Burma Podcast Network

ဉာဏ်သူပုန်

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာသည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ။

Author

Burma Podcast Network

Category

Uncategorized

Podcast website

burmapodcast.network

Latest episode

Apr 16, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

အိမ်တွင်းပုန်းသင်္ကြန် 16.04.2026

မြန်မာပြည်ဖွားတွေဟာ မြန်မာ့ဂီတနဲ့ ဘယ်လိုမှ မကင်းနိုင်ပါဘူး။ ပျင်းတွဲ့တွဲ့ကြီး မကြိုက်ဘူး၊ အိပ်ငိုက်တယ်၊ နားညည်းတယ်ဆိုရင်တောင် သူများဖွင့်ထားတာကနေ ကြားကြရပါတယ်။ ဒီလိုနဲ့ နားထဲမှာ လာစွဲနေတော့တာပါပဲ။ ဟိုးရှေးက မဟာဂီတသီချင်းတွေ၊ နှောင်းခေတ်ကာလပေါ်တေးတွေနဲ့ လက်ရှိ ရီမစ်၊ ဖြူးရှင်းတွေ လုပ်ကြတဲ့ ခေတ်တွေအထိ မြန်မာ့ဂီတသံမျိုးစုံက ဒီတိုင်းပြည်ထဲ မှီတင်းနေကြသူတွေအပေါ် လွှမ်းမိုးမှုရှိတယ်။ ဥပမာ မနက်ပိုင်းမင်္...

အရင်းစစ်တော့ အမြစ်ဘယ်က 28.02.2026

ဉာဏ်သူပုန် အပိုင်းသစ် ဉာဏ်သူပုန်ရဲ့ ဖေဖော်ဝါရီအမီတင်ဆက်တဲ့အပိုင်း ဖြစ်ပါတယ်။ နှစ်ကူးမှာ မင်္ဂလာယူဆဲဆဲလူထုကို အမင်္ဂလာနဲ့အနိဌာရုံတွေပဲ ဖြစ်စေခဲ့တဲ့ကာလအစကို စပ်စုလှတဲ့မောင်ရင်က တစ်စွန်းတစ်စ လှစ်ဟပြမှာပါ။ တကယ်လို့သင်ဟာ မှန်စီရွှေချထားတဲ့နံရံကြီးတစ်ခုကို မျက်နှာမူနေရင် ကွဲပြားလှတဲ့ ဘဝမှန်ကူကွက်တွေထဲက ကိုယ်စိုက်ကြည့်လိုက်တဲ့မှန်ကွက်ကိုပဲ မြင်ရသလိုမျိုး မောင်ရင်မြင်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ချို့ကို ထုံးစံအတို...

နားငြီးနိုင်ငံရေး 03.01.2026

လူတွေဟာ မိမိတို့ဘဝကို စတေးပြီးတော့ နိုင်ငံရေးတွေလုပ်နေရတာ ကြာမြင့်လှပြီဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူထုမှာ ပိုကြာပါတယ်။ မျိုးဆက်အသီးသီးကလည်း နားငြီးလှပြီ၊ ဒီအဆင့်ကိုကျော်လွန်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့၊ လွတ်လပ်စွာ ဖန်တီးနေထိုင် အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့် မျိုးဆက်အသီးသီးလက်ဆင့်ကမ်းပြီး လွတ်မြောက်ရေးခရီးရှည်ကို ချီတက်နေကြတာပေါ့။ လွတ်လပ်မှုဆိုတာ လူတွေရဲ့ ပန်းတိုင်အနေနဲ့ရှိနေပေမဲ...

ဝန်ထမ်းဘဝအက်ဆေးတချို့ 27.09.2025

အရင်လတွေမှာ BPN ရဲ့ ဉာဏ်သူပုန်မောင်ရင်တစ်ယောက် နေထိုင်မကောင်းတာနဲ့ သူ့ရဲ့ဝန်ထမ်းလောကအကြောင်း အပိုင်းဆက်မတင်နိုင်သေးဘဲ သူအရင်ကပြောခဲ့တဲ့ အပိုင်း တစ်ခုတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝန်ထမ်းလောကရဲ့ နောက်ထပ်ဇာတ်လမ်းတိုလေး ခပ်များများနဲ့ ဉာဏ်သူပုန်နောက်တစ်ပိုင်းလာပါပြီ။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၂၁ ထိ သူကျင်လည်မြင်တွေ့ခဲ့ရတဲ့ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းဘဝတွေအပြင် သူကိုယ်တိုင်တိုက်ရိုက်ကြုံတွေ့ခဲ့ရတဲ့ မ...

ဒဏ်ကြေအောင်ဂျင်းအုံခြင်း 16.08.2025

မြန်မာပြည်မှာ ဘာသာလူမျိုး ခေါင်းစဉ်အောက်က အဆင်ခြင်မဲ့ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကိစ္စသည် ခုမှဖြစ်နေခြင်းမဟုတ်။ စစ်အာဏာရှင်များကို သက်ဆိုးရှည်စေသည့်အကြောင်းရင်း တစ်ခုမှာလည်း ဘာသာလူမျိုးရေးအရေကို မသူတော်တို့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းခြုံ‌ကြခြင်းကြောင့်ဖြစ်သည်။ ယခုတင်သောအပိုင်းသည် ဉာဏ်သူပုန်ပေါ့ကတ်၏ “အသစ်တင်အဟောင်းပိုင်း” ဖြစ်ပါသည်။ အဟောင်းဆိုသော်လည်း ယခင်ပလက်ဖောင်းအဟောင်းများတ...

ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား 02.08.2025

ဘာပွဲလုပ်လုပ် ရှေ့ဆုံးတန်းကနေ ပွဲတိုင်းကျော် အခန့်သားထိုင်ခုံချပေးထားရတဲ့ ဌာနဆိုင်ရာဂုဏ်သရေရှိလူကြီးမင်းများရှိပါတယ်။ အဲ့ဒီလူကြီးမင်းဆိုသူတွေကနေ လမ်းဘေးမှာအော်ဟစ်နေကြတဲ့ ယစ်ထုပ်လူကြီးမင်းတွေအထိ သူတို့ရဲ့ဂုဏ်သရေဆိုတာကြီးကို ထုံးစံအတိုင်း ဉာဏ်သူပုန်ထထားပါတယ်။ ဒီအပိုင်းကနေ နောက်ထပ်အပိုင်းတချို့အတွင်း မြန်မာပြည်က ဝန်ထမ်းလောကနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကြားသိကြရမှာ ဖြစ်ပါတယ်။ တချိန်က ပြည်သူတွေကို အယောင်ပ...

ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား 07.06.2025

အပိုင်းသစ် မတင်သေးဘူးလားလို့ အမေးများနေတဲ့ ဉာဏ်သူပုန် မိတ်ဆွေများ ခင်ဗျာ ဒီတစ်ပတ်မှာတော့ လက်ရှိခေတ်ရဲ့ ဘာသာရေးဓလေ့တွေနဲ့ မောင်ရင်တို့ကို ချုပ်ခြယ်မောင်းသွင်းခဲ့ကြတဲ့အကြောင်းအရာတွေ၊ မိရိုးဖလာလုပ်လာတာ မဖျက်ကောင်းဘူးဆိုပြီး ရပ်တန့်နေရတဲ့ အကြောင်းတွေကို ဉာဏ်သူပုန်ထထားပါတယ်။ နောက်ပြီးတော့ လူကြီးတွေနဲ့ ဘာသာရေး အကြောင်းကို မျက်ခွက်ပြောင် ပြောမိလို့ မောင်ရင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးတွေကိုပါ မျှဝေထားတာမ...

ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင် 16.04.2025

Season 2 သင်္ကြန်ယဥ်ကျေးမှု၊ ဂီတ၊ သံချပ်နဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွေအထိ နားထောင်သူတွေ လိုက်ပါခံစားနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ သင်္ကြန်မှာ ရေကစားဖို့ အခွင့်မသာရင်တောင် သင်္ကြန်အငွေ့အသက်လေး ရနိုင်ဖို့ ဉာဏ်သူပုန် နဲ့ Fmaj 7 တို့ကနေ သင်္ကြန် Podcast အထူးထုတ် နှစ်ပုဒ်ကို ကိုယ်တိုင်လည်း နားဆင်၊ မိတ်ဆွေများနဲ့လည်း ဝေမျှနိုင်ကြဖို့ Burma Podcast Network က ချစ်ခင်လေးစားစွာ တင်ဆက်လိုက်ရပါတယ်။

စာကြည့်တိုက်နဲ့ AI 05.04.2025

ဉာဏ်သူပုန်မိတ်ဆွေတွေအားလုံး အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေတွေ့ပြီး ဖြေသာနိုင်ကြပါစေလို့ မောင်ရင်က နှုတ်ခွန်းဆက်လိုက်ပါတယ်။ “သိပ္ပံကို စိတ်ဝင်စားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝစာသင်ခန်းထဲ မှာတော့ အဲ့လိုမဟုတ်နေပါဘူး။ မောင်ရင်တို့ လီပေါင်းတွေကို ဘုန်းကြီးစာကျက်သလိုကျက်ခဲ့ရတာ။ ပြီးတော့ ၁၁ ၁၁ လီနဲ့ ၁၁ ၁၂ လီဆို ဝါးတားတားပဲ။ ခုနေခါ လီပေါင်းဖြောင့်အောင်ဆိုတတ်တာတောင် ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေရတဲ့ မဟာသိပ...

သက်ရှိဉာဏ်သူပုန် ဗားရှင်း ၂၀၂၄ 01.02.2025

“ဒီအာဏာသိမ်းမှု ၄ နှစ်ရှိသွားတဲ့ကိစ္စကို ဘယ်လိုခေါင်းစဉ်တပ်မလဲ စဉ်းစားရတာ အတော်ခွကျတဲ့ကိစ္စပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စည်းရုံးဆော်ဩတာတွေ လုပ်တဲ့အခါ ဘယ်လို ခေါင်းစဉ်တပ်ရမလဲ စဉ်းစားရတာက အလွန်ခွကျကြောင်း ဒီထဲမှာ ပါဝင်နေသူတိုင်း ကြုံကြရပါတယ်။ ဟုတ်တယ်လေ… အာဏာသိမ်း ၄ နှစ်ပြည့်လား၊ အာဏာသိမ်း နှစ်ပတ်လည်လား၊ အာဏာသိမ်း ရတုလား ဘာလား၊ ဒီကိစ္စဟာအနိဌာရုံကိစ္စကြီးဗျာ။...

Listen to the ဉာဏ်သူပုန် podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.