Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Não deixe de visitar o site do podcast e apoiar quem o produz: burmese.dvb.no
Autor
Democratic Voice of Burma
Categoria
Site do podcast
Último episódio
10 de jul de 2026
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲချမှတ်သူများထဲ နွေဦးတော်လှန်ရေးကြောင့် သေဒဏ်ချမှတ်ခံရသူများမပါ 05.05.2023 4:31
စစ်ကောင်စီက သေဒဏ်ကနေ တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲချမှတ်လိုက်သူ ၃၈ ဦးထဲမှာ နွေဦးတော်လှန်ရေးကြောင့် သေဒဏ်ချမှတ်ခံရသူတွေမပါဝင်ဘူးလို့ အင်းစိန်ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ တကျွန်းပြစ်ဒဏ် ပြောင်းလဲချမှတ်ခံရသူတွေဟာ နွေဦးတော်လှန်ရေးမတိုင်ခင် ဆိုးမိုက်ခဲ့သူတွေ သာဖြစ်တယ် လို့ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသား ၂,၁၅၃ ဦး ပြန်လွှတ်ပေး 04.05.2023 2:51
ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ပြန်လည် လွတ်မြောက်လာပါတယ်။
NUG အနေနှင့် အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းပေးပြီးမှ အုပ်ချုပ်ရေးတာဝန်များ ခန့်အပ်သင့် 03.05.2023 5:02
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရေးတာဝန်ယူမယ့်သူတွေကို အုပ်ချုပ်ရေးဆိုင်ရာ တတ်အပ်သင့်တဲ့သင်တန်းတွေပေးပြီးမှ စိုးမိုးနယ်မြေတွေမှာအုပ်ချုပ်စေချင်တယ်လို့ ဒေသခံလူထုတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာအတွေ့ကြုံရှိ သူတွေကပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာအရေးဆွေးနွေး 03.05.2023 4:14
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ ကုလသမဂ္ဂရဲ့ မြန်မာ့နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံကို ရောက်လာပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။
စစ်ဘေးဒဏ်သင့်နေတဲ့ ခါတွမ်မြို့တော်သားတွေ ရဲ့ဘဝအခက်အခဲ 02.05.2023 3:17
လက်နက်ကိုင်ပဋိပက္ခဖြစ်တာ တစ်ပတ်ကျော်နေပြီဖြစ်တဲ့ဆူဒန်နိုင်ငံမှာ စစ်ပွဲဇုံအဖြစ် ပြောင်းလဲသွားတဲ့ ဘာရီမြို့သားဘန်ဒါဒီယိုဝယ်လ်ဘိတ်တစ်ယောက်စားစရာရိက္ခာကုန်လုနီးပါးအခြေအနေဖြစ်နေပြီး သောက်စရာရေရဖို့ တိုက်ပွဲတွေကြားကဘဲအိမ်ပြင်ထွက်ရှာရတော့မယ်လို့ဆိုပါတယ်။
အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးနေကြောင်း စစ်ခေါင်းဆောင် ပြောဆိုချက် အလိမ်အညာ ဟု NUG တုံ့ပြန် 02.05.2023 4:00
စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်အောင်ကြိုးစားနေပြီး အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး၊ လုပ်ခလစာတွေကို အပြည့်အဝရအောင် စည်းကြပ်စစ်ဆေးပေးနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ ဒီပြောဆိုချက်တွေဟာ အလိမ်အညာတွေသာဖြစ်ပြီး မြေပြင်မှာ သန်းနဲ့ချီတဲ့အလုပ်သမားတွေဟာ အလုပ်လက်မဲ့ဘဝနဲ့ စားဝတ်နေရေးကျပ်တည်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက တုံ့ပြန်ပါတယ်။ h...
