Democratic Voice of Burma

DVB News

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Bezoek zeker de website van de podcast en steun de maker: burmese.dvb.no

Auteur

Democratic Voice of Burma

Categorie

News

Website van de podcast

burmese.dvb.no

Nieuwste aflevering

2 okt. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

နဂါးပူးတဲ့ စစ်အာဏာရှင်ခေတ် သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(27082023) 27.08.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ နဂါးပူးတဲ့ စစ်အာဏာရှင်ခေတ်၊ ပရီဂိုရှင်သေဆုံးမှု။ လုံခြုံရေးကောင်စီ အစည်းအဝေး၊ မြန်မာ့စီးပွားရေးနဲ့ စစ်ကောင်စီရှင်းလင်းပွဲ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ရိုဟင်ဂျာများ တရားမျှတမှုရရှိရေး ကူညီသွားမည်ဟု NUG ဝန်ကြီးပြော 26.08.2023

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ် အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ကိုပြန်နိုင်ရေးနဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ NUG အစိုးရအနေနဲ့ ပူးပေါင်း‌ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ https://burmese.dvb.no/post/611666

DVB Newsbreak 5.5 (၂၅ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 25.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ် တာဝန်ယူတာဝန်ခံဖို့ အမေရိကန်က ပြောကြားလိုက်တဲ့သတင်း  -ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် နန့်ယား KBC ဘုရားကျောင်းမှာ  ခိုလှုံနေသူ  ၁၀၀ ကျော် ပေါ်တာ ဆွဲခံရတဲ့သတင်းနဲ့  -မြန်မာ့ဦးတော်လှန်ရေး နိုင်ငံတကာညီလာ ခံကျင်းပဖို့ရှိနေတဲ့သတင်...

ဘတ်ဝယ်စုသူတွေများပြီး ကျပ်ငွေတန်ဖိုးမတည်ငြိမ် 25.08.2023

စစ်ကောင်စီက နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေမှာ ထိုင်းဘတ်နဲ့ ဆောင်ရွက်ခွင့်ပြုကြောင်း ဗဟိုဘဏ် ကြေညာပီးနောက်ပိုင်း ဘတ်ဝယ်စုသူတွေများပီး ကျပ်ငွေတန်ဖိုးမတည်ငြိမ်တာတွေဖြစ်နေတယ်လို့ ကုန်သည်တွေနဲ့ ငွေလဲ ဝန်ဆောင်မှုလုပ်ငန်းတွေဆီကနေ သိရပါတယ်။ ဒီသတင်းကို ဝေဝေပေးပို့ထားပါတယ်။ 

DVB Newsbreak 5.5 (၂၄ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 24.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ  မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးတဲ့သတင်း  -မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပံ့ပေးနေသူတွေကို  အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် လိုက်တဲ့သတင်းနဲ့  -ကျပ်နှစ်သောင်းတန်ငွေစက္ကူများ မသုံးစွဲကြဖို့  NUG က တားမြစ်မိန့်ထုတ်လိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ။

ကုန်ဈေးနှုန်းတက်တာဟာ အာဏာသိမ်းမှုနောက်တွဲကြောင့်လို့ ကုန်သည်နဲ့ပညာရှင်များတုံ့ပြန် 24.08.2023

ကုန်ဈေးနှုန်းတက်တာ စီးပွားရေးသမားတွေကြောင့်လို စစ်ကောင်စီဝေဖန်အပြစ်တင်တဲ့အပေါ်  ကုန်သည်တွေနဲ့ ပညာရှင်တွေကတော့ အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ တုံပြန်ပြောဆိုပါတယ် ၊ဒီသတင်း ကိုတော့ ဝေဝေပေးပို့ထားတာပါ။

DVB Newsbreak 5.5 (၂၃ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 23.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တဲ့သတင်း -ဒေါ်လာဈေးနဲ့ စားအုန်းဆီဈေးတွေ မြင့်တက်နေတဲ့အပေါ် ကုန်သည်တွေကို  စစ်ကောင်စီက အပြစ်တင်ပြောကြားလိုက်တဲ့သတင်းနဲ့  -ကရင်ပြည်နယ် ကော့ကရိတ်မှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်...

DVB Newsbreak 5.5 (၂၂ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 22.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -တပ်သားသစ် ၁ ဦးကို ကျပ်သိန်း ၃၀ အထိ စျေးပေါက်နေပြီး စစ်တပ်ထဲဝင်မယ့်သူမရှိ ဖြစ်နေတဲ့သတင်း  -ရန်ကုန်မြို့လယ်က နောက်ဖေးလမ်းကြားဥယျာဥ်တွေ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီးနေတဲ့သတင်းနဲ့ -ပြည်ပမှာ နှစ်ပေါင်းများစွာ တိမ်းရှောင်နေတဲ့  ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံကို ပြန်ရောက်နေတဲ...

NCA စာချုပ်၏အနှစ်သာရကို ဆက်ကိုင်ဆွဲထားပြီး အလျော့အတင်းလုပ်ကာ ဆွေးနွေးဖို့ RCSS ပြော 22.08.2023

NCA စာချုပ်ရဲ့ အနှစ်သာရကို ဆက်လက်ကိုင်ဆွဲထားပြီး လက်နက်ကိုင်ပြီး မဖြေရှင်းကြဘဲ အလျော့အတင်း လုပ်ကာ သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးကြဖို့ လိုတယ်လို့ RCSS က ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားတာပါ။

DVB Newsbreak 5.5 (၂၁ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 21.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို မြန်မာအပါအဝင် အိမ်နီးချင်း ၄ နိုင်ငံပူးပေါင်းစစ်ဆင်ရေးလုပ်မယ့်သတင်း -ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ ကိုင်ဆောင်ရင် အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးလိုက်တဲ့သတင်းနဲ့  -နေပြည်တော်ရှိ မာရဝိဇယဘုရား လူစည်ကားဖို့  အမျိုးသားရေးအဖွဲ့တွေက စီစဥ်ပေးနေရတဲ့ သတင်း...

NCAနဲ့ ကေအန်ယူ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(20082023) 20.08.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အန်စီအေနဲ့ ကေအန်ယူ၊ တိုက်ပိတ်ရိုက်နှက်ခံနေရတဲ့ နိုင်ကျဉ်းများ၊ ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ထိုင်းနယ်စပ်စီးပွားရေးဂယက် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

H&M အပါအဝင် နာမည်ကြီးကုမ္ပဏီများ မြန်မာအလုပ်သမား၏ အခွင့်အရေး ကာကွယ်ပေးရန်လို 19.08.2023

H&M အပါအဝင် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အထည်ကုမ္ပဏီတွေအနေနဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အပြည့်အဝအကာအကွယ် မပေးနိုင်ရင် မြန်မာနိုင်ငံကနေ ထွက်သွားတာ အကောင်းဆုံးပဲလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

DVB Newsbreak 5.5 (၁၈ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 18.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁၈  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီလက်အောက်ခံ မြန်မာဘဏ် ၂ ခုအပ်ထားတဲ့   ဒေါ်လာ ၁ သန်းကျော်အပ်ငွေတွေကို ဘင်္ဂလားဒေ့ရှ်ဘဏ်က  ပိတ်ပြီး ထိန်းချုပ်ထားလိုက်တဲ့သတင်း -မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ  ထက်ဝက်ကျော်အထိ ကျဆင်းသွားတဲ့ သတင်းနဲ့ -ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ဖြ...

DVB Newsbreak 5.5 (၁၇ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 17.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁၇  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံက   ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ တာဝန်မယူတော့ဘူးဆိုတဲ့သတင်း  -မြန်မာပြည်က အထည်ချုပ်စက်ရုံတွေမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်ပေါင်း ၂၀ ကို  H&M က  စုံစမ်းစစ်ဆေးနေတဲ့သတင်းနဲ့ -Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထော...

သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသူများ ကာယိန္ဒြေပျက်ပြားသည်အထိ ပြုမူခံရ 17.08.2023

သာယာ၀တီထောင်နဲ့ထောင်တချို့မှာ  နိုင်ငံရေးအကျဉ်းသူတွေကို  ကာယိန္ဒြေပျက်ပြားတဲ့အထိ ပြုမူ‌ဆက်ဆံနေတယ်လို့ ထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေက ပြောပါတယ်။ ဒီသတင်းကိုမင်းညိုကပေးပို့ထားပါတယ်။

DVB Newsbreak 5.5 (၁၆ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 16.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁၆  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဖားကန်မှာ ကျောက်မျက်လုပ်ကွက် မြေပြိုကျပြီး ပျောက်ဆုံးနေသူတွေထဲက  အလောင်း ၃၃ လောင်း ရှာတွေ့တဲ့သတင်း -ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီတပ်က အကြမ်းဖက် သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အယောက် ၄၀ ကျော်ရှိလာတဲ့သတင်းနဲ့  -ကရင် ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူး ပဒိုမန်းရှာ...

ရခိုင်တွင်မိုးများပြီး မြစ်ချောင်းရေတက်မှုကြောင့် ရွာပေါင်း ၃၉၀ နှင့် လယ်ဧက သောင်းချီရေလွှမ်း 16.08.2023

ရခိုင်မှာ မိုးများပီး မြစ်ချောင်းရေ မြင့်တက်တာတွေကြောင့် ကျေးရွာပေါင်း  ၃၉၀ နဲ့ စပါးလယ်ဧကပေါင်း ၇ သောင်းကျော် ရေလွှမ်းခဲ့ရပါတယ်။ ရေနစ်မြှပ်တဲ့ လယ်ယာတွေ ပျက်စီးတာကြောင့် စပါးစိုက်ပျိုးတဲ့ တောင်သူတွေ အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဒီသတင်းကို ဝေဝေပေးပို့ ထားပါတယ်။

DVB Newsbreak 5.5 (၁၅ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 15.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁၅  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ - ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ်ကို ဗဟိုဘဏ် Online Trading အစီအစဉ်အောက်တွင် လုပ်ဆောင်မည် -ငွေလဲကောင်တာ ၁၃ ခုကို စစ်ကောင်စီ ပိတ်သိမ်း၊ ဒေါ်လာစျေး စံချိန်တင်မြင့်တက် -ထားဝယ်အကျဥ်းထောင်အရာရှိ ၁ ဦးကို  မူးယစ်ဆေးဝါးများနှင့်ဖမ်းမိ

စစ်အာဏာသိမ်းပြီးနောက် အလုပ်ထုတ်ခံရမှု ၄၁ ရာခိုင်းနှုန်းထိ မြင့်တက် 15.08.2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာပြီး အလုပ်ထုတ်ခံရမှု ၄၁ ရာခိုင်နှုန်း မြင့်တက်လာ တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က ထုတ်ပြန်ပါတယ်။ ပြည်တွင်း အထည်ချုပ်ကဏ္ဍမှာ အမျိုးသမီးတွေ အလုပ်အကိုင်ဆုံးရှုံးမှု ပိုများလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။

DVB Newsbreak 5.5 (၁၄ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 14.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁၄  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့်  လူပေါင်း ၆သောင်း လောက် နေရပ်စွန့်ခွာ ရေးဘေးဒုက္ခ ခံစားနေရတဲ့သတင်း   -အာဆီယံပါလီမန်များညီလာခံ (AIPA) ကိုယ်စားလှယ်အဖွဲ့  မြန်မာနိုင်ငံကိုသွားရောက်ဖို့ ရှိနေတဲ့ သတင်းနဲ့   - ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအဓိကကျတဲ့ မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို...

ရှစ်လေးလုံး ၃၅ နှစ်ပြည့် သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(13082023) 13.08.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ရှစ်လေးလုံး ၃၅ နှစ်ပြည့်၊ ရေကြီးရေလျှံသဘာဝဘေး၊ ဘဏ် ဆန်ရှင်နဲ့ မြန်မာ့စီးပွားရေးဂယက်၊ ကနေဒါနဲ့ ဖေ့စ်ဘွတ်ခ် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

လျှပ်စစ်ကား ရောင်းသူဝယ်သူများ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရ 12.08.2023

စစ်ခေါင်းဆောင်ရဲ့ လျှပ်စစ်ကားစီမံကိန်းက တစ်နှစ်မပြည့်ခင်မှာပဲ ဒေါ်လာအကျပ်အတည်းနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းတာတွေကြောင့် ရောင်းသူနဲ့ ဝယ်သူတွေအကြား ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

DVB Newsbreak 5.5 (၁၁ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 11.08.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ကရင်နီစစ်ဘေး‌ရှောင်တွေအတွက် ဘေးကင်းဇုန်သတ်မှတ်ပြီး  လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ထိုင်းလွှတ်တော်အမတ်က လွှတ်တော်မှာတိုက်တွန်းလိုက်တဲ့သတင်း  --လိင်တူချင်း ထိမ်းမြားလက်ထပ်မှု ဥပဒေနဲ့ မကိုက်ညီဘူးလို့ ကေအန်ယူက ပြောကြားလိုက်တဲ့ သတင်းနဲ့  -ကမ္ဘာ့ဆေးလိပ်သောက်နှုန်း အမြင့်ဆုံး  နိုင်ငံ ၂၀ မှာ မြန်မာနိုင်ငံပါဝင်တဲ့ သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်။

DVB Newsbreak 5.5 (၁၀ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 10.08.2023

-မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုတွေကျူးလွန်တာတွေ ပိုများလာတယ်လို့  ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေက ပြောကြားလိုက်တဲ့သတင်း   -ပြည်သူမျှော်လင့်နေတဲ့ ပန်းတိုင် ရောက်တော့မယ်လို့  ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားလိုက်တဲ့သတင်း  -မြန်မာပြည်တွင်းမှာ စားအုန်းဆီစျေးနှုန်း ထိုးတက်ပြီး ဆိုင်တချို့ အရောင်းရပ်ထားတဲ့သတင်း

မြန်မာ့အရေး မဖြေရှင်းနိုင်ပါက အာဆီယံအဖွဲ့ကို ဝင်ရောက်မည်မဟုတ်ဟု တီမော ဝန်ကြီးချုပ်ပြော 10.08.2023

မြန်မာနိုင်ငံပြဿနာကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ကို ဝင်ရောက်မှာမဟုတ်ဘူးလို့ မကြာခင်ကမှ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အရှေ့တီမောနိုင်ငံဝန်ကြီးချုပ်  ရှာနာနာ ဂုစ်မာအိုက ပြောကြားလိုက်ပါတယ်။ 

Luister naar de podcast DVB News in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds