Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Bezoek zeker de website van de podcast en steun de maker: burmese.dvb.no
Auteur
Democratic Voice of Burma
Categorie
Website van de podcast
Nieuwste aflevering
1 okt. 2026
Waar luisteren?
Podcasts in de app Replaio Radio Binnenkort beschikbaarPodcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts
Afleveringen
DVB Newsbreak ( မေ ၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 02.05.2024 4:48
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ရန်ကုန်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးရှိသူတွေ ဟိုတယ်အခန်းငှားပြီး အပူရှောင်နေကြရတဲ့သတင်း စစ်ကိုင်းတိုင်းမှာ လေပြင်းကြောင့် စေတီ၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အများအပြား ပျက်စီးသွားတဲ့သတင်းနဲ့ ရခိုင်ပြည်နယ် မြို့နယ်တချို့မှာ Non-CDM ကျောင်းဆရာတွေ လစာမရကြတဲ့သတင်း နားဆင်ရမှာပါ
လူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ၁၃၀၀ နီးပါးအထိရှိလာ 02.05.2024 4:06
စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန် မြန်မာနိုင်ငံမှာ ဆေးရုံဆေးခန်းတွေ၊ လူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ၁၃၀၀ နီးပါးအထိရှိလာခဲ့ကြောင်း Insecurity Insight သု တေတနအဖွဲ့ကပြောပါတယ်။ စိုးသူအောင် သတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( မေ ၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 01.05.2024 5:02
DVB Newsbreak ( မေ ၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့မှာ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ဆန္ဒပြတဲ့ သတင်း- -ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို ချင်းလက်နက်ကိုင်တပ်တွေက သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ -ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုမှာ ယူကရိန်းပြီးရင် မြန်မာက ဒုတိယအ...
DVB Newsbreak ( ၃၀ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 30.04.2024 6:09
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သီတင်း ၃ ပတ်ကြာ ပျောက်ကွယ်နေတဲ့ ဒုချုပ်စိုးဝင်း လူမြင်ကွင်းကို ပြန်ပေါ်ထွက်လာပြီး အောင်ဇေယျစစ်ဆင်ရေး ဆက်ကွပ်ကဲနေတဲ့ သတင်း -NUG နဲ့ တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်စိုးမိုးထားတယ်လို့ NUGက သတင်းစာရှင်းလင်း ပြောကြားလိုက်တဲ့သတင်းနဲ့ -ချော...
ချောက်မြို့မှာ အပူရှပ်မှုကြောင့် သေဆုံးသူ ဦးရေ မြင့်တက်လာ 30.04.2024 4:11
စံချိန်တင်အပူချိန်မြင့်တက်နေတဲ့ ချောက်မြို့မှာ အပူရှပ်မှုကြောင့် သေဆုံးသူတွေ ရှိလာပြီး အခုလအတွင်း သေဆုံးသူ ဦးရေ မြင့်တက်လာတယ်လို့ လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ ဒီသတင်းကို ဖူးအိအိနွယ် ပေးပို့ထားပါတယ်။
MOU စနစ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ ထိုင်းနိုင်ငံက အလုပ်သမားအရေး ဆောင်ရွက်သူများပြော 30.04.2024 3:30
ထိုင်းနိုင်ငံကိုMOU စနစ်နဲ့ လာရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေအနေနဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီး MOU စနစ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ ထိုင်းနိုင်ငံက အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ဒီသတင်းကို ဝေဝေ ပေးပို့ထားပါတယ်။
DVB Newsbreak ( ၂၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 29.04.2024 6:06
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဆင်ဘိုအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်တဲ့သတင်း -စစ်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်း လျော့ကျတဲ့သတင်းနဲ့ -ခရိုနီ တယောက်ရဲ့သမီးကို ဗီဇာပြန်ရုပ်သိမ်းပြီး နိုင်ငံတွင်းမှ နှင်ထုတ်ဖို့ ပြင်သစ်အစိုးရကို တက်ကြွ...
"အမေရိကန်တက္ကသိုလ်ကျောင်းသားသပိတ်" (WeeklyNewsDigest 28042024) 28.04.2024 29:41
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ မြဝတီတိုက်ပွဲနဲ့ နယ်စပ်ကုန်သွယ်ရေး ၊ အမေရိကန်တက္ကသိုလ်ကျောင်းသားသပိတ်၊ ဝန်ကြီးဘလင်ကန်ရဲ့ တရုတ်ခရီးစဉ် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်လျှင် ဓာတ်ပုံပါပေးရ 27.04.2024 3:11
ရန်ကုန်ရဲ့ တချို့မြို့နယ်တွေမှာ ဧည့်သန်းခေါင်စာရင်းနဲ့ နေထိုင်သူတွေကို ဧည့်စာရင်းတိုင်ရင် ရပ်ကွက်ရုံးမှာ ဧည့်သည်ရဲ့ ဓာတ်ပုံကိုပါ တပါတည်းပေးပြီး တိုင်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လှိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလာမတိုင်ခင်ကတည်းက ဧည့်စာရင်းလာတိုင်သူတွေကို ဓာတ်ပုံပါတောင်းနေတာဖြစ်ပြီး သင်္ကြန်ပြီးတဲ့အချိန်မှာတော့ ပိုပြီး တင်းတင်းကျပ်ကျပ် ကောက်ခံလာတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
DVB Newsbreak ( ၂၆ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 26.04.2024 4:45
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးတဲ့ သတင်း -မြဝတီမြို့တောင်ဘက် စွယ်တော်ကုန်းစခန်းအနီးတဝိုက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းနဲ့ -ဗိုလ်နဂါးရဲ့ BNRA တပ်နဲ့ ယင်းမာပင်ခရိုင် PDF တပ်ဖွဲ့တွေအကြား သစ်ကိစ္စနဲ့ အပြန်အလှန် ဖမ်းဆီးမှ...
မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ထိုးစစ်ဆင်နေ 26.04.2024 3:39
မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အောင်ခန့် ပေးပို့ထားပါတယ်။
DVB Newsbreak ( ၂၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 25.04.2024 5:41
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၅ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ယခင်ဖမ်းဆီးထိန်းသိမ်းထားခဲ့ဖူးတဲ့ နေပြည်တော်ရှိ နေရာဟောင်းမှာ စစ်ကောင်စီက ပြန်ပို့ ဖမ်းဆီးထားတဲ့သတင်း -မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခိုလှုံလာတဲ့ မြန်မာစစ်ဘေးရှောင် ၆၀၀ ကျော် နေရပ်ပြန်သွားတဲ့ သတင်းနဲ့ - မြန်မာနိုင်ငံအနှံ့အပြားမှာ ပြ...
တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ကျုံးထည့်ရမှာပဲ၊ ဒီတခါတော့ သည်းညည်းမခံနိုင်တော့ဘူး” KNU ပြောခွင့်ရ ပဒိုစောတောနီး 25.04.2024 5:08
တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ခလရ ၂၇၅ တပ်ရင်းအတွင်း စစ်ကောင်စီတပ်က ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ အကူအညီနဲ့ စစ်ကောင်စီက ကရင်အမျိုးသားအလံကို ဖြုတ်ပြီး စစ်ကောင်စီအလံ ပြန်လွှတ်ထူခဲ့မှုအပါအဝင် မြဝတီနောက်ဆုံးရ အခြေအနေတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို DVB မှ နော်နိုရင်းက မေးမြန်းထားပါတယ်။
DVB Newsbreak ( ၂၄ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 24.04.2024 5:01
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြဝတီ ခလရ ၂၇၅ တပ်ရင်းအတွင်း KNA တပ်ဖွဲ့အကူအညီနဲ့ စစ်ကောင်စီအလံ လွှင့်တင် -သင်္ဃန်းကျွန်း အောင်ရတနာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းနေတဲ့သတင်းနဲ့ -ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၁၇၀ ကျော်ကို စစ်ကောင်စီက ရေတပ်သင်္ဘာနဲ့ နေရပ်ပြန်ပို့ပေးခဲ့တဲ့ သတင်း
အမ်းမြို့တွင် တိုက်ပွဲဆက်ပြင်းထန်၊ ပိတ်မိနေသူတွေလည်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးမှုရှိ 24.04.2024 2:50
ပြည်မထွက်ပေါက်မြို့ဖြစ်သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို ပိတ်မိနေသူတွေလည်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးမှုတွေပါ ကြုံနေရပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။
အီရတ်တွင် ရောင်းစားခံရသည့် အမျိုးသမီး ၆ ဦး အကူအညီ မရသေး 24.04.2024 4:26
အိမ်အကူ အလုပ်လုပ်ရမယ်ဆိုကာ ဒူဘိုင်းကို သွားရောက်ခဲ့တဲ့ မြန်မာအမျိုးသမီး ၆ ဦးဟာ အီရတ်နိုင်ငံမှာ ရောင်းစားခံနေရပြီး အခက်အခဲတွေကြောင့် မြန်မာနိုင်ငံကို ပြန်လာချင်ပေမဲ့ လက်ရှိအချိန်ထိ အကူအညီ မရသေးဘူးလို့ သိရပါတယ်။
DVB Newsbreak ( ၂၃ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 23.04.2024 5:15
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဝင်စာကို နေပြည်တော်အချုပ်ထောင်မှာသာ လက်ခံတဲ့သတင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို စစ်ကောင်စီက အနားပေးလိုက်တဲ့သတင်းနဲ့ -ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၁၀၀ လောက်သေဆုံးတဲ့သတင်းတွေနားဆင်ရဖို့ရှိပါတယ်
DVB Newsbreak ( ၂၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 22.04.2024 5:25
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြဝတီတိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေ -ခါမ်းပါတ်မြို့နဲ့ အနီးဝန်းကျင်နေရာ ၄ ခုကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့သတင်းနဲ့ -ကရင်နဲ့ ကရင်နီပြည်နယ်တွင်း သတင်းရယူမှုကို စည်းကမ်းတင်းကျပ် ကန့်သတ်လိုက်တဲ့ သတင်းတွေ နားဆင်ရမ...
"ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ နေရာပြောင်းရွှေ့မှု နောက်ကွယ် "၊ (WeeklyNewsDigest 21042024) 21.04.2024 29:56
DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦဝင်းမြင်တို့ကို ထောင်မှနေရာပြောင်းရွေ့မှုနောက်ကွယ်၊ မြန်မာ့နှစ်သစ်ကူးအကျဉ်းသား ၃၃၀၃ ဦး လွတ်ငြိမ်းခွင့်၊ အစ္စရေးနှင့်အီရန်တိုက်ပွဲ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန် 20.04.2024 2:40
မိခင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အကျဉ်းထောင်ကနေ နေရာရွှေ့ပြောင်းလိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကိုပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်လိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကင်မ်အဲရစ်က “ကျနော...
DVB Newsbreak ( ၁၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 19.04.2024 4:47
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို -ဒုချုပ်စိုးဝင်း နေပြည်တော်စစ်ဆေးရုံမှ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေရ -ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်လိုက်တဲ့သတင်းကို နားဆင်ရမှာ
DVB Newsbreak ( ၁၈ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 18.04.2024 4:48
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ လျှို့ဝှက်နေရာကို ပြန်ပို့ပြီး အကျဉ်းချထားတဲ့သတင်း -KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးလိုက်တဲ့ သတင်းနဲ့ -စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ဦး ဘင်္ဂလားဒေ့ရှ်ဘက် ထပ်မံထွက်ပြေးသွားတဲ့သတင်...
အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတကို ဘယ်နေရာမှာပြောင်းထားတယ်ဆိုတာ အတည်မပြုနိုင်သေး 18.04.2024 3:40
အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတကိုဘယ်နေရာမှာပြောင်းထားတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ နေပြည် တော်အချုပ် ထောင်နဲ့နီးစပ်သူတယောက်ကပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
DVB Newsbreak ( ၁၇ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 17.04.2024 4:31
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်မှ နေရာ ပြောင်းရွှေ့လိုက်တဲ့သတင်း -မြန်မာ့နှစ်သစ်ကူးမှာ အကျဉ်းသား ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်းနဲ့ -တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင် MSF ရုံးနဲ့ ဆေးသိုလှ...
DVB Newsbreak ( ၁၆ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း) 16.04.2024 5:07
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ပြင်ဦးလွင် DSA ကျောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ခေါင်းဆောင် သင်္ကြန်မဏ္ဍပ်ကို သွားလာခြင်းမရှိဘဲ အိမ်တွင်းပုန်းနေတဲ့သတင်း -အချိန်အခါမဟုတ်မိုးရွာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်းနဲ့ -စစ်ကောင်စီက လမ်းကြောင်းတွေ ပိတ်ဆို့ထားလို့ စစ်တွေနဲ့ ကျောက်ဖြူဒေသခံတချို့ ...
Vergelijkbare podcasts
Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds