Dawei Watch
Dawei Watch Podcast
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
Não deixe de visitar o site do podcast e apoiar quem o produz: daweiwatch.com
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
မေလ ၂၃ရက်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ် 23.05.2023 6:27
Dawei Watch ကစီစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။ ဒီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ - လောင်းလုံးမြို့မရဲစခန်းနဲ့လဝကရုံး တိုက်ခိုက်ခံရတဲ့အကြောင်း - လက်နက်ကိုင်တစ်စုက ပုလောမြို့နယ်ရှိနေအိမ်တစ်ဆောင်ကို ဝင်ရှာပြီး ဒေသခံသုံးဦးကို ဖမ်းဆီးသွားတဲ့အခြေအနေ - တနင်္သာရီမြို့နယ်က ဒေသခံ ၁၀ ဦး ဖမ်းဆီးခံရပြီး ၅ ဦး ပြန်လွတ်လာတဲ့အကြောင်း - သရက်ချောင်းမှာ PDF ရဲဘော်တစ်ဦး လက်နက်ကြီးစမ်းသပ်ပစ...
မေလ ၂၂ရက်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ် 22.05.2023 8:43
Dawei Watch ကစီစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။ ဒီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ - အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲခံရပြီးအရပ်သား ခုနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အကြောင်း - ထားဝယ်ဒေသခံတစ်ဦး စစ်ကြောရေးမှာသေဆုံးခဲ့တဲ့အကြောင်း - တနင်္သာရီတိုင်းမှာ တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာတစ်ရာကျော်အထိရှိခဲ့တဲ့ အခြေအနေ - ထိုင်းနိုင်ငံက ကြာဇံစက်ရုံမှာလုပ်နေတဲ့ မြန်မာလုပ်သား ၃၀ ကျော်...
ထားဝယ်ဒေသက ပွာကညော 21.05.2023 11:12
အရှေ့တောလို့ခေါ်တဲ့ ထားဝယ်ဒေသ အရှေ့ဘက်မှာ နေကြတဲ့ ပွာကညောဆိုတဲ့ လူမျိုးတွေအကြောင်း ဒီအပတ်ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာတင်ဆက်ပေးလိုက်ပါတယ်။ ဒီလူမျိုးတွေက ထားဝယ်အရှေ့ဘက်သာ မဟုတ်ပါဘူး။ တနင်္သာရီရိုးမ တစ်လျှောက်လုံးကနေ မြောက်ဘက် ရှမ်းပြည်အထိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးရိုးမမှာလည်း တွေ့ရပါတယ်။ သူတို့အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတာကို နားသောတဆင်နိုင်ကြပါပြီ။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ ဓလေ့တွ...
တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ) 20.05.2023 10:25
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ရွာသူကြီးစတိုင်နဲ့ ဝန်ကြီး 20.05.2023 2:07
NLD အစိုးရလက်ထက် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှာ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးတာဝန်ယူခဲ့သူ။ အခုတော့သူခေတ္တတိမ်းရှောင်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ပူကစ်မြို့လေးမှာပဲကင်ဆာရောဂါနဲ့ ခေါင်းချသွားခဲ့ပါတယ်။ မေလ၂၀ ရက်နေ့မှာတော့ သူ့ရဲ့အလောင်းကို ထိုင်းဓလေ့ထုံးတမ်းတွေအရ သင်္ဂြိုဟ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Dawei Watch ရဲ့ ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ 20.05.2023 5:20
အခုတစ်ပတ်မှာဆိုရင် ပရီးမီးယားလိဂ်က ပွဲစဉ် ၃၇ ကို ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ပရိသတ်စိတ်ဝင်စားမှု အမြင့်မားဆုံးပါပဲ။ ဒီပွဲမှာသာ အနိုင်ရလိုက်ရင် မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရယူနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ် သမိုင်းသစ်ရေးထိုးတော့မှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်တစ်ရောစာရရှိရေးအတွက် နယူးကာဆယ်၊ မန်ယူနဲ့ လီဗာပူးတို...
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 20.05.2023 10:08
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၁၃ ရက်နေ့ကနေ မေလ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
မေလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 19.05.2023 6:08
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ပုလောမြို့နယ် တန်းရှင်းရွာက ဒေသခံနှစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရရှိခဲ့တဲ့အကြောင်း - ထားဝယ်မြို့မှာ အခမဲ့သင်္ဂြိုဟ်ပေးရတဲ့ ချို့တဲ့နာရေး တစ်နှစ်ထက်တစ်နှစ်ပိုများလာနေတဲ့အခြေအနေ - မြိတ်ကုန်စည်ဈေးကွက်မှာ ဆန်ဈေးမြင့်တက်လာပြီး ရေထွက်ကုန်ရှားပါးလာတဲ့အကြောင်း - ထားဝယ်မြို့တွင်းရပ်ကွက်တွေထက်...
မေလ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 18.05.2023 6:36
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်မြို့ပေါ်မှာ အဖမ်းခံရတဲ့သူတွေ ပြန်မလွတ်ကြသေးတဲ့အကြောင်း - တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့တဲ့အခြေအနေ - ပုလောမြို့နယ်က ပဝတ်ကုန်းရွာမှာ တစ်နာရီကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တာ - စစ်ကောင်စီတပ်ဖမ်းဆီးခံခဲ့ရတဲ့ လောင်းလုံးမြို့နယ် ပန်းတင်အင်...
မုန်တိုင်းကြောင့် အားလုံးနီးပါး ပျက်စီးခဲ့ရတဲ့ ရသေ့တောင်မြို့ 17.05.2023 20:54
နာဂစ်မုန်တိုင်းအလွန် အကြီးဆုံးဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ မိုခါမုန်တိုင်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်သွားခဲ့ပါတယ်။ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်းတိုင်းဒဏ်ခံခဲ့ရသူ ငါးသန်းခွဲနီးပါးလောက်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဒေသအတော်များများ ပျက်စီးခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်...
မေလ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 17.05.2023 6:38
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တိမ်းရှောင်နေရတဲ့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်း စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်စန်းကွယ်လွန်သွားတဲ့အကြောင်း - ခမောက်ကြီးမှာ စစ်ကောင်စီတပ်ယာဉ်တန်းမိုင်းဆွဲခံရတဲ့အကြောင်း - စစ်ကောင်စီတပ်က အရပ်သားကားတွေကို ချောဆွဲတာ များလာတဲ့အကြောင်း - စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန...
တရားမျှတမှု ပျောက်ဆုံးသွားခဲ့ရတဲ့ အမေရိကန်က အမှုတစ်ခု (သို့မဟုတ်) Devil's Knot 17.05.2023 7:31
ဒီဖြစ်စဉ်ဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ အမေရိကန်ပြည်ထောင်စုလို နေရာမှာ ဖြစ်ခဲ့တာပါ။ ပြောရင် ယုံမှာတောင် မဟုတ်ပါဘူး။ ဒါဟာ တကယ်ကို ဖြစ်ခဲ့တယ်၊ အာကန်ဆတ်စ်မှာ ဖြစ်ခဲ့တယ်လို့တောင် အလေးအနက် ပြောရမလိုပါပဲ။ အခု ဒီဘက်ခေတ်ထဲမှာတောင် အင်္ကျီအနက်ဝတ်ရင် ဘာဖြစ်တယ်၊ တက်တူးထိုးထားတဲ့သူဆိုရင် မကောင်းတာလုပ်မယ့်သူလို့ မှတ်ထင်ယူဆပြီး အထင်သေး အမြင်သေးရှုမြင်ကြတယ်၊ ဆံပင်ရှည်ထားရင် လမ်းသရဲထင်တယ်ဆိုတဲ့ ရှေးရိုးစွဲအ...
မေလ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 16.05.2023 6:54
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာချိန် ဖမ်းဆီးခံရတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာက ဒေသခံတွေ ပြန်လွတ်လာတဲ့အကြောင်း - မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ကယ်ဆယ်ရေးစခန်းတွေမှာ လူ ၄၀၀ ကျော်သေဆုံးပြီး ရာချီ ပျောက်ဆုံးနေတဲ့ အခြေအနေ - မုန်တိုင်း အရေးပေါ်တုန့်ပြန်ရေးအတွက် NUG က...
မေလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 15.05.2023 8:07
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီက တနင်္သာရီတိုင်းထဲ ပထမဆုံးလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း - ပုလောမြို့နားမှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ အကြောင်း - မြန်မာ့အရေးအမြန်ဆုံးဖြေရှင်းသွားမယ်လို့ ပြောထားတဲ့ပါတီက ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ မဲအသာစီးရနေတဲ့ အခြေအနေ - တစ်နာရီလေတိုက်နှုန်း မိုင်တစ်ရာကျေ...
ကိုင်ဖမား 14.05.2023 8:31
ထိုင်းနိုင်ငံမှာ နေရာအတော်များများမှာ တွေ့ရတာက ကြက်နှစ်ကောင်ရုပ်တုတွေ ဒီကြက်ရုပ်တွေကို နတ်ကွန်းတွေ၊ အထင်ကရအဆောက်အဦတွေ၊ ကိုးကွယ်ယုံကြည်ရာ နေရာတွေရှေ့မှာ အများအားဖြင့် တွေ့နိုင်ပါတယ်။ ထားဝယ်မှာဆိုလည်း ထားဝယ်ရိုးကြက်ကိုးလို့ အဆိုရှိကြပါတယ်။ လောင်းလုံးမြို့နယ် သဗျာကျေးရွာမှာ နတ်သုံးပါး အရုပ်နဲ့ နတ်စင်ရှိပါတယ်။ နတ်ရုပ်တစ်ရုပ်ရဲ့ဘေးမှာ ကြက်ရုပ်ရှိပါတယ်။ ဗမာ၊ ထားဝယ်၊ ယိုးဒယားတွေမှာ တိုက်ကြက်နဲ့ ပတ်သက်တဲ့...
တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၈ ရက်ကနေ ၁၃ ရက်နေ့အထိ) 13.05.2023 11:37
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
Dawei Watch ရဲ့တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ ရွေးချယ်ခြင်း 13.05.2023 5:20
အခုဆိုရင် ပရီးမီးယားလိဂ်ဘောလုံးရာသီကြီး ပြီးဆုံးဖို့က ပွဲစဉ် သုံးပွဲသာ လိုပါတော့တယ်။ ချန်ပီယံပြေးလမ်း အားပြိုင်ပွဲ၊ ဥရောပဝင်ခွင့်တစ်နေရာစာ အားပြိုင်ပွဲနဲ့ တန်းဆင်းဇုန်တိုက်ပွဲတွေက တစ်ပတ်ထက် တစ်ပတ် ပိုလို့ပိုလို့ အားကောင်းလာခဲ့ပါပြီ။ အခုတစ်ပတ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းသာ ရလဒ်ဆိုးခဲ့ရင် ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီး ချန်ပီယံရှစ်ဆီ သွားရောက်ကစားရမယ့်အသင်းအဖြစ် စာရင်းဝင်သွားတော့မှာပါ။ အ...
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 13.05.2023 8:51
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
မေလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 12.05.2023 7:50
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - သရက်ချောင်းမြို့နယ် ရန်တောင်ရွာက သတိုးသားလောင်းကို နေအိမ်ရှေ့မှာပဲ စစ်ကောင်စီတပ်က ပစ်သ တ်လိုက်တဲ့အကြောင်း - ဆိုင်းကလုန်းမုန်တိုင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေ ဖြတ်သန်းမယ်လို့ မိုးဇလက ထုတ်ပြန်ထားတဲ့အကြောင်း - ရေဖြူမြို့နယ် ကံပေါက်ဒေသမှ ဆိုင်ကယ်ပေါ်ခြင်းတ...
အရေးတကြီး သတိထားရတော့မယ့် မိုခါမုန်တိုင်း 12.05.2023 2:17
မိုခါမုန်တိုင်းမှာ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့နားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလဌာနများက ခန့်မှန်းထားသည်။
မေလ ၁၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 11.05.2023 8:28
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရေဖြူမြို့နယ် ခမောင်းချောင်းကျေးရွာက ချို့တဲ့မိသားစုတွေအတွက် လှူဒါန်းထားတဲ့ ရိက္ခာတွေ ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း - ရေဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အချင်းချင်းပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးတဲ့အမှု ခုံရုံးဖွဲ့ စစ်ဆေးနေတဲ့အကြောင်း - မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံထဲက ရခ...
ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင် ရလဒ် ဆက်ကောင်းနိုင်မလား 11.05.2023 2:29
မေလ ၁၂ ရက်နေ့မှာ မြန်မာပရိသတ်တွေအတွက် ရင်ခုန်စရာ မွေထိုင်းစိန်ခေါ်ပွဲတစ်ပွဲ ရှိလို့နေပါတယ်။ ဒီပွဲစဉ်ကတော့ ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင်(ခ) Sulaiman Looksuan ထိုးသတ်မယ့်ပွဲစဉ်ပါပဲ။ ထွန်းထွန်းမင်းရဲ့ ညီဖြစ်သူဟာ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ခံထားရသူပါ။ ဒီပွဲစဉ်ကို မေလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်မှာ ထိုးသတ်ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ One Championship က ကြီးမှူးကျ...
လပေါင်းများစွာပိတ်လှောင် မုဒိမ်းကျင့်ခံရမှုအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာမိန်းကလေး 11.05.2023 2:42
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်က ကွေးတီယိုဆိုင်မှာ လုပ်ကိုင်နေတဲ့ အသက် ၁၆ နှစ်အရွယ် မြန်မာမိန်းကလေးကို ထိုင်းအလုပ်ရှင်က မုဒိမ်းကျင့်ပြီး ၇လကြာ ပိတ်လှောင်ထားခဲ့ပါတယ်။ ပိတ်လှောင်ထားတဲ့ ကာလမှာလည်း အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ မြန်မာမိန်းကလေး ထွက်ပြေး လွတ်မြောက်လာပြီးနောက်မှာ အလုပ်ရှင်ကို အရေးယူအပြစ်ပေးနိုင်ဖို့ တရားဥပဒေလမ်းကြောင်းကနေ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။
မေလ ၁၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 10.05.2023 6:41
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးစစ်ဘေးရှောင်တွေအတွက် ရိက္ခာနဲ့ အသုံးအဆောင်တွေ သယ်ယူရခက်ခဲနေတဲ့အကြောင်း - ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ မုန်တိုင်းရဲ့ အခြေအနေ - မုန်တိုင်းကြောင့် မြိတ်ကကမ်းနီးငါးဖမ်းလှေအချို့ ကမ်းပြန်ဝင်နေကြတဲ့အကြောင်း - မြွေဖမ်းပေးဖို့ ထားဝယ်မီးသတ်ကို အကူအညီတောင်းခံသူတွေ ပိုများလာတဲ့အက...
မေလ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 09.05.2023 7:10
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မနေ့ညက ပြည်ကြီးမဏ္ဍိုင်မြို့နားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း - Non-CDM အပါအဝင် စစ်ကောင်စီသတင်းပေး ၁၀ ဦးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးခဲ့အခြေအနေ - လောင်းလုံးမြို့နယ်မှာ အမျိုးသားတစ်ဦးအဖမ်းခံရတဲ့အကြောင်း - ပုလောက လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းသွားတဲ့အခြေအနေ - လောင်းလုံ...
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos