BurmaPodcastNetwork

"Memories of a Poet" by Nyein Wai

Arts MY ↓ Episoade: 26

နှစ်‌ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ထင်ဟပ်ဖော်ပြနေသော ပြည်တွင်း ပြည်ပ ကဗျာများကို RFA မြန်မာပိုင်းမှာ "ကဗျာ့အိုးဝေ"ဆိုပြီးနှစ်အတော်ကြာ အသံလွှင့်ခဲ့သူ ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ သူနှစ်ခြိုက်သော ကဗျာများကို " ကဗျာဆရာ၏ မှတ်ဥာဏ်များ" သို့မဟုတ် " Memories of a Poet" ဆိုတဲ့ Podcast နဲ့ သောတရှင်များဖို့ တစ်ဖန် ထုတ်လွှင့်လိုက်ရပါတယ်။ နားသောတဆင် ကြပါအုံးခင်ဗျာ။

Vizitează neapărat site-ul podcastului și susține-i creatorul: burmapodcast.network

Autor

BurmaPodcastNetwork

Categorie

Arts

Site-ul podcastului

burmapodcast.network

Cel mai nou episod

5 ian. 2024

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,8 iOS în curând

Episoade

ဇောချွေး 05.01.2024

ရေးသူပြောသူ မျှဝေယူကြတဲ့ ကဗျာလောကသဘောကို "ဇောချွေး" ဆိုတဲ့ ကဗျာနဲ့ ရှာဖွေတင်ပြထားတာမို့ သောတရှင်များ နားဆင်မှတ်သားနိုင်ပါတယ်။

ခိုင်မာကျော်ဇော်ရဲ့ "ခြေရာပျောက်" 30.12.2023

ကဗျာဆရာတွေဟာ ကဗျာ့နည်းပရိယာယ်၊ ကဗျာ့အတတ်ပညာနဲ့ အဖိနှိပ်ခံဘဝတွေကို သက်သေခံပြီး မှတ်တမ်းတင်ကြပါတယ်။ ကဗျာဆရာငြိမ်းဝေ(ကဗျာ့အိုးဝေ)ဟာလည်း သက်ရှိသက်သေတစ်ဦးဖြစ်တယ်ဆိုတာ ဒီအပိုင်းမှာ အထင်းသားတွေ့ရမှာပါ။

Chelian Pablo Neruda 25.12.2023

Noble ဆုရခဲ့သူ မြန်မာပြည်နဲ့ အလွန်နီးစပ်သူ၊ ကမ္ဘာငြိမ်းချမ်းရေး အကျိုးရှေးရှုတစ်ဦးရဲ့ ဘဝနဲ့ကဗျာများကို ကဗျာဆရာ၏ မှတ်ဉာဏ်များမှ တင်ဆက်လိုက်ရပါတယ်။ 

အမည်မဲ့ကဗျာ 20.12.2023

ရုရှားပြည်သူတွေကို ဖိနှိပ်တဲ့ ရုရှားအာဏာရှင်ကြီးကို လက်နက်မဲ့ ကဗျာဆရာတစ်ယောက်က လက်နက်မဲ့ကဗျာတစ်ပုဒ်နဲ့ အသေခံတိုက်ခိုက်ခဲ့တဲ့ ကဗျာဆရာ အိုစစ် မင်ဒယ်လ်စတန်းရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်ပါတယ်။ ကဗျာချပ်ဝပ်နဲ့အသေခံ ကာကွယ်သွားရအောင် ဒါကဘယ်လိုကဗျာမျိုးပါလဲ။

သူငိုရင်တကမ္ဘာလုံးလှုပ်တယ် 15.12.2023

ကစဥ့်ကလျားအခြေအနေကြားက မိသားစုကဗျာတစ်ပုဒ်ကို နားဆင်ကြရမှာပါ။ ကဗျာဆရာယောဟန်အောင်ဟာ "သူငိုရင်တကမ္ဘာလုံးလှုပ်တယ်" ဆိုတဲ့ကဗျာနဲ့ ငြိမ်းဝေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီအပိုင်းဟာ ဒီကဗျာကို ဂုဏ်တင်တဲ့ အပိုင်းပါပဲ။

ဆံပင်ရှည်ရှည် စွန့်စားခန်းများ 10.12.2023

ငြိမ်းဝေရှာဖွေထားတဲ့ ကဗျာဆရာမိုဃ်းဇော်ရဲ့ နောက်ထပ်ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ကြပ်တည်းလှတဲ့ ဘဝအခြေအနေတွေကို ကဗျာအပေါ်မှာ အရှင်းလင်းဆုံး မြင်တွေ့ခံစားရမှာပါ။

ဟိုက္ကူမယ်မိုရီ 05.12.2023

ကဗျာဒဿနဆိုတာ သဘာဝကို အခြေခံတယ်လို့ ဆိုရမှာပါ။ သစ်ရွက်တစ်ရွက်ကြွေတာကို လူတစ်ယောက်က မရေမတွက်နိုင်တဲ့ ခံစားချက်တွေနဲ့ ကွဲပြားတွေ့ရှိနိုင်တာကို နားဆင်ကြရမှာပါ။

လိပ်ပြာမသန့်တဲ့စိတ် 30.11.2023

ဆိုးမွေဟာ မျိုးဆက်များစွာတိုင်ခဲ့ပါပြီ။ မပြတ်သေးသမျှ အဖြစ်အပျက်တွေ တူနေဦးမှာပဲ။ ရှေ့မျိုးဆက်ကငြိမ်းဝေဟာ ခေတ်အဖြစ်အပျက်ချင်းတူနေတဲ့ အကြောင်းအရာတွေကို လူငယ်ကဗျာဆရာတစ်ယောက်ရဲ့ကဗျာနဲ့ ကိုးကားတင်ဆက်လိုက်ပါတယ်။

ပန်းတွေပွင့်ပါစေ 25.11.2023

အဆုံးသတ်တိုက်ပွဲရင်ခုန်သံကို ငြိမ်းဝေက ကဗျာတစ်ပုဒ်နဲ့တင်စားပြီး မြင်ယောင်မိပါတယ်။ ကဗျာဆရာမောင်လမင်းလေးရဲ့ ပန်းတွေပွင့်စေ ဆိုတဲ့ကဗျာဟာ ဒီလိုအားသစ်တွေဆက်ပေးရာ ကဗျာတစ်ပုဒ်ပါပဲ။

ဟီရိုရှီးမားတစ္ဆေနဲ့ကြောက်စိတ် 20.11.2023

ဗုဒ္ဓတောင်မှ အိုနာသေခြင်းကို ကြောက်စိတ်ကြောင့် ဒီတရားတွေကင်းရာ နိဗ္ဗာန်ကို ရှာဖွေခဲ့ပါတယ်။ ကြောက်ကြောက်နဲ့လုပ်ခဲ့တာတွေဟာ ကြောက်စိတ်ကို ရင်ဆိုင်ခဲ့ကြတာဖြစ်ကြောင်း ရှာဖွေသက်သေခံထားပါတယ်။

ရာဘင်ဒြာနတ်တဂိုး၏ "အကိုကြီး" 15.11.2023

မိသားစုစိတ်ဓါတ်ဆိုတာ ဘာလဲ။ ငြိမ်းဝေဖတ်ခဲ့ရတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ သက်သေပြထားပါတယ်။ ဘင်္ဂါလီကဗျာကဝိကြီး ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာတစ်ပုဒ်ကို ဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့ကဗျာကိုလည်း ကြည်နူးဖွယ်ကြားကြရမှာပါ။ နားဆင်ကြည့်ကြပါဦး။

လူသားကဗျာဆရာရဲ့ ကိုယ်ရေးရာဇဝင် 10.11.2023

ကဗျာဆရာတွေရဲ့ ဘဝအပေါ်ကျင်လည်ရပုံတွေ၊ စိတ်ထားတွေ၊ ခံစားချက်တွေ ရူးသွပ်ပုံနဲ့ ဘာတွေကို အားကျနေကြလဲဆိုတာတွေကို မိုဃ်းဇော်ရဲ့ကဗျာနဲ့ သရုပ်ဖော် ရွတ်ဖတ်လိုက်ပါတယ်။ ကဗျာရေးသူတွေရဲ့ဘဝကို နားဆင်ကိုယ်ချင်းစာနိုင်ပါတယ်။

ကဗျာဆရာတဂိုး၏ ကဗျာတစ်ပုဒ် 05.11.2023

ကပ်ဆိုက်နေတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးတရားတွေနဲ့ ပြည့်စုံနေသူတစ်ဦးရဲ့ စိတ်ထားနဲ့ အမူအကျင့်တွေကို ဖွင့်ဆိုဖော်ပြထားတဲ့အပိုင်း ဖြစ်ပါတယ်။ ဆရာမောင်ဆုရှင်ရဲ့ တဂိုးကဗျာဘာသာပြန် လက်ရာကိုလည်း ရွတ်ဆိုထားပါတယ်။

သတင်းစာဆရာ သံမဏိဦးဝင်းတင်အတွက် ငြိမ်းဝေ၏ ကဗျာတစ်ပုဒ် 30.10.2023

ဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်စဥ်က ငြိမ်းဝေတသထားတဲ့ ကဗျာတစ်ပုဒ်ကို တင်ပြထားပါတယ်။ ဦးဝင်းတင်ရဲ့ ရပ်တည်မှု၊ မာန်မာနနဲ့ သိက္ခာတရားကို တစ်စိတ်တစ်ပိုင်း မြင်ယောင်နားဆင်ရမှာ ဖြစ်ပါတယ်။

ကဗျာဆရာ၏ ကဗျာဆိုင်ရာ ဖွဲ့ဆိုရေးသားမှု 25.10.2023

သောတရှင်များအတွက် ကဗျာဆိုင်ရာ ဖွဲ့ဆိုရေးသားမှု၊ အတွင်းသဘောဆိုလိုချက်တွေအပေါ် အကောက်အယူဆိုင်ရာ ရှင်းလင်းချက်တွေကို ငြိမ်းဝေက မျှဝေထားပါတယ်။

ကဗျာဆရာကိုရွေး၏ "စိုးတယ် ရန်ကုန်" 20.10.2023

ရူးချင်ယောင်ဆောင်ရင်း တကယ်ရူးသွားတတ်တာကို ဆရာကိုရွေးက "စိုးတယ်ရန်ကုန်" ဆိုတဲ့ ကဗျာနဲ့ တိုတောင်းပြတ်သားစွာ ဖော်ထုတ်ထားတာကို ငြိမ်းဝေရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ခံစားကြရမှာပါ။

ကဗျာဆရာငြိမ်းဝေ၏ "လပြည့်ည" 15.10.2023

လပြည့်ညရဲ့ ဆွဲငင်အားကြောင့် အလွမ်းဓာတ်ခံများ ပြည့်လျှံလာတဲ့ လူသားဆန်မှုမှ ပေါက်ဖွားလာသော ကဗျာတစ်ပုဒ်။

ကဗျာဆရာဝင်းမင်းခိုင် "တရား" 10.10.2023

အိပ်မက်ဆိုးတွေကြားက စစ်အာဏာရှင်တွေရဲ့ မထူးဇာတ်ခင်းနေတဲ့အကြောင်း ကဗျာဆရာဝင်းမင်းခိုင်ရဲ့ ကြိုတင်နိမိတ်ဖတ်ထားတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုဖွင့်ဟ ထားပါတယ်။

ကဗျာဆရာကြီးတင်မိုး၏ "ခွပ်ဒေါင်းခင်းတဲ့လမ်း" 05.10.2023

အမယ်ဘုတ်သူ့ချည်ခင်လူ့အဖွဲ့အစည်းနဲ့ အင်တာနက်ခေတ်ရဲ့ ရှုပ်ထွေးမှုတွေကြား ပန်းတိုင်မပျောက်လျှောက်လှမ်းဖို့ ကဗျာဆရာကြီးတင်မိုးရဲ့ကဗျာက မီးမောင်းထိုးပြ သံဝေဂရစေမှာ ဖြစ်ပါတယ်။

ကဗျာဆရာ ကွန်စစ်ကောင်း၏ "ကမ္ဘာကြီးဟာပျက်နေတာကြာပေါ့" 30.09.2023

ချစ်ခင်လေးစားရပါသော ပရိတ်သတ်များခင်ဗျာ လို့ အစချီတဲ့ ဆရာငြိမ်းဝေရဲ့ အသံတင်ဆက်မှုများဟာ အခုဆို အပိုင်း ၁၁ ကိုရောက်လာခဲ့ပါပြီ။ နားဆင်ကြပါဦးခင်ဗျာ။

"မိုးပြိုည" ကဗျာ 05.09.2023

လေတိုးခံရတဲ့ ကြိုးတစ်ချောင်းနဲ့တူတဲ့ သောင်ရင်းမြစ်ဟာ ခေတ်အဆက်ဆက် မြန်မာပြည်က တော်လှန်လူငယ်တွေရဲ့ မှတ်စုစာအုပ်ငယ်လေးတွေထဲ ကဗျာဘယ်နပုဒ်များ ပေါ်ပေါက်စေခဲ့ပြီလဲ။

သူပုန်ဖြူ "လာမယ့်နွေဦးဟာငါတို့အောင်ပွဲ" 30.08.2023

ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ဟာ "သူပုန်ဖြူ"ပါပဲ။ ကဗျာဆိုတာ ရင်ခုန်သံပါပဲလို့ ဆရာကြီး ဒဂုန်တာရာက ပြောခဲ့သလို သူပုန်ဖြူရဲ့ တော်လှန်သော ရင်ခုန်သံဟာ ငြိမ်းဝေကို လာငြိတယ်၊ မြန်မာပြည်သူတွေကို သွားငြိတယ်၊ ခင်ဗျားတို့ ကျွန်တော်တို့လူငယ်တွေကိုလည်း လာငြိခဲ့ပါတယ်။ နားဆင်ကြပါဦးဗျာ။

မွန်ဂိုကဗျာဆရာ ချိုအီဇင်စူရီ "စစ်ပွဲ" 25.08.2023

ဦးငြိမ်းဝေရဲ့ အတွေ့ကြုံများထဲက တစ်ခုဖြစ်တဲ့ တောတောင်အတွင်း ဖြတ်သန်းမှုများက စိတ်ထိခိုက်စရာ၊ မှင်သက်အံ့သြစရာ ကောင်းလှပါတယ်။ ၅ နှစ်အရွယ် ကရင်ကလေးငယ်နှင့်အတူ စစ်ပြေးကြရင်း အဖေနဲ့ဝေးရတဲ့ ကရင်ကလေးငယ်၊ တစ်ဦးတည်းသော သားငယ်ကို ထားခဲ့ရတဲ့ ကဗျာဆရာငြိမ်းဝေတို့ရဲ့ အဖြစ်အပျက် မှတ်ဉာဏ် တစ်ပိုင်းတစ်စကို မွန်ဂိုလီယား ကဗျာဆရာ ရဲ့ "စစ်ပွဲ" ဆိုတဲ့ ကဗျာနဲ့ ခံစား ဝေမျှထားပါတယ်။ နားဆင်ကြပါဦးဗျာ။

မောင်ချောနွယ်၏ "ပင်မှည့်တေး" 20.08.2023

ကဗျာဆရာ ငြိမ်းဝေဟာ မြန်မာပြည်ဖွား ခေတ်ပေါ် ကဗျာ လမ်းသစ်ဖောက်ခဲ့သူ ကဗျာစွန့်ဦးဆရာတစ်ဦးဖြစ်တဲ့ မောင်ချောနွယ်ရဲ့ ကဗျာ " ပင်မှည့်တေး" ကို ခံစားတင်ဆက်ထားပါတယ်။ ခေတ်တစ်ခုကို အတူဖြတ်သန်းခဲ့ကြတဲ့ ကဗျာဆရာတစ်ဦးက တစ်ဦးအပေါ် ဂုဏ်ပြုခံစားတင်ဆက်ထားခြင်းဟာ ချစ်စဖွယ်ပါပဲ။ နားဆင်သူတွေအတွက် ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်ကို ခွဲခြားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ သောတဆင်ကြပါဦးခင်ဗျာ။

ဝင်းလတ် "မျက်လှည့်ဆရာကြီးရဲ့မယား" 17.08.2023

ဗိုလ်နေဝင်း စစ်အစိုးရ လက်ထက်မှာ ကဗျာဆရာတွေဟာ ဘယ်အခန်းကဏ္ဍကနေပြီး ပြည်သူ့ဖက်က ရပ်နေကြသလဲ။ အာဏာရှင်ရဲ့ စိစစ်ရေးအမှောင်ခန်းကို ပရိယာယ်ဝင်္ကဝုတ်နဲ့ ဘယ်လိုကျော်ဖြတ်ခဲ့လည်း ဆိုတာ သက်သေပြခဲ့တဲ့ ပထမဆုံးကဗျာတစ်ပုဒ်အကြောင်းကို တင်ဆက်ထားပါတယ်။

Ascultă podcastul "Memories of a Poet" by Nyein Wai în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice