Dawei Watch
Dawei Watch Podcast
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
Não deixe de visitar o site do podcast e apoiar quem o produz: daweiwatch.com
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
မေလ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 08.05.2023 6:32
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်အမြောက်တပ်က ဗိုလ်ကြီးတစ်ဦး ပစ်သ တ်ခံရပြီးသေဆုံးသွားတဲ့အကြောင်း - မြိတ် တနင်္သာရီမြို့နယ် တကူကားလမ်းကို စစ်ကောင်စီက ပိတ်လိုက်တယ်ဆိုတဲ့အကြောင်း - မြိတ် တနင်္သာရီကားလမ်းမှာ စစ်ကောင်စီကားမိုင်းဆွဲခံရပြီး ခရီးသည်လေးဦး ဒဏ်ရာရခဲ့တဲ့အကြောင်း - ဘုတ်ပြင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရ...
ထားဝယ်သူ ဆင်ဖြူမလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီး 07.05.2023 10:22
ရတနာပုံခေတ်မှာ မင်းတုန်းမင်းတရားကြီးထံကို ထားဝယ်နယ်ကနေ ဆင်ဖြူတော်တစ်စင်း ဆက်သဖူးပါတယ်။ ဒီထားဝယ်နယ်က ရတနာဆင်ဖြူတော်မလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီးတို့ အကြောင်းကို သမိုင်းရှုထောင့်ကနေ စိတ်ဝင်စားဖွယ်တင်ပြလိုက်ပါတယ်။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းတွေ၊ ဓလေ့တွေကို ပုံမှန်ဖော်ပြနေတဲ့ Dawei Watch ရဲ့ ‘ဓလေ့၊သမိုင်း’ အစီအစဉ်ကို လူအများပိုမိုသိရှိစေဖို့ မျှဝေပေးကြပါဦး။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ အ...
မြန်မာ့ရေးရာ 07.05.2023 11:30
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၃၀ ရက်ကနေ မေလ ၆ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၁ ရက်ကနေ ၆ ရက်နေ့အထိ) 06.05.2023 13:27
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ 06.05.2023 5:01
Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း စိတ်ဝင်စားဖွယ်ရာ ဘောလုံးပွဲစဉ်ကောင်းတွေက ပရိသတ်ကို စောင့်ကြိုလို့နေပါတယ်။ ရာသီသိမ်းချိန် နီးကပ်လာပြီဖြစ်လို့ အသင်းတိုင်းက အမှားမခံစတမ်း အားထည့်ကစားလာတာကို မြင်နေရပါတယ်။ ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်တွေထဲ ပွဲစဉ် ၅ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 06.05.2023 8:29
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေ ဘာတွေကြုံတွေ့နေရလဲ 06.05.2023 10:55
တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဘယ်လောက်ရှိနေတယ်.. ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်.... ဆိုတာသိရှိနိုင်ဖို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးနဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။
မေလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 05.05.2023 6:25
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့နယ် မင်းရပ်ရွာဆိုင်းဘုတ်အောက်မှာ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့တဲ့အကြောင်း - ရေဖြူမြို့နယ် ကံပေါက်ကျေးရွာက ရပ်ကွက် ၁၁ ခုကို ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီက ဖိအားပေးလာတဲ့အကြောင်း - ပလမြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဓာတ်အားပေးစက်ရုံမီးလောင်ကျွမ်းတာကြောင့် လျှပ်...
အောင်လအန်ဆန်းက ကမ္ဘာ့ချန်ပီယံရွှေခါးပတ်စိန်ခေါ်ခွင့်ကို အရယူပြနိုင်မလား 04.05.2023 3:40
အောင်လအန်ဆန်းအတွက်ရော ဖန်ရောင်းအတွက်ပါ ဒီပွဲက အရေးကြီးလွန်းပါတယ်။ One Fight Night 10 ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် သူတို့နှစ်ယောက်က ထိုးသတ်ကြမှာပါ။ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်က ဘလွမ်းဖီးလ်မှာ ဒီပွဲကို ယှဉ်ပြိုင်ထိုးသတ်စေမယ်လို့ သိရှိရပါတယ်။ တကယ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇန်နဝါရီလ ၁၄ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ One Fight Night 6 ပြိုင်ပွဲမှာကတည်းက သူတို့နှစ်ယောက်ကို ထိပ်တိုက်တွေ့စေဖို့ ပ...
မေလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 04.05.2023 5:35
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီတိုင်းက စစ်ဘေးရှောင်သုံးသောင်းကျော် ရိက္ခာ၊ ဆေးဝါနဲ့ အမိုးအကာတွေလိုအပ်နေတဲ့အကြောင်း - ပုလောမြို့နယ် နန်တောင်ရွာနဲ့ ထမင်းမစားရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်း - ပြည်ကြီးမဏ္ဍိုင်မြို့က စရဖရုံးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့နေအိမ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ပြီး လက်...
တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေ ဘာတွေကြုံတွေ့နေရလဲ 04.05.2023 10:55
တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဘယ်လောက်ရှိနေတယ်.. ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်.... ဆိုတာသိရှိနိုင်ဖို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးနဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။
စစ်ကောင်စီက လုံခြုံရေးမတင်းကျပ်ဘဲ ကျင်းပတဲ့ ထားဝယ်ကဆုန်ညောင်ရေသွန်းပွဲ 03.05.2023 2:07
ဒီနေ့ကျင်းပတဲ့ ထားဝယ်က ကဆုန်ညောင်ရေသွန်းပွဲမှာတော့ လက်နက်ကိုင်လုံခြုံရေးတွေ မတွေ့ကြရပါဘူး။ လုံခြုံရေးတင်းကျပ်တဲ့ပွဲတွေမှာ ပြည်သူတွေ မလာကြတာကြောင့် လုံခြုံရေးမချတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
မေလ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 03.05.2023 6:55
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်နဲ့ မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ငါးဆယ်နီးပါး ပြန်လွတ်တဲ့အကြောင်း - အာဏာသိမ်းမှုဂယက်အောက်က ကဆုန်ညောင်ရေသွန်းပွဲတော် အခြေအနေ - ကလေးတွေကစားနေချိန် လက်နက်ကြီးကျလို့ ကလေးသုံးဦးဒဏ်ရာရသွားတဲ့အကြောင်း - မြိတ်မှာနှစ်ရက်အတွင်း စိတ်ကြွဆေးပြားနှစ်သိန်းဖမ်းမိတဲ့ အကြောင်း - မဲဆော...
အာဏာသိမ်းမှုအောက်က ကဆုန်ညောင်ရေသွန်းပွဲ 03.05.2023 3:13
တနင်္သာရီတိုင်းက ထင်ရှားခမ်းနားလှတဲ့ ညောင်ရေသွန်းပွဲတော်တွေဟာ တိတ်ဆိတ်စွာနဲ့ ပြီးဆုံးသွားကြပါပြီ။ ဒီနှစ်မှာလည်း ညောင်ရေသွန်းပွဲတော်တွေကို အကျဉ်းချုံးသာ ကျင်းပခဲ့ကြတာပါ။
တရားမျှတမှုအစား လက်စားချေမှုကို ရင်ဆိုင်လိုက်ရတဲ့ တရားခံ 03.05.2023 7:11
တရားဥပဒေရဲ့အောက်မှာ တရားမျှတမှုဆိုတာ တကယ်ရှိပါရဲ့လား။ ဒီမိုကရေစီရဲ့ဘိုးအေနိုင်ငံလို့ တင်စားကြတဲ့ အမေရိကန်ပြည်ထောင်စုလို နေရာမှာတောင် တရားဥပဒေရဲ့အောက်မှာ တရားမျှတမှု ပျောက်ကွယ်သွားခဲ့ရတဲ့ အမှုတွဲတွေ အများကြီးရှိပါတယ်။ ဒီအမှုတွေထဲမှ နာမည်ကျော်အမှုတစ်ခုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းတစ်ကားကို ဒီတစ်ပတ်မှာ Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးချင်မိပါတယ်။ တစ်ခါတလေ အမှန်တရားကို...
မေလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 02.05.2023 6:23
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထီးခီးနယ်စပ်ကုန်သွယ်မှု မြင့်တက်လာတာဟာ သဘာဝဓာတ်ငွေ့ရောင်းရငွေကြောင့်လို့ ကုန်သည်တွေ ပြောတဲ့အကြောင်း - ဘုတ်ပြင်းမြို့နယ်မှာ တိုက်ပွဲဖြစ်လို့ မြို့ခံတစ်ဦး သေဆုံးခဲ့တဲ့အကြောင်း - သုံးရက်အတွင်း လူလေးဦး ပစ်သ တ်ခံရတဲ့အကြောင်း - လောင်းလုံးမှာ လူငယ်အမျိုးသမီးနှစ်ဦး အဖမ်းခံရတဲ့ အခြေအနေ - ထိ...
မေလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 01.05.2023 4:36
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်တွေကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းတဲ့အကြောင်း - ငါးမဖမ်းရရာသီမှာ ကမ်းဝေးလှေတွေ ငါးခိုးဖမ်းနေတဲ့အကြောင်း - ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့မှာ ဉယျာဉ်ခြံလုပ်နေတဲ့ သားအမိနှစ်ဦး အသ တ်ခံရတဲ့အကြောင်း - ကော့သောင်းမှာ ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့တဲ့အကြေ...
ယောနဲ့ ထားဝယ်က ဆွေမျိုးတွေလား......... 30.04.2023 9:28
ထားဝယ်သားတွေကို ယောနယ်သားတွေနဲ့ မှားလေ့ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာပါလဲ။ ယောစကားအချို့နဲ့ ထားဝယ်စကားအချို့ တူနေတာကလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ Dawei Watch ပရိသတ်တွေကကော ဘယ်လိုထင်ပါသလဲ။ ယောနယ်ကလားလို့ အမေးခံရတာမျိုးကော ကြုံဖူးကြပါသလား။ ဒီတစ်ပတ် ‘ဓလေ့ သမိုင်း’ အစီအစည်မှတော့ ယောနဲ့ ထားဝယ်ဆက်စပ်ပုံတွေကို ရှာဖွေတင်ပြထားပါတယ်။ နားဆင်လေ့လာရင်း ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးခဲ့စေချင်ပါတယ်။
မြန်မာ့ရေးရာ 30.04.2023 12:38
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၂၃ ရက်ကနေ ဧပြီလ ၂၉ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ 30.04.2023 4:45
Dawei Watch ရဲ့ အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေ အများကြီးရှိနေပါတယ်။ ပရီးမီးယားလိဂ်က စနေနေ့မှာ ပွဲစဉ် သုံးပွဲသာ ရှိလို့နေပါတယ်။ စူပါဆန်းဒေးမှာတော့ ပွဲစဉ် ခြောက်ပွဲ ဆက်လက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး တနင်္လာနေ့ကိုရောက်ရင်တော့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ အားပြိုင်မယ့် ပွဲကြီးပွဲကောင်း ရောက်လာမှာပါ။ ကြား...
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ) 29.04.2023 11:27
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 29.04.2023 10:18
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဧပြီလ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 28.04.2023 6:49
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မြိတ်မြို့မှာ ကိုဗစ်လူနာတစ်ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့တဲ့အကြောင်း - ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရတဲ့အကြောင်း - ထားဝယ်ဈေးကွက်ထဲ အခြေခံစားသောက်ကုန်အချို့ ဈေးမြင့်တက်လာတဲ့အကြောင်း - ရိုးရာလက်ဝှေ့ ချန်ပီယံ တူးတူး အဖမ်းခံထားရဆဲကာလမှာပဲ ကွယ်လွန်သွားပြီဆိုတဲ့ သတင်း...
အာဏာရှိသူတွေ လက်တစ်လုံးခြားလုပ်ရင် သူရဲကောင်းတွေ ပေါ်ထွက်လာရစမြဲ 28.04.2023 8:02
ဒီတစ်ပတ်မှာလည်း လူအများကြည့်ရှုပြီးသားဖြစ်နေနိုင်တဲ့ ဇာတ်ကားတစ်ကားကို Dawei Watch က ပုံစံသစ်နဲ့ ပြန်ညွှန်းလိုက်ပါတယ်။ ဇာတ်ကားထဲက နိုင်ငံရေးသမားတွေရဲ့နိုင်ငံရေးလုပ်စားပုံတွေ၊ သူတို့ ကောင်းစားဖို့အတွက် အောက်ခြေက ကိုယ့်ရဲဘော်ကို ကိုယ်တိုင် ရှင်းလင်းရေးလုပ်ပုံတွေ၊ သေကံမရောက် သက်မပျောက်ဖြစ်ခဲ့တာကိုတောင် ပြန်လည်အကွက်ချပြီး သေတွင်းထဲ တွန်းပို့တာတွေက ဒီဇာတ်ကားရဲ့အသက်ပါပဲ။ တစ်ယောက်ယောက်က မတူညီတာတွေကို လုပ်...
ဧပြီလ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 27.04.2023 7:00
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ပုလောမှာ ခရီးသည်နှစ်ဦးပစ်ခံရပြီး တစ်ဦးသေဆုံးသွားတဲ့အကြောင်း - တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း - မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့အထက်ကို ကျော်လွန်ရောက်ရှိလာတဲ့အကြောင်း - မွန်ပြည်နယ် ဘီးလင်းမြို့...
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos