BurmaPodcastNetwork
ညိုကီ FM
Sammy , Franky , Bradley ဆိုတဲ့ ညိုကီသုံးဖော်ရဲ့ ရန်ကုန်မြို့ဘီယာဆိုင်ည စကားဝိုင်းတွေကို တမ်းတရင်း ဖန်တီးဖြစ်သော Podcast ပဲဖြစ်ပါတယ်။ Official Disclaimer : ယခု Podcast သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း၊ ပညာပေး ဝါဒဖြန့်လိုခြင်း မရှိပါ။ ဘီယာဝိုင်းမှ စကားများသာဖြစ်သည့်အတွက် ပါဝင်သောအကြောင်းရာများကို နားထောင်သူ မိတ်ဆွေတို့ စိစစ်သုံးသပ်ပြီးမှသာ ယုံကြည်ကြရန် အလွန်အရေးကြီးပါသည်။ ယခု Podcast ပါ ညိုကီ သုံးဖော်သည် (ယခုဘဝ) ၌ အပူဇော်ခံလိုခြင်း အလျှင်း မရှိပါကြောင်း။
Não deixe de visitar o site do podcast e apoiar quem o produz: linktr.ee
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
Special_EP: Youth of Myanmar - A Conversation with the EU Head of Myanmar 11.04.2026 41:01
မြန်မာနိုင်ငံဆိုင်ရာ EU အကြီးအကဲနှင့် လူငယ့်အရေး စကားဝိုင်း မြန်မာပြည်လူငယ်တွေဟာ စစ်မှုထမ်းလည်းကြောက်ရ၊ ယုံကြည်ရာအတွက် ရှေ့တန်းကတုတ်ကျင်းတွေမှာ ပေးဆပ်ရ၊ နိုင်ငံတကာမှာလည်း မြန်မာလူငယ်ဆို ဗီဇာသက်တန်းတိုးရင်း ဘဝအချိန်တွေ ကုန်နေကြရတဲ့အပေါ် ဥရောပသမဂ္ဂအနေနဲ့ ဘာအကူညီတွေပေးနိုင်ပါသလဲလို့ မေးဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအကြီးအကဲ မစ္စတာ Marc Fiedrich ရဲ့ အဖြေကိုတော့ မိတ်ဆွေတို့ပဲ Podcast မှာ နား...
EP 012: ယုံလွန်းတတ်သူကြီး (သို့မဟုတ်) ညိုကီ ဝီရ 01.11.2025 1:05:58
Oldies Classic လူငယ် ဂီတသမား - ဝီရမိုးနေနဲ့ တွေ့ဆုံခြင်း တစ်နေ့တစ်နေ့ Facebook ပေါ်မှာ အမောတွေ၊ သောက၊ ပူလောင်စရာချည်းပဲလို့ ခံစားမိနိုင်ပါတယ်။ ဒါပေမဲ့ စိတ်သက်သာစရာ အကြောင်းတရားလေးတွေ၊ ကြည်နူးစရာ အခိုက်တွေလဲ ရှိနိုင်ပါသေးတယ်။ အဲ့တာကတော့ အခု ညိုကီ FM ရဲ့ Episode 12 ဖြစ်ပါတယ်။ ကလေးဘဝထဲက ဂစ်တာတူရိယာအပေါ်ထားတဲ့ သံယောဇဥ်နဲ့ Oldies Classic ဂီတတွေအပေါ် မြတ်နိုးငြိတွယ်ခြင်းကနေ ပေါက်ဖွားလာတဲ့ Album အသစ်တစ်...
EP 011: ညိုကီဆက်လျှောက် 26.07.2025 1:08:42
“ညိုကီ x ဆက်လျှောက်” လာပါပြီ။ "ကျွန်တော့်ခြေထောက်က ညာဘက်ပြတ်တာ "ဆက်လျှောက်" Logo က ဘယ်ခြေတုပုံ...ကျွန်တော့် တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ အခြား ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ ရဲဘော်တွေအားလုံးကိုကိုယ်စားပြုတယ်။" လေးနက်တဲ့ ရည်ရွယ်ချက်တွေနဲ့ဆက်လျှောက်နေတဲ့ ညိုကီ ကျီးကန်း အကြောင်းကို Burma Podcast Network ရဲ့ Platform များမှာ နားဆင်နိုင်ပါပြီ။ Disclaimer: ယခုအပိုင်းတွင် Suicide နှင့...
Special_EP: From Bangkok to Mae Tao Clinic 14.06.2025 23:05
ရွှေ့ပြောင်းမြန်မာများအတွက် ကီလို ၅၀၀ လမ်းလျှောက်ခဲ့သူ စင်္ကာပူလူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း Jeshua ဆိုတဲ့ စင်္ကာပူနိုင်ငံသား လူငယ်တစ်ဦးဟာ ဘန်ကောက်မြို့ကနေ တက်ခ်ခရိုင် မဲဆောက်မြို့ကို ခရီးထွက်လာပါတယ်။ ထူးဆန်းတာက ခြေလျင်ခရီးဖြစ်ပါတယ်။ ရာသီဥတုက March လကြီး ဖြစ်တဲ့အလျောက် အပူချိန်အတော်မြင့်သလို ခရီးစဥ်ဟာ စုစုပေါင်း 500 Kilometer ဖြစ်ပြီး ၁၂ ရက် နဲ့ နေ့တစ်ပိုင်း အချိန်ကြာ လျှောက်ခဲ့ပါတယ်။ သူ့ရည်ရွယ်ခ...
EP 010: အသည်းနုတဲ့ ညိုကီဘဲဥ 03.05.2025 1:00:40
ဒီအပိုင်းဟာ ရုပ်ရှင်လောကသားတစ်ယောက်ရဲ့ အကြောင်းပါ။ အင်းစိန်သား၊ BARS ကျောင်းထွက်၊ ယုံကြည်ရာ အနုပညာအတွက် ရုန်းကန်နေတဲ့ အသက် (၃၀) ကျော် ညိုကီတစ်ယောက်။ မီးထိုး/မှန်ထိုး၊ ဖြတ်လျှောက်၊ Crew၊ အဲ့ကနေမှ ရိုက်ကူးရေးမန်နေဂျာ၊ ပရိုဂျူဆာက စလို့ Series, Short Film နဲ့ ရုပ်ရှင်ကြီးတွေမှာပါ မင်းသားအဖြစ် အောက်သက်ကျေတဲ့ ညိုကီ။ မောက်ခမ်းဝါ ရဲ့ The Unknown Infinity ဆိုတဲ့ Short Film မှာ "ဘဲဥ" ဆိုတဲ့ သူ့ဇာ...
EP 009: သီချင်းများနှင့်ညိုကီ 08.03.2025 30:33
အခုအလှည့်ကျသူကတော့ သီချင်းဆိုတဲ့ ညိုကီတစ်ယောက်ပါ။ အပြည့်အစုံမိတ်ဆက်ရရင် Born in Burma Art ရဲ့ Vocalist တစ်ယောက်လည်းဖြစ်၊ "နှစ်ချို့မှာတမ်း" Music Album ဖန်တီးထားသူ ကိုဂါဖြစ်ပါတယ်။ ဒီညိုကီက စကားပြောအေးသလို အင်မတန် သဘောကောင်းပါတယ်။ သီချင်းနဲ့ပတ်သက်ရင်တော့ သူသဘောမကောင်းဘူးလို့ ထင်တယ်။ အထူးသဖြင့် သူ့သီချင်းတွေကို ကော့်ဒ် ၄ ကွက်သိပြီး ဂစ်တာတီးတတ်တယ် ထင်နေတဲ့ ကျွန်တော့်လိုကောင်တွေ လက်ကမြင်းမှာ...
EP 008: လူအများစုမသိတဲ့ ၂၀၂၅ အတွက် စိန်ခေါ်မှုများ 13.01.2025 1:32:49
သမိုင်းသုတေသီ ဒေါက်တာသန်းထွန်းက ပြောတယ် "သမိုင်းကိုသင်တာ မအ အောင်လို့တဲ့"။ ဒါဆို သမိုင်းကိုပြန်ကြည့်ရအောင်.. သမိုင်းမှာ လူသန်းပေါင်းများစွာ စက်မှုတော်လှန်ရေးအလွန် ဆင့်ကဲနည်းပညာတိုးတက်လာမှုကြောင့် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ အမှီလိုက်နိုင်သူတွေအတွက် အလုပ်အကိုင်အသစ်တွေပေါ်လာပြီး ဘဝပြောင်း ချမ်းသာခဲ့ကြတယ်။ ဥပမာ - ATM စက်တွေပေါ်လာပြီး ကမ္ဘာအရပ်ရပ်က ဘဏ်ဝန်ထမ်းတွေအများပြား အလုပ်ဆုံးရှုံး...
EP 007: ကျောင်းမှာမသင်သော လိင်မှုဘဝ သင်ခန်းစာများ 23.11.2024 1:43:34
ကျောင်းမှာ မသင်ခဲ့ရတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီအပတ် Nyo Kyi FM မှ ကိုဘဟိန်းက ဒေါက်တာဖြိုးသီဟနဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။ ဒီ Podcast မှာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ဘာကြောင့် တစ်ခေတ်ပြန်စားလာလဲ၊ Sex Education နဲ့ ပတ်သက်တဲ့ ရှေးရိုးစွဲ အယူအဆတွေ၊ Pornography စွဲလမ်းမှု အစရှိတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ လူငယ်တွေ သိသင့်သိထိုက်တာတွေကို ဆွေးနွေးထားပါတယ်။ Burma Podcast Net...
EP 006: အိမ်ပြန်ခရီး နီးစပ်နေပြီလား? 02.09.2024 56:28
ညိုကီ FM ရဲ့ တော်လှန်ရေးထဲက ညိုကီတစ်ဦးနဲ့ Special အပိုင်းသစ် လာပါပြီ။ ကျွန်တော်တို့ ချစ်ခင်ရတဲ့ မြန်မာပြည်အနှံက ချစ်မိတ်ဆွေ သူရဲကောင်းတွေရဲ့ အိမ်ပြန်ခရီး နီးစပ်နေပြီလား။ အိမ်ပြန်လာကြတဲ့ မိတ်ဆွေတွေကို ဘယ်လို ကြိုဆိုသင့်ကြသလဲ။ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေး မတိုင်ခင်နှစ်များထဲက မြန်မာလူငယ်ကျောင်းသားလှုပ်ရှားမှုများနဲ့ လူသိများတဲ့ ညိုကီတစ်ဦး မြို့ပြကို ခေတ္တရောက်ချိန် ဖိတ်ခေါ်စကားပြောဖြစ်ခဲ့ပါတယ်။ အဆ...
EP 005: ဂြိုလ်သား၊ ဝိပသနာ နှင့် သရဲများ အကြောင်း ငြင်းခုန်ခြင်း 12.06.2024 1:17:44
စံနှုန်းတွေ မချည်နှောင်ဘဲ ပြောတဲ့ စကားဝိုင်းတွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက်တော့အကြည်ဓာတ်လေး ကျန်ခဲ့မှာ သေချာပါတယ်။ ဒီအပိုင်း နားထောင်ပြီး မိတ်ဆွေရင်ထဲ ကျန်ခဲ့မှာကတော့ ငါ့အချိန်တွေ နှမြောလိုက်တာဆိုတဲ့ ခံစားချက်ကြီးလည်း ဖြစ်နိုင်သလို သရဲတွေက ဂြိုလ်သားတွေများလားဆိုတဲ့ မေးခွန်းကြီးနဲ့ ညသန်းခေါင် သေးထမပေါက်ရဲတော့တာလည်း ဖြစ်နိုင်ပါတယ်။ BPN မှ ကြည့်ရှုသူများကို အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် Consp...
EP 004: Happy Old Year 29.04.2024 48:56
2023 မှာ ဘာတွေ ဆင်ခြင်စရာ တွေးစရာရှိခဲ့တယ်။ January 2024 မှာ နှစ်သစ်ကို ငါတို့ ဘယ်လိုနေထိုင်သင့်တယ်။ ဘယ်လိုဇွဲရှိသင့်တယ်ဆိုပြီး အသံသွင်းချလိုက်တာ ကိုဆမ်မီလက်ထဲ ၃ လကြာသွားပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ဆမ်မီတစ်ယောက် 2024 အထိ ဇွဲမရှိသေးတာတော့ အသေအချာပါပဲ။ ဒီအပိုင်းမှာ မြန်မာပြည်ဖွား လူငယ်တွေရဲ့ စိတ်ကျန်းမာရေး၊ ပညာရေး၊ တော်လှန်ရေး၊ လူမှုစီးပွားရေးတွေကို ဉာဏ်မီသလောက် ညိုကီ ၃ ယောက် အာထုထားကြပါတယ်။ နား...
EP 003: Fashion မိ၏၊ မမိ၏။ 27.11.2023 33:41
ဖက်ရှင်မိဖို့ ငွေဘယ်လောက်သုံးကြမလဲ။ Brand အကောင်းစားတွေကို ရွေးမလား။ ဘေထုပ်ဖက်ရှင်နဲ့ စတိုင်ကျအောင် ဖန်တီးမလား။ Tech wears လို့ ခေတ်စားလာတဲ့ ရာသီမရွေးဝတ်လို့ရတဲ့ အဝတ်အစားတွေ နောက်ပိုင်းခေတ်စားလာမလား။ နားဆင်ကြပါအုံးခင်ဗျာ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် https://linktr.ee/burmapodcastnetwork
EP 002: Gentleman ဖြစ်၏၊ မဖြစ်၏။ 25.11.2023 26:50
ဒီအပိုင်းမှာတော့ နားထောင်သူ မိတ်ဆွေများဟာ ကိုဆမ်မီ၊ ကိုဖရန်ကီ၊ ကိုဘရတ်ဒလီ တို့ ညိုကီ သုံးယောက်ဟာ ဘာခေါင်းစဥ်ချပေးပေး အလွန်တရာ စကားများနိုင်ကြောင်း စတင်ပြီး သတိပြုမိပါလိမ့်မယ်။ ဒါကလည်း ပထမအပိုင်းက တိုတယ်ဗျာ ဆိုပြီး ညိုကီ တစ်ယောက်ကပြောလို့ အရွဲ့တိုက်ခြင်း လုံးဝမဟုတ်ရပါဘူး။ ချစ်မိတ်ဆွေတို့ နားဆင်ရင်း ဘဝအမောတွေ ခနတာ ဖြေဖျောက်နိုင်ကြပါစေ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်...
EP 001: ညိုကီမိတ်ဆက် 07.10.2023 10:32
ညိုကီ သုံးဖော်ရဲ့ ဘီယာဆိုင် အလွမ်းပြေ စကားဝိုင်းတွေ ဘယ်လို Podcast ဖြစ်လာသလဲ? အရက်သောက်ရန် အားကစားလုပ်သော Academic ညိုကီ Bradley, ဖက်ရှင်မလျှော့သော ဝါရင့် ညိုကီ Franky၊ Wanna be everything ကောက်ရိုးမီး ညိုကီ Sammy တို့ရဲ့ ပေါ့ပေါ့ပါးပါး စကားဝိုင်းပဲဖြစ်ပါတယ်။ ပျော်ရွှင်ပါစေ ညိုကီတို့ရေ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် https://linktr.ee/burmapodcastnetwork...
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos