MCA Network
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး
This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.ဤ Podcast သည် မြန်မာ့လူမှုနယ်ပယ်မှ စိတ်အားတက်ကြွဖွယ် ဇာတ်လမ်းစုံကို အများသူငှာအား မသန်စွမ်းမှု အသိပညာ မြှင့်တင်ပေးရန်အတွက် လွတ်လပ်သော တွေးခေါ်ဆင်ခြင်နိုင်မှုဖြင့် မျှဝေလိုကြသူများ၏ အသံများကို ပြုစုပျိုးထောင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
အသံစွမ်းရည်ရှင် အပိုင်း (၁) 07.12.2022 17:49
ဒီအပတ်မှာတော့ မသန်စွမ်းအရေးကို စိတ်ပါဝင်စားသူ ဧရာဝတီတိုင်း၊ ပန်းတနော်သူလေး မသန့်သန့်ကြည်က သူဖြတ်သန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်း အစုံစုံနဲ့အတူ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်မှာ Voice Talent အသံစွမ်းရည်ရှင်အဖြစ် ပါဝင်ဖြစ်လာပုံတွေကို မိတ်ဆွေတို့ကို ဝေမျှပေးထားပါတယ်။ 👏 📢(ကြော်ငြာကဏ္ဍ) Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့...
The Memory of December 3 03.12.2022 20:55
မိတ်ဆွေတို့ရေ ယနေ့ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ International Day of Persons with Disabilities (IDPD) ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပတ်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ မနွေးက ဒီနေ့မှာ မွေးနေ့အဖြစ် တိုက်ဆိုင်တဲ့ ဆရာမ သမီးမြတ်ကျော်နဲ့အတူ သူ တစ်ချိန်က ဖြတ်သန်းခဲ့ဖူးတဲ့ ဒီလိုနေ့မျိုးရဲ့ အငွေ့အသက်တွေကို ပြန်လည်တမ်းတရင်း မိတ်ဆွေတို့ကို မသန်စ...
ဆန်းသစ်တီထွင် အကျုံးဝင် 30.11.2022 28:25
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စ လူငယ်ကဏ္ဍကနေ ပင်တိုင်တင်ဆက်သူ မနွေးက ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ရဲ့ ဆောင်ပုဒ်မှာပါဝင်တဲ့ INNOVATION ဆန်းသစ်တီထွင်ခြင်းကြောင့် နည်းပညာတွေက မသန်စွမ်းသူတွေအတွက် အမှီအခိုကင်းမဲ့စေကြောင်း လေ့လာမှတ်သားမိသမျှကို ဗဟုသုတဖြစ်ဖွယ် ဝေမျှပေးထားပါတယ်။ 👏 📢(ကြော်ငြာကဏ္ဍ) Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို...
ကိုယ့်မသန်စွမ်းမှုကို ဘယ်လိုဇာတ်ကြောင်း ပြောကြမလဲ။ အပိုင်း (၁) 26.11.2022 39:18
ဒီအပတ် ထုတ်လွှင့်မယ့် "ကိုယ့်မသန်စွမ်းမှုကို ဘယ်လိုဇာတ်ကြောင်း ပြောကြမလဲ?" အခန်းဆက် အပိုင်းသစ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက နေ့စဉ်ဘဝမှာ မသန်စွမ်းသူတွေကိုယ်တိုင် လူမှုမီဒီယာပေါ်မှာရှိတဲ့ သူငယ်ချင်းတွေကအစ အများပြည်သူအထိပါ မိမိရဲ့ ဇာတ်ကြောင်းကို ပုံစံအမျိုးမျိုးနဲ့ ဘယ်လိုဖော်ထုတ် တင်ဆက်ကြမလဲဆိုတာကို မေးခွန်းထုတ်ရင်း သူ့ရဲ့ ဖန်တီးမှုအတွေ့အကြုံတွေနဲ့ အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့ ဇာတ်ကြောင်...
စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ 23.11.2022 21:00
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စ လူငယ်ကဏ္ဍကနေ ပင်တိုင်တင်ဆက်သူ မလွင်ဝါဝါအောင်က မိမိကိုယ်တိုင် လူငယ်အရွယ်တုန်းက ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ ဘဝဒသနတွေနဲ့အတူ စစ်မှန်တဲ့ အောင်မြင်မှုအကြောင်းကို လူငယ်တွေအတွက် ခွန်အားဖြစ်စရာ မှတ်သားဖွယ် ဝေမျှပေးထားပါတယ်။ 👏 📢(ကြော်ငြာကဏ္ဍ) Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ...
Love Has No Boundaries အပိုင်း (၇) 19.11.2022 32:17
ဒီအပတ် Love Has No Boundaries အပိုင်း (၇) မှာတော့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှာ တတိယနှစ် မြန်မာစာအထူးပြုနဲ့ ပညာသင်ကြားနေတဲ့ လားဟူ တိုင်းရင်းသူ အမြင်အာရုံမသန်စွမ်း ကျောင်းသူလေး မအေးခင်လှက အချစ်ကို ဘယ်လိုရှာဖွေ တွေ့ရှိခဲ့သလဲဆိုတာကနေ သူစွဲလန်းနှစ်သက်ခဲ့ရတဲ့ အဆိုတော်၊ မင်းသားတွေအကြောင်းနဲ့ ဘယ်လိုမျိုး စိတ်ကူးထဲက ဖူးစာရှင်ကို ရွေးချယ်လက်တွဲချင်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဈေးဗန်းခင်းသွားမှာဖြစ်တဲ...
Talent ဆိုတာ ဂျိုနဲ့လား 16.11.2022 52:38
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စ လူငယ်ကဏ္ဍကနေ ပင်တိုင်တင်ဆက်သူ မနွေးက MCA Network မှာ Talent လျှောက်ထားကြသူများ အပါအဝင် လူငယ်များကို မိမိတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို ဘယ်လိုဖော်ထုတ် ဆန်းစစ်ရင် ပိုထိရောက်မယ် ဆိုတာကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ ကိုယ်တွေ့တွေနဲ့အတူ အဓိက အချက် (၉)ချက်ကို အားပေး ဝေမျှထားပါတယ်။ 👏 Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖ...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း (၁၃) 12.11.2022 32:06
ဒီအပတ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း (၁၃) အတွက် တင်ဆက်ပေးဖို့ရာ ဆုပေါင်း ၁၆ ဆုနဲ့ စကာတင်စာရင်း ၁၉ ခါဝင်ခဲ့တဲ့ "Life, Animated" ကိုယ်ထူကိုယ်ထ မှတ်တမ်းရုပ်ရှင်ကို ရွေးချယ်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ အော်တစ်ဇင် ဘွဲ့ရလူငယ်လေး Owen (အိုဝင်) က Disney ကာတွန်းအရံ ဇာတ်ကောင်လေးတွေရဲ့ အကူအညီနဲ့ စကားပြောစွမ်းရည် တိုးတက်လာရုံတင်မကဘဲ မိမိခံစား...
Dream for FUTURE အပိုင်း (၂) 09.11.2022 26:15
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ်ကဏ္ဍကနေ ပင်တိုင်တင်ဆက်သူ ကချင်တိုင်းရင်းသားလေး Zach Steven Myu (စတီဗင်) က အခုလို ရန်ကုန် မျက်မမြင်ကျောင်းမှာ မဆုံတွေ့ခင် လူငယ်သဘာ၀ ကိုယ်စီဖြတ်သန်းခဲ့ကြရတဲ့ ဘဝအမှတ်တရတွေပြောရင်း ကိုယ့်ရဲ့ အနာဂတ်အိပ်မက်တွေကို အချိန်မှီရှာဖွေတွေ့ရှိဖို့ ဘယ်လိုရုန်းကန် ရှာဖွေနေလဲဆိုတာကို ဘဝတူ သူငယ်ချင်းတွေဖြစ်တဲ့ စည်သူမောင် နဲ့ ဟိန်းထက်လင်းတို့ကို ဝေမျှပေးဖို့ ဖိတ်ခေါ်...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၁၂) 05.11.2022 42:04
ဒီအပတ် ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း (၁၂)မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက The Peanut Butter Falcon "မြေပဲထောပတ်သိမ်းငှက်" ဆိုတဲ့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမှီအခိုကင်းတဲ့ရုပ်ရှင်ထဲက ဒေါင်းဆင်ဒရုန်း မင်းသားလေး Zac (Zack Gottsagen) ရဲ့အကြောင်းကို ရုပ်ရှင်ဖြစ်ပေါ်လာပုံနဲ့အတူ ခံစားဝေမျှပေးထားပါတယ်။ မြန်မာဘာသာ စာတန်းထိုးမရှိတဲ့အတွက် Spoiler Alert အနေနဲ့ ရုပ်ရှင်...
ကျောက်ဆောင်ထက်မှာ ပွင့်တဲ့ပန်းလေး 02.11.2022 20:43
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ်ကဏ္ဍမှာ ပင်တိုင်တင်ဆက်သူ ညီမငယ် လွင်ဝါဝါအောင်က လူငယ်တွေကို မိသားစုရဲ့ အလိုလိုက် ချုပ်ခြယ်မှုတွေရှိပြီး အပူအပင်ကင်းတဲ့ သက်သောင့်သက်သာ နယ်ပယ်ကနေ အချိန်မီ ရုန်းထွက်နိုင်ဖို့အတွက် သူ့ဘဝအတွေ့အကြုံတွေကနေ ရရှိခဲ့တဲ့ အသိတရားတွေနဲ့အတူ ဝေမျှပေးထားတာ ဖြစ်ပါတယ်။ 👏 Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူ...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၁၁) 29.10.2022 30:15
မိတ်ဆွေတို့ရေ ဒီအပတ် ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း (၁၁) မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက "My Left Foot" ကိုယ်ရေးအတ္ထုပတ္တိ စာအုပ်ကို ရေးသားခဲ့ပြီး ရုပ်ရှင်အဖြစ်ပါ အသက်သွင်းဖြစ်ခဲ့တဲ့ ကမ္ဘာမှာလူသိများပြီး သြဇာရှိသူ အိုင်ယာလန် မသန်စွမ်းအနုပညာရှင် Christy Brown ရဲ့ ဘဝအကြောင်းကို တစ်ခါတုန်းက ခင်မင်ခဲ့ရတဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ ကိုယ်တွေ့တွေနဲ့အတူ ဝေမျှပေးထားတာ ဖြစ်ပ...
Life is a Race 26.10.2022 40:56
မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ်ကဏ္ဍမှာ ပင်တိုင်တင်ဆက်သူ မနွေးက ဘဝပြေးလမ်းပေါ်က လူငယ်တွေကို သူတစ်ပါးလေးစားရတဲ့ ပန်းဝင်သူဖြစ်ဖို့ ဘဝမှာ ဘယ်လိုပြေးသင့်တယ်ဆိုတာကို ကိုယ်တိုင် ခွန်အားရခဲ့တဲ့ ပုံပြင်လေးနဲ့အတူ ဝေမျှပေးထားပါတယ်။ ဒါ့အပြင် တက်သစ်စလူငယ် ကဏ္ဍမှာပါဝင်တင်ဆက်ပြီး ခွန်အားပေးလိုကြတဲ့ ဧည့်သည် တင်ဆက်သူများကိုလည်း ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ပါတယ်။ 👏 Voice/Writing/Edit...
Love Has No Boundaries အပိုင်း (၆) 22.10.2022 31:35
ဒီအပတ် Love Has No Boundaries အပိုင်း (၆)မှာတော့ အမြင်အာရုံမသန်စွမ်းသူ အပျိုစင် Lioness ခြင်္သေ့မလေးက သူ့ရဲ့ တစ်ကိုယ်တည်း ရပ်တည်နိုင်ဖို့ ခွန်အားယူမှုတွေနဲ့အတူ အချစ်ကို ဘယ်လိုခံယူခဲ့သလဲ၊ ချစ်ခြင်းမေတ္တာ တည်ဆောက်တဲ့အခါမှာ ဘယ်လိုတွေ ကြုံတွေ့ရင်ဆိုင်ရမလဲ၊ တစ်ဘဝလုံးအတွက် သူလိုချင်နေတာက ဘယ်လိုချစ်ခြင်းမေတ္တာမျိုးလဲ၊ လက်ရှိမှာရော လောကကြီးမှာ မမခြင်္သေ့တစ်ယောက် ဘယ်လိုရပ်တည်နေထိုင်နေလဲ ဆိုတာတွေအပြင် စိတ်...
အောင်မြင်မှုရဲ့ နောက်ကွယ် အပိုင်း (၁) 19.10.2022 44:36
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ်ကဏ္ဍမှာ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က "အောင်မြင်မှုရဲ့ နောက်ကွယ်" အခန်းဆက်စီးရီး ပထမပိုင်း အနေနဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသား ကွန်ဖူးအကျော်အမော် ဘရုစလီရဲ့ အကြောင်းကို လူငယ်တွေအတွက် အားကျအတုယူနိုင်စေဖို့ ဘရုစလီရဲ့ အောင်မြင်မှုနောက်ကွယ်က လူသိနည်းတဲ့ ကြိုးစားအားထုတ်ပုံ၊ ထူးချွန်ပုံတွေကို ခွန်အားရဖွယ် ဝေမျှပေးထားပါတယ်။👏 Voice/Writing/Edi...
The Calling 15.10.2022 1:03:19
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက မိတ်ဆွေတို့ရဲ့ဘဝမှာ ခေါ်ဆိုခြင်းတစ်ခုရှိလာရင် ဘယ်လို တစိုက်မတ်မတ်နဲ့ အဆင့်ဆင့် ပုံဖော်ဖြတ်သန်းပြီး ဘယ်သူမှဖျက်လို့မရတဲ့ ကိုယ့်ရဲ့ဦးတည်ရာ အသက်မွေးဝမ်းကြောင်းမှုကို MCA Network ထံကနေ လေ့လာသင်ယူခြင်းနဲ့ ဖန်တီးမှုနယ်ပယ်မှာ လမ်းကြောင်းတစ်ခုပေါ် အရောက်လှမ်းနိုင်ဖို့ Voice/Writing/Editing ပညာရပ်များမှာ Talents အဖြစ်လျှောက်...
ကိုယ်ချင်းစာစိတ်လေး ထားတတ်စေချင် 12.10.2022 26:42
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ်ကဏ္ဍမှာ ပင်တိုင်တင်ဆက်သူ မလွင်ဝါဝါအောင်က "ကိုယ်ချင်းစာစိတ်လေး ထားတတ်စေချင်" ခေါင်းစဉ်နဲ့ လူတိုင်းမှာမရှိနိုင်တဲ့ ကိုယ်ချင်းစာနာစိတ်ဆိုတာ ဘယ်လိုမျိုးလဲ။ သူကိုယ်တိုင်ရော ဘယ်လို အတွေ့အကြုံတွေကနေ သင်ယူခဲ့ရသလဲ၊ ကမ္ဘာပေါ်က စာနာစိတ်အားကြီးသူတွေထဲက မင်းသမီးတစ်ယောက်အကြောင်းနဲ့ စာနာစိတ်ကို ဘယ်လိုလေ့ကျင့်မွေးမြူလို့ ရနိုင်သလဲဆိုတာကို သူမရဲ့ တစ်မူထူးခြ...
ဖခင်များရဲ့ စကားသံ အပိုင်း (၂) 08.10.2022 24:17
ဒီအပတ်မှာတော့ MCA Networkက တက်သစ်စလူငယ် အစီအစဉ်ရဲ့ ပင်တိုင် Audio Editor တစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှာ Audio Engineer အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂီတပါရမီရှင်၊ တေးသံရှင် မောင် Elijah ရဲ့ ဖခင်ဖြစ်သူ ဦးရဲစိုးဦးက တစ်ဦးတည်းသောသားလေးရဲ့ ဘဝရှေ့ရေးအတွက်ကို ငယ်စဉ်ကတည်းက မိဘတွေက ဘယ်လိုပြုစု ပျိုးထောင်ခဲ့သလဲ။ ဘယ်လို အခက်အခဲတွေကို ကျော်ဖြတ်ခဲ့သလဲ။ သားအပေါ်မှာ ဘယ်လို ပံ့ပိုးဆောင်...
ရပ်၊ ကြည့်၊ သွား 05.10.2022 29:05
မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ်ကဏ္ဍမှာတော့ ဧည့်သည်တင်ဆက်သူ ဦးအောင်ကိုမြင့်က လူငယ်ဘ၀ ကုန်ဆုံးချိန်ကို တရွေ့ရွေ့ဖြတ်သန်းနေတဲ့အခါ အချိန်နဲ့အမျှ ပစ္စုပ္ပန်ကို အကျိုးရှိရှိ အသုံးချဖို့ သတိထားသင့်တဲ့ အချက်လေးတွေကို ကိုယ်တွေ့ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့အတူ ပြန်လည်သုံးသပ်ဝေမျှပေးထားတာ ဖြစ်ပါတယ်။ 👏 ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြ...
ဖခင်များရဲ့ စကားသံ အပိုင်း (၁) 01.10.2022 27:21
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ အသစ်စက်စက် အစီအစဉ်တစ်ခုဖြစ်တဲ့ "ဖခင်များရဲ့ စကားသံ"မှာ ပွဲဦးထွက်အနေနဲ့ အမြင်အာရုံ မသန်စွမ်းသူ မောင်ကိုကိုနောင်ရဲ့ ဖခင်ဖြစ်သူ ဦးချစ်ဟန်က နယ်မြို့လေးကနေ ရန်ကုန်မှာ သားဖြစ်သူနဲ့အတူ လာရောက်နေထိုင် အလုပ်လုပ်ကိုင်ရင်း တစ်ချိန်က မိမိစွဲလန်းနှစ်သက်ခဲ့ရတဲ့ မသန်စွမ်းမှုအသိပညာပေး ရေဒီယိုအစီအစဉ်မှာ ယခု မိမိကိုယ်တိုင် အသံသရုပ်ဆောင်အဖြစ် ပါဝင်လာဖြစ်ခဲ့ပုံ အမှတ်တရတွေ၊ ပါဝင်...
Dream for FUTURE 28.09.2022 43:22
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ်ကဏ္ဍကနေ ပင်တိုင်တင်ဆက်သူ တစ်ဦးဖြစ်တဲ့ ကချင်တိုင်းရင်းသားလေး Zach Steven Myu (စတီဗင်) က လူငယ်သဘာ၀ ကိုယ်စီရှိတတ်ကြတဲ့ အနာဂတ်အိပ်မက်တွေကို အချိန်မှီရှာဖွေတွေ့ရှိဖို့ အလွန်လိုအပ်ကြောင်းကို သူငယ်ချင်းတွေဖြစ်တဲ့ Living Stone နဲ့ ဖိုးသာထူးတို့ရဲ့ ဘဝအတွေ့အကြုံတွေနဲ့အတူ အမြင်အာရုံမသန်စွမ်းသူ လူငယ်တွေရဲ့ ခံစားချက်နဲ့ အိပ်မက်တွေကိုပါ ခွန်အားပေး ဝေမျှထားကြပါတယ်။ 👏 ...
ဒုက္ခိတ 24.09.2022 47:04
ဒီအပတ်မှာတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ မနွေးက သူခံစားခဲ့ဖူးတဲ့ ဒုက္ခိတ ဆိုတဲ့ စကားရပ်နဲ့ပတ်သက်တဲ့ အခြားသော နယ်ပယ်များမှာ သုံးနေကြတဲ့ နမိတ်ပုံနဲ့ ဖန်တီးမှုပုံစံ အမျိုးမျိုးကို လေ့လာဆန်းစစ်ရင်း မသန်စွမ်းသူတွေရဲ့ အနုပညာအရည်အသွေး ပြည့်ဝတဲ့ တန်ပြန်ဖန်တီးမှုတွေနဲ့ အများပြည်သူကို အဆိပ်သင့်စေခဲ့တဲ့ ဒီလို ဖန်တီးမှုတွေကို ချေဖျက်နိုင်ဖို့ဆိုရင် မိတ်ဆွေတို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပ...
စက္ကန့်လေးတွေ ရေတွက်ကြည့်ပါ 21.09.2022 52:33
ဒီအပတ် တက်သစ်စလူငယ်ကဏ္ဍကနေ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တည်ထောင်သူလည်းဖြစ်၊ ပင်တိုင်တင်ဆက်သူလည်းဖြစ်တဲ့ မနွေးက လူငယ်အများစုကို သူမဖြတ်သန်းခဲ့ရတဲ့ လူငယ်ဘဝနဲ့ ယှဉ်ထိုးသုံးသပ်ပြီး ယနေ့ခေတ် မသန်စွမ်းလူငယ်များနဲ့ ဖန်တီးမှုအခွင့်အလမ်း ဖော်ဆောင်ရင်းရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့အတူ မသန်စွမ်း လူငယ်တွေနဲ့ အလုပ်သင်မောင်မယ်များကို စက္ကန့်တိုင်းကို မမေ့မလျော့နဲ့သာ မိတ်ဆွေတို့ ရေတွက်ကြည့်မယ်ဆိုရင် အသက်ဟာ တရွေ့...
Love Has No Boundaries အပိုင်း (၅) 17.09.2022 39:39
Love Has No Boundaries အပိုင်း (၅) မှာတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ မဇီးကွက်လေးက သူ့ရဲ့ ရင်ခုန်ရသူလေးနဲ့ လိင်တူ ချစ်ခြင်းမေတ္တာ တည်ဆောက်ရတဲ့အခါ ကြုံတွေ့ဖြတ်သန်းနေရတဲ့ အတားအဆီးတွေ၊ အမှတ်တရတွေနဲ့ ရင်တွင်းဖြစ်ခံစားချက်တွေကိုပါ ဝေမျှပေးမှာဖြစ်လို့ ကိုယ်ချင်းစာမှုအပြည့်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ နားဆင်ခံစားရမှာဖြစ်ပါတယ်။ 👏 🦽👩🦽ဒီကဏ္ဍမှာ ပါဝင်ဖို့ စိတ်ပါဝင်စားတဲ့ မသန်စွမ်းလူငယ် 👩🦯👨🦼တစ်ဦးချင်းဖ...
အချိန်မှီပြီးမြောက်ဖို့ အမှန်တကယ် အားထုတ်စို့ 14.09.2022 26:30
ဒီအပတ်မှာတော့ တက်သစ်စလူငယ်ကဏ္ဍရဲ့ ပံ့ပိုးနည်းပြဖြစ်တဲ့ မတင်နီလာဝင်းက ဘဝတူ မသန်စွမ်း လူငယ်တွေအတွက် သူတင်ဆက်ပေးမယ့် "Real effort to finish on time" ဆိုတဲ့ အကြောင်းအရာကို ဝေမျှအမွှမ်းတင်ထားတာ ဖြစ်ပါတယ်။ မတင်နီလာဝင်းက မကြာခင်လ အနည်းငယ်အတွင်းမှာ လူငယ်ဘဝ သတ်မှတ်ချက် ကုန်ဆုံးတော့မယ့် ကိုယ်တွေ့ခံစားချက်နဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေကို အလုပ်သင်မောင်မယ်များနဲ့ လူငယ်များအတွက် ခွန်အားရဖွယ် သင်ခန်...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.