Change The Map - Myanmar
Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။ ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။ ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
Author
Change The Map - Myanmar
Category
Podcast website
Latest episode
Jul 5, 2026
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ကယ်တင်ခြင်းသို့ ဦးတည်စေသော နမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအတွက် ဆုတောင်းခြင်း 05.07.2026 3:45
ကယ်တင်ခြင်းသို့ ဦးတည်စေသော နမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအတွက် ဆုတောင်းခြင်း ၁။နမိတ်လက္ခဏာများနှင့်အံ့ဖွယ်အမှုများ- ဘုရားသခင်သည် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများကြားတွင် အံ့ဖွယ်အနာငြိမ်းခြင်းများနှင့် နမိတ်လက္ခဏာများ၊ လူတို့အား ယေရှုထံညွှန်ပြသည့် တန်ခိုးတော်များကို ပြုလုပ်ပေးရန် ဆုတောင်းပါ၊ (ယာကုပ် ၅:၁၆)။ ၂။ဉာဏ်ပညာနှင့်ပြည့်သောစကားများ- သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများအား ၎င်းတို့ တစ်ခါမှ...
ထာဝရအသက်၏ ကောင်းမြတ်ခြင်းကို နားလည်ရန် ဆုတောင်းချက်များ 28.06.2026 2:33
ထာဝရအသက်၏ ကောင်းမြတ်ခြင်းကို နားလည်ရန် ဆုတောင်းချက်များ ၁။ထာဝရကာလမျှော်လင့်ချက်- ထာဝရအသက်ကို ကောင်းမြတ်ပြီး နှစ်လိုဖွယ်ကောင်းသောအရာဟု မြင်စေရန် ဆုတောင်းပါ (ယောဟန် ၁၇:၃)။ ၂။ဘုရားသခင်နှင့်ဆက်ဆံရေး- ထာဝရအသက်သည် ဘုရားသခင်ကို သိကျွမ်းခြင်းဖြစ်ကြောင်း နားလည်ရန် ဆုတောင်းပါ (ဗျာဒိတ် ၂၁:၃)။ ၃။ကြောက်ရွံ့ခြင်းမှလွတ်မြောက်ခြင်း- အဆုံးမဲ့ သံသရာများနှင့် မရေမရာမှုများမှ လွတ်မြောက်ရန် ဆုတောင်းပါ (ဟေဗြဲ ၂:၁၅)။
ကယ်တင်ခြင်း၏ အဖိုးအခကို နားလည်ရန် ဆုတောင်းချက်များ 21.06.2026 2:42
ကယ်တင်ခြင်း၏ အဖိုးအခကို နားလည်ရန် ဆုတောင်းချက်များ ၁။အဖိုးအခ- ကယ်တင်ခြင်းသည် ကြီးမားသောအဖိုးအခဖြင့် ရရှိကြောင်း လူများနားလည်စေရန် ဆုတောင်းပါ (၁ ကောရိန္သု ၆:၂၀)။ ၂။ဝိညာဉ်၏တန်ဖိုး- လူများသည် ဘုရားသခင်ရှေ့တော်၌ သူတို့၏တန်ဖိုးကို မြင်တွေ့စေရန် ဆုတောင်းပါ (လုကာ ၁၅:၇)။ ၃။တုံ့ပြန်မှု- စစ်မှန်သောအရှုံးပေးခြင်းနှင့် ယုံကြည်ခြင်း၏ တုံ့ပြန်ကြရန်အတွက် ဆုတောင်းပါ (လုကာ ၉:၂၃)။
ခရစ်တော်၏ လက်ဝါးကပ်တိုင်မှာအသေခံခြင်းသည် ကံဆိုးခြင်းမဟုတ်ကြောင်း နားလည်ရန် ဆုတောင်းချက်များ 14.06.2026 2:59
ခရစ်တော်၏ လက်ဝါးကပ်တိုင်မှာအသေခံခြင်းသည် ကံဆိုးခြင်းမဟုတ်ကြောင်း နားလည်ရန် ဆုတောင်းချက်များ ၁။လက်ဝါးကပ်တိုင်အပေါ်မှန်ကန်သောအမြင်- လက်ဝါးကပ်တိုင်မှာအသေခံခြင်းကို ယေရှု၏ ပြစ်ဒဏ်ခံခြင်းဟုမမြင်ဘဲ ယေရှု၏ ရည်ရွယ်ချက်ရှိရှိ ပေးဆပ်ခြင်းအဖြစ်မြင်စေရန် ဆုတောင်းပါ (ဟေရှာယ ၅၃:၅)။ ၂။ကံထက်ကျေးဇူးတော်- ကယ်တင်ခြင်းသည် ကုသိုလ်ဖြင့် မရရှိနိုင်ကြောင်း နားလည်ရန် ဆုတောင်းပါ (ဧဖက် ၂:၈-၉)။ ၃။အစားထိုးခြင်း- ယေရှုသည် လိုလ...
ဘုရားသခင်၏မေတ္တာသည် အားနည်းသောမေတ္တာမဟုတ်ကြောင်း နားလည်ရန် ဆုတောင်းချက်များ 07.06.2026 3:17
ဘုရားသခင်၏မေတ္တာသည် အားနည်းသောမေတ္တာမဟုတ်ကြောင်း နားလည်ရန် ဆုတောင်းချက်များ ၁။ချစ်ခြင်းမေတ္တာထဲ၌ခွန်အား- လူတို့သည် ဘုရားသခင်၏မေတ္တာကို အားနည်းခြင်းမဟုတ်ဘဲ တန်ခိုးကြီးသည်ဟု မြင်စေရန် ဆုတောင်းပါ (ရောမ ၅:၈)။ ၂။စစ်မှန်သောကရုဏာ- စစ်မှန်သော ကရုဏာသည် ဘုရားသခင်ထံမှ လာပြီး ကိုယ်ကျိုးကိုကြည့်သောမေတ္တာမဟုတ်ကြောင်း နားလည်ကြစေရန် ဆုတောင်းပါ (၂ ကောရိန္သု ၁:၃-၄)။ ၃။ခရစ်တော်၏အခွင့်အာဏာ- လူတို့သည် ယေရှုအား မေတ္တာရ...
ကမ္ဘာပေါ်တွင် ဒုက္ခဆင်းရဲများကြုံတွေ့နေရသော်လည်း ဘုရားသခင်သည် ကောင်းမြတ်တော်မူကြောင်း နားလည်ရန် ဆုတောင်းချက်များ 31.05.2026 3:32
ကမ္ဘာပေါ်တွင် ဒုက္ခဆင်းရဲများကြုံတွေ့နေရသော်လည်း ဘုရားသခင်သည် ကောင်းမြတ်တော်မူကြောင်း နားလည်ရန် ဆုတောင်းချက်များ ၁။ဒုက္ခဆင်းရဲခြင်းထဲမှသမ္မာတရား- ဒုက္ခဆင်းရဲခြင်းသည် ဘုရားသခင် မရှိခြင်း သို့မဟုတ် ဘုရားသခင်သည် မကြင်နာတတ်ခြင်းကို မဆိုလိုကြောင်း ဗုဒ္ဓဘာသာဝင်များ နားလည်စေရန် ဆုတောင်းပါ (ယောဟန် ၁၆:၃၃)။ ၂။ဘုရားသခင်၏သဘောသဘာဝ- ဘုရားသခင်သည် သနားကြင်နာတတ်ပြီး အမြဲအတူရှိသောဘုရား၊ နာကျင်ကြေကွဲနေသူများအနီးတွင်...
မေလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ထင်ရှားသိသာသည့် ကြီးထွားမှုအတွက် ဆုတောင်းချက်များ 24.05.2026 4:20
ထင်ရှားသိသာသည့်ကြီးထွားမှုအတွက်ဆုတောင်းချက်များ ၁။လေးလံသောမျက်မှောက်တော်- ဆုတောင်းနေချိန်အတွင်း သန့်ရှင်းသောဝိညာဉ်တော်၏ လေးလံသောမျက်မှောက်တော်သည် အသင်းတော်တိုင်းတွင် ပြည့်နှက်နေစေရန် ဆုတောင်းပါ (တမန်တော်ဝတ္ထု ၄:၃၁)။ ၂။ထူးခြားသည့်ဆွဲငင်မှု- လူများကို ဘုရားကျောင်းသို့ ဆွဲခေါ်ပေးမည့် ထူးခြားသည့် ဆွဲငင်မှုအတွက် ဆုတောင်းပါ (တမန်တော်ဝတ္ထု ၂:၄၆-၄၇)။ ၃။လွှမ်းခြုံထားသောမေတ္တာ- ယုံကြည်သူလူသစ်များကို ကြိုဆို...
မေလ၏ တတိယ ဆုတောင်းခြင်းအစီအစဉ် ပြောင်းလဲခြင်းအတွက် ဆုတောင်းချက်များ 17.05.2026 3:57
ပြောင်းလဲခြင်းအတွက်ဆုတောင်းချက်များ ၁။တစ်ဦးချင်းအသက်တာပြောင်းလဲခြင်း- ဗုဒ္ဓဘာသာနောက်ခံရှိ ယုံကြည်သူများသည် ခရစ်တော်နှင့်ရင်းနှီးလာသည်နှင့်အမျှ ခရစ်တော်၏ပုံသဏ္ဌာန်ကဲ့သို့ ကြီးထွားလာစေရန် ဆုတောင်းပါ (၂ ကောရိန္သု ၃:၁၈)။ ၂။အသင်းတော်များပြောင်းလဲခြင်း- အသင်းတော်များသည် ယေရှု၏ကိုယ်စားပြုများအဖြစ် အသက်ရှင်ကာ စည်းလုံးညီညွတ်စွာ ကြီးထွားလာစေရန် ဆုတောင်းပါ (ဧဖက် ၄:၁၅-၁၆)။ ၃။အသိုင်းအဝိုင်းများနှင့်တိုင်းနိုင်...
မေလ၏ ဒုတိယဆုတောင်းခြင်းအစီအစဉ် ဆုတောင်းခြင်းပြန်လည်နိုးထလာစေရန် ဆုတောင်းချက်များ 10.05.2026 4:03
ဆုတောင်းခြင်းပြန်လည်နိုးထလာစေရန်ဆုတောင်းချက်များ ၁။ စိတ်အားထက်သန်သောဆုတောင်းချက်များ- ဗုဒ္ဓဘာသာတိုင်းနိုင်ငံရှိ ယုံကြည်သူများသည် ၎င်းတို့၏အသိုင်းအဝိုင်းများရှိ လမ်းပျောက်နေသူများအတွက် စိတ်အားထက်သန်စွာ ဆုတောင်းပေးကြရန် ဆုတောင်းပါ (ဆာလံ ၆၃:၁)။ ၂။စွန့်လွှတ်အနစ်နာခံဆုတောင်းချက်များ- သင်းအုပ်ဆရာများနှင့် ဘုရားကျောင်းခေါင်းဆောင်များသည် စွန့်လွှတ်အနစ်နာခံခြင်းဖြင့် ဆုတောင်းတတ်ကြရန် ဆုတောင်းပါ (လုကာ ၅:၁၆)...
မေလ၏ ပထမဆုတောင်းခြင်းအစီအစဉ် နှလုံးသားပြင်းပြစွာ ဆုတောင်းခြင်းအတွက် ဆုတောင်းချက်များ 03.05.2026 3:59
နှလုံးသားပြင်းပြစွာဆုတောင်းခြင်းအတွက်ဆုတောင်းချက်များ ၁။ဝန်တင်ခြင်း- သင်းအုပ်ဆရာများနှင့် ဘုရားကျောင်းများသည် တိုင်းနိုင်ငံရှိ ပျောက်ဆုံးနေသူများနှင့် ကျိုးပဲ့နေသူများအတွက် စစ်မှန်သော ဝန်တာထားတတ်စေရန် ဆုတောင်းပါ (ရောမ ၉:၂)။ ၂။စည်းလုံးညီညွတ်မှု- အသင်းတော်များသည် တိုင်းနိုင်ငံပြောင်းလဲမှုအတွက် စိတ်နှလုံးသားတစ်ညီတစ်ညွတ်တည်း ဘုရားသခင်ကို ရှာဖွေကာ စည်းလုံးညီညွတ်စွာ စုစည်းလာစေရန် ဆုတောင်းပါ (တမန်တော်ဝတ္...
ဧပြီလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ကွယ်ကာခြင်းအတွက် ဆုတောင်းချက်များ 26.04.2026 3:47
ကွယ်ကာခြင်းအတွက် ဆုတောင်းချက်များ သတင်းကောင်း: မယုံကြည်သူတွေရဲ့နှလုံးသားထဲမှာ ဖြန့်ကျဲခံရတဲ့ ဧဝံဂေလိမျိုးစေ့အတွက် ကွယ်ကာခြင်းတောင်းခံပါ။ (မဿဲ ၁၃) အသီး: ကိုယ်တော်ရဲ့လူများအားဖြင့် ခရစ်တော် ဖြစ်ပွားစေခဲ့သော အသီးများ သီးဖို့ ဆုတောင်းပါ။ (ယောဟန် ၁၅:၁၆) ယုံကြည်သူများ: ယုံကြည်သူတွေဟာ ကိုယ်တော့်အထဲမှာ ခိုလှုံရာနှင့် ခွန်အားကို ရှာတွေ့ဖို့ ဆုတောင်းပါ။ (ဆာလံ ၄:၆၁)
ဧပြီလ၏ တတိယဆုတောင်းခြင်းအစီအစဉ် ကြွေးကြော်ဝန်ခံခြင်းအတွက် ဆုတောင်းချက်များ 19.04.2026 4:15
ကြွေးကြော်ဝန်ခံခြင်းအတွက် ဆုတောင်းချက်များ ရဲရင့်ခြင်း: ယုံကြည်သူများသည် ခရစ်တော်၏သတင်းကောင်းကို သန့်ရှင်းသောဝိညာဉ်တော်ထံမှလာလော ရဲရင့်ခြင်းနှင့် ဝန်ခံကြွေးကြော်ကြရန် ဆုတောင်းပါ။ (တမန် ၁:၈) အားသစ်လောင်းခြင်း: ယုံကြည်သူများသည် ဘိသိတ်ပြည့်ဝသော ဟောပြောခြင်းနှင့် နမိတ်လက္ခဏာများ လုပ်ဆောင်ကြရန် ဆုတောင်းပါ။ (လုကာ ၄:၁၈-၁၉) သမ္မာတရား: ဝိညဉ်ရေးရာသမ္မာတရားကို လူ့ဉာဏ်ပညာအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် သင်...
ဧပြီလ၏ ဒုတိယ ဆုတောင်းခြင်းအစီအစဉ် ဘုရားအား စစ်မှန်စွာ တွေ့မြင်ခြင်းအတွက် ဆုတောင်းချက်များ 12.04.2026 4:15
ဘုရားအား စစ်မှန်စွာ တွေ့မြင်ခြင်းအတွက် ဆုတောင်းချက်များ နမိတ်လက္ခဏာများ: ကယ်တင်ခြင်းသတင်းကောင်းသည် နမိတ်လက္ခဏာများ၊ အံဖွယ်အရာများဖြင့် အတည်ပြုခြင်းရရှိဖို့ ဆုတောင်းပါ။ (ဟေဗြဲ ၂:၃-၄) လွတ်မြောက်ခြင်း: ဝိညာဉ်ဆိုးချည်နှောင်ခံရသူများ ယေရှုနာမတော်အားဖြင့် လွတ်မြောက်ခြင်းခံစားရဖို့ ဆုတောင်းပါ။ (တမန် ၈:၆-၈) ဖွင့်ပြခြင်း: ဘုရားသခင်သည် မယုံကြည်သူများအား အိမ်မက်ရူပါရုံများအားဖြင့် မိမိကိုယ်ကို ထင်ရှားပြရန် ဆ...
ဧပြီလ၏ ပထမဆုတောင်းခြင်းအစီအစဉ် အတူရှိခြင်းအတွက် ဆုတောင်းချက်များ 05.04.2026 3:44
အတူရှိခြင်းအတွက် ဆုတောင်းချက်များ ရွေးနှုတ်ခြင်း: မယုံကြည်သူများည် ကယ်တင်ခြင်းကိုရရှိပြီး သမ္မာတရားကိုသိလာစေရန် ဆုတောင်းပါ။ (၁တိ ၂:၄) နေထိုင်ခြင်း: ယုံကြည်သူများသည် ရောက်ရန်ခက်ခဲသော နေရာများ၊ လူများတစ်ခါမှမသွားသည့် နေရာများသို့ပင် သွားရောက်ကြရန် ဆုတောင်းပါ။ (မဿဲ ၉:၃၈) အလင်းထွန်းလင်းခြင်း: ခရစ်တော်၏အလင်းသည် မှောင်မိုက်နေရာများတွင် ထွန်းလင်းစေရန် ဆုတောင်းပါ။ (မဿဲ ၅:၁၆)
မတ်လ၏ ပဉ္ဆမဆုတောင်းခြင်းအစီအစဉ် ယုံကြည်သူများ ပါဝင်လာစေရန် ဆုတောင်းချက်များ 29.03.2026 4:32
ယုံကြည်သူများ ပါဝင်လာစေရန် ဆုတောင်းချက်များ နေ့စဉ်ကြားဝင်ဆုတောင်းခြင်း: ယုံကြည်သူများသည် ဗုဒ္ဓဘာသာဝင်များအတွက် သစ္စာရှိရှိနှင့် ဇွဲရှိရှိ ကြားဝင်ဆုတောင်းပေးမည်အကြောင်း ဆုတောင်းပါ (၁ တိမောသေ ၂:၁)။ ထာဝရအသက်အတွက် ဆန္ဒ: လူတိုင်း ထာဝရအသက်ရရှိရန် လိုလားသော နှလုံးသားများဖြစ်စေဖို့ ဆုတောင်းပါ (၂ ပေတရု ၃:၉)။ လူတစ်ဦးချင်းစီအတွက် ဆုတောင်းပါ: ယုံကြည်သူများသည် ဗုဒ္ဓဘာသာဝင်တစ်ဦးချင်းစီအတွက် အမည်ဖြင့် ကြားဝင်ဆုတ...
မတ်လ စတုတ္ထအကြိမ် ဆုတောင်းခြင်း အစီအစဉ် အသင်းတော်သစ်တည်ထောင်ခြင်းများ ကြီးထွားတိုးပွားစေရန် ဆုတောင်းချက်များ 22.03.2026 4:06
အသင်းတော်သစ်တည်ထောင်ခြင်းများ ကြီးထွားတိုးပွားစေရန် ဆုတောင်းချက်များ သင်းအုပ်များ: မယုံကြည်သူတိုင်းနိုင်ငံများတွင် အသင်းတော်တည်ထောင်သည့် သင်းအုပ်များကို ဘုရားသခင် ချီးမြှောက်ရန် ဆုတောင်းပါ။ (ရောမ ၁၀:၁၅) ကျေးရွာတိုင်း: မယုံကြည်သူတိုင်းနိုင်ငံများရှိ ကျေးရွာတိုင်းတွင် အသင်းတော်သစ်တည်ထောင်နိုင်ရန် ဆုတောင်းပါ။ (မဿဲ ၁၆:၁၈) ကြီးထွားတိုးတက်သော အသင်းတော်များ: အသင်းတော်သစ်များသည် ခရစ်တော်၌ ခိုင်ခံပြီး ကြီး...
မတ်လ၏ တတိယဆုတောင်းခြင်းအစီအစဉ် မယုံကြည်သူတိုင်းနိုင်ငံကို တိုက်ခတ်မည့် ဝိညာဉ်ရေးရာလေထုပြောင်းလဲ ခြင်းအတွက် ဆုတောင်းချက်များ 15.03.2026 4:08
မယုံကြည်သူတိုင်းနိုင်ငံကို တိုက်ခတ်မည့် ဝိညာဉ်ရေးရာလေထုပြောင်းလဲ ခြင်းအတွက် ဆုတောင်းချက်များ ရာသီဉတုဦးပြောင်းလဲခြင်း: ကမ္ဘာတစ်ဝန်းလုံး၌ရှိသော မယုံကြည်သူများ၏နှလုံးသားတံခါးများပွင့်စေရန်အတွက် အားပြင်းသောသန့်ရှင်းသောဝိညာဉ်တော်လေတိုက်ခတ်ရန် ဆုတောင်းပါ။ (ယောဟန် ၄:၃၉-၄၂) ဘာသာရေးခေါင်းဆောင်များပြောင်းလဲခြင်း: ဗုဒ္ဓဘာသာခေါင်းဆောင်များ၏နှလုံးသားတံခါးကို ဘုရားသခင်ဖွင့်ပေးပြီး ယေရှု၏သတင်းကောင်းကို လက်ခံကြစ...
မတ်လ၏ ပထမဆုတောင်းခြင်း အစီအစဉ် ဆန့်ကျင်မှုများကြုံတွေ့နေရသည့် အသင်းတော်တည်ထောင်ခြင်း 08.03.2026 4:24
ဆန့်ကျင်မှုများကြုံတွေ့နေရသည့် အသင်းတော်တည်ထောင်ခြင်းများအတွက် ဆုတောင်းချက်များ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ချက်: မယုံကြည်သူတိုင်းနိုင်ငံများရှိ အသင်းတော်စတင်တည်ထောင်သည့် ခရစ်ယာန်များသည် နှောင့်ယှက်ညှင်းဆဲခြင်းများကြုံရသော်လည်း ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ချက်ချရန် ဆုတောင်းပါ။ (မဿဲ ၅:၁၀) ခွန်အားနှင့် သတ္တိ: ယုံကြည်သူအသစ်များသည် ဆန့်ကျင်မှုများကြုံတွေ့ရသော်လည်း ခွန်အား သတ္တိနှင့်ပြည့်ဝရည် ဆုတောင်းပါ။ (ယ...
မတ်လ၏ ပထမဆုတောင်းခြင်း အစီအစဉ် ဆန့်ကျင်မှုများကြုံတွေ့နေရသည့် အသင်းတော်တည်ထောင်ခြင်းများ 01.03.2026 4:06
ဆန့်ကျင်မှုများကြုံတွေ့နေရသည့် အသင်းတော်တည်ထောင်ခြင်းများအတွက် ဆုတောင်းချက်များ ဆက်လက်နေထိုင်ရန်ဆုံးဖြတ်ချက်: မယုံကြည်သူတိုင်းနိုင်ငံများရှိ အသင်းတော်စတင်တည်ထောင်သည့် ခရစ်ယာန်များသည် နှောင့်ယှက်ညှင်းဆဲခြင်းများကြုံရသော်လည်း ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ချက်ချရန် ဆုတောင်းပါ။ (မဿဲ ၅:၁၀) ခွန်အားနှင့်သတ္တိ: ယုံကြည်သူအသစ်များသည် ဆန့်ကျင်မှုများကြုံတွေ့ရသော်လည်း ခွန်အား သတ္တိနှင့်ပြည့်ဝရည် ဆုတောင်းပါ။ (ယေ...
ဖေဖော်ဝါရီလ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ဖွင့်ပြခြင်းများအတွက် ဆုတောင်းချက်များ 22.02.2026 5:18
ဖွင့်ပြခြင်းများအတွက် ဆုတောင်းချက်များ ဘုရားသခင်နှင့် ဆက်ဆံရေးတည်ဆောက်နိုင်သည်- ဗုဒ္ဓဘာသာဝင်များသည် ဘုရားသခင်၏မိသားစုထဲသို့ မွေးဖွားခြင်းကို လက်ခံရန် ဆုတောင်းပါ (ရောမ ၈:၁၅) ။ လွတ်လပ်မှု- ဗုဒ္ဓဘာသာဝင်များအား ရှက်ရွံ့မှုနှင့် အပြစ်မှလွတ်မြောက်ပြီး အမှန်တရားထဲသို့ ပို့ဆောင်ရန် သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းပါ (ယောဟန် ၁၆:၁၃) ။ ဘဝသစ်- ဗုဒ္ဓဘာသာဝင်များသည် ဘုရားသခင်နှင့်ဆက်ဆံရေးတွင် ကယ်တင်ခြင်းစိတ်...
ဖေဖော်ဝါရီလ၏ တတိယဆုတောင်းခြင်းအစီအစဉ် စည်းလုံးခြင်းအတွက်ဆုတောင်းချက်များ 15.02.2026 4:54
စည်းလုံးခြင်းအတွက်ဆုတောင်းချက်များ ဘာသာရေးနောက်ခံအမျိုးမျိုးကြားမှစည်းလုံးညီညွတ်မှု- ခမည်းတော်နှင့်သားတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာနောက်ခံယုံကြည်သူများသည် တစ်လုံးတစ်ဝတည်းဖြစ်လာစေရန် ဆုတောင်းပါ (ယောဟန် ၁၇:၂၁) ။ ပူးပေါင်းဆောင်ရွက်မှုထဲမှစည်းလုံးညီညွတ်မှု- ယုံကြည်သူများသည် မတူညီမှုများရှိနေသော်လည်း ဗုဒ္ဓဘာသာဝင်များနှင့် အပြန်အလှန်ဆက်ဆံရာတွင် စည်းလုံးညီညွတ်မှုရှိစေရန် ဆုတောင်းပါ (ဧဖက်...
ဖေဖော်ဝါရီလ၏ ဒုတိယဆုတောင်းခြင်းအစီအစဉ် ဗုဒ္ဓဘာသာဝင်များအတွက် လုံခြုံစိတ်ချရသော ချိတ်ဆက်မှုများရရှိစေရန် ဆုတောင်းချက်များ 08.02.2026 5:43
ဗုဒ္ဓဘာသာဝင်များအတွက် လုံခြုံစိတ်ချရသော ချိတ်ဆက်မှုများရရှိစေရန် ဆုတောင်းချက်များ ရင်းနှီးသော မိတ်ဆွေဖွဲ့ခြင်းများ - ယုံကြည်သူများသည် ဗုဒ္ဓဘာသာဝင်များနှင့် ရင်းနှီးပြီး မေတ္တာပြည့်ဝသော မိတ်ဆွေဖွဲ့မှုများ အချိန်တိုင်း တည်ဆောက်နိုင်ရန် ဆုတောင်းပါ (သုတ္တံ ၁၇:၁၇) ။ ဉာဏ်ပညာ - ယုံကြည်သူများသည် ဘုရားသခင်၏ ဉာဏ်ပညာဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် ပြောဆိုဆက်ဆံနိုင်ရန် ဆုတောင်းပါ (ယာကုပ် ၁:၅) ။ ရက်ရောမှု - ယုံကြည...
ဖေဖော်ဝါရီလ၏ ပထမဆုတောင်းခြင်းအစီအစဉ် ယုံကြည်သူများ ဘုရားသခင်၏မေတ္တာကိုပြသရန် ဆုတောင်းချက် 01.02.2026 5:35
ယုံကြည်သူများ ဘုရားသခင်၏မေတ္တာကိုပြသရန် ဆုတောင်းချက် လျှံထွက်နေသောမေတ္တာ- ဗုဒ္ဓဘာသာနောက်ခံရှိခဲ့သော ယုံကြည်သူများသည် ထာဝရဘုရားကို နှလုံးသားအကြွင်းမဲ့၊ ဝိညာဉ်အကြွင်းမဲ့၊ စိတ်နှင့် အစွမ်းသတ္တိအကြွင်းမဲ့ဖြစ် ချစ်ရန်နှင့် အိမ်နီးချင်းများကို ကိုယ့်ကိုယ်ကိုယ်ချစ်သကဲ့သို့ ချစ်ရန် ဆုတောင်းပါ (မာကု ၁၂:၃၀-၃၁) ။ အဂါပေမေတ္တာ- ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်ရှိစဉ်တွင်ပင် ချစ်ပြီး ကျွန်ုပ်တို့အတွက် အသေခံတော်မူသက...
ဇန်နဝါရီလ၏စတုတ္ထဆုတောင်းခြင်းအစီအစဉ် ဘုရားသခင်၏ သဘာဝလွန်လုပ်ရပ်များအတွက် ဆုတောင်းချက် 25.01.2026 3:42
ဘုရားသခင်၏ သဘာဝလွန်လုပ်ရပ်များအတွက် ဆုတောင်းချက် နိမိတ်လက္ခဏာများနှင့်အံ့ဖွယ်အမှုများ- ဘုရားသခင်၏လူများ ယေရှု၏နာမ၌ အံ့ဖွယ်အမှုများကို ပြုတော်မူရန် ဆုတောင်းပါ။ (တမန်တော်ဝတ္ထု ၄:၃၀) မယုံနိုင်လောက်အောင်အံ့ဖွယ်အမှုများ- ဘုရားသခင်သည် ကျွန်ုပ်တို့တောင်းလျှောက်နိုင်သည် သို့မဟုတ် စိတ်ကူးနိုင်သည်ထက် သာ၍ကြွယ်ဝစွာပြုတော်မူရန် ဆုတောင်းပါ။ (ဧဖက် ၃:၂၀) ကယ်တင်ခြင်း- နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို တွေ...
ဇန်နဝါရီလ၏ တတိယဆုတောင်းခြင်းအစီအစဉ် အသင်းတော်များအတွက် ဆုတောင်းချက်များ 18.01.2026 3:35
အသင်းတော်များအတွက် ဆုတောင်းချက်များ ဦးစားပေး ဆုတောင်းခြင်း- အသင်းတော်များသည် ဗုဒ္ဓဘာသာလောကအတွက် ပုံမှန်ကြားဝင်ဆုတောင်းခြင်းကို ဦးစားပေးရန် ဆုတောင်းပါ (မာကု ၁၁:၁၇) ။ ဆုတောင်းခြင်းယဉ်ကျေးမှု- အသင်းတော်များသည် ဆုတောင်းခြင်းတွင် အဆက်မပြတ်ပူးပေါင်းပါဝင်ရန် ဆုတောင်းပါ (တမန်တော်ဝတ္ထု ၁:၁၄) ။ ဆုတောင်းခြင်းတွင်စည်းလုံးညီညွတ်မှု- အတူတကွ ကြားဝင်ဆုတောင်းသူများသည် သဘောတူညီချက်ဖြင့် စည်းလုံးညီညွတ်ကြရန် ဆုတောင်း...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.