အရပ်သားကို ဦးတည် တိုက်ခိုက်မှုရပ်ဖို့ အာဏာသိမ်း စစ်ကောင်စီကို CDM ဗိုလ်ကြီးတောင်းဆို 01.05.2023 2:56
စစ်သည်တော် ကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာပြီး အရပ်သားပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်နေ တာတွေရပ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို CDM ဗိုလ်ကြီးတဦးက တောင်းဆိုလိုက်ပါတယ်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ပေါင်း ၄၅၀ သေဆုံး 01.05.2023 2:47
အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီကြောင့် သေဆုံးတဲ့အရပ် သားပြည်သူစုစုပေါင်း ၄၅၀ကျော်လာပြီဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတွေကလည်းစံချိန်တင်မြင့် တက်လာပါတယ်။
ဘန်ကီမွန်းရဲ့ မြန်မာခရီးစဉ်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(30APR2023) 30.04.2023 29:39
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဘန်ကီမွန်းရဲ့မြန်မာပြည်ခရီးစဉ်၊ နာဂအိရဲ့ကင်မရာအကြောင်းစတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားပါတယ်။
အကယ်ဒမီပွဲမတက်လျှင် ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်နေ 29.04.2023 3:16
စစ်ကောင်စီလက်ထက်မှာ ၃ နှစ်စာပေါင်းပြီး ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို အနုပညာရှင်တွေအားလုံး မဖြစ်မနေတက်ရောက်ဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။အကယ်ဒမီပွဲတက်ဖို့ ဖိအားပေး စည်းရုံးတာတွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို ပွဲမတက်ရင် ပြန်ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ လှုံ့ဆော် ရေးသားနေပါတယ်။ https://burmese.dvb.no/archives/590588
လက်ရှိမြန်မာ့အရေး ကမ္ဘာကြီးက တရားမျှတမှုရှာဖွေပေးဖို့ မျှော်လင့်ကြောင်း နာဂါအိညီမပြော 28.04.2023 4:09
လက်ရှိမြန်မာ့အရေးအတွက် ကမ္ဘာကြီးကတရားမျှတမှုရှာဖွေပေးဖို့ မျှော်လင့်တယ်လို့ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုမှာ သတင်းယူရင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဂျပန်သတင်းထောက် နာဂါအိရဲ့ညီမ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။
ဒီဗွီဘီက ရရှိထားသည့် ဂျပန်သတင်းထောက် နာဂအိရဲ့ ကင်မရာကို မိသားစုထံ လွှဲပြောင်းပေးအပ် 27.04.2023 4:18
ဒီဗွီဘီကရရှိထားတဲ့ဂျပန်သတင်းထောက် နာဂအိရဲ့ ဗွီဒီယိုကင်မရာကို မိသားစုထံ လွှဲပြောင်းပေးအပ်ပွဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) ခန်းမမှာ ဧပြီ ၂၆ ရက်က ကျင်းပပါတယ်။
တိုင်းပြည်အကြပ်တည်းဖြေရှင်းဖို့ ပဋိပက္ခမှာ ပါဝင်သူအားလုံး ဆွေးနွေးရန်လိုအပ်ကြောင်း PPST ပြော 26.04.2023 3:21
လက်ရှိနိုင်ငံရေး အခြေအနေက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်တဲ့ နိုင်ငံရေး အခင်းအကျဉ်း မဟုတ်ဘဲ ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ ပဋိပက္ခမှာ ပါဝင်နေကြတဲ့သူတွေ အားလုံး ဝိုင်းဝန်းဆွေးနွေးမှရမယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောပါတယ်။
အကြမ်းဖက်မှုရပ်တန့်ရန် စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ဟု ဘန်ကီမွန်းပြော 26.04.2023 4:03
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ တောင်းဆိုလိုက်ပါတယ်။ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ ဧပြီ ၂၄ ရက်က နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာလို...
အပူလှိုင်း အယ်နီညို ပိုပြင်းထန်လာနိုင်ပြီး ပြင်းအားကြီးမုန်တိုင်းမျိုးဝင်နိုင်ကြောင်း ပညာရှင်များဆို 25.04.2023 3:20
ဒီနှစ်ကုန်ပိုင်းမှာ အပူလှိုင်း အယ်နီညို ပိုပြင်းထန်လာနိုင်ပြီး မေလထဲမှာတော့ နာဂစ်လို ပြင်းအားကြီး မုန်တိုင်းမျိုးလည်း ဝင်ရောက်နိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက သုံးသပ်ခန့်မှန်းထားပါတယ်။
ဦးကျော်မင်းဆွေ၊ မေပန်းချီ၊ ရွှေရည်သိန်းတန်နှင့် မေလသံစဉ်တို့ကို စစ်ကြောရေးမှ ရဲစခန်းပို့ 24.04.2023 3:47
ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင်မေပန်းချီ၊ အဆိုတော်ရွှေရည်သိန်းတန်နဲ့ မေလသံစဉ်တို့ကို စစ်ကောင်စီက အောင်သပြေစစ်ကြောရေးကနေတဆင့် သက်ဆိုင်ရာရဲစခန်းတွေကို ပို့ဆောင်လိုက်ပါတယ်။
ကနီနှင့် ဘုတလင်တွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ်များပျက်စီး 23.04.2023 2:39
စစ်ကိုင်းတိုင်း၊ ကနီနဲ့ ဘုတလင်မြို့တွေမှာ လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
SpaceX Starship အာကာသယာဉ်အကြောင်းအပါအဝင် DVB Weekly News Digest အစီအစဉ်။(22APR 2023) 22.04.2023 29:51
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ SpaceX Starship အာကာသယာဉ်စမ်းသပ်လွှတ်တင်မှု၊ ရာသီဥတုပူပြင်းပြီး မီးမလာ ရေရှားဖြစ်နေတဲ့ မြန်မာပြည်၊ အကျဉ်းသား ၃၀၀၀ ကျော်ပြန်လွှတ်ပေးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုစတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံတွင် ပြင်းထန်သည့်အပူဒဏ်ကြောင့် လူသေဆုံးမှုနှင့် နောက်ဆက်တွဲ ရောဂါများ ခံစားနေ 21.04.2023 3:27
မြန်မာပြည်တွင်းမှာ အပူချိန်မြင့်မားပြီး ရေရှားပါးမှု လျှပ်စစ်မီးမလာမှုစတဲ့ ပြဿနာတွေနဲ့ ပြည်သူလူထုတွေ ကြုံတွေ့နေရပြီး အပူဒဏ်ကြောင့် သေဆုံးတာတွေနဲ့ နောက်ဆက်တွဲ ရောဂါတွေ ခံစားနေရပါတယ်။
တမူထူးခြားတဲ့ မောင်တောမြို့ဓလေ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် 20.04.2023 3:05
တမူထူးခြားတဲ့ မောင်တောမြို့ဓလေ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို နှစ်ဆန်းတစ်ရက်နေ့ကနေ စတင်ပြီး ၃ ရက်ကြာ ကျင်းပနေပါတယ်။
စစ်ပြေးနှင့် ရဲပြေးများကို စစ်ကောင်စီက ပြန်လွှတ်ပေး 19.04.2023 3:20
မြန်မာနှစ်သစ်ကူး နိုင်ငံတဝန်းအကျဉ်းထောင်တွေက အကျဉ်းသား ၃၁၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ရာမှာ ပြန်လွတ်လာသူအများစုဟာ စစ်ပြေး ရဲပြေးတွေ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။
မြန်မာစစ်တပ်တွင် တိုက်ခိုက်ရေးစစ်သည်အင်အား တစ်သိန်းအောက်ထိ ကျဆင်းလာ 18.04.2023 6:30
တိုက်ခိုက်ရေးစစ်သည်အင်အား တစ်သိန်းအောက်ထိ ကျဆင်းလာတဲ့ အာဏာရှင် စစ်တပ်အနေနဲ့ သူ့ကို ဆန့်ကျင်တော်လှန်တဲ့ အဖွဲ့အစည်းတိုင်းကို လေကြောင်း တိုက်ခိုက်မှုကိုသာ အဓိကထား တိုက်ခိုက်နေတာကလွဲလို့ တခြားနည်းလမ်း မရှိတော့တာကြောင့် နိုင်ငံတကာအနေနဲ့ ဒီကိစ္စအပေါ် အလေးထား စဉ်းစားပြီး မြန်မာပြည်သူတွေကို ကူညီပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားများအတွက် Blackout Strike ကန်ပိန်းလုပ်မည် 17.04.2023 3:06
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ပြည်သူ ၁၇၀ နီးပါးအတွက် ဝမ်းနည်းစာနာခြင်း အထိမ်းအမှတ် Blackout Strike Campaign လုပ်ဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း စီမံကိန်းများ ကေအိုင်အို ရပ်ဆိုင်း 16.04.2023 3:25
ကချင်ပြည်နယ်၊ ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း စီမံကိန်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ကေအိုင်အိုအကြီးအကဲ ဗိုလ်ချုပ်ကြီးအင်ဘန်လက အမိန့်ထုတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တော်လှန်သင်္ကြန်၊ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု DVB Weekly News Digest အစီအစဉ်။(15APR2023) 15.04.2023 29:42
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ တော်လှန်သင်္ကြန်၊ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု၊ ထိုင်ဝမ်အရေးနဲ့ ပန်တဂွန်စစ်ဌာနချုပ်လျှို့ဝှက်မှတ်တမ်းများပေါက်ကြားမှု စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos