Hope For Youth (WOH-LHM)

Behold Your King! (Lenten Devotion 2026)

Religion MY ↓ 48 episodes

“သင်တို၏ဘုရင်ကိုကြည့်လော့” Behold Your King! Lenten Devotion (ခရစ်ယာန်တို၏ ဝါတွင်းအချိန်အခါ ဆင်ခြင်ခွန်အားယူစရာ ဘုရားသခင်သည် လောကသားတိုကို ချစ်လွန်းသဖြင့် အပြစ်မှရွေးနှုတ်ရန် သားတော်ယေရှုကို စေလွှတ်ခဲ့သည်။ သိုသော် ကိုယ်တော်သည် လူသားတို၏ငြင်းပယ် ခြင်း၊ ကဲ့ရဲ့ခြင်းနှင့် အရှက်ခွဲခြင်းတိုကိုခံကာ ကျွန်ုပ်တိုကိုယ်စား ကားတိုင်ထက်၌ အသက်စွန့်ခဲ့သည်။ အပြစ်စီရင်ခြင်းခံရသူအဖြစ် လူအများ ထင်မှတ်ခဲ့သော်လည်း၊ ကိုယ်တော်သည် အမှန်တကယ်တွင် ကျွန်ုပ်တိုကို အပြစ်မှလွတ်မြောက်စေရန် လူ့ဇာတိခံယူ၍ ကြွလာသော ဘုရင်မြတ်ဖြစ်ပါသည်။ လူသားတိုအတွက် အသက်ကိုပင် စွန့်လွှတ်ခဲ့ခြင်းမှာ ဘုရားသခင်၏အတိုင်းအဆမရှိသော မေတ္တာတော်ပင် ဖြစ်ပါသည...

Author

Hope For Youth (WOH-LHM)

Category

Religion

Podcast website

www.spreaker.com

Latest episode

Apr 6, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

6th April_Lenten Devotions 2026 _ WOH 06.04.2026

သက်ဝင်လှုပ်ရှားမှု။ အီစတာတနင်္လာနေ့၊ ဧပြီလ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတိုကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တိုသည် စည်းဝေးကြသောအရပ်သို ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တိုသည် သခင်ကိုမြင်လျှင် ဝမ်းမြော...

5th April_Lenten Devotions 2026 _ WOH 05.04.2026

တစ်ဦးတည်းသော အရေးပါသူ။ အီစတာတနင်္ဂနွေနေ့၊ ဧပြီလ ၅ ရက်၊ ၂၀၂၆ခုနှစ်။ ကျမ်းချက်။ ။မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို ကြည့်လျှင်ကောင်းကင်တမန်နှစ်ပါးတိုသည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကိုမြင်လေ၏။ ထိုသူတိုက၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘ...

4th April_Lenten Devotions 2026 _ WOH 04.04.2026

မေတ္တာလက်ဆောင်။ သန့်ရှင်းသောစနေနေ့၊ ဧပြီလ ၄ ရက်၊ ၂၀၂၆ခုနှစ်။ ကျမ်းချက်။ ။ ထိုနောက်မှ အရိမသဲမြိုသားယောသပ်သည် ယုဒလူတိုကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသိုဝင်၍ ယေရှု ၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ အထက်က ညအခါ ယေရှုထံသိုလာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပေါင်းကို ဆောင်လျက်လာ၏။ ထိုသူတိုသည် ယေရှု၏အလောင်းတော်...

3rd April_Lenten Devotions 2026 _ WOH 03.04.2026

မေတ္တာဇာတ်လမ်း။ မဟာသောကြာနေ့၊ ဧပြီလ ၃ ရက်၊ ၂၀၂၆ခုနှစ်။ ကျမ်းချက်။ ။ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ နေအရောင် ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အို အဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။(ရှင်လုကာ ၂၃:...

2nd April_Lenten Devotions 2026 _ WOH 02.04.2026

တို့ထိနိုင်သော။ သန့်ရှင်းသောကြာသပတေးနေ့၊ ဧပြီလ ၂ ရက်၊ ၂၀၂၆ ခုနှစ် ကျမ်းချက်။ ။ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တိုအား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတိုအားပေးတော်မူ၍ သင်တိုရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို၏အပြစ်...

1st April_Lenten Devotions 2026 _ WOH 01.04.2026

အမှုပြီးပြီ။ ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ (ရှင်ယောဟန် ၁၉:၃၀) မည်သည့်အမှုပြီးမြောက်သွားသနည်း။။ အထင်ရှားဆုံးမှာ သခင်ယေရှု၏ဒုက္ခဝေဒနာများ ပြီးဆုံးသွားပြီ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ထံသူ၏ ဝိ ညာဉ်ကို အပ်နှံပြီး အသက်စွန့်တော်မူသည်။ သိုရာတွင် သခင်ယေရှုသည် ထိုအမှုအရာ...

31st March_Lenten Devotions 2026 _ WOH 31.03.2026

ပုံးရည် အင်္ဂါနေ့၊ မတ်လ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတိုသည် ရေမှိတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သိုကပ်ထားကြ၏။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊အမှုပြီးပြီဟု မိန့်တော်မူ၏။(ရှင်ယောဟန် ၁၉:၂၈-...

30th March_Lenten Devotions 2026 _ WOH 30.03.2026

မှောင်မိုက် တနင်္လာနေ့၊ မတ်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။ (ရှင်မဿဲ ၂၇: ၄၅-၄၆) သခင်ယေရှုမှ ဘုရားသခင်ကို “အကျွန်ုပ်ဘုရား...

29th March_Lenten Devotions 2026 _ WOH 29.03.2026

နောက်ဆုံးဖွင့်ပြသောသမ္မာတရား သဲလွင်ခက်တနင်္ဂနွေနေ့၊ မတ်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ မြည်းကျောပေါ်မှာ မိမိတိုအဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။ ခရီးသွားတော်မူစဉ်တွင် လူများတိုသည် မိမိတို အဝတ်ကို လမ်း၌ခင်းကြ၏။ တပည့်တော်များအပေါင်းတိုသည် မိမိတိုမြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလ...

28th March_Lenten Devotions 2026 _ WOH 28.03.2026

မည်သည့်အခါမျှ လက်လှမ်း၍မမီသော။ စနေနေ့၊ မတ်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတိုကိုလည်းကောင်း၊ ကယ်တင်လော့ဟုကိုယ်တော်ကိုကဲ့ရဲ့၍ဆိုလေ၏။တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတိုသည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ...

27th March_Lenten Devotions 2026 _ WOH 27.03.2026

နောက်ဆုံးစိုးရိမ်မှုများ။ သောကြာနေ့၊ မတ်လ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။စစ်သူရဲတိုသည် ထိုသိုပြုကြ၏။ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတိုသည် ရပ်နေကြ၏။ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊ တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟ...

26th March_Lenten Devotions 2026 _ WOH 26.03.2026

ဘုန်းတန်ခိုးလား သိုမဟုတ် အားနည်းချက်လား။ ကြာသပတေးနေ့၊ မတ်လ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။လမ်းမှာ သွားလာသောသူတိုကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့။ ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတိုခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတိုက၊ ဤသူသည် သူတစ်ပါးတိုကို ကယ်တင်...

25th March_Lenten Devotions 2026 _ WOH 25.03.2026

သခင်ယေရှု၏အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။ ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။လူများတိုသည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ (ရှင်လုကာ ၂၃:၃၄ခ-၃၅က) လူတိုကွယ်လွန်သွားသည့်အခါ ထိုသူ၏အမွေကို တာဝန်ယူဖြေရှင်းပေးသူတစ်ယောက်ရှိမြဲဖြစ်သည်။ သေတမ်းစာရှိပါက ကွယ်လွန်သွားသူ၏ ညွှန်ကြား ချက်များကို လိုက်နာကြပြီး ထိုကွယ်လွန်သူ၏ အမွေဆက်ခံမည့်သူများ သိုမဟုတ် သူမ သည် ကွယ...

24th March_Lenten Devotions 2026 _ WOH 24.03.2026

တော်ဝင်တရားခုံရုံး အင်္ဂါနေ့၊ မတ်လ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တိုကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။ကရာနိအမည်ရှိသောအရပ်သို ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတိုကို လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ယေရှုကလည်း၊ အို အဘ၊ သူတို၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတိုသည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။(ရှင်လုက...

23rd March_Lenten Devotions 2026 _ WOH 23.03.2026

ဂရုစိုက်ပေးဆပ်သူ။ တနင်္လာနေ့၊ မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် ၊။ ကျမ်းချက်။ ။ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို ရောက်ကြသော်၊ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တိုကို စာရေးတံချ၍ ဝေဖန်ကြ၏။(ရှင်မဿဲ ၂၇:၃၃-၃၅) သခင်ယေရှုသည် ဆေးခါးနှင့်ရောထားသော ပုံးရည်ကို မသောက်ပါ...

22nd March_Lenten Devotions 2026 _ WOH 22.03.2026

စိုးရိမ်၍ဂရုစိုက်ပေးခြင်း။ တနင်္ဂနွေနေ့၊ မတ်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် ကျမ်းချက်။ ။ နောက်တော်၌ လိုက်သောလူများအပေါင်းတိုတွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချိုပါ၏။ထိုသူတိုကိုယေရှုသည်လှည့်ကြည့်၍၊ ယေရုရှလင်မြိုသမီးတို၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတိုနှင့် မိမိတိုသားများကြောင့် ငိုကြွေးကြလော့။ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစိုဖူးသော သားမြတ...

21st March_Lenten Devotions 2026 _ WOH 21.03.2026

သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းပိုးခြင်း။ စနေနေ့၊ မတ်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှ လာသည်ကို သူတိုသည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ (ရှင်လုကာ ၂၃:၂၆) အထက်ပါ အဖြစ်၏နောက်တွင် သခင်ယေရှုသည် ကြီးစွာသောအခြေအနေထဲသို သက်ဆင်းရ၏။ ဗုဒ္ဓ ဟူးနေ့ညမှစ၍ အိပ်ပျော်တော်မမူ ကြာသပတေးနေ့ ပသခါညစာစားစဥ်၌လည်း...

20th March_Lenten Devotions 2026 _ WOH 20.03.2026

သည်းခံနိုင်စွမ်း။ သောကြာနေ့၊ မတ်လ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ထိုအခါ မြိုဝန်မင်း၏ စစ်သူရဲတိုသည် ယေရှုကို အိမ်တော်ဦးသို ဆောင်သွား၍ စစ်သူရဲတစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊ အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။ ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိ...

19th March_Lenten Devotions 2026 _ WOH 19.03.2026

ပြကွက်နှင့် လက်တွေ့ ကြာသပတေးနေ့၊ မတ်လ ၁၉ ရက်၊၂၀၂၆ခုနှစ်။ ကျမ်းချက်။ ။ပိလတ်မင်းသည် မိမိမနိုင် လူများသာ ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း ၏။ ဤအမှုကို သင်တို ကြည့်ကြလော့ဟု ဆို၏။ထိုလူအပေါင်းတိုက သူ၏အသွေးသည် ငါတို၏ ခေါင်းပေါ်၌လည်းကောင်း သားမြေးတိုခေါင်းပေါ်၌လည်း ကောင်း တည်ရှိပါစေဟု ပြန်ပြောကြ၏။ ပိလတ်မင်းသည်လည်...

18th March_Lenten Devotions 2026 _ WOH 18.03.2026

ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိ။ ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတိုကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သိုထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝ...

17th March_Lenten Devotions 2026 _ WOH 17.03.2026

မည်သူ့ကို ရုံးတင်စစ်ဆေးနေသနည်း။ အင်္ဂါနေ့၊ မတ်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် ကျမ်းချက်။ ။ယဇ်ပုရောဟိတ်အကြီးတိုနှင့် လုလင်များတိုက၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ဘုရားသခင်၏သားတော် ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို၌ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို ဝင်ပြန်၍၊ ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော...

16th March_Lenten Devotions 2026 _ WOH 16.03.2026

" ထိုသူကိုကြည့်ကြလော့" တနင်္လာနေ့၊ မတ်လ ၁၆ ရက်၊ ၂၀၂၆ခုနှစ်။ ကျမ်းချက်။ ။ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊ စစ်သူရဲတိုသည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေပြီးလျှင် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တိုသိစေခြင်းငှာ၊ သူ့ကို သင်တိုရှိရာသို ငါထုတ်ပြသည်ဟု ဆို၏။ ထိုအခ...

15th March_Lenten Devotions 2026 _ WOH 15.03.2026

ဤရည်ရွယ်ချက်အတွက်သာ။ တနင်္ဂနွေနေ့၊ မတ်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ ပိလတ်မင်းသည် အိမ်တော်ဦးထဲသို တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။ ယေရှုကလည်း၊မင်းကြီးသည်ကိုယ်အလိုအ လျောက် ဤသိုမေးသလော၊ သိုမဟုတ် သူတစ် ပါးတိုသည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။ ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတိုသည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘ...

14th March_Lenten Devotions 2026 _ WOH 14.03.2026

လှည့်ကွက်။ စနေနေ့၊ မတ်လ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို၌ ရှိသတည်း။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။ ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော်မမူ။ဟေရုဒ်မင်းသည် စစ်သူရဲတို...

13th March_Lenten Devotions 2026 _ WOH 13.03.2026

ကျွန်ုပ်တိုအားလုံး။ သောကြာနေ့၊ မတ်လ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတိုသည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတိုနှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို ဆောင်သွား၍ အပ်လိုက်ကြ၏။ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။ ယဇ်ပုရောဟိတ်အကြီးတိုသည်...

Listen to the Behold Your King! (Lenten Devotion 2026) podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.