Democratic Voice of Burma

DVB News

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Bezoek zeker de website van de podcast en steun de maker: burmese.dvb.no

Auteur

Democratic Voice of Burma

Categorie

News

Website van de podcast

burmese.dvb.no

Nieuwste aflevering

2 okt. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

DVB Newsbreak 5.5 (၉ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 09.08.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ ဒုသမ္မတ  ဦးဟင်နရီဗန်ထီးယူကို NLD က ထုတ်ပယ်လိုက်တဲ့သတင်း -အာဏာရှင်စနစ် ခုခံတော်လှန်ရေးမှာ  ဆက်လက်ပါဝင်ကြဖို့ (ကေအန်ပီပီ)က တိုက်တွန်းလိုက်တဲ့သတင်းနဲ့  -မြန်မာ့အရေး  မဖြေရှင်းနိုင်ပါက  အာဆီယံအဖွဲ့ကို ဝင်မှာမဟုတ်ဘူးလို့  အရှေ့တီမော ဝန်ကြီးချုပ်က ပြောလိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ။

DVB Newsbreak 5.5 (၈ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 08.08.2023

-အာဏာရှင်စနစ်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်နဲ့ အစားထိုးပြောင်းလဲရေး စုပေါင်း ကြိုးပမ်းကြရန် NUG က တိုက်တွန်းလိုက်တဲ့သတင်း  - ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုတွေကို  မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ ပြုလုပ်ခဲ့ကြတဲ့ သတင်းနဲ့  -ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ရေဘေးနဲ့ကြုံတွေ့နေတဲ့သတင်းတွေကို နားဆင်ရမှာပါ

ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၅ နှစ်ပြည့်မြောက်ခဲ့သော်လည်း တိုက်ပွဲဆင်နွှဲနေရဆဲ 08.08.2023

ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၅နှစ်ပြည့်မြောက်ခဲ့ပေမယ့် စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲကိုတော့ ခုချိန်ထိ ဆင်နွှဲနေရ ဆဲပါ။ နောက်ဆုံးတိုက်ပွဲလို့ မှတ်ယူထားကြတဲ့ ဒီနွေဉီးတော်လှန်ရေးမှာ ခေတ်အဆက်ဆက် မပြီးပြတ်ခဲ့တဲ့ ရည်မှန်းချ က်တွေအားလုံး မလွှဲမသွေရရှိလိမ့်မယ်လို့ ၈၈ မျိုးဆက်တွေက ယုံကြည်ထားကြပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါ တယ်။

DVB Newsbreak 5.5 (၇ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 07.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၇  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ ဗိုလ်ချုပ် ၄ ယောက် အပါအဝင် စစ်တပ်က အရာရှိ ၆၀ ကျော် အနားပေးခံရတဲ့သတင်း  ကရင်ပြည်နယ်မှာ ရေကြီးပြီး  လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက် နေတဲ့သတင်း  ရခိုင် စစ်ဘေးရှောင်စခန်းတချို့  ရေနစ်မြုပ်ပြီး စစ်ဘေးရှောင်မိသားစုတွေကို နေရာ ရွေ့ပြောင်း 

စစ်အာဏာသိမ်းသက်တမ်း ၆ လ ထပ်တိုး သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(05082023) 06.08.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်လျှော့ပေးမှု၊ စစ်အာဏာသိမ်း သက်တမ်းထပ်တိုးမှုနဲ့ အကျဉ်းသားများပြန်လွှတ်ပေးမှု စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Zara မြန်မာပြည်မှထွက်သွားသော်လည်း အလုပ်သမားများအပေါ် ထိခိုက်မှုမရှိဟုဆို 05.08.2023

ကမ္ဘာ့နာမည်ကျော် အမှတ်တံဆိပ် အဝတ်အထည်ချုပ်လုပ်ငန်းတွေ မြန်မာပြည်က ထွက်ခွာပေမဲ့ အထည်ချုပ်အလုပ်သမားတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။ လတ်တလော နာမည်ကြီး အဝတ်အထည်လုပ်ငန်း Zara အမှတ်တံဆိပ် အပါအဝင် ဂျာမန် အားကစား အဝတ်အထည်ကုမ္ပဏီ Jako တို့ဟာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အထည်အော်ဒါပေးတာ ရပ်ဆိုင်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ⁠htt...

DVB Newsbreak 5.5 ( ၄ ရက် ဩဂုတ် ၂၀၂၃၊ ညနေခင်းသတင်း) 04.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၄  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ အာဏာသိမ်း စစ်ကောင်စီက ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့သတင်း စစ်ကောင်စီဩဇာခံ ရန်ကုန်စည်ပင်ဝန်ထမ်း ၅၀ ခန့်ကို NUG အမည်ပျက်စာရင်းသွင်း တဲ့သတင်းနဲ့ ကရင်ပြည်နယ် ဘားအံနဲ့ မြဝတီမြို့တွေမှာ ရေကြီးရေလျှံတဲ့သတင်းတွေကို နားဆင်ရမှာပါ။ 

မုန်းမြို့နယ်တွင်းက စစ်ဘေးရှောင် ၆ သောင်းခန့် နေထိုင်စားသောက်ရေးခက်ခဲ 04.08.2023

ပဲခူးတိုင်း၊  မုန်းမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေပြီး ကျေးရွာတွေအတွင်းကို နေ့ည လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ သောင်းနီးပါးဟာ နေရပ်မပြန်ရဲ သေးပဲ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းကို အောင်ခန့်ပေး ပို့ထားပါတယ်။

DVB Newsbreak 5.5 ( ၃ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 03.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၃  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -၂ ပတ်အတွင်း လူ ၂၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၁ ဒသမ ၉ သန်းကျော်လာတဲ့သတင်း - စစ်ကောင်စီက တရားသူကြီးချုပ်နဲ့ ဝန်ကြီးတချို့အပါအဝင် ထိပ်ပိုင်းအရာရှိတချို့ကို အနားပေးပြီး၊ ကောင်စီသစ်ပြန်လည်ဖွဲ့စည်းတဲ့သတင်းနဲ့ - ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ကနိုင်...

DVB Newsbreak 5.5 ( ၂ ရက် ဩဂုတ် ၂၀၂၃၊ ညနေခင်းသတင်း) 02.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတတို့အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့ NUG တောင်းဆိုလိုက်တဲ့သတင်း  -စစ်တပ် အာဏာသိမ်းသက်တမ်းထပ်တိုးမှုအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်ကြောင်း ထုတ်ပြန်လိုက်တဲ့သတင်း  - စစ်ကောင်စီက  ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဖွဲ့စည...

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတတို့ကို ပြစ်ဒဏ်တချို့ လျော့ပေါ့ပေးတဲ့အပေါ် ကျေးဇူးတင်စရာမရှိဟု NUG ပြော 02.08.2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဉီးဝင်းမြင့်တို့ဟာ မတရားဖမ်းဆီး ထောင်ချခံ ထားရတာ ဖြစ်လို့ စစ်ကောင်စီက ပြစ်ဒဏ်တချို့ လျော့ပေါ့ပေးတဲ့အပေါ် ကျေးဇူးတင်စရာမရှိဘူးလို့ NUG ဘက်က တုံ့ပြန်ပါတယ်။ ဒါဟာ နိုင်ငံတကာနဲ့ လူထုအမြင် ဝေဝါးအောင်လုပ်တဲ့ နိုင်ငံရေးအမြတ်ထုတ်မှုလို့ ဝေဖန်ပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။

DVB Newsbreak 5.5 ( ၁ ရက် ဩဂုတ် ၂၀၂၃၊ ညနေခင်းသတင်း) 01.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် ၂ ဦးကို အပေါ်ပြစ်ဒဏ်လျှော့ပေးပြီး အကျဉ်းသား  ၇ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်း  -ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ် အေးချမ်းမှ ပြန်လည်ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့ သတင်းနဲ့  -မုန်တိုင်းငယ် အရှိန်ကြောင့် လေပြင်းတိုက် ရေကြီးမြေပြိုန...

စစ်ကောင်စီက ကာလုံအစည်းအဝေးခေါပြီး အရေးပေါ်ကာလ (၆)လထပ်တိုး 01.08.2023

စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလ (၆)လ သက်တမ်းထပ်တိုးခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ထွက် ပေါက်ပိတ်နေချိန်မှာ အာဏာကို ဒီလိုပဲ ဆက်ပြီးဆွဲဆန့်သွားဖို့ပဲရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ပြောဆိုပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။

DVB Newsbreak 5.5 (၃၁ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 31.07.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဘားအံမြို့  သံလွင်တံတားထိပ် စစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲတဲ့သတင်း  -တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က ထိပ်တန်းအရာရှိသုံးယောက် ဖမ်းဆီးခံရတဲ့သတင်းနဲ့ -မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ရေကြီးရေလျှံနေတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ နိုင်ငံတကာအကူအညီ ရမရ လေ့လာဖို့လို 31.07.2023

ကုလနဲ့ နိုင်ငံတကာစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တွေဆီကအကူအညီတွေကို မြန်မာပြည်သူတွေ လက်ခံရယူနိုင်တာ ရှိမရှိဆိုတာကို အလှူရှင်နိုင်ငံတွေက လေ့လာမေးခွန်းထုတ်ဖို့လိုတယ်လို့NUG လူကယ်ပြန်ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှရွေ့ပြောင်းမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(30072023) 30.07.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။ ဒီတပတ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေလဲ၊ အမှတ်တရ ကိုဂျင်မီ၊ ကျပ် ၂ သောင်းတန်ဂယက်၊ ဟွန်ဆန်နဲ့ သက်ဆင်တို့ အကြောင်း စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ပြည်တွင်းဘဏ်များတွင် ငွေအလွှဲအပြောင်းကိစ္စသာ အသုံးများနေ 29.07.2023

အာဏာသိမ်း စစ်ခေါင်းဆောင်က ဘဏ်တွေမှာ ငွေကြေးအပ်နှံမှုတွေ များစွာရှိနေပြီး ပုံမှန်အတိုင်း ငွေကြေး လည်ပတ်မှု ရှိနေတယ်လို့ ပြောဆိုနေပေမဲ့ လက်တွေ့မှာတော့ ဘဏ်တွေမှာ စုငွေအပ်တာထက် မဖြစ်မနေ ငွေအလွှဲအပြောင်းကိစ္စတွေမှာသာ အသုံးပြုကြတယ်လို့ ငွေလွဲလုပ်ငန်း လုပ်ဆောင်နေသူတွေက ပြောပါတယ်။

DVB Newsbreak 5.5 (၂၈ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 28.07.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့စီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာမယ်လို့  စစ်‌ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း  -ဘုတလင် ကျောင်းသားသမဂ္ဂရုံးကို စစ်တပ်က ဝင်စီးပြီး  ကျောင်းသားခေါင်းဆောင်  ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့သတင်း  -ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာ  မိုးသည်းထန်စွာရွာသွန်း၊ ရေကြီးရေလျှံပြီး နေအိမ်တွေ ရေန...

မြဝတီမြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးလာသူ ၄၀၀ ကျော်ကို ထိုင်းနယ်စပ်ဖြတ်ကျော်ခွင့်မပေး 28.07.2023

မြဝတီမြို့တောင်ဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၄၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော်ဝင် ရောက်ခွင့်မပေးတဲ့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင် နေရပါတယ်။

စစ်ကောင်စီ ခွင့်ပြုချက်ဖြင့် မွန်နေရာဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက် 28.07.2023

စစ်ကောင်စီ ခွင့်ပြုချက်နဲ့ မွန်ပြည်နယ် နေရာဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလိုက်လံ ဆောင်ရွက်မှု အပေါ် မွန်လူထူအတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ လုပ်ဆောင် ချက်ဟာ စစ်ကောင်စီ လက်ကိုင်တုတ်မဖြစ်အောင်နဲ့ တော်လှန်ရေအင်အားစုတို့ကြား ပဋိပက္ခမဖြစ်ရေး အထူးသတိထားဖို့ လိုတယ်လို့ တိုင်းရင်းသားအရေးလေ့ာသူတွေ သုံးသပ်ပါတယ်။

DVB Newsbreak 5.5 (၂၇ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 27.07.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  -ကျပ်နှစ်သောင်းတန် ငွေစက္ကူကို တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း NUGက ကြေညာလိုက်တဲ့သတင်း     -ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၀၀ လောက် အထိရှိလာတဲ့သတင်း  -ရန်ကုန်နဲ့ မန္တလေးရှိ ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုသူတွေ ပြန်လည်များပြားလာတဲ့ သတင်းတွေကို -နားဆင်ရမှာပါ။

မိုခါမုန်တိုင်းသင့်ပြည်သူအတွက် စစ်ကောင်စီကိုတိုက်ရိုက်လှူဒါန်းလာတဲ့ အကူအညီပစ္စည်းတွေ ဒေသခံတွေဆီမရောက် 27.07.2023

စစ်ကောင်စီကိုတိုက်ရိုက်လှူဒါန်းလာတဲ့ အကူအညီပစ္စည်းတွေ ဒေသခံတွေဆီမရောက်ပဲ တပ်မိသား စုတွေကိုပဲဖြန့်ဝေပေးနေတယ်လို မိုခါမုန်တိုင်းသင့် ရခိုင်ဒေသခံတွေကပြောပါတယ်။  ဒီသတင်းကို ခိုင်ပန်းနု ပေးပိုထားပါတယ်။

DVB Newsbreak 5.5 (၂၆ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 26.07.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၆ ရက် ညနေခင်းသတင်းတွေကတော့ -အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးဖို့နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းဖို့ စစ်ကောင်စီက စီစဉ်နေတဲ့ သတင်း  -မူဆယ်မှာ တရုတ်စစ်အရာရှိတွေက ပြည်သူ့စစ်တွေကို စစ်သင်တန်းပေးနေတဲ့သတင်း -ကျပ် ၂ သောင်းတန်ဂယက်ကြောင့်  ရန်ကုန်မှာ  လောင်စာဆီဈေးတက်နေတဲ့သတင်းတွေကို  နားဆင်ရမှာပါ။ 

ငွေစက္ကူကျပ် ၂ သောင်းတန် အသစ်ကို စစ်ကောင်စီ ဘာကြောင့်ထုတ်ဝေတာလဲ 26.07.2023

ငွေစက္ကူကျပ် ၂ သောင်းတန် အသစ်ကို စစ်ကောင်စီ ဘာကြောင့်ထုတ်ဝေတာလဲ၊ ငွေစက္ကူအသစ်ထုတ်‌‌ဝေတာကြောင့်  ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ သိနိုင်ဖို့  မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတွေကိုဝေဝေက မေးမြန်းတင်ဆက်ထားပါတယ်။

DVB Newsbreak 5.5 (၂၅ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 25.07.2023

-စစ်တပ်၏အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးရသည့် မြန်မာပြည်သူ ၃၈၀၀ ကျော်အတွက် ဝမ်းနည်းကြောင်း ကန်သံရုံးထုတ်ပြန် -နှစ်သောင်းတန် ငွေစက္ကူထုတ်မယ့်သတင်းကြောင့် ဈေးကွက် ကမောက်ကမဖြစ်ပြီး ရွှေဈေး ဒေါ်လာဈေးတွေ ခုန်တက်သွားသလို  အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းဈေးကွက်အပေါ်ပိုပြီးရိုက်ခတ် -လုပ်ငန်းမှတ်ပုံတင်ဖို့အမိန့်ထုတ်တဲ့အတွက်  တနိုင်တပိုင် အွန်လိုင်း စီးပွားရေးလုပ်သူတွေ  အခက်ကြုံ

Luister naar de podcast DVB News in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds