Burma Podcast Network
Memories of a Poet
Autor
Burma Podcast Network
Categoria
Site do podcast
Último episódio
13 de jun de 2026
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
မိုဃ်းဇော်ရဲ့ “ဆံပင်ရှည်ရှည် စွန့်စားခန်းများ” 13.06.2026
ငြိမ်းဝေရှာဖွေထားတဲ့ ကဗျာဆရာမိုဃ်းဇော်ရဲ့ နောက်ထပ်ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ကြပ်တည်းလှတဲ့ ဘဝအခြေအနေတွေကို ကဗျာအပေါ်မှာ အရှင်းလင်းဆုံး မြင်တွေ့ခံစားရမှာပါ။
မွန်ဂိုကဗျာဆရာ ချိုအီဇင်စူရီရဲ့ “စစ်ပွဲ” 25.04.2026
ဦးငြိမ်းဝေရဲ့ အတွေ့ကြုံများထဲက တစ်ခုဖြစ်တဲ့ တောတောင်အတွင်း ဖြတ်သန်းမှုများက စိတ်ထိခိုက်စရာ၊ မှင်သက်အံ့သြစရာ ကောင်းလှပါတယ်။ ၅ နှစ်အရွယ် ကရင်ကလေးငယ်နှင့်အတူ စစ်ပြေးကြရင်း အဖေနဲ့ဝေးရတဲ့ ကရင်ကလေးငယ်၊ တစ်ဦးတည်းသော သားငယ်ကို ထားခဲ့ရတဲ့ ကဗျာဆရာငြိမ်းဝေတို့ရဲ့ အဖြစ်အပျက် မှတ်ဉာဏ် တစ်ပိုင်းတစ်စကို မွန်ဂိုလီယား ကဗျာဆရာ ရဲ့ “စစ်ပွဲ” ဆိုတဲ့ ကဗျာနဲ့ ခံစား ဝေမျှထားပါတယ်။ နားဆင်ကြပါဦးဗျာ။
သံမဏိဦးဝင်းတင် 29.09.2024
ဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်စဥ်က ငြိမ်းဝေတသထားတဲ့ ကဗျာတစ်ပုဒ်ကို တင်ပြထားပါတယ်။ ဦးဝင်းတင်ရဲ့ ရပ်တည်မှု၊ မာန်မာနနဲ့ သိက္ခာတရားကို တစ်စိတ်တစ်ပိုင်း မြင်ယောင်နားဆင်ရမှာ ဖြစ်ပါတယ်။
လူလည် စစ်ကြီးကြောင့် ကမ္ဘာကြီး ပျက်နေတာ ကြာပြီ 13.08.2024
ပျက်နေတဲ့ကမ္ဘာကြီးကို ဘယ်သူတွေဖန်တီးပြီး ဘယ်သူတွေကယ်တင်ကြမလဲဆိုတာ ငြိမ်းဝေရဲ့ စေ့စပ်လှတဲ့ ကဗျာသုတေသနတွေနဲ့ အတွေးအမြင်တွေ ဖလှယ်ထားတာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
ခေတ်ကိုသိချင်ရင် ကဗျာထဲမှာရှာဆိုတဲ့ “မိုးပြိုည” 21.07.2024
ခေတ်တစ်ခေတ်အကြောင်းကို သိချင်တဲ့အခါမှာ ကဗျာတွေထဲမှာ ပြန်ရှာကြည့်လို့ ဆိုကြပါတယ်။ စစ်ဖိနပ်အောက်က ရုန်းကန်သံတွေဟာ ဒီနေ့ဒီအချိန်အထိ သောင်ရင်းမြစ်တစ်လျှောက် ပဲ့တင်ထပ်နေခဲ့တာ နှစ်ခုနှစ်ဆယ် ကျော်ခဲ့ပါပြီ။ “မိုးပြိုည”ဆိုတဲ့ ဒီကဗျာတစ်ပုဒ်ကလည်း ခေတ်ပျက်ကြီးထဲက မှတ်တမ်းတစ်စောင်ပါပဲ။ နားဆင်ကြပါဦးဗျာ။
ကဗျာဆိုတာ ဘာလဲ? 19.04.2024
ကဗျာဆရာတွေဟာ ကဗျာ့နည်းပရိယာယ်၊ ကဗျာ့အတတ်ပညာနဲ့ အဖိနှိပ်ခံဘဝတွေကို သက်သေခံပြီး မှတ်တမ်းတင်ကြပါတယ်။ ကဗျာဆရာငြိမ်းဝေဟာလည်း သက်ရှိသက်သေတစ်ဦး ဖြစ်တယ်ဆိုတာ ဒီအပိုင်းမှာ အထင်းသားတွေ့ရမှာပါ။ နားသောတ ဆင်ကြည့်ကြပါဦး။
ကဗျာလမ်းသစ်ဖောက်ခဲ့သူ မောင်ချောနွယ်၏ “ပင်မှည့်တေး” 20.02.2024
ကဗျာဆရာ (ဦး) ငြိမ်းဝေဟာ မြန်မာပြည်ဖွား ခေတ်ပေါ်ကဗျာ လမ်းသစ်ဖောက်ခဲ့သူ စွန့်ဦး ကဗျာဆရာတစ်ဦးဖြစ်တဲ့ မောင်ချောနွယ်ရဲ့ “ပင်မှည့်တေး” ကဗျာကိုခံစား တင်ဆက်ထားပါတယ်။ ခေတ်တစ်ခုကို အတူဖြတ်သန်းခဲ့ကြတဲ့ ကဗျာဆရာ တစ်ဦးက တစ်ဦးအပေါ် ဂုဏ်ပြုခံစား တင်ဆက်ထားခြင်းဟာ ချစ်စဖွယ်ပါပဲ။ နားဆင်သူတွေအတွက် ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်ကို ခွဲခြားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ သောတဆင်ကြပါဦး။
နယ်စပ်ကို ဖြတ်ကျော်၍ 24.01.2024
တော်လှန်သော ကဗျာဆရာ (ဦး)ငြိမ်းဝေဟာ လွန်ခဲ့တဲ့ နှစ် (၃၀) က သူကြုံဆုံခဲ့ရတဲ့ စစ်ဘေးဒဏ်သင့် ကရင်ပြည်နယ် ကြုံစိန်ရွာမှ ငယ်ရွယ်စွာ အသက်ဆုံးပါးခဲ့ရတဲ့ ကရင်သူနာပြုဆရာမလေး နော်ဖောကေနဲ့ ဘဝနောက်ခံတူ နိုဘယ်ဆုရှင် စစ်ပြေးကဗျာဆရာမ “မင်ချူးရာ” ရဲ့ “နယ်စပ်ကိုဖြတ်ကျော်၍”ဆိုတဲ့ ကဗျာကို ရွတ်ဆိုမျှဝေထားပါတယ်။ နားသောတဆင် ခံစားကြပါဦး။
ဗိုလ်နေဝင်းကို ကလိတဲ့ မျက်လှည့်ဆရာကြီးရဲ့ မယားကဗျာ 20.11.2023
ကဗျာဆရာတွေဟာ ဘယ်အခန်းကဏ္ဍကနေပြီး ပြည်သူ့ဘက်က ရပ်နေကြသလဲ? အာဏာရှင်ရဲ့ စာပေစိစစ်ရေး အမှောင်ခန်းကို ပရိယာယ်ဝင်္ကဝုတ် နဲ့ ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ သက်သေပြခဲ့တဲ့ ပထမဆုံးကဗျာတစ်ပုဒ်အကြောင်းကို (ဦး) ငြိမ်းဝေက ဒီအပိုင်းမှာ တင်ဆက်ထားပါတယ်။ နားသောတဆင်ကြပါဦး။
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos