Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

Arts MY ↓ Episoade: 78

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.

Autor

Shan Herald Agency for News (Burmese Edition)

Categorie

Arts

Site-ul podcastului

burmese.shannews.org

Cel mai nou episod

6 iul. 2026

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,8 iOS în curând

Episoade

“သျှမ်းအမျိုးသားနေ့ မှသည် ပြည်ထောင်စုနေ့ဆီသို့” 16.02.2026

“သျှမ်းအမျိုးသားနေ့ မှသည် ပြည်ထောင်စုနေ့ဆီသို့”

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ 09.02.2026

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင် က အရပ်လေးမျက်နှာကို စစ်ရေးဖြန့်ခဲ့ပြီး ထင်မှတ်မထားတဲ့ စစ်ရေး ရှုံးနိမ့်မှုကြောင့် စစ်အင်အား အများအပြား သေဆုံးမှုတွေကြုံနေရပါတယ်။ ဒါ့ကြောင့် စစ်ကော်မရှင်က စစ်အင်အားကို ဖြည့်တင်းရန်အတွက် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်တပ်ထဲကို ထည့်နေပါတယ်။ အခုဆ...

နယ်စပ်က စက်ချုပ်သံများ 02.02.2026

နယ်စပ်က စက်ချုပ်သံများ နေအိမ်တစ်လုံးကို တည်ဆောက်နိုင်ဖို့ဆိုတာ သာမန်မိသားစုအနေနဲ့ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အလုပ်တွေကို ခက်ခက်ခဲခဲလုပ်ကိုင်ပြီး ငွေတွေကို နှစ်ပေါင်းမျာစွာ စနစ်တကျ စုဆောင်းမှသာ “အိမ်”ဆိုတဲ့အရာတည်ဆောက်နိုင်ကြမှာပါ။ အခုခေတ်ကာလ နဲ့ဆိုရင် တည်ဆောက်ဖို့ ခက်ခဲကြပါတယ်။ လူတိုင်းအတွက် “အိမ်”ဆိုတာ အရေးကြီးသလို “အိမ်”ဆိုတာက ကျနော်တို့ လူသားတွေနွေးထွေးမှုရှိစေတဲ့ အရာပါ။ လူတိုင်းက “အိမ်”ကို တန်...

“ဥတုရာသီဘေး နဲ့ စစ်ဘေး ဆီက ဆိုက်ရောက်လာတဲ့ ငတ်မွတ်ခြင်း” 19.01.2026

“ဥတုရာသီဘေး နဲ့ စစ်ဘေး ဆီက ဆိုက်ရောက်လာတဲ့ ငတ်မွတ်ခြင်း” စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်း - ကရင်နီနယ်စ်ဒေသဟာ သေနတ်သံတွေနဲ့လွှမ်းမိုးနေတဲ့ဒေသဖြစ်နေပါတယ်။ စစ်ပွဲရဲ့နောက်ဆက်တွဲပြသာနာတွေကို ပြည်သူတွေကခံစားနေရတဲ့အပြင် ရာသီဥတုဘေးဒဏ် ၊ စစ်တပ်ရဲ့ အကြပ်ကိုင်တဲ့ဘေးဒဏ်တွေကိုလည်း သျှမ်း -ကရင်နီ နယ်စပ် ဖယ်ခုံ ၊ မိုးဗြဲဒေသတွေမှာ ယနေ့ထိတိုင်ခံစားနေရပါတယ်။

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ 22.12.2025

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ မြန်မာနိုင်ငံကြီးရဲ့ ပြည်တွင်းစစ်ဖြစ်လာခဲ့တာဟာ နှစ် ၇၀ ကျော်ကြာရှိနေပြီဖြစ်ပါတယ်။ ဒါဟာ ယနေ့ထိတိုင် မဖြေရှင်းနိုင်သေးတဲ့ ပုစ္ဆာတစ်ခုဖြစ်နေပါတယ်။ တကယ်တမ်းတော့ မြန်မာပြည်ကြီးရဲ့ ပြသာနာက ဘာတွေဖြစ်နေမလဲ ။ ကျနော်တို့ စာဖတ်ပရိသတ်ကော စဉ်းစားမိကြလား။ အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ Podcast ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ ကိုနောင်ရေးသားထာ...

၁၀၂၇ စစ်ဆင်ရေး အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး 24.11.2025

၁၀၂၇ စစ်ဆင်ရေး အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

လူထု၏ ကျန်းမာရေးကို စတင်ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ 17.11.2025

လူထု၏ ကျန်းမာရေးကို စတင်ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ သဘာဝကပေးထားတဲ့ တော ၊ တောင် ၊ ရေ ၊ မြေတွေကို မှီတင်ပြီး စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သျှမ်းပြည်ပုံအင်းဒေသဟာ အနာဂတ်မှာ စိုက်ပျိုးရေးလုပ်လို့မရတော့မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ပုံအင်းကထွက်တဲ့ နောင်မွန်သျှမ်းဆန်ဟာ နာမည်ကြီးပြီး မြန်မာနိုင်ငံတစ်ဝှမ်းကို တင်ပို့လျက်ရှိပါတယ်။ ဒါပေမဲ့ အာဏာရှင်အဖွဲ့အစည်းတစ်ခုရဲ့ စီးပွားရေး...

ခွန်ဆာ၏နောက်ဆုံး နေ့ရက်များ 10.11.2025

ခွန်ဆာ၏နောက်ဆုံး နေ့ရက်များ သျှမ်းပြည်ဟာ ပထဝီနယ်မြေအရ မြန်မာနိုင်ငံအတွင်းမှာအကျယ်ပြန့်ဆုံးဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်နေတဲ့ ပြည်နယ်ကြီးတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ လူမျိုး ၊ ဘာသာ ၊ ယဉ်ကျေးမှုတွေကွဲပြားမှုရှိပေမဲ့လည်း ယခင်က အငြင်းပွားမရှိနေထိုင်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ နယ်မြေအငြင်းပွား ၊ လူမျိုးရေးအငြင်းပွားတွေဟာ သျှမ်းပြည်တွင်း ကြီးမားတဲ့ ပြသာနာတစ်ခုဖြစ်နေပါတယ်။ ဒ...

နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က သိန္နီမြို့ရဲ့ ကံကြမ္မာ 27.10.2025

နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က သိန္နီမြို့ရဲ့ ကံကြမ္မာ လာမဲ့ အောက်တိုဘာ ၂၇ ကျရင် ညီနောင်မဟာမိတ် ၃ ဖွဲ့ TNLA,MNDAA, AA တို့ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ၂ နှစ်ပြည့်ခဲ့ပြီဆိုပေမဲ့လည်း တစ်ချို့နယ်မြေတွေကို ညီနောင်မဟာမိတ်တွေပြန်လက်လွှတ်ဆုံးရှုံးလိုက်ရပြီး စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ၊ နိုင်ငံရေး ၊လူမှုရေး စတဲ့အဖက်ဖက် ကျဆင်းနေခ...

အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး” 20.10.2025

အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး” စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဒုစရိုက်တွေ ၊ ခိုးယူ ၊ လုယက် ၊ လိမ်လည်မှုတွေ များပြားလာခဲ့ပါတယ်။ တရားဥပဒေစိုးမိုမှုလည်း မရှိတာကြောင့် အရေးယူဆောင်ရွက်ရေးပိုင်းမှာလည်း အားနည်းလာပါတယ်။ အထူးသဖြင့် မသမာသူတွေက အမျိုးသမီးငယ်တွေ အသက်ကြီးတဲ့အမျိုးသမီးတွေ ၊ ကလေးတွေကို ဦးတည်ပြီး ဖြားယောင်းဖမ်းဆီးခေါ်ဆောင်သွားပြီး လူကုန်ကူးတဲ့အဆင့်ထိ အတင်း...

ပိုးသတ်ဆေးနံ့အောက်မှာ အနာဂတ် လမ်းပျောက်သည့် — မြန်မာခြံလုပ်သားများ 15.09.2025

ပိုးသတ်ဆေးနံ့အောက်မှာ အနာဂတ် လမ်းပျောက်သည့် — မြန်မာခြံလုပ်သားများ ကိုယ်မြန်မာနိုင်ငံတွင်းမှာ အဆင်မပြေလို့ ထိုင်းနိုင်ငံကိုလာပြီး အလုပ်လုပ်ကိုင်ကြပေမဲ့လည်း ခွဲခြားဆက်ဆံတာ ၊ အလုပ်ကြမ်းတွေလုပ်ရတာ စတဲ့ ဒုက္ခတွေကြုံတွေ့နေကြရပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီး ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လူငယ်တွေကို ဖမ်းဆီးမှုတွေရှိလာတာကေကြာင့် လူငယ်အများစုဟာလည်း ရရ...

ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း 08.09.2025

ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း စစ်တပ်အာဏာသိမ်းနောက်ဆက်တွဲ ပြသာနာတွေဟာ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာ ၊ ဒေသတွင်း တာဝန်ယူမှုကင်းမဲ့လာတာ ၊ စီးပွားရေးကျဆင်းလာတာ ၊ CDM ပြုလုပ်သူတွေများလာတာကြောင့် အစိုးရယန္တရား ကောင်းကောင်းမလည်ပတ်နိုင်တော့တာ စတဲ့နည်းမျိုးစုံသောပြသာနာတွေဟာ ဖြစ်ပေါ်နေပါတယ်။ တရားဥပဒေစိုးမိုးမှုကင်းမဲ့လာခဲ့တာကြောင့် ခိုးယူလုယက်မှုတွေကလည်း ပေါများလာခဲ့ပါတယ်။ အလားတ...

မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့စစ်ဗုံး 01.09.2025

မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့စစ်ဗုံး စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ နယ်မြေပဋိပက္ခတွေကြောင့် ကြားထဲကနေ ပြည်သူတွေဟာ မြေစာပင်ဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရတာအများအပြားရှိပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစ စစ်ကောင်စီဟာ သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တီးကျေးရွာထဲက စစ်ဘေးရှောင်တွေရှိနေတဲ့ မဇ္ဈိမာရာမ အလယ်ကျောင်းတိုက်ထဲကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်...

လေကြောင်းဗုံးဒဏ်ကြား အသက်လုရှင်သန်နေရသူများ 25.08.2025

လေကြောင်းဗုံးဒဏ်ကြား အသက်လုရှင်သန်နေရသူများ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း စစ်ရေးအသာစီရရန် နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ရယူရန် အတွက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို ပိုပြီးပြုလုပ်လာခဲ့ပါတယ်။ အလားတူပဲ သျှမ်းပြည်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး”ကို ညီနောင်မဟာမိတ်တွေနဲ့ စစ်ကောင်စီ ဟာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညီနောင်...

သတိချပ်ဖို့လိုအပ်တဲ့ သက်ငယ်မုဒိမ်းမှုများ 18.08.2025

သတိချပ်ဖို့လိုအပ်တဲ့ သက်ငယ်မုဒိမ်းမှုများ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုစရိုက်တွေပေါများလာပြီ တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေတဲ့ မြန်မာနိုင်ငံထဲမှာ သက်ငယ်မုဒိမ်းမှုတွေကလည်း ပိုများလာတဲ့အတွက် သတိချပ်ဖို့လိုအပ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဖြာယောင်းပြီးခေါ်ဆောင်သွားတာ ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်တာတွေလည်း မကြာသလိုတွေ့လာခဲ့ရပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ သျှမ်းပြည် တာချီလိတ်မြို့မှာ...

အသက်ရှင်နေလျက် ဘဝသေနေသူများ 11.08.2025

အသက်ရှင်နေလျက် ဘဝသေနေသူများ နိုင်ငံတစ်ဝှမ်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်အင်အားဖြည့်ဖို့အတွက် တပ်သားစုဆောင်းမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ကျင့်သုံးလာခဲ့ပါတယ်။ လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၁၄ ကြိမ်ထိရှိလာပြီ နိုင်ငံတစ်ဝှမ်း စစ်မှုထမ်းအင်အား ၇ သောင်းလောက်စုဆောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ စစ်မှုထမ်းအပတ်စဉ်တတစ်ကြိမ်မှာ လူအင်အား ၅ ထောင်အထိ စစ်ကောင်စီက စုဆောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်မှုထမ်းဥပဒေဟာ လူ...

အိမ်တွင်းအကြမ်းဖက်မှုမှ ရုန်းထွက်ဖို့ခက်နေတဲ့ ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများ 29.07.2025

အိမ်တွင်းအကြမ်းဖက်မှုမှ ရုန်းထွက်ဖို့ခက်နေတဲ့ ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများ ကမ္ဘာတစ်ဝှမ်းမှာ ၁၀ မိနစ်အချိန်တိုအတွင်းမှာပဲ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံနေရတယ်လို့ ကုလသမ္မဂအမျိုးသမီးအဖွဲ့ (UN Woman) ရဲ့ ၂၀၂၄ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အမျိုးသမီး နဲ့ မိန်းကလေးငယ် ရှစ်သောင်းခွဲလောက်က သတ်ဖြတ်ခံနေရပြီ ၊ အဲဒီသတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၆၀ ရာခိုင်နှုန်းလောက်ဟာ အိမ်ထောင်ဖက...

အနာဂတ်အတွက် အသက်သွေးကြောပျက်သွားပြီ 21.07.2025

အနာဂတ်အတွက် အသက်သွေးကြောပျက်သွားပြီ သျှမ်းပြည် UWSA ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြေရှားသတ္တုတူးဖော်မှုတွေကြောင့် ထိုင်း - မြန်မာ နယ်စပ်ဒေသ ၂ နှစ်နိုင်ငံလုံးက မှီတင်နေတဲ့ မြစ်ချောင်းရေတွေဟာ အဆိပ်သင့်ပြီ ဒေသခံတွေ ရေအသုံးပြုဖို့အတွက် အခက်ခဲကြုံတွေ့နေကြရပါတယ်။ အခုလည်း ထိုင်းနိုင်ငံ ချင်းရိုင်းမြို့နယ်အတွင်းဖြတ်သန်းစီးဆင်နေတဲ့ နမ့်ခုတ်မြစ်ဟာ အဆိပ်သင့်ပြီ ရေနေသတ္တုဝါတွေ ရောဂါကူးစက်တာတွေဖြစ်နေရပြီ ရေအဆိပ်...

စိတ်ဒဏ်ရာများ ပြည့်နှပ်နေတဲ့ စစ်ဘေးရှောင် 07.07.2025

စိတ်ဒဏ်ရာများ ပြည့်နှပ်နေတဲ့ စစ်ဘေးရှောင် စစ်ရေးပဋိပက္ခတွေ ရက်ရှည်ကြာလာလေလေ ပြည်သူတွေရဲ့ ဒုက္ခက ကြီးမားလေလေပါပဲ။ လက်ရှိမှာလည်း စစ်ရေးတွေ ပြင်းထန်နေတဲ့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ မိုးဗြဲ၊ ဖယ်ခုံကပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးကို ကောင်းမွန်စွာ မလုပ်နိုင်တဲ့အပြင် အိုးအိမ်ကိုစွန့်ခွာ ကလေးငယ်ရဲ့ ပညာရေးလည်း ကောင်းမွန်စွာ မသင်ကြားနိုင်ပါဘူး။ ဒါ့အပြင် စိုက်ပျိုးရေးမလုပ်ကိုင်နိုင်တဲ့အတွက် ဝင...

စစ်အာဏာရှင်တော်လှန်ရေးကြား မူဝါဒကင်းမဲ့နေတဲ့ သယံဇာတတူးဖော်မှု 30.06.2025

စစ်အာဏာရှင်တော်လှန်ရေးကြား မူဝါဒကင်းမဲ့နေတဲ့ သယံဇာတတူးဖော်မှု ပတ္တမြားနယ်မြေလို့ တင်စားခေါ်ဝေါ် တဲ့ မိုးကုတ်မြို့ကို TNLA က သိမ်းပိုက်နိုင်တဲ့အချိန်မှာ ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာကြိုဆိုနေခဲ့ကြတာကို စာဖတ်ပရိသတ်တွေအနေနဲ့ မှတ်မိမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ မိုးကုတ်မြို့ပြည်သူတွေဟာ TNLA တပ်ဖွဲ့ အပေါ် အားထားသလို မဖြစ်လာခဲ့ပဲ အာဏာရှင် အသစ်ထံပြောင်းသွားသလို ခံစားရတယ်လို့ဆိုပါတယ်။ အခုတော့ TNLA...

တစ်ခြားသူတွေ........... 16.06.2025

တစ်ခြားသူတွေ........... အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ Podcast အစီစဉ်ထဲမှာတော့ ပုံမှန်ဆောင်းပါတစ်ပုဒ်ကိုလာရောက်တင်ဆက်ပေးနေကြပုံစံမဟုတ်ပဲ အက်ဆေးတစ်ပုဒ်ကိုတစ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီ အက်ဆေးရဲ့ ခေါင်းစဉ်က “အခြားသူတွေ” လို့အမည်ရပြီးတော့ နန်းလောဝ်က ရေးသားထားတာဖြစ်ပါတယ်။ မူးရင်း အက်ဆေးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ burmese.shannews.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။ ကျနော်ကတော့စိုင်းဆိုင်လျန်ပါ။

“လူအသက်ကို ဝါးမြိုနေတဲ့ စစ်အာဏာစက်အောက်က သယံဇာတ လုပွဲ” 02.06.2025

“ လူအသက်ကို ဝါးမြိုနေတဲ့ စစ်အာဏာစက်အောက်က သယံဇာတ လုပွဲ” စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း စီးပွားရေးကျဆင်းလာပြီးတော့ စစ်ဘေး၊ ကပ်ရောဂါဘေး၊ အငတ်ဘေး၊ သဘာဝဘေးအန္တရာယ် စတဲ့ ဘေးအန္တရာယ်တွေကို နှစ်စဉ် ကြုံတွေ့လာနေရပါတယ်။ မနှစ်က စပြီးတော့ သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ တစ်ခါမှ မကြုံဖူးကြသေးတဲ့ ရေကြီးမှုဒဏ်တွေကို ဆိုးဆိုးရွားရွား ကြုံတွေ့လာခဲ့ရပါတယ်။ ဒီနှစ် မတ်လအတွင်းမှာတော့...

စစ်ရေးကြားထဲ ဒုက္ခသောကနဲ့ ဗျာများနေတဲ့ဘဝ 27.05.2025

စစ်အာဏာရှင်အမြစ်ဖြတ်ဖို့၊ အာဏာရှင်မှန်သမျှ တော်လှန်ဖို့ဆိုပြီး ကြွေးကြော်လာတဲ့ “၁၀၂၇ စစ်ဆင်ရေး” ညီနောင်မဟာမိတ်တွေက ဉီးဆောင်ပြီး သျှမ်းပြည်မြောက်ပိုင်းကို တိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။ “၁၀၂၇စစ်ဆင်ရေး” မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ နယ်မြေအများအပြားသိမ်းပိုက်နိုင်ခဲ့ပေမယ့် တဖက်မှာလည်း ပြည်သူတွေ အိုးအိမ်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်အ...

အခွန်ကောက်ခံမှုကြား ဈေးသည်တွေရဲ့ဘဝ 19.05.2025

“ ၁၀၂၇ စစ်ဆင်ရေး”ကြောင့် ဘဝပျက်သွားတဲ့ပြည်သူတွေအများပြားရှိနေပါတယ်။ စစ်ဆင်ရေးအပြီး နယ်မြေတွေထိန်းချုပ်နိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်တို့ရဲ့ နယ်မြေအတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေကလည်း ပိုကောင်းလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်အာဏာရှင်ကျရှုံးရေးကို အားပေးခဲ့ပေမယ့် နောက်ဆုံးတော့ အာဏာရှင်အသစ်လက်အောက်ရောက်နေသလို ခံစားနေကြရပါတယ်။ လက်ရှိ သိန္နီမြို့ကို ကိုးကန့်က ထိန်းချုပ်လိုက်တယ်ဆိုပေမဲ့လည်း ဒေသခံပြည်သူတွေက...

တရုတ် ကျားကွက် ထဲက လားရှိုးမြို့ 19.05.2025

“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး” “၁၀၂၇ စစ်ဆင်ရေး” နဲ့ အတူ လားရှိုးမြို့ကိုသိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့က ၂၀၂၄ ခုနှစ်က တိုက်ပွဲတွေအပြင်းထ...

Ascultă podcastul Shan Herald Agency for News (Burmese Edition) în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice