ ပြည်ပရောက်မြန်မာတွေ တောင်းဆိုမှုတွေ စတင်နေကြပါတယ်။

Prostate cancer in Australia: Testing, treatment and support - ဆီးကျိတ်ကင်ဆာ - စစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကူညီပံ့ပိုးမှုများ 08.09.2026

About one in five Australian men will be diagnosed with prostate cancer in their lifetime. Understanding the prostate, your risk and the options for testing can help with early detection and treatment. In this episode of Australia Explained, learn about prostate cancer, PSA testing, treatment and support. - ဩစတြေးလျ အမျိုးသား ငါးယောက်မှာ တစ်ယောက်ဟာ သူတို့ရဲ့ သက်တမ်းအတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားကြေ...

နွေဦးရာသီ တောမီးအန္တရာယ် ကြီးမားနိုင်ကြောင်း အာဏာပိုင်များ သတိပေး 03.09.2026

ဩစတြေးလျနိုင်ငံတစ်ဝန်း နေရာတော်တော်များများမှာ တောမီးလောင်ကျွမ်းနိုင်ခြေ မြင့်မားမယ်လို့ ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ နွေဦးရာသီအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

စက်တင်ဘာ ၃ ရက် သတင်းအတိုအထွာများ 03.09.2026

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ အတွက် သတင်းအတိုအထွာတွေ ဖြစ်ပါတယ်။

အဆိပ်သင့်နေတဲ့ သံလွင်မြစ်ရေကြောင့် အမျိုးသမီးတွေ ပိုမိုထိခိုက်နေ 01.09.2026

သံလွင်မြစ်ကမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ မနက်ခင်းဟာ သံလွင်မြစ်ရေနဲ့ အစပြုပါတယ်။ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းတွေကအစ နေ့စဉ် လူမှုဘဝရဲ့ ရေ လိုအပ်ချက်တွေအတွက် မြစ်ရေ ကိုသာအဓိက ထားပြီးသုံးစွဲနေကြတာ ဖြစ်ပါတယ်။

How can my child learn about Indigenous Australia? - ကလေးကျောင်းပြင်ပမှာ ဩစီရဲ့ ဌာနေတိုင်းရင်းသားနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို ဘယ်လို လေ့လာသင်ယူမလဲ။ 01.09.2026

Supporting your child’s connection with the world’s oldest continuing living culture is one of the greatest gifts you can offer them while raising them in Australia. But if you’re new to the country, you may be unsure where to begin. Here are some starting points and ideas to help you and your child learn about Aboriginal and Torres Strait Islander peoples, cultures and history. - ဩစတြေးလျမှာ နေထိ...

နီပေါနိုင်ငံမှာ အခက်အခဲတွေကြားထဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေကြ 01.09.2026

နီပေါနဲ့ တိဘက်နယ်စပ်မှာ ရွှံ့မြေပြိုမှုဖြစ်ပြီးနောက် လူ ၉၅၀ ကျော် သေဆုံးခဲ့ပြီး ၄,၄၀၀ နီးပါး ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရာသီဥတု ဆိုးရွားမှုတွေ၊ မြစ်ရေတက်လာတာနဲ့ နောက်ထပ် ရေကြီးမှာ စိုးရိမ်ရတဲ့ အနေအထားမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ အခက်အခဲရှိနေပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေဆီရောက်ဖို့ အချိန်နဲ့အမျှ အပြိုင် ကြိုးစားနေကြပါတယ်။

ကွာဟချက်ကို ပိတ်ခြင်း- ပညာရေးနှင့် ပြောင်းလဲမှုအပေါ် ဌာနေတိုင်းရင်းသားများ၏ အမြင်။ 27.08.2026

မကြာသေးမီနှစ်များအတွင်း ဩစတြေးလျနိုင်ငံ၌ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ ရလဒ်များကို စောင့်ကြည့်လေ့လာခြင်းသည် ဌာနေတိုင်းရင်းသားရေးရာ မူဝါဒ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

Wave Hill Walk-Off - ခေတ်သစ် Aboriginal မြေယာပိုင်ဆိုင်ခွင့် လှုပ်ရှားမှု၏ အစပျိုးခြင်း။ 27.08.2026

လွန်ခဲ့သော နှစ်ပေါင်း ၆၀ က Northern Territory ရှိ Wave Hill ကျွဲနွားမွေးမြူရေးခြံမှ အလုပ်သမားများသည် ခွဲခြားဆက်ဆံခံရမှုနှင့် အလုပ်လုပ်ကိုင်ရသည့် အခြေအနေဆိုးရွားမှုတို့ကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြသောအားဖြင့် အလုပ်ခွင်မှ ထွက်ခွာခဲ့ကြသည်။

လူမျိုးတုန်း သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ ၉နှစ် ကြာလာပေမဲ့ တရားမျှတမှု မရသေး။ 27.08.2026

လွန်ခဲ့သော ကိုးနှစ်၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့သည် မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အမှက္ခရာ တင်ကျန်ရစ်ခဲ့သည့် အမှောင်မိုက်ဆုံး နေ့ရက်တစ်နေ့ ဖြစ်ခဲ့သည်။

SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ တနင်္လာနေ့။ 26.08.2026

သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

သံလွင်မြစ်ရေထဲမှာ အာဆင်းနိတ်ပါဝင်မှု မြင့်တက်နေ 25.08.2026

သံလွင်မြစ်ရေထဲ Arsenic ပါဝင်မှုနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်နေတဲ့ နယ်စပ်ဖြတ်ကျော် မြစ်များဆိုင်ရာ အလွတ်တန်းသုတေသီ ကို Nick နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ဩစတြေးလျရဲ့ ကလေးမွေးဖွားခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ စောင့်ရှောက်မှု 25.08.2026

သင်ဟာ ဩစတြေးလျမှာ ပထမဆုံးအကြိမ် မိဘဖြစ်လာတော့မယ်ဆိုရင် ကလေးကို ဘယ်မှာမွေးမလဲနဲ့ ဘယ်လိုမွေးဖွားရမလဲဆိုတာကို ရွေးချယ်ရတာ အနည်းငယ် အခက်တွေ့နိုင်ပါတယ်။

SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ တနင်္လာနေ့။ 24.08.2026

သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

Australia ၏ ရှေးဦးလူမျိုးများ။ 20.08.2026

သြစတြေးလျနိုင်ငံ၏ မူလပထမ လူမျိုးစုများတွင် Aborigina) နှင့် Torres Strait Islander လူ့အဖွဲ့အစည်းများ ပါဝင်ပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ၅၀,၀၀၀ ကျော်ကြာ သမိုင်းကြောင်းရှိကာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ဆက်လက်ရှင်သန်နေသော ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုလျက်ရှိပါသည်။

Australia ၏ အွန်လိုင်းဖန်တီးရှင်များဆိုင်ရာ ကွဲပြားစုံလင်မှုကို ထိန်းသိမ်းထားရှိ။ 20.08.2026

အင်တာနက်ပေါ်တွင် တင်ထားသမျှသည် ထာဝရတည်ရှိနေသည်ဟု ဆိုကြသော်လည်း အွန်လိုင်း တွင် အကြောင်းအရာများစွာကို မျှဝေတင်ဆက်နေကြသည့်အတွက် အမျိုးသား ရုပ်ရှင်နှင့် အသံမှတ်တမ်းဌာန (National Film and Sound Archives) ၏ လုပ်ငန်းတာဝန်မှာ ပိုမိုခက်ခဲလာ ပါသည်။

Слухайте подкаст SBS Burmese - SBS မြန်မာပိုင်း အစီအစဉ် у Replaio

Радіо та подкасти в одному застосунку - безкоштовно й без реєстрації. Встановіть уже сьогодні та не пропустіть запуск

Завантажити з Google Play

Replaio не є видавцем подкастів; назви шоу, обкладинки та аудіо належать їхнім авторам і поширюються через публічні RSS-канали