Democratic Voice of Burma

DVB News

News MY ↓ 1459 episódios

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Não deixe de visitar o site do podcast e apoiar quem o produz: burmese.dvb.no

Autor

Democratic Voice of Burma

Categoria

News

Site do podcast

burmese.dvb.no

Último episódio

10 de jul de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်၊ သရဲဘောကြောင်သည့် တိုက်ခိုက်မှုဖြစ် 14.04.2023

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သလို သရဲဘောကြောင်သည့် တိုက်ခိုက်မှုဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီးကလည်း ကုလသမဂ္ဂ ဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ပဇီကြီးကျေးရွာဖြစ်စဉ်အပါအဝင် စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုအားလုံးကို တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး ဗြိတိန်နိုင်ငံက ရတဲ့နည်းလမ်းနဲ့ဆက်...

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးပြည်သူပေါင်း ၁၃၀ ဝန်းကျင်အထိရှိလာနိုင် 13.04.2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးပြည်သူစုစုပေါင်း ၁၃၀ ဝန်းကျင်အထိရှိလာနိုင်တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။ PDF တွေရဲ့ယမ်းသိုလှောင်ရုံကို ပစ်ခတ်မိတာကြောင့် ပေါက်ကွဲမှုကြီးမားတာဖြစ်တယ်ဆိုတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ပြောဆိုချက်ဟာ လိမ်ညာမှုသာဖြစ်တယ်လို့ ဆိုပါတယ်။

သင်္ကြန်ပွဲစည်ကားအောင် စစ်ကောင်စီကစီစဉ်နေသော်လည်း ပူးပေါင်းပါဝင်မည်မဟုတ်ဟု ပြည်သူများပြော 12.04.2023

စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကို မြို့ကြီးတွေမှာ စည်ကားအောင် ကျင်းပဖို့ စီစဉ်နေသလို တဖက်မှာလည်း အရပ်သား ပြည်သူတွေ နေအိမ်တွေကို မီးရှို့ တာ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပါတယ်။ စစ်ကောင်စီ စီစဉ်တဲ့ သင်္ကြန်ပွဲတွေမှာ ပြည်သူတွေကို စာနာတဲ့ စိတ်ကြောင့် ပါဝင်မှာ မဟုတ်ဘူးလို့ ရန်ကုန်နဲ့ မန္တလေး မြို့ခံတွေက ပြောပါတယ်။

NLD နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကောင်းဆက်ရှိနေ 11.04.2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးကောင်းတွေဆက်ရှိနေပြီး စစ်ကောင်စီက ပါတီဖျက်သိမ်းလိုက်တဲ့အပေါ်မှာလည်း တရုတ်ဘက်က လက်မခံဘူးလို့ NLD ပါတီဘက်က ပြောဆိုလိုက်ပါတယ်။

သင်္ကြန်ပိတ်ရက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အိမ်ပြန်သူနည်းပါး 10.04.2023

သင်္ကြန်မတိုင်မှီ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အိမ်ပြန်ကြလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သင်္ကြန်ပိတ်ရက်မှာ မြန်မာပြည်ကို ပြန်သွားသူတွေ မရှိလောက် နည်းပါးနေပါတယ်။

စစ်ကောင်စီ၏ အခွန်အကောက်ဥပဒေသစ်ကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပိုမိုနစ်နာနိုင် 10.04.2023

စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေကြောင့် နိုင်ငံခြားအရက်နဲ့ ဆေးလိပ်တွေပိုမိုဈေးတက်သွားနိုင်သလို  မြန်မာ့ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကို ပိုပြီးထိခိုက်နစ်နာသွားစေမယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။ 

ထိုင်းကဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲပြန်အပ်ခဲ့သည့် လူငယ် ၃ ဦး၏ အသက်အန္တရာယ်စိုးရိမ်ရ 09.04.2023

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကို ဆေးကုဖို့လာရောက်ချိန် ထိုင်းလဝကရဲက ဖမ်းလိုက်တဲ့ Lion Battalion စစ်ကြောင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် မြန်မာလူငယ် ၃ ယောက်ဟာ စစ်ကောင်စီလက်ထဲရောက်သွားတာကြောင့် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိနေပါတယ်။

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးခိုလှုံလာသည့် ဒုက္ခသည် ၁၀၀၀၀ ခန့်ရှိလာ 09.04.2023

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာ KNLA - PDF ပူးပေါင်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ BGF တွေအကြား တိုက်ပွဲပြင်းထန်နေတာကြောင့် နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် ဦးရေ တသောင်းဝန်းကျင်ထိရှိလာပြီဖြစ်ပါတယ်။

မြဝတီ ရွှေကုက္ကိုလ်တိုက်ပွဲ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(08-APR -2023) 08.04.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့  DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့  မြဝတီ ရွှေကုက္ကိုတိုက်ပွဲ၊ အင်းစိန်ထောင်တွင်းက ဖိနှိပ်ခံနိုင်ငံရေးအကျဉ်းသားတွေ၊ တရားခွင်ကိုရောက်လာတဲ့ ဒေါ်နယ်ထရမ့် စတာတွေနဲ့ပတ်သက်ပြီး  ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။  

မုံရွာ ကျောက္ကာရေနံချက်ဖိုများ လုပ်ငန်းရပ်ဆိုင်းရန်နှင့် သယ်ယူရောင်းချခြင်းမပြုရန် စစ်ကောင်စီ တားမြစ် 07.04.2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ရေနံချက်လုပ်တာနဲ့ ချက်လုပ်ပြီးရေနံချက်ဆီတွေကို သယ်ဆောင်ရောင်းချတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းအစိုးရ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက  ဧပြီ ၃ ရက်မှာ ကြေညာပါတယ်။ 

လျှပ်စစ်မီးအကြပ်အတည်းကြောင့် အများပြည်သူအခက်ကြုံနေရ 06.04.2023

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးအကြပ်အတည်းက အများပြည်သူတွေကိုအခက်အခဲတွေနဲ့ ကြုံရစေတဲ့အပြင် ကုန်ကျစရိတ်တွေလည်းပိုပြီးတိုးလာစေပါတယ်။

စစ်ကောင်စီကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံကို EAO အဖွဲ့များ အယုံအကြည်မရှိ 06.04.2023

အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ငြိမ်းချမ်းရေးညီလာခံကို အယုံအကြည်မရှိဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူတွေကပြောပါတယ်။

ရန်ကုန်တွင် အပူချိန်ပြင်းထန်သဖြင့် နေ့လယ်ပိုင်း အိမ်အပြင်မထွက်ရန် ကျန်းမာရေးဝန်ထမ်းများတိုက်တွန်း 05.04.2023

ရန်ကုန်မှာ ပြင်းထန်တဲ့နေ့အပူချိန်ကြောင့် ပင်ပန်းနွမ်းနယ်တာနဲ့ ဖျားနာတာတွေ ပြည်သူတွေ ခံစားနေရပြီး မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရီထိ အိမ်အပြင်မထွက်ကြဖို့ကို ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းပါတယ်။

အင်းစိန်ထောင်တွင်းနိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်ကို သာယာဝတီထောင်ပြောင်း 04.04.2023

အင်းစိန်ထောင်ကနိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်ကို ပြီးခဲ့တဲ့ သီးတင်းပတ်အတွင်းမှာ ပဲခူးတိုင်း သာယာ၀တီထောင်ကို ရွေ့ပြောင်းလိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

ကရင်နီတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃၁၀ ကြိမ်ရှိခဲ့ 03.04.2023

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခု မတ်လ ကုန်အထိ ကရင်နီပြည်နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းတို က်ခိုက်မှုပေါင်း အကြိမ်ရေ ၃၁၀ အထိ ပြုလုပ်ထားပြီး ပြီးခဲ့တဲ့ မတ်လတစ်လအတွင်းမှာတင် အကြိမ်ရေ ၉၀နဲ့ စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူနဲ့ စစ်ဘေးရှောင် သေဆုံးသူအရေအတွက်ကလည်း ၄၄၀ ကျော်ရှိ လာနေပြီဖြစ်ပါတယ်။

World Press Photo ဆုရှင် ဓာတ်ပုံဆရာမောက်ခမ်းဝါနှင့် DVBမေးမြန်းချက် 02.04.2023

ကရင်နီရှေ့တန်းစစ်မြေပြင်မှာရိုက်ကူးခဲ့တဲ့ဓာတ်ပုံနဲ့ World Press Photo ဆုရခဲ့တဲ့ ဓာတ်ပုံဆရာမောက်ခမ်းဝါကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မင်းတပ်မြို့နယ်၌ စစ်ဘေးရှောင်ကူညီနေသည့် ဘုန်းကြီး ၁ ပါးကို အဓမ္မလူဝတ်လဲပြီး စစ်တပ်က ဖမ်းဆီ 01.04.2023

မင်းတပ်မြို့နယ်၌ စစ်ဘေးရှောင်ကူညီနေသည့် ဘုန်းကြီး ၁ ပါးကို အဓမ္မလူဝတ်လဲပြီး စစ်တပ်က ဖမ်းဆီ

တရားစွဲခံသမ္မတဟောင်းဒေါ်နယ်ထရမ့်အမှု သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(01-APR -2023) 01.04.2023

တရားစွဲခံသမ္မတဟောင်းဒေါ်နယ်ထရမ့်အမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(01-APR -2023) ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့  DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့  တရားစွဲခံရတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်၊ နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံရမှု၊ ကရင်နဲ့ ကရင်နီဒေသတိုက်ပွဲတွေအကြောင်း စတာတွေနဲ့ပတ်သက်ပြီး  ဒီဗွီဘီဝိုင်း...

ပြည်သူ ၈ ဦးသေဆုံးခဲ့ရတဲ့ ခွာဖိုးကျေးရွာ လေကြောင်းမှုတိုက်ခိုက်မှု အရေးယူပေးဖို့ CNF တောင်းဆို 31.03.2023

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာကိုစစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် ပြည်သူ ၈ ဦးကျဆုံးခဲ့ပြီး နိုင်ငံ တကာကမျက်ကွယ်မပြုဖို့ ချင်းအမျိုးသားတပ်ဦးတာဝန်ရှိသူကမေတ္တာရပ်ခံလိုက်ပါတယ်။ စစ်ကိုင်း၊ ရွှေဘိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေဟာ ဗိုလ်ချုပ်ဇော်မင်းထွန်းအောင်မြေလာနင်းမယ့်လမ်းကြောင်းကို ဦးတည်တိုက်ခိုက်ခဲ့ တာသာဖြစ်တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

ပဲခူးတိုင်းတွင်းက စိုက်ပျိုးစားရိတ်ချေးငွေမဆပ်သူများရဲ့ ပုံစံ(၇) နှင့် လယ် သိမ်းခံရ 31.03.2023

ပဲခူးတိုင်း၊ အနောက်ခြမ်းထဲက မိုးစပါး စိုက်ပျိုးစားရိတ်ချေးငွေမဆပ်တဲ့သူတွေကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေက ပုံစံ(၇)သိမ်းတာ၊ လယ်သိမ်းတာ နဲ့ဖမ်းဆီးချုပ်နှောင်တာတွေ စတင် ပြုလုပ်နေပါတယ်။

ပါတီ ၄၀ ကို ဖျက်သိမ်းခဲ့သော်လည်း စစ်ကိုင်းတွင် ရွေးကောက်ပွဲ အထမြောက်စရာမရှိ 30.03.2023

ပါတီ ၄၀ ကို ဖျက်သိမ်းခဲ့သော်လည်း စစ်ကိုင်းတွင် ရွေးကောက်ပွဲ အထမြောက်စရာမရှိဟု သပိတ်ခေါင်းဆောင်များပြော

PTTEP ကုမ္ပဏီ တခုတည်းက စစ်အသုံးစရိတ် တဝက်ကျော် ပေးဆောင်ခဲ့ဟုဆို 29.03.2023

အာဏာသိမ်း ၂ နှစ်အတွင်း စစ်တပ်က စစ်အသုံးစရိတ် ဒေါ်လာ ၁.၈ ဘီလီယံ သုံးစွဲခဲ့မှုမှာ PTTEP ကုမ္ပဏီတခုတည်းကပဲ စစ်အသုံးစရိတ် တဝက်ကျော်ကို ပေးဆောင်ခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကပြောဆို လိုက်ပါတယ်။

အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီ ဖျက်သိမ်း 29.03.2023

တည်ဆဲနိုင်ငံရေးပါတီ ၉၀ကျော်ထဲ ထက်ဝက်ကျော်က စစ်ကောင်စီလက်အောက်မှာ မှတ်ပုံပြန်တင်ခဲ့ပါတယ်။ စစ်ကောင်စီရွေးကော်က မှတ်ပုံမတင်တဲ့ပါတီတွေကို ဖျက်သိမ်းပြီး ပါတီပိုင်ဆိုင်မှုတွေကို သိမ်းယူမယ်ဆိုရင်တချိန်မှာ တာဝန်ခံရမယ်လို့ NLD ပါတီဘက်က ပြောဆိုပါတယ်။

ကရင်နီတွင် တစ်လအတွင်း စစ်ကောင်စီဘက်က သေဆုံးမှု ၂၀၀ကျော်ရှိလာပြီးလို့ KNDF ပြော 27.03.2023

စစ်ကောင်စီက အင်အားထောင်ချီသုံး ထိုးစစ်ဆင်နေတဲ့ကရင်နီဒေသမှာ တိုက်ပွဲတွေက ဆက်လက်ပြင်းထန် နေပါတယ်။ တစ်လအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုဟာ ၂၀၀ကျော်ရှိလာပြီး အထိနာနေတယ်လို့ KNDF ဘက်က ပြောဆိုပါတယ်။

စစ်တပ်နှင့်နီးစပ်သည့် ဥပဒေအကြံပေး ၁ ဦး ပစ်သတ်ခံရ 26.03.2023

ရန်ကုန်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီးမှာ မတ်လ ၂၄ ရက် နေ့လယ်က စစ်‌တပ်နဲ့နီးစပ်သူ ဥပဒေအကြံပေး ဦးမင်းတေဇညွန့်တင် ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Ouça o podcast DVB News no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos