ဗွီအိုအေ

အသံဖိုင်များ - ဗွီအိုအေ

News MY ↓ 50 bölüm

ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။

Podcast'in sitesini ziyaret etmeyi ve yapımcısını desteklemeyi unutma: burmese.voanews.com

Yazar

ဗွီအိုအေ

Kategori

News

Podcast web sitesi

burmese.voanews.com

Son bölüm

15 Mar 2025

Nereden dinlenir?

Uygulamada podcast'ler Replaio Radio Çok yakında

Podcast'ler çok yakında uygulamaya geliyor. Şimdi yükle ve podcast'lere yepyeni bir bakışı ilk gören sen ol

Google Play'den indir Ücretsiz yükle Android 5 Mn+ indirme · 4,8 puan iOS yakında

Bölümler

ရိုဟင်ဂျာ အထောက်အပံ့ဖြတ်တောက်မှု ဟန့်တားဖို့ ကုလအကြီးအကဲ ကြိုးပမ်းမည် - မတ္ ၁၅, ၂၀၂၅ 15.03.2025

ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အပစ်ရပ်ရေးသဘောမတူရင် ရုရှားကို G7 ဒဏ်ခတ်မည် - မတ္ ၁၅, ၂၀၂၅ 15.03.2025

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အပစ်ရပ်ရေး အတွက် အမေရိကန်တင်သွင်းတဲ့ အကြံပြုချက်ကို ရုရှားက လက်ခံဖို့၊ လက်မခံရင် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မှာ ဖြစ်ကြောင်း သဘောတူဖို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံက သောကြာနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တရားရေးဌာနမှာ သမ္မတ Trump မိန့်ခွန်းပြော - မတ္ ၁၅, ၂၀၂၅ 15.03.2025

အမေရိကန် တရားစီရင်ရေး သမိုင်းမှာ မျှတမှုရှိတဲ့ ဂုဏ်ယူဖွယ် အခန်းသစ် တခုကို စတင်နေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ သောကြာနေ့ အမေရိကန်တရားရေးဌာနမှာ ဆယ်စုနှစ်အတွင်း သမ္မတ တယောက်အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလိုပြောကြားတာ ဖြစ်ပါတယ်။

အသုံးစရိတ်ဥပဒေကြမ်း ကန် အထက်လွှတ်တော် အတည်ပြု - မတ္ ၁၅, ၂၀၂၅ 15.03.2025

အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းသွားမှာကို ကာကွယ်တဲ့ အနေနဲ့ အထက်လွှတ်တော်က သောကြာနေ့ ညနေပိုင်းမှာ နောက် ၆ လအတွက် အသုံးစရိတ်မူကြမ်းကို အတည်ပြု ပေးလိုက်ပါတယ်။

အမေရိကန်အစိုးရဆက်လက်လည်ပတ်ရေး လွှတ်တော်အမတ်တွေ ကြိုးပမ်း - မတ္ ၁၄, ၂၀၂၅ 14.03.2025

အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဘဲ ဆက်လက်လည်ပတ်နိုင်အောင် အစိုးရယာယီအသုံးစရိတ် ဥပဒေကြမ်းကို ထောက်ခံမဲပေးမယ်လို့ အထက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ် Cox's Bazar ရောက် - မတ္ ၁၄, ၂၀၂၅ 14.03.2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေကြတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံဘက်ကို ပြန်ချင်ကြတယ်ဆိုတာ သူရှင်းရှင်းလင်းလင်း ကြားသိခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကဒီနေ့ Cox's Bazar ရောက်စဉ်မှာ ပြောကြားလိုက်ပါတယ်။

Tak ခရိုင်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်းရေး အထူးဇုံ သတ်မှတ်ဖို့ပြင်ဆင် - မတ္ ၁၄, ၂၀၂၅ 14.03.2025

နယ်စပ်ဒေသ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ နှိမ်နင်းရေးဌာနအကြီးအကဲအဖြစ်ပါ ပူးတွဲ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး Songwit က မြန်မာနိုင်ငံအတွင်းက ရွှေကုက္ကိုနဲ့ KK Park တို့မှာ ရှိနေကြတဲ့ နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့ရေးကိစ္စကိုလည်း သူ့ဌာနက စဉ်းစားနေကြောင်း ပြောပါတယ်။

ယူကရိန်းဘက်က ရပ်တည်ရေး G7 ဝန်ကြီးတွေ ဆွေးနွေး - မတ္ ၁၄, ၂၀၂၅ 14.03.2025

ကနေဒါမှာ ဒုတိယနဲ့ နောက်ဆုံးနေ့အဖြစ်ကျင်းပမယ့် G7 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ယူကရိန်းဘက်က ဆက်လက်ရပ်တည်ရေးကို ဆွေးနွေးနေကြပါတယ်။

 မြန်မာစစ်သားတချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေး - မတ္ ၁၄, ၂၀၂၅ 14.03.2025

ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက စစ်တပ်ရဲ့ ပူလူတူစခန်းကို KNLA/PDF တပ်တွေ ဒီနေ့သောကြာနေ့မနက်အစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် မြန်မာစစ်သားတချို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ ပါတယ်။

နိုင်ငံခြားလုပ်သားတွေ သင်္ကြန်ခွင့်ရက်ရှည်ပေးဖို့ ထိုင်းစဉ်းစား - မတ္ ၁၄, ၂၀၂၅ 14.03.2025

အလုပ်သမား နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းမှာတရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို သင်္ကြန်ခွင့်ရက် (၁၅) ရက်ပေးဖို့ ထိုင်းအစိုးရက စဉ်းစား နေပါတယ်။

တိုက်ပွဲတွေကြား ကျောက်ဖြူစီမံကိန်းတွေ ပြန်စနိုင်မယ့်အလားအလာ - မတ္ ၁၄, ၂၀၂၅ 14.03.2025

အာရက္ခတပ်တော် AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ တရုတ်စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူအထိ ရောက်ရှိလာနေပြီး စီမံကိန်းဧရိယာထဲ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ယူကရိန်းစစ် အပစ်ရပ်ရေး အသေးစိတ်အစီအစဉ်လိုအပ် (သမ္မတ Putin) - မတ္ ၁၄, ၂၀၂၅ 14.03.2025

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ရပ်ဆိုင်း စေဖို့ အမေရိကန် တင်သွင်းတဲ့ အဆိုပြုချက်ကို ထောက်ခံကြောင်း ရုရှားသမ္မတ Vladimir Putin ကပြောပေမယ့် အသေးစိတ်လုပ်ဆောင်မှာတွေ ချပြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဥရောပ ယမကာအခွန် ၂၀၀% ကောက်ဖို့ Trump ခြိမ်းခြောက် - မတ္ ၁၄, ၂၀၂၅ 14.03.2025

အီယူကနေ ဝိုင်၊ ရှန်ပိန်နဲ့ တခြားယမကာတွေ တင်သွင်းမှုကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်တန့်နိုင်ခြေ ရင်ဆိုင်နေရ - မတ္ ၁၄, ၂၀၂၅ 14.03.2025

အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်တန့်မသွားအောင် အစိုးရယာယီအသုံးစရိတ်ကို မနက်ဖြန် သောကြာနေ့ညမတိုင်ခင် လွှတ်တော်က အတည်ပြုပေးဖို့လိုပြီး လွှတ်တော်အမတ်တွေ ဆုံးဖြတ်ရမယ့် အချိန်သိပ်နီးကပ်နေပါပြီ။

Trump အစိုးရ ဖြုတ်ပစ်တဲ့ ဝန်ထမ်းတွေ ပြန်ခန့်ဖို့ တရားသူကြီး အမိန့်ထုတ် - မတ္ ၁၄, ၂၀၂၅ 14.03.2025

သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရ အလုပ်သမား အင်အားလျှော့ချ ရေး အစီစဉ်တစိတ်တပိုင်းအဖြစ် မကြာသေးခင်ကမှ အစိုးရအေဂျင်စီ ၆ ခုကနေ အလုပ်ဖြုတ်ခံခဲ့ရသူ ထောင်ပေါင်းများစွာကို အလုပ်ပြန်ခန့်ဖို့ ကယ်လီဖိုးနီးယား ပြည်နယ် ပြည်ထောင်စု တရားသူကြီး တဦးက ကြာသပတေးနေ့မှာ အမိန့်ချခဲ့ပါတယ်။

ထိုင်းသံရုံးရှေ့ ကန်ရောက် မြန်မာတွေ ဆန္ဒပြ - မတ္ ၁၄, ၂၀၂၅ 14.03.2025

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံထဲ လာရောက် ခိုလှုံနေကြတဲ့ ရွှေ့ပြောင်းမြန်မာ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေကဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်ပို့နေတဲ့လုပ်ရပ်ကိုချက်ချင်းရပ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းနေ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေကတောင်းဆိုလိုက်ပါတယ်။

ပဲခူးတိုင်း ညောင်ကျိုးစခန်း AA သိမ်းပိုက် - မတ္ ၁၄, ၂၀၂၅ 14.03.2025

ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ စစ်တွေမြို့နယ်တွေအပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နေရာတချို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်-ပဲခူးတိုင်း အစပ်မှာ နှစ်ဘက်တိုက်ပွဲတွေ လနဲ့ချီပြင်းထန်နေပါတယ်။

ဒေါက်တာစင်သီယာမောင်ကို Nareasuan တက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့် - မတ္ ၁၄, ၂၀၂၅ 14.03.2025

မြန်မာလုပ်သားတွေနဲ့ ဒုက္ခသည်တွေရဲ့ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ မဲဆောက်မြို့ အခြေစိုက် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံ Nareasuan University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကို မတ်လ ၁၁ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။

အသည်းရောင်အသားဝါ A ပိုး ကူးစက်မှု - မတ္ ၁၃, ၂၀၂၅ 13.03.2025

မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ A ပိုး ကူးစက်မှု ဘယ်လို ဖြစ်နိုင်ပါလဲ။

Starlink စက်တွေ သယ်သူ မြန်မာနိုင်ငံသား ထိုင်းမှာ ဖမ်းဆီးခံရ - မတ္ ၁၃, ၂၀၂၅ 13.03.2025
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို နယ်သာလန်မှာ ထိန်းသိမ်းထား - မတ္ ၁၃, ၂၀၂၅ 12.03.2025
ယူကရိန်းစစ် အပစ်ရပ်ရေး ရုရှား သဘောတူဖို့ အမေရိကန် မျှော်လင့်  - မတ္ ၁၃, ၂၀၂၅ 12.03.2025
ဂွါတာနာမိုမှာ ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းတွေကို အမေရိကန် ပြန်ခေါ်  - မတ္ ၁၃, ၂၀၂၅ 12.03.2025
အမေရိကန်နဲ့ မဟာမိတ် ကနေဒါ၊ EU တို့ကြား ကုန်သွယ်ရေး စစ်ပွဲ ပြင်းထန် - မတ္ ၁၃, ၂၀၂၅ 12.03.2025
ရထားတိုက်ခိုက်ခံရမှုမှာ ခရီးသည်  (၂၀၀) နီးပါး ကယ်တင်နိုင်ကြောင်း ပါကစ္စတန်ကြေညာ - မတ္ ၁၂, ၂၀၂၅ 12.03.2025

ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်အတွင်း ရထားအကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ခရီးသည် (၁၉၀) ဦးကိုကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူ (၃၀) ကိုသုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာထုတ်ဖေါ်ပြောဆိုပါတယ်။

အသံဖိုင်များ - ဗွီအိုအေ podcast'ini Replaio'da dinle

Radyo ve podcast'ler tek uygulamada - ücretsiz, kayıt gerektirmez. Bugün yükle ve lansmanı kaçırma

Google Play'den indir

Replaio bir podcast yayıncısı değildir; program adları, kapak görselleri ve ses içerikleri yazarlarına aittir ve herkese açık RSS beslemeleri aracılığıyla dağıtılır