MCA Network

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

Arts MY ↓ 188 episodes

This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.ဤ Podcast သည် မြန်မာ့လူမှုနယ်ပယ်မှ စိတ်အားတက်ကြွဖွယ် ဇာတ်လမ်းစုံကို အများသူငှာအား မသန်စွမ်းမှု အသိပညာ မြှင့်တင်ပေးရန်အတွက် လွတ်လပ်သော တွေးခေါ်ဆင်ခြင်နိုင်မှုဖြင့် မျှဝေလိုကြသူများ၏ အသံများကို ပြုစုပျိုးထောင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။

Author

MCA Network

Category

Arts

Podcast website

redcircle.com

Latest episode

Dec 10, 2023

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

စာနာခံစား ရင်တွင်းစကား အပိုင်း (၃) 04.03.2023

ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာတော့ စာနာခံစား ရင်တွင်းစကား အပိုင်း (၃ ) အနေနဲ့ ပြင်ဦးလွင် ပရဟိတ မျက်မမြင်ဘက်စုံ ပညာသင်ကျောင်းက ဆရာဦးသန်းလင်းနဲ့ ပင်တိုင်တင်ဆက်သူ မနွေးတို့ တစ်ချိန်တစ်ခါက ဆွေးနွေးခဲ့ဖူးတဲ့ စွန့်ကြဲပေးကမ်းခြင်းနဲ့ ပတ်သက်တဲ့ အပြန်အလှန် အတွေ့အကြုံဖလှယ်မှုတွေကို ခံစားဝေမျှပေးကြမှာ ဖြစ်ပါတယ်။ 👏 ****************************************************** 📢(ကြော်ငြာကဏ္ဍ)...

စာနာခံစား ရင်တွင်းစကား အပိုင်း (၂) 28.02.2023

မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ် ကဏ္ဍမှာတော့ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့က ညီမငယ် သင်းလဲ့ရွှိုင်း ရဲ့ ပညာရေးခရီးလမ်း ခက်ခဲခဲ့ပုံတွေအပြင် လေလှိုင်းထဲကနေ သိခွင့်ရလိုက်တဲ့ ဘဝတူ တေးရေးဆရာမ “စိမ့်” ကိုလည်း အပြင်မှာ တွေ့ဆုံခွင့် ရချင်နေသူမို့ သူလေးရဲ့ ရင်ဖွင့်ထားတာတွေကို ဘဝတူ မသန်စွမ်းညီအစ်ကို မောင်နှမတွေက ခံစားအားပေးကြပါဦးနော်။ 👏 **********************************...

စာနာခံစား ရင်တွင်းစကား အပိုင်း (၁) 25.02.2023

🎤 ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast ရဲ့ ခေါင်းစဉ်သစ် တစ်ခုအနေနဲ့ “ စာနာခံစား ရင်တွင်းစကား ” အစီအစဉ် ပွဲဦးထွက်အဖြစ် မြန်မာအသံရော ခေတ်ပေါ်မှာပါ အဆိုကောင်းလှတဲ့ ဧည့်သည်တင်ဆက်သူ တေးသံရှင် မနှင်းယုခင်က သူမနဲ့ ဘဝတူ အမြင်အာရုံ မသန်စွမ်းသူတွေနဲ့ အများပြည်သူကို သူတွေ့ကြုံခံစားခဲ့ဖူးတဲ့ ဖြစ်ရပ်လေးတွေနဲ့ ယှဉ်ထိုးသုံးသပ်ပြီး ရင်တွင်းစကားလေးတွေ ဝေမျှပေးထားပါတယ်။ ဒါ့အပြင် မနှင်းယုခင် ကိုယ်တိုင်ရေး၊ ကိ...

ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့ 22.02.2023

"နောက်ဆုံးခေါင်းစဉ်က မိမိဘဝမှာ ဘာအကြောင်းကြောင့် ဖြစ်နေပါစေ ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့ ၊ နောက်မဆုတ်လိုက်ပါနဲ့။ ကျွန်တော်တို့ ကိုယ် အရမ်းကိုဖြစ်ချင်တဲ့အရာတွေ လုပ်ရင်းကြိုးစားရင်း တစ်ခါတလေမှာ စိတ်ဓာတ်တွေ ကျတတ်တယ်၊ အဆင်မပြေမှုတွေ များလာတဲ့အခါမှာ စိတ်တွေပင်ပန်းလာတယ်။ စိတ်ရဲ့စွမ်းအင်တွေ Energy တွေ ကျလာတတ်ပါတယ်။ ဘာဆိုဘာမှ လုပ်ချင်စိတ် ကိုင်ချင်စိတ်ကို လုံးဝမလုပ်တော့အထိ ဖြစ်တတ်ပါတယ်။ ကျွန်တော်လည်...

အမှတ်တရ ရင်ထဲရှိတယ် အပိုင်း (၂) 18.02.2023

ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး podcast အစီအစဉ်မှာတော့ ဆရာ ဦးအောင်ကိုမြင့် ရဲ့ ဘဝမှတ်တိုင်တွေထဲက ၁၀ တန်းအောင်စာရင်းထွက်တဲ့ အချိန်၊ ပညာတော်သင်သွားချိန်၊ မျက်မြင်ကျောင်းမှာ ဆရာအဖြစ် လုပ်ခဲ့စဉ်က အမှတ်တရလေးတွေ အပြင် လုပ်ငန်းခွင်နယ်ပယ်ကနေ လေ့လာသင်ယူခဲ့ရတဲ့ မျက်မမြင်ကျောင်းများ အကြောင်းကို ခံစားဝေမျှပေးထားပါတယ်။ 👏 ****************************************************** 📢(ကြော်ငြာကဏ္ဍ) 👉Voice/Writin...

Sample Work ဆိုရာဝယ် 15.02.2023

မိတ်ဆွေတို့ရေ ဒီအပတ် တက်သစ်စလူငယ် ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက MCA Network ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်ကို စိတ်ပါဝင်စားပြီး လျှောက်ထားဖို့ကြိုးစားနေကြသူ မသန်စွမ်းလူငယ်များနဲ့ မသန်စွမ်းအရေးကို လေ့လာဖန်တီးတင်ဆက်ဖို့ စိတ်ပါဝင်စားကြတဲ့ လူငယ်များအတွက် Sample Work နမူနာလက်ရာ ပြင်ဆင်ပေးပို့ရာမှာ အခက်အခဲရှိနေကြသူတွေကို အကြံပေးလမ်းညွှန်ထားတာ ဖြစ်ပါတယ်။  "ရယ်ရယ်မောမော ပေါ့ပေါ့ပ...

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၁၄) 11.02.2023

မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာတော့ ပင်တိုင်တင်ဆက်သူ ကိုပြည့် ရဲ့ ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ ခံစားတင်ဆက်ပေးမှာကတော့ Unsound ဆိုတဲ့ ၂၀၂၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Musical Drama အမျိုးအစား ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ LGBTQIA+ လောကမှာလည်း လူသိများတဲ့ ဆုရရုပ်ရှင်တစ်ကားဖြစ်ပြီး အဓိက အမျိုးသမီးသရုပ်ဆောင် Yiana Pandelis ဟာ သြ...

Anchor မှသည် RedCircle ဆီသို့ 08.02.2023

မိတ်ဆွေတို့ရေ လာမယ့် မတ်လ ၃ ရက်နေ့ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံဟာ Spotify အသုံးပြုလို့ မရတဲ့နိုင်ငံထဲမှာ ပါနေတဲ့အတွက် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး podcast channel အဓိက အသုံးပြုနေတဲ့ anchor platform က သူတို့ရဲ့အခမဲ့ ဝန်ဆောင်မှုပေးတဲ့ နိုင်ငံအဖြစ်ကနေ မြန်မာနိုင်ငံကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ ဒီတစ်နှစ်ကျော် ကာလအတွင်းမှာ Anchor မှာ ကျွန်မတို့ episode ပေါင်း ၁၀၅ ခု၊ စုစုပေါင်း တင်ဆက်မှု ကြာချိန် ၆၁...

အတတ်ပညာ အသိပညာ 06.02.2023

မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာတော့ စိုင်းလျှန်းခမ်းရဲ့ ဘဝတူ မသန်စွမ်းသူတွေအပေါ် အသိပညာ၊ အတတ်ပညာ ဆည်းပူးလေ့လာထားဖို့ လိုအပ်ကြောင်းကို ကိုယ်တွေ့နဲ့ယှဉ်ပြီး ဝေမျှပေးမှုကို နားဆင်ရမှာဖြစ်ပါတယ်။ စိုင်းလျှန်းခမ်းဟာ သူငယ်နာအကြောတင်း လို့ခေါ်တဲ့ Cerebral Palsy (CP) မသန်စွမ်းမှုရှိနေသူ တစ်ဦးပါ။ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား လှုပ်ရှားနိုင်မှုနဲ့ ဟန်ချက်ထိန်းနိ...

Sisters Network 01.02.2023

ဒီအပတ် တက်သစ်စလူငယ် ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက MCA Sisters Network ညီအစ်မများ ကွန်ရက်ရဲ့ ခြေလှမ်းသစ်နဲ့ မိတ်ဆက်ပေးထားပါတယ်။ အထူးသဖြင့် မသန်စွမ်း အမျိုးသမီးငယ်များရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့ တတ်နိုင်တဲ့ဘက်က လက်တွဲပူးပေါင်းဖို့ အလွှာအသီးသီးက ပညာရှင်များနဲ့ ကြိုးစားလိုစိတ်ရှိသူ မသန်စွမ်း အမျိုးသမီးများအပြင် အထူးသဖြင့် မသန်စွမ်းအရေးကို မိမိတို့ ကျွမ်းက...

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၃) 31.01.2023

ဒီအပတ်မှာတော့  "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ"  ခေါင်းစဉ်အနေနဲ့  ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတဲ့  ရုပ်ရှင်ကတော့ "Me Before You" ဖြစ်ပြီး ဒီရုပ်ရှင်ကားက မသန်စွမ်းသူတစ်ယောက်ရဲ့ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ချစ်ခြင်းမေတ္တာ ခံစားသက်ဝင်မှုတို့အပြင် လူသားဆန်မှုတွေကို မီးမောင်းထိုးပြသထားကြောင်း မတင်နီလာဝင်းနဲ့အတူ အမွှမ်းတင်  မိတ်ဆက်ပေးသွားမှာ ဖြ...

အမှတ်တရ ရင်ထဲရှိတယ် အပိုင်း (၁) 28.01.2023

ဒီအပတ်မှာတော့ ဦးအောင်ကိုမြင့်က အမြင်အာရုံ မသန်စွမ်းသူဘ၀ ငယ်စဉ်ပုံရိပ်များအဖြစ် အိမ်နဲ့ကျောင်းမှာ ဘယ်လိုမျိုး အမှတ်တရတွေနဲ့ ကျော်ဖြတ်ခဲ့သလဲဆိုတာ အပိုင်း (၁) အနေနဲ့ ခံစားဝေမျှပေးထားပါတယ်။ အမြင်အာရုံ မသန်စွမ်းသူများရဲ့ ယဉ်ကျေးမှု တစ်စိတ်တစ်ပိုင်းကိုလည်း ဗဟုသုတအဖြစ် ခံစားရရုံတင်မကဘဲ မသန်စွမ်း ကလေးငယ်တစ်ယောက်ကို လောကကြီးက ဘယ်လိုထိတွေ့ သင်ကြားခွင့်ပေးခဲ့သလဲဆိုတာ စိတ်ဝင်စားဖွယ် နားဆင်ရမှာဖြစ်ပါတယ်။ 👏 **...

The Opposite Day 25.01.2023

ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ် အစီအစဉ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက Opposite Day အကြောင်းကို မသန်စွမ်းမှုအပေါ် ရှုမြင်ပုံနဲ့နှိုင်းယှဉ်ပြီး မိမိတို့ရဲ့ အတွေးအမြင်တွေ အပြုသဘောဆောင်တဲ့ အကောင်းဘက်ဆီကို ဘယ်လို ဆန့်ကျင်ဘက်နေ့အဖြစ် ပြောင်းလဲသွားမလဲဆိုတာ မိတ်ဆွေတို့ကိုယ်တိုင် လက်တွေ့လုပ်ပြီး မြည်းစမ်းကြည့်ဖို့ ပျော်ရွှင်စရာ ဗဟုသုတရဖွယ် ဝေမျှပေးထားပါတယ်။ *****************************...

Role Model စံပြပုဂ္ဂိုလ် 21.01.2023

🗣"Role Model စံပြပုဂ္ဂိုလ် လေးစားအားကျတဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ထားရှိဖို့ပါ။ ကျွန်တော်တို့ မသန်စွမ်းသူတွေ ဘဝမှာလည်း သူလိုကိုယ်လို လူတစ်လုံး သူတစ်လုံး အဆင့်အတန်းရှိရှိနဲ့ သူများနဲ့ ရင်ပေါင်းတန်းနေချင်ကြတဲ့ နေလိုကြတဲ့ စိတ်ဆန္ဒရှိတဲ့သူတွေပါ။ ကျနော်တို့ ဒီလိုစိတ်ဆန္ဒတွေရှိနေခြင်းဟာလည်း တကယ့်ကို မြင့်မြတ်တဲ့ စိတ်နေစိတ်ထားတွေပါ၊ ဒီစိတ်ဆန္ဒေ တွက တကယ့်ကို ထားရှိသင့်တဲ့ ထားရှိရမယ့် စိတ်ဆန္ဒတွေပါ။ ဒါမှသာ...

ကိုယ်ပိုင် Channel နဲ့ အသံ တင်ဆက် ကြရအောင်လား? 18.01.2023

ဒီအပတ် တက်သစ်စလူငယ် ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မနွေးနဲ့ ညီမလေး ဖြူစင်တို့ရဲ့ အမေးအဖြေကဏ္ဍကနေ ကိုယ်ပိုင် Channel နဲ့ အသံတင်ဆက်ချင်သူ လူငယ်တွေအတွက် Podcast တစ်ခု အစပြုရာမှာ ရည်ရွယ်ချက်နဲ့ ဝမ်းစာအပြင် သိထားသင့်တဲ့ ဗဟုသုတတွေ၊ ဆည်းပူးလေ့လာစရာတွေနဲ့ အခွင့်အလမ်းတွေအကြောင်းကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ အတွေ့အကြုံတွေနဲ့ယှဉ်ပြီး ဝေမျှဆွေးနွေး ပေးထားပါတယ်။ မိတ်ဆွေတို့အနေနဲ့ လူမှုမီဒီယာမှာ မိမိတို့ရဲ့...

မာတာမိခင် ပဲ့ကိုင်ရှင် အပိုင်း (၂) 14.01.2023

ဒီအပတ်မှာတော့ ပင်တိုင်တင်ဆက်သူ ညီမငယ် လွင်ဝါဝါအောင်ရဲ့ (၁၀) ခုမြောက် Episode လည်းဖြစ် ဇန်နဝါရီလမှာ တိုက်ဆိုင်နေတဲ့ မိခင်များနေ့နဲ့ မွေးနေ့ အမှတ်တရလည်းဖြစ်တဲ့ မာတာမိခင် ပဲ့ကိုင်ရှင် အပိုင်း(၂)ကို တစ်ဆက်တည်း ထုတ်လွှင့်ပေးလိုက်ပါတယ်။ ဒီအပိုင်းမှာတော့ ညီမငယ် ဝါဝါရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျေးဇူးရှင် မိခင်ကြီး ဒေါ်ဋ္ဌေးဋ္ဌေးနဲ့အတူ ဖခင်ကြီး ဦးမြင့်လွင်တို့ ဖြတ်သန်းခဲ့ကြတဲ့ အိမ်ထောင်ရေး ဘဝမှတ်တိုင်တွေအပ...

မာတာမိခင် ပဲ့ကိုင်ရှင် အပိုင်း (၁) 11.01.2023

ဒီအပတ် တက်သစ်စလူငယ် ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မလွင်ဝါဝါအောင်ရဲ့ ပြာသိုလမှာကျရောက်တဲ့ မိခင်များနေ့ နဲ့ မွေးနေ့ကာလ အမှတ်တရအဖြစ် ကွယ်လွန်သွားပြီဖြစ်တဲ့ ကျေးဇူးရှင် မိခင်ကြီး ဒေါ်ဋ္ဌေးဋ္ဌေးရဲ့ ဘဝဖြတ်သန်းမှု အမှတ်တရတွေကို အပိုင်း (၁)အဖြစ် ခံစားတင်ဆက် ပေးထားပါတယ်။  တစ်ချိန်တုန်းက သမီးဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ မိခင်တစ်ယောက်ကို အခုအချိန်မှာ လူ့လောကမှာ ကျန်ရစ်ခဲ့တဲ့ သမီးလေး တစ်ယောက်ရဲ့ လွမ်းဆွတ်တမ်းတခြင်း၊ တ...

ချုပ်ခြယ်ခဲ့တာ ချစ်လို့လား? 07.01.2023

🎙 ဒီအပတ်မှာတော့ ဦးအောင်ကိုမြင့်က သူ့ရဲ့ ဘဝဖြစ်စဉ်နဲ့အတူ အခြား ဘဝတူ မသန်စွမ်းမိတ်ဆွေ ၃ ဦးရဲ့ မိဘတွေ ချုပ်ခြယ်မှု ခံရခြင်း ရှိ၊ မရှိအပေါ်မှာ တစ်ကယ်ပဲ ချစ်ရာရောက်သလား ဆိုတာ မိတ်ဆွေတို့ကို စဉ်းစားစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မသန်စွမ်းသူများကို မြေး၊ မြစ်၊ သား၊ သမီး၊ ညီအစ်ကို မောင်နှမအဖြစ် ဆွေမျိုးတော်ထားကြရသူတွေ အနေနဲ့ မိမိတို့ရဲ့ အသိ၊အမြင်၊ အတွေးတစ်ခုတည်း အပေါ်မှာ အခြေခံပြီး တစ်ဖက်သားရဲ့ ဘဝတိုးတက်ရာ တ...

Body Shaming နဲ့ ကျွန်မတို့ ဘဝ 04.01.2023

ဒီအပတ်  တက်သစ်စလူငယ်ကဏ္ဍမှာ ပါဝင်တင်ဆက်မယ့်  မအေးခင်လှကတော့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်က တတိယနှစ် မြန်မာစာအထူးပြုနဲ့ ပညာသင်ကြားနေတဲ့ လားဟူ တိုင်းရင်းသူ အမြင်အာရုံမသန်စွမ်း ကျောင်းသူလေး တစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း သူငယ်ချင်း တစ်ယောက်နဲ့အတူ Youtube Channel ထောင်ပြီး ဖန်တီးမှုတွေကို လုပ်ဆောင်နေသူ Youtuber တစ်ယောက်လည်း ဖြစ်ပါတယ်။ မအေးခင်လှက ဒီအပိုင်းမှာတော့ Body Shaming ကိုယ်တွေ့ဝေမျှမှုနဲ့အတူ ဘယ...

စာဖတ်ကြပါ 28.12.2022

🎤"မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စ လူငယ် အစီအစဉ်မှာတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ  တောင်ပေါ်သားလေး စိုင်းလျှန်းခမ်းရဲ့ လူငယ်ဘဝမှာ မသန်စွမ်းမှုအပေါ် အနိုင်ကျင့်စော်ကားမှုတွေကို ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်တတ်ခဲ့တဲ့ မခံချင်စိတ်လေးကို စာပေနဲ့ ဘယ်လို အကောင်းဖက်ရောက်အောင် ပြုပြင်ပြောင်းလဲယူခဲ့သလဲဆိုတာ စိတ်ခွန်အား ယူကြရအောင်ပါ။ စိုင်းလျှန်းခမ်းဟာ သူငယ်နာအကြောတင်း လို့ခေါ်တဲ့...

တက်သစ်စလူငယ် အသက် ၂၀ ကျော်မှာ လူပေါင်းမမှားဖို့ 24.12.2022

မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ အစီအစဉ်မှာတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ  တောင်ပေါ်သားလေး စိုင်းလျှန်းခမ်းရဲ့ လူငယ်ဘ၀ ဖြတ်သန်းမှုတွေကနေ လေ့လာသင်ယူရင်း စိတ်ခွန်အားယူကြရအောင်နော်။ စိုင်းလျှန်းခမ်းဟာ သူငယ်နာအကြောတင်း လို့ခေါ်တဲ့ Cerebral Palsy (CP) မသန်စွမ်းမှုရှိနေသူ တစ်ဦးပါ။ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား လှုပ်ရှားနိုင်မှုနဲ့ ဟန်ချက်ထိန်းနိုင်မှုကို ထိခိုက်စေပြီး များသောအ...

Let's find out AWD! အပိုင်း (၃) 21.12.2022

“Let’s find out AWD” Go! Go! Go! မိတ်ဆွေတို့ရေ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ ညီမငယ် သဇင်သီရိခေတ်က သူမရဲ့ “Let’s find out AWD” တတိယပိုင်း တင်ဆက်မှုအဖြစ် ထူးထူးခြားခြား မသန်စွမ်း အမျိုးသမီး အနုပညာ ချစ်မြတ်နိုးသူ စွယ်စုံရပညာရှင် မတင်နီလာဝင်းကို ဖော်ထုတ် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။  ခေတ်မှီ အိမ်ထောင်ရှင်မ တစ်ယောက်လည်းဖြစ်၊ သားသား ၂ ဦးရဲ့ မိခင်လည်းဖြစ်၊ မသန်စွမ်းအမျိုးသမီးကဏ္ဍတွေမှာလ...

စာရေးဆရာမ အေးည နှင့်တွေ့ဆုံခြင်း အပိုင်း(၂) 17.12.2022

ဒီအပတ်မှာတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ မလွင်ဝါဝါအောင် (ဝါဝါ)က အပိုင်း (၂)အဖြစ် စာရေးဆရာမ အေးည (မေည)ရဲ့ ဖန်တီးမှုတွေထဲက တွယ်ငြိဖြစ်ခဲ့တဲ့ ကဗျာလေးတွေအကြောင်းရယ်၊ မေညရဲ့ စာပေခရီးနဲ့အတူ မသန်စွမ်း လူငယ်တွေအတွက် မေညရဲ့ ဘဝအတွေ့အကြုံတွေကနေ ဖြစ်တည်လာတဲ့ စကားလက်ဆောင်လေးတွေကို အတူတကွ ခံစားတင်ဆက်ပေးထားပါတယ်။ 👏 📢(ကြော်ငြာကဏ္ဍ) Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေ...

အသံစွမ်းရည်ရှင် အပိုင်း (၂) 14.12.2022

ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စ လူငယ်ကဏ္ဍကနေ  မသန်စွမ်းအရေးကို စိတ်ပါဝင်စားတဲ့ မန္တလေးသူလေး  မအေးစုမွန်က လုပ်ငန်းခွင်မျိုးစုံမှာ ကျင်လည်ရင်း ကိုယ့်အိပ်မက်ကို ဖမ်းဆုပ်ဖို့ကြိုးစားနေသူ စူပါမေမေတစ်ယောက် ဘဝနဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်မှာ အသံစွမ်းရည် ပိုင်ရှင်အဖြစ် ပါဝင်ဖြစ်လာပုံကို သူဖြတ်သန်းခဲ့ရတဲ့ ခေတ်အဆက်ဆက်က အကြောင်းအရာတွေနဲ့အတူ စိတ်ဝင်စားဖွယ် ဝေမျှပေးထားပါတယ်။ 👏 📢(ကြော်...

စာရေးဆရာမ အေးည နှင့်တွေ့ဆုံခြင်း အပိုင်း(၁) 10.12.2022

ဒီအပတ်မှာတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ မလွင်ဝါဝါအောင်က တစ်ချိန်က မိဘများဆုံးပါးသွားခိုက် သူမရဲ့ဘ၀ ဆောက်တည်ရာမရစဉ်က ဆရာမပေးခဲ့တဲ့ စာအုပ်လေးတွေကနေ ခွန်အားယူခဲ့ရသူ၊ လက်ရှိအချိန်မှာတော့ ပြောင်းလဲမှုတွေနဲ့ ဝါဝါက ဆရာမ မေည (အေးည)ကို ပြန်လည်တွေ့ဆုံခွင့်ရတဲ့အခါ သူတစ်ချိန်က သိပ်သိချင်ခဲ့တဲ့ ဆရာမရဲ့ မသန်စွမ်းသူဘ၀ အစပြုဖြစ်ခဲ့ပုံ၊ မိသားစုတွေရဲ့ ပံ့ပိုးပြုစု စောင့်ရှောက်မှုတွေကို လေ့လာခံ...

Listen to the ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.