Burma Podcast Network
90 Minutes with Ye Aung Thu
အခု Podcast မှာတော့ နားထောင်သူဟာ ဓာတ်ပုံတစ်ပုံရဲ့ သမိုင်းကိုပြောမှု၊ စစ်ဒဏ်သင့် အရပ်က လူငယ်တွေရဲ့ ကြိုးပမ်းနေမှုတွေ၊ အလင်း/အမှောင်ဆန်တဲ့ တော်လှန်ရေးထဲက ဘဝတွေကို မှတ်တမ်းယူရင်း ကြုံတွေ့ခံစားရတဲ့ သတင်းဓာတ်ပုံသမားတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ကြားသိခွင့်ရမှာဖြစ်ပါတယ်။နာဂစ်မုန်တိုင်း အချိန်ကာလ စစ်တပ်ရဲ့ ဖွက်ထားတဲ့ မြေပြင်က ဖြစ်စဥ်တွေကို ဓာတ်ပုံခိုးရိုက်ခဲ့တဲ့ ကိုရဲအောင်သူဟာ အခု ၂၀၂၅ မှာ ဂုဏ်သိက္ခာကြီးမားသော World Press ရဲ့ Photo Stories Award Winner ဆု အပါအဝင် အခြားသော ပြည်တွင်းပြည်ပ အသိမှတ်ပြုမှုတွေ အများကြီး ကိုရရှိခဲ့ပါတယ်။
Be sure to visit the podcast's website and support the creator: linktr.ee
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
EP 003: အသက်ဓါတ်နဲ့ရင်းရတဲ့အခါ 05.07.2025 35:28
အတွဲလိုက်ထုတ်တဲ့ စာအုပ်တွေလို ခေါင်းစဉ်တပ်ရမယ်ဆိုရင်တော့ ဒီအပိုင်းဟာ 90 Minutes with Ye Aung Thu Podcast ရဲ့ တတိယပိုင်း (ဇာတ်သိမ်း) ပေါ့။ ဒီအစီအစဉ်ကို စပြီးပူးပေါင်းဆောင်ရွက်ကြကတည်းက ကိုယ်သိတာ၊ မသိတာ၊ မရှင်းတာတွေ အကုန်ရောမေးကြ၊ ကိုရဲအောင်သူက စိတ်ရှည်ရှည်နဲ့ ဖြေပေးရင်း အပိုင်းသုံးပိုင်းစာထိ ချဲ့ထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီ့အတွက် နားဆင်ကြသူတွေအဖို့ အများကြီးအကျိုးပွားမယ်၊ ကျေလည်းကျေနပ်ကြမယ်လို့ BPN...
EP 002: ဓါတ်ဆရာပေးတဲ့ အိမ်စာများ 31.05.2025 23:54
90 mins with Ye Aung Thu ဒုတိယပိုင်း လာပါပြီ။ မျှော်ရကျိုးနပ်တဲ့ အပိုင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဓာတ်ပုံဆရာလူငယ် ဘဝနဲ့ ရန်ကုန် ကြက်/ဘဲ စျေးထဲက ကြက်သားသည် ရေထိုးနေတာ ရိုက်မိလို့ အဖြဲခံရတာ၊ ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ ဓာတ်ပုံရိုက်တတ်ရုံနဲ့ မပြီးဘဲ ကစားနည်းမျိုးစုံရဲ့ စည်းကမ်းတွေ လိုက်လေ့လာရတာ၊ မြန်မာပြည်နိုင်ငံရေးမှာ ဓာတ်ဖမ်းဆရာတွေ ပါးရည်နပ်ရည်မရှိရင် အကွဲအပြဲထဲ ပဲလှော်ကြား ဆားညှပ်တတ်တဲ့ ကိစ္စတွေထိ ဆရ...
EP 001: ဓါတ်ပုံဆရာဘဝနောက်ခံ 26.04.2025 23:27
ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပြီဆိုရင် ကိုယ်က အဲ့ဓါတ်ပုံအပေါ် ဘယ်လိုသဘောနဲ့ရိုက်လဲ မေးခွန်းထုတ်ဖူးကြလား။ လူတွေရဲ့ အပြုအမူလေးတစ်ခုက ကမ္ဘာတည်မယ့် မှတ်တမ်းမျိုးလည်း မဖြစ်သွားနိုင်ဘူးလို့ ပြောလို့ရလား။ ကိုယ့်ဓါတ်ပုံကိုယ် ဘယ်လောက်စေတနာရှိလဲ၊ ရိုးသားမှုရှိလဲ...? အထက်ပါ မေးခွန်းတွေရဲ့ ဂယက်အနက်တွေအပြင် သတင်းမှတ်တမ်း ဓါတ်ပုံဆရာ ကိုရဲအောင်သူရဲ့ ဘဝအချိုးအဆစ်တချို့ကိုလည်း ဒီအစီအစဉ်မှာ ကြားသိကြရမှာ ဖြစ်ပါတယ်။ ဒီအစီ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.