369 labs

Build Myanmar - Media

Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights. Hosted on Acast. See acast.com/privacy for more information.

Author

369 labs

Category

Education

Podcast website

shows.acast.com

Latest episode

Jan 17, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

မူးယစ်ဆေးစွဲခြင်းမှ ဆေးကုသခြင်းဆီသို့ | Toetat Podcast Episode 35 06.01.2025

ကျွန်တော်တို့ ဒီအပတ် တိုးတက် podcast episode မှာ မူးယစ်ဆေးစွဲခြင်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး အောင်မြင်တဲ့ဆေးကျောင်းသားတစ်ယောက် ဖြစ်လာခဲ့တဲ့ သူတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံကို မျှဝေထားပါတယ်။ သူ့ရဲ့ဇာတ်လမ်းဟာ မိမိဘဝကို ပြောင်းလဲလိုသူတိုင်းအတွက် စိတ်ဓာတ်ခွန်အားတစ်ခု ဖြစ်စေမှာပါ။ 00:00 Intro 1:59 Guest Intro 4:49 Drug နဲ့စထိတွေ့မှု 9:37 Quick Message 10:32 Drug သုံး စွဲပြီး အခြေ အနေ 15:24 သုံးစွဲ တဲ့အကြောင်...

ရုရှား-ယူကရိန်းစစ်ပွဲ၊ Google လက်ဝါးကြီးအုပ်မှု နှင့် Bitcoin အနာဂတ် | Market Inside Podcast 12 01.12.2024

ဒီအပတ် Market Inside Podcast မှာ Google ရဲ့လက်ဝါးကြီးအုပ်မှုစွပ်စွဲချက်များ၊ တရားဝင်နှင့်တရားမဝင် လက်ဝါးကြီးအုပ်မှုကွာခြားချက်များနဲ့ Epic Games က Apple နှင့် Google အပေါ် တရားစွဲဆိုမှုတွေကို ဆွေးနွေးထားပါတယ်။ ဒါ့အပြင် Santa Rally နဲ့ Trump Rally အကြောင်း၊ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ကွယ်က အကြောင်းရင်းများ၊ တတိယကမ္ဘာစစ်ဖြစ်လာခဲ့ရင် Bitcoin ရှင်သန်နိုင်မလားဆိုတာနဲ့ Dogecoin နဲ့ Elon Musk အကြောင်း...

၂၀၀၈ ကမ္ဘာ့ငွေကြေးအကျပ်အတည်း နှင့် အိမ်ခြံမြေပူဖောင်းပွမှု | Market Inside Podcast 11 01.12.2024

ဒီအပတ် Market Inside Podcast မှာ ၂၀၀၈ ကမ္ဘာ့ငွေကြေးအကျပ်အတည်းရဲ့ အစပြုပုံ၊ CDO (Collateralized Debt Obligation) တွေရဲ့ အခန်းကဏ္ဍနဲ့ NINJA ချေးငွေတွေရဲ့ သက်ရောက်မှုတွေကို ဆွေးနွေးထားပါတယ်။ အဆင့်သတ်မှတ်ပေးတဲ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ အမေရိကန်စီးပွားရေးကျဆင်းမှုသံသရာ၊ ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုတွေကိုလည်း လေ့လာသုံးသပ်ထားပါတယ်။ ဒါ့အပြင် စီးပွားရေးပူဖောင်းပွမှု ပေါက်ကွဲခြင်း၊ ဘဏ္ဍာရေးလှုံ့ဆော်မှု၊ ငွ...

ဝါသနာကို အသက်မွေးဝမ်းကျောင်းဖြစ်အောင် | Toetat Podcast X Aung Chan Thar | Episode 34 27.11.2024

ကျွန်တော်တို့ ဒီအပတ် တိုးတက် podcast episode မှာ ဓာတ်ပုံအနုပညာကိုချစ်မြတ်နိုးပြီး ဝါသနာကိုအသက်မွေးဝမ်းကြောင်းအဖြစ် အောင်မြင်စွာပြောင်းလဲနိုင်ခဲ့တဲ့ Myanmar Photographer Academy ရဲ့ တည်ထောင်သူ ကိုအောင်ချမ်းသာရဲ့ အတွေ့အကြုံနဲ့ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့အကြံပြုချက်များကို ဆွေးနွေးထားပါတယ်။ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ခရီးလမ်းကနေ လူငယ်တွေအတွက် စိတ်ဝင်စားဖွယ် သင်ခန်းစာတွေရနိုင်မှာ ဖြစ...

အောင်မြင်တဲ့ YouTuber တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ | TOETAT Podcast X @PaingSharing | Episode 33 27.11.2024

ဒီတစ်ပတ် တိုးတတ်မှာ အောင်မြင်တဲ့ Content Creator Ko Paing Sharing နဲ့အတူ YouTube လောကအကြောင်း၊ အရည်အသွေးမြင့် content ဖန်တီးနည်းတွေကို ဆွေးနွေးထားပါတယ်။ Purple Cow Theory နဲ့ Ever Green Content အကြောင်း၊ မြန်မာနိုင်ငံရဲ့ YouTube လောကအခြေအနေတွေကို နက်နက်နဲနဲ လေ့လာထားပါတယ်။ Content Creator တစ်ယောက်အနေနဲ့ ထားရှိသင့်တဲ့ mindset၊ negative comments တွေကို ကိုင်တွယ်နည်း နဲ့ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ အက...

၂၀၂၄ နိုဘယ်ဆုများအကြောင်း | Market Inside Podcast Episode 10 02.11.2024

ဒီအပတ် Market Inside Podcast မှာ ၂၀၂၄ နိုဘယ်ဆုရရှိသူများနဲ့ ၎င်းတို့ရဲ့ လုပ်ဆောင်ချက်များအကြောင်း၊ တောင်ကိုရီးယားစာရေးဆရာမ Han Kang ရဲ့ သမိုင်းဝင်ဒဏ်ရာများအကြောင်း၊ ဂျပန်နိုင်ငံက အနုမြူဗုံးကျန်ရစ်သူများအဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆုရရှိမှုနဲ့ နျူကလီးယားစွမ်းအင်အကြောင်း ဆွေးနွေးထားပါတယ်။ ထို့အပြင် ဇီဝနည်းပညာ၊ ဂျင်းဖြတ်တောက်ခြင်းနဲ့ ဆေးဝါးဆိုင်ရာတိုးတက်မှုများအပြင် စင်္ကာပူအိမ်ရာပုံစံနဲ့ တရုတ်-အာဂျင်တီးန...

စကားလုံးများ၏ နောက်ကွယ် | TOETAT Podcast Episode 32 01.11.2024

ဒီတစ်ပတ် တိုးတတ်မှာ စကားလုံးတွေရဲ့ စွမ်းအားနဲ့ အဓိပ္ပာယ်အမျိုးမျိုးအကြောင်း နက်နက်နဲနဲ ဆွေးနွေးထားပါတယ်။ ကိုယ့်ရဲ့ပြောစကားအပေါ် တာဝန်ယူတတ်ဖို့၊ ပတ်ဝန်းကျင်ရဲ့ အကြံပေးစကားတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေနဲ့အတူ "အလုပ်လုပ်ပြီး အရမ်းမတွေးဖို့" နဲ့ Backup Plan ထားရှိရေးတို့ကိုလည်း ဆွေးနွေးထားပါတယ်။ 0:00 - Intro 03:31 - စကားလုံးတွေရဲ့အဓိပ္ပာယ် 04:00 - အပ...

တရုတ်စီးပွားရေးအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအလားအလာနှင့် Open AI ၏အနာဂတ် | Market Inside Podcast 9 01.11.2024

ဒီအပတ် Market Inside Podcast မှာ တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်၊ ငွေဖောင်းပွမှုလျှော့ကျခြင်းနဲ့ အနောက်နိုင်ငံမီဒီယာများရဲ့ တရုတ်အပေါ်သုံးသပ်ချက်တွေကို ဆွေးနွေးထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံသင့်မသင့်၊ တရုတ်ဗဟိုစီမံကိန်းရေးဆွဲမှုစနစ်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုအကြောင်းတွေကိုလည်း လေ့လာသုံးသပ်ထားပါတယ်။ နောက်ဆုံးအနေနဲ့ Open AI ကုမ္ပဏီရဲ့ အမြတ်အစွန်းရည်ရွယ်ချက်ပြောင်းလ...

မြန်မာ Creative လောကရဲ့ အနာဂတ် | TOETAT Podcast X MM Project | Episode 31 31.10.2024

ဒီတစ်ပတ် တိုးတတ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး မာလ်တီမီဒီယာဒီဇိုင်းသင်တန်းကျောင်း MM Project ရဲ့ တည်ထောင်သူ ကိုသန့်နောင်စိုး နဲ့အတူ မြန်မာ့ Creative လောကအကြောင်း၊ စွန့်ဦးတီထွင်မှုခရီးလမ်းနဲ့ ခေါင်းဆောင်မှုအတွေးအမြင်တွေကို ဆွေးနွေးထားပါတယ်။ Brand တစ်ခု တည်ဆောက်ပုံ၊ လုပ်ငန်းစတင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများနဲ့ ဖြေရှင်းနည်းတွေကို မျှဝေထားပါတယ်။ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ အကြံဉာဏ်တွေနဲ့ Burn Out မ...

လူမှုကွန်ရက်၏ နှစ်မျက်နှာ | Toetat Podcast Episode 30 10.10.2024

ဒီတစ်ပတ် တိုးတတ်မှာ လူမှုကွန်ရက်မီဒီယာရဲ့ သက်ရောက်မှုတွေအကြောင်း အသေးစိတ်ဆွေးနွေးထားပါတယ်။ Facebook စတဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့အတူ မြန်မာလူငယ်တွေအပေါ် ဘယ်လိုလွှမ်းမိုးနေသလဲဆိုတာကို ဆန်းစစ်ထားပါတယ်။ ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ algorithm တွေရဲ့ လွှမ်းမိုးမှု၊ နဲ့ လူမှုကွန်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးထားပါတယ်။ - 00:00 - Intro - 3:05 - Social M...

Harris-Trump အငြင်းပွားမှု၊ အမေရိကန်၏ ထရီလီယံချီအကြွေးနှင့် တရုတ်၏ ပြဿနာ | Market Inside Podcast 8 10.10.2024

ဒီအပတ် Market Inside Podcast မှာ Harris-Trump သမ္မတလောင်းနှစ်ဦးရဲ့ အငြင်းပွားမှု၊ Elon Musk နဲ့ Trump ဆက်ဆံရေး၊ နိုင်ငံရေးပြန်လည်တုံ့ပြန်မှုများအကြောင်း ဆွေးနွေးထားပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ဒေါ်လာ 175 ထရီလီယံပြဿနာ၊ ဖွံ့ဖြိုးမှုနိမ့်ပါးတဲ့နိုင်ငံတွေရဲ့ အခွင့်အလမ်းများ၊ တရုတ်နိုင်ငံမှာ startup လုပ်ငန်းများ နည်းပါးနေမှုနဲ့ တရုတ်စီးပွားရေးရဲ့ ခံနိုင်ရည်ရှိမှုအကြောင်းတွေကိုပါ လေ့လာဆန်းစစ်ထားပါတယ်။ ကမ...

နိုင်ငံတကာဆင်ဆာ၊ Data Center လုပ်ငန်းများနှင့် AI ကိုအထင်ကြီးလွန်းခြင်း | Market Inside Podcast 7 10.09.2024

ဒီအပတ် Market Inside Podcast episode မှာ တယ်လီဂရမ်တည်ထောင်သူ ဖမ်းဆီးခံရမှုကနေ X ပိတ်ပင်ခံရတဲ့ကိစ္စအထိ၊ ဒေတာစင်တာလုပ်ငန်းတွေကနေ AI ရဲ့အနာဂတ်အထိ ဆွေးနွေးထားပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လုံခြုံရေးကြားက ဟန်ချက်ညီမှု၊ AI ခေတ်ရဲ့ စိန်ခေါ်မှုတွေအကြောင်း ဘယ်လိုမြင်ကြသလဲဆိုတာ နားဆင်ကြည့်ရအောင်။ 00:00 Intro 1:13 Start 3:12 Westernization 4:35 Telegram Founder အဖမ်းခံရမှု နဲ့ ပတ...

ဝါရင်ဘက်ဖက်၏ ၁၈၀ ဒေါ်လာဘီလီယံ ၊ ဂျပန်လူဦးရေပြဿနာနှင့် စစ်ပွဲမှနည်းပညာတီထွင်မှုများ | Market Inside 5 10.09.2024

ဒီတပတ် Market Inside Podcast Episode မှာ ဝါရင်ဘက်ဖက်ရဲ့ ဒေါ်လာဘီလီယံ ၁၈၀ ကျော် ပိုင်ဆိုင်မှုကနေ ဂျပန်စီးပွားရေးပြောင်းလဲမှု၊ နည်းပညာရင်းနှီးမြှုပ်နှံမှုပုံစံသစ်တွေအကြောင်း ဆွေးနွေးထားပါတယ်။ ဒါ့အပြင် ကမ္ဘာစစ်ဖြစ်နိုင်ခြေနဲ့ စစ်ပွဲကနေ ပေါ်ထွက်လာတဲ့ နည်းပညာတီထွင်မှုတွေအကြောင်းကိုပါ သုံးသပ်ထားတာကို နားဆင်ကြည့်လိုက်ကြပါစို့။ 00:00 Intro 1:17 Warren Buffett က 189 billion dollar ပေါ်မှာထိုင်ထားတယ် 2:33 J...

ကြယ်တွေကြားက ပါဝါပြိုင်ပွဲ | ကမ္ဘာ့စစ်တုရင် - 5 10.09.2024

ကမ္ဘာ့စစ်တုရင် အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီအပိုင်း(၅)မှာ လက်ရှိကမ္ဘာ့နိုင်ငံရေးပြိုင်ဆိုင်မှုတွေဟာ အာကာသအထိ ရောက်ရှိလာပုံကို ဆွေးနွေးထားပါတယ်။ ကမ္ဘာပေါ်က ပြိုင်ဆိုင်မှုတွေ ဘယ်လိုအာကာသထဲအထိ ရောက်လာသလဲ၊ ဒါက ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကို လေ့လာကြည့်ရအောင်။ -------------------------------------------------------------------------------------------------------------...

ခေတ်သစ် Content Creator တစ်ဦး၏လျှို့ဝှက်ချက်များ | TOETAT Podcast x Der Kie Vlogs | Episode 29 10.09.2024

ဒီတစ်ပတ် တိုးတတ် podcast episode မှာ အောင်မြင်တဲ့ Content Creator Ko Der Kie နဲ့အတူ သူ့ရဲ့ ဘဝခရီးလမ်း၊ အတွေးအမြင်များနဲ့ အတွေ့အကြုံတွေကို ဆွေးနွေးထားပါတယ်။ Content Creator တစ်ယောက်ရဲ့ စိတ်ဓာတ်၊ ဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားပုံ၊ နဲ့ ကိုယ်တိုင်လေ့လာခြင်းရဲ့ အရေးပါပုံတွေကို ဆွေးနွေးထားပါတယ်။ ခေတ်သစ်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုများ၊ ပညာရေးရဲ့ အခန်းကဏ္ဍ၊ နဲ့ အောင်မြင်မှုအတွက် focus ရဲ့...

လူငယ်တစ်ယောက်ရဲ့ အိမ်မက် | TOETAT Podcast x D Kar Bo | Episode 28 10.09.2024

ဒီတစ်ပတ် တိုးတတ် episode မှာ content creator စားဖိုမှူး ကိုဒီကာ နဲ့အတူ သူ့ရဲ့နေ့စဉ်ဘဝ၊ အလုပ်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေ၊ နဲ့ ဘဝသင်ခန်းစာတွေကို ဆွေးနွေးထားပါတယ်။ အလုပ်ကိုထိရောက်စွာလုပ်ကိုင်နည်း၊ burnout မဖြစ်အောင်နေထိုင်နည်း၊ နဲ့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ဖို့ အိပ်မက်တွေအကြောင်း ပါဝင်ပါတယ်။ စားဖိုမှူးဘဝကနေ လူမှုကွန်ရက်ပေါ်က content creator ဖြစ်လာပုံနဲ့ ဘဝမှာ consistent ဖြစ်အောင် နေထိုင်နည်းတွေကိုလည်း...

Michael Burry ၏ သတိပေးချက်၊ AGI ခေတ်၏ အလုပ်လက်မဲ့ပြဿနာနှင့် UBI အဖြေ | Market Inside Episode 5 27.08.2024

ဒီနေ့ Market Inside Podcast Episode မှာတော့ The Big Short ရုပ်ရှင်ရဲ့ သင်ခန်းစာတွေကနေ AI ကုမ္ပဏီတွေရဲ့ PE ratio တွေအကြောင်း၊ Sam Altman ရဲ့ ဒေါ်လာ ၇ ထရီလီယံတန် AGI စီမံကိန်းနဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေအကြောင်း ဆွေးနွေးသွားပါတယ်။ Michael Burry ရဲ့ စီးပွားရေးသတိပေးချက်တွေ၊ AGI ခေတ်မှာ ဖြစ်လာနိုင်တဲ့ အလုပ်လက်မဲ့ပြဿနာနဲ့ UBI လို ဖြေရှင်းချက်တွေကိုလည်း လေ့လာသုံးသပ်ထားပါတယ်။ နောက်ဆုံးအနေနဲ့ Sta...

ခေတ်သစ်လုပ်ငန်းခွင်နှင့် မြန်မာ Talent များ | TOETAT x Crosswork | Episode 27 25.08.2024

ဒီတစ်ပတ် တိုးတတ် episode မှာ HR ကျွမ်းကျင်သူ မ Christine Linn နဲ့အတူ Remote Working၊ HR နယ်ပယ်၊ နှင့် မြန်မာ Talent များအကြောင်း ဆွေးနွေးထားပါတယ်။ ဝန်ထမ်းရွေးချယ်ခြင်း၊ စွမ်းဆောင်ရည်ကောင်းမွန်သော ဝန်ထမ်းများ၏ လက္ခဏာများ၊ နှင့် AI ၏ လုပ်ငန်းခွင်အပေါ် သက်ရောက်မှုအကြောင်းတွေကိုလည်း ဆွေးနွေးထားပါတယ်။ ဒီနေ့ episode က HR နယ်ပယ်မှာ အလုပ်လုပ်နေသူများ၊ အလုပ်ရှာနေသူများ၊ နှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက...

၆ လအတွင်း သင်ယူခဲ့သမျှနှင့် ရှေ့ဆက်မည့်ခရီး | TOETAT Podcast Episode 26 25.08.2024

ဒီတစ်ပတ် တိုးတတ်မှာ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၆ လအတွင်း သင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အောင်မြင်မှုနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။ ကိုယ့်ဘဝရဲ့ Main Character ဖြစ်ခြင်း၊ မတူညီတဲ့အမြင်တွေအကြောင်း၊ Media ရဲ့ Power စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ နောက် ၆ လ ပန်းတိုင်တွေကို မျှဝေထားပါတယ်။ - 0:00 - Intro - 2:53 - 6 လအတွင်းမှာ ဘာတွေ သင်ယူခ...

ဆေးပညာကနေ နည်းပညာဆီသို့ | TOETAT podcast Episode 25 25.08.2024

ဒီနေ့ Toetat podcast episode မှာတော့ ဆေးပညာလောကကနေ ခေတ်ရှေ့ပြေးနည်းပညာလောကထဲသို ကိုငြိမ်းချမ်းကိုကိုရဲ့ စိတ်ဝင်စားဖွယ်ခရီးစဉ်ကို လိုက်ပါကျပါမယ်။ ဒီ episode မှာ စီးပွားရေးလုပ်ငန်းများအပေါ် AI ရဲ့သက်ရောက်မှု၊ လူသားနှင့် AI အပြန်အလှန်ဆက်ဆံမှုအနာဂတ်၊ နှင့် မြန်မာနိုင်ငံမှာ နည်းပညာတိုးတက်မှုအလားအလာတွေကို နက်နက်နဲနဲ ဆွေးနွေးထားပါတယ်။ - 0:00 Intro - 01:37 - ဆေးလောကကနေ နည်းပညာလောကထဲ ဘယ်လိုရောက်လာတာလဲ? - 0...

ထရမ့်တိုက်ခိုက်မှု၊ တရုတ်အမေရိကန် AI ပြိုင်ဆိုင်မှုနှင့် 1997 အာရှငွေကြေးအကျပ်အတည်း| Market Inside 4 05.08.2024

Market Inside Podcast သည် ကမ္ဘာတလွှားဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး နှင့် နည်းပညာနယ်ပယ်ဆိုင်ရာ ထိပ်တန်းအကြောင်းအရာများကို ကျွမ်းကျင်သူတွေရဲ့ အမြင်နဲ့ ပေါင်းစပ်တင်ဆက်ပေးနေတဲ့ Build Myanmar - Media မှထုတ်လွှင့်သော program တစ်ခုဖြစ်ပါတယ်။ Build Myanmar-Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook    / buildmyanmar   📌YouTube     / @buildmyanmar...

အမေရိကန်ရွေးကောက်ပွဲ၊ AI model အသစ်များ နှင့် ကမ္ဘာ့စီးပွားရေး | Market Inside Podcast Episode 3 05.08.2024

Market Inside Podcast သည် ကမ္ဘာတလွှားဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး နှင့် နည်းပညာနယ်ပယ်ဆိုင်ရာ ထိပ်တန်းအကြောင်းအရာများကို ကျွမ်းကျင်သူတွေရဲ့ အမြင်နဲ့ ပေါင်းစပ်တင်ဆက်ပေးနေတဲ့ Build Myanmar - Media မှထုတ်လွှင့်သော program တစ်ခုဖြစ်ပါတယ်။ Build Myanmar-Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook    / buildmyanmar   📌YouTube     / @buildmyanmar...

အောင်မြင်တဲ့ Brand တစ်ခုနောက်ကွယ် | TOETAT Podcast x Burmese Hype | Episode 24 05.08.2024

ဒီနေ့ တိုးတက် episode မှာ မြန်မာ့ STREETWEAR CULTURE ထဲက ကိုယ်ပိုင် Brand တစ်ခုပိုင်ဆိုင်နေတဲ့ လူငယ်တစ်ယောက်နဲ့ စကားလက်ဆုံပြောသွားမှာပါ။ မြန်မာနိုင်ငံမှာ STREETWEAR CULTURE ကို လူတွေစိတ်ဝင်စားအောင် ကြိုးစားလုပ်ဆောင်နေတဲ့သူ၊ ကိုယ်ပိုင် Burmese Hype ဆိုတဲ့ Local Brand တစ်ခုကို တည်ဆောက်ထားသူ။ သူကတော့ ကိုမင်းသက်စံပါ။ ကိုမင်းသက်စံအနေနဲ့ ကိုယ်ပိုင် Brand တစ်ခုကိုဘယ်လိုတည်ဆောက်ခဲ့လဲ။ ဘာတွေကို ကျော်ဖြတ်ခဲ...

ပျောက်ဆုံးနေသောပညာရေးစနစ် | TOETAT Episode 23 07.07.2024

ဒီနေ့ တိုးတက်အစီအစဉ်မှာတော့ ပညာရေးလောကထဲက လူငယ်တွေ ကြုံတွေ့နေရတာတွေကို မျှဝေပေးလိုက်ပါတယ်။ အထူးသဖြင့်တော့ မြန်မာ့ပညာရေးလောကထဲက ကျူရှင်တွေရဲ့ ရပ်တည်မှု၊ ဘွဲ့တွေက လက်တွေ့မှာ အသုံးဝင်မှုရှိမရှိ၊ မြန်မာ့ပညာရေးမှာ ဘယ်အရာတွေက အချိန်ဖြုန်းနေတာလဲ။ စာမေးပွဲစနစ်ကရော ရှိသင့်သေးရဲ့လားဆိုတာတွေကို ဆွေးနွေးထားတာဖြစ်ပါတယ်။ 0:00 Intro 2:24 ကျူရှင်တက်ရတဲ့ ရည်ရွယ်ချက် 14:06 ကျူရှင်တွေတက်နေရင် ဘာလို့ကျောင်းက လိုနေအုံ...

ကမ္ဘာ့အကြီးဆုံးကုမ္ပဏီတွေထဲဝင်ချင်ရင် ဘာစလုပ်ရမလဲ | TOETAT x Life of Lynn | Episode 22 07.07.2024

Data ကို ပိုင်စိုးတဲ့သူဟာ ကမ္ဘာကြီးကို ပိုင်စိုးတဲ့သူဆိုပြီး ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari က 21 Lessons for the 21st Century ဆိုတဲ့စာအုပ်မှာ ပြောဖူးပါတယ်။ ဟုတ်ပါတယ်။ ပိုပြီးထူးခြားတာက ဒေတာတွေအပေါ် ရူးသွပ်လွန်းလို့ ကမ္ဘာကျော် Tesla ကုမ္ပဏီရောက်သွားတဲ့ မြန်မာလူငယ်တစ်ယောက်က သူ့အတွေ့အကြုံတွေကို မျှဝေသွားမှာပါ။ ပြီးတော့ ဒေတာတွေက ဘယ်လိုအသုံးဝင်တာလဲ။ Data ရဲ့ဆိုးကျိုးဆိုတာရော ရှိလား။ Data တွေနဲ့ က...

Listen to the Build Myanmar - Media podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.