Burma Podcast Network

တခန်းရပ်ပေါ့ဒ်ကတ်စ်များ

Arts MY ↓ 3 episodes

ယခုအစီအစဥ်သည် ခေတ်ပေါ်အိမ်စီးကားတွေကြား ရံဖန်ရံခါ ပြည်လမ်းမပေါ် တက်လာတတ်သော လိပ်ခုံးကားကလေးနှင့်တူနေနိုင်ပါသည်။တစ်နေ့တာလုပ်ငန်းပြီးလို့ ညအချိန်ရောက်တဲ့အခါ ဟိုတစ်ချိန်က ရေဒီယိုဇာတ်လမ်းတွေလို လူသားများစွာရဲ့ဘဝတွေထဲက ရယ်စရာ၊ မောစရာ၊ သံဝေဂရစရာ အဖြစ်တွေကို ခံစားနိုင်ဖို့ဖြစ်ပါတယ်။ ပလာတာဆရာကြီးတွေ မိုင်လိုတို့ ချောကလက်တို့နဲ့ အဟောင်းကို အားပြုပြီး အသစ်ထွင်သလို ခေတ်ပေါ် လူအဖွဲ့အစည်းနဲ့ ကိုက်ညီသင့်တော်တဲ့ စကားလုံးတွေ၊ စံတန်ဖိုးသတ်မှတ်ချက်တွေ၊ ထုတ်လုပ်ရေးစနစ် နဲ့ အသံပံ့ပိုးမှုတွေပါဝင်ဖို့ အချိန်လုပ်အား​၊ ဉာဏ်အင်အားတွေနဲ့ ပူးပေါင်းဖန်တီးထားတဲ့ အစီစဥ်တစ်ခုဖြစ်ပါတယ်။

Author

Burma Podcast Network

Category

Arts

Podcast website

burmapodcast.network

Latest episode

Mar 7, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

EP003: ပဥ္စလက်ကျားဖြန့် 07.03.2026

ပဉ္စလက်ကျားဖြန့် ခေတ်သစ်မှာ မာယာတစ်သိန်းအပလိန်းအနန္တနဲ့ ဒုဇရိုက်လောကတခွင် ကြီးစိုးမင်းမူနေတာကတော့ ကျားဖြန့်လို့ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်အလုပ်တွေဖြစ်ပါတယ်။ ဒီလုပ်ငန်း‌တွေကို ဒေသတွင်းရာဇဝတ်ဂိုဏ်း‌တွေ၊ လက်နက်ကိုင်တွေနဲ့ အစိုးရတွေကပါ ရည်ရွယ်ချက်ရှိရှိ နည်းလမ်းပေါင်းစုံ ချဉ်းကပ်ဆောင်ရွက်နေကြတယ်လို့ သတင်းမီဒီယာတွေက ထောက်ပြကြပါတယ်။ အဲ့တာကြောင့်လည်း မိုးဦးကျ‌မှိုတွေလို ဟိုတစ်အုပ်ခူးလိုက် ဒီတစ်အုပ်ပေါ်လိ...

EP002: အွန်လိုင်း အော်ပရာ 31.01.2026

ထမင်းစား My Day တင်၊ ခြင်ကိုက်တဲ့အကြောင်း ပို့စ်အရှည်ကြီးတင်၊ အိပ်မပျော် Live လွှင့် ဆိုတဲ့ မိတ်ဆွေတွေရှိသလို ပါရဂူဘွဲ့ရရ၊ ဟိမဝန္တာတောင်တက်တက်၊ ဂင်္ဂါမြစ်ထဲဖုန်းပြုတ်ပဲကျကျ ဘယ်သူမှသိစရာမလိုဘူးဆိုတဲ့ မိတ်ဆွေတွေလည်း အများကြီးရှိပါတယ်။ အခု အွန်လိုင်းအော်ပရာ ဆိုတဲ့ Radio အသံဇာတ်လမ်းက Social Media ပေါ်ငွေကြေးနဲ့ လူမှုသြဇာတည်ဆောက်တဲ့ ရေစီးကြောင်းမှာ အလုံးစုံ စီးမြောသူတွေနဲ့ ချင့်ချိန်သူတွေကြား အတွန်းအတိ...

EP001: ကုန်စုံဆိုင် အော်ပရာ 06.12.2025

တခန်းရပ်ပေါ့ကတ်စ်များရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ “ကုန်စုံဆိုင်အော်ပရာ” ကို နားဆင်သူတွေလက်အပ်လိုက်မှာမို့ ကောင်း၊ မကောင်း ဝေဘင်စောကြောပေးလို့ရပါပြီ။ မိုးခါးရွာတဲ့ကာလမှာ ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးလို့ တင်းမာတောင့်ခံကြသူတွေရဲ့ အဖြစ်အပျက်တချို့ကို BPN က ကောက်နုတ်ဇာတ်လမ်းဆင်ထားပါတယ်။ ကိုယ့်ရဲ့အပြုအမူသေးသေးလေးတွေဟာ ကိုယ့်ဝန်းကျင်ကို ဘယ်လိုအကျိုးဆက်အနေနဲ့ တုံ့ပြန်ထောက်ကူလည်ပတ်နေလဲဆိုတာ ဒီဇာတ်လမ်းမှာ ကွက်...

Listen to the တခန်းရပ်ပေါ့ဒ်ကတ်စ်များ podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.