Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Bezoek zeker de website van de podcast en steun de maker: burmese.dvb.no
Auteur
Democratic Voice of Burma
Categorie
Website van de podcast
Nieuwste aflevering
1 okt. 2026
Waar luisteren?
Podcasts in de app Replaio Radio Binnenkort beschikbaarPodcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts
Afleveringen
DVB Newsbreak ( မေ ၂၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 23.05.2024 5:46
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့လူ့အခွင့်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အရေးပေါ် အထူးအစည်းအဝေးတရပ်ကို ကျင်းပဖို့ တိုက်တွန်းလိုက်တဲ့သတင်း -နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်က ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀၀ ကျော် ပြုလုပ်ခဲ့တဲ့သတင်းနဲ့ -ကမ္ဘာ့ရွှေဈေးကျပေမဲ့ မြန်မာ့ရွှေဈေး ဆက်တက်နေတဲ့သတင်းတွေ နားဆင်ကြရ...
ဂျပန်ခရီးစဉ်အတွင်း စစ်ဘေးရှောင်အရေးနဲ့ စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆို 23.05.2024 2:55
ဂျပန်ခရီးစဉ်မှာစစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့နဲ့အတူ စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက DVB ကို ပြောပါတယ်။ မြတ်ကြီး သတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( မေ ၂၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 22.05.2024 5:39
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ စင်ကာပူလေကြောင်းလိုင်း လေယာဉ်ပေါ်မှာ မြန်မာ ၂ ဦးပါဝင်တဲ့သတင်း -ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းငယ် ဖြစ်နိုင်တဲ့သတင်းနဲ့ -ပြဿနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဆက်လက်ဖြေရှင်းမယ်လို့ RCSS ရှမ်းတပ်ဖွဲ့က ကြေညာလိုက်တဲ့သတင်းတွေ န...
အာဏာသိမ်းစစ်ကောင်စီကို ကမ္ဘာလွှမ်းခြုံတရားစီရင်မှုစနစ်နဲ့ တရားစွဲနိုင်ရန်လုပ်ဆောင်နေ 22.05.2024 4:17
လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေကအာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတိုင်းမှာ ကမ္ဘာလွှမ်းခြုံတရားစီရင်မှုစနစ်နဲ့ တရားစွဲနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်နေတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားပါတယ်။
DVB Newsbreak ( မေ ၂၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 21.05.2024 5:03
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -လပွတ္တာမြို့မှာ ကလေးငယ်တွေ အပါအဝင် ၄၅ ဦး အစာအဆိပ်သင့်တဲ့သတင်း -နဝတစစ်အစိုးရအဖွဲ့ဝင်ဟောင်း ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ကျော်ဘ ကွယ်လွန်သွားတဲ့သတင်းနဲ့ -စစ်ကောင်စီက ဗိုလ်ချုပ် ၅ ဦးကို ကျားဖြန့်အွန်လိုင်းလောင်းကစားမှုနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( မေ ၂၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 20.05.2024 6:14
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝိုင်းမော်မြို့နယ်ရှိ ကဇူးတပ်စခန်းကို KIA ကသိမ်းပိုက်လိုက်ပြီး ချင်းတော်လှန်ရေးအဖွဲ့တွေက တွန်းဇံမြို့ကို သိမ်းနိုင်ဖို့ မြို့တွင်းရှင်းလင်းနေတဲ့သတင်း -ရခိုင်မှာ ဆေးဝါးပြတ်လပ်မှုကြောင့် နာတာရှည်ဝေဒနာရှင်တွေ အခက်တွေ့တဲ့သတင်းနဲ့ -ကမ္ဘာ့ရွှေ အတက်ဈေးကြောင့် ပြည်တွင်းရွှေဈေး တကျပ်သားကို...
မေလ ပထမ ၂ပတ်အတွင်း အရပ်သားအပါအဝင် လူပေါင်း ၁၀၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရ 20.05.2024 3:42
မေလ ပထမ ၂ပတ်တာ အတွင်းမှာပဲ အရပ်သားတွေအပါအဝင် လူပေါင်း ၁၀၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဝေဝေ သတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( မေ ၁၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 17.05.2024 5:25
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အိမ်ခြံမြေပွဲစားလုပ်နေကြတဲ့ စစ်တပ်အရာရှိတွေကို ကက(ကြည်း)ရုံးက သတိပေးလိုက်တဲ့ သတင်း -အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံးနိုင်ငံတွေမှာ မြန်မာပါဝင်နေတဲ့သတင်းနဲ့ -ကချင်ပြည်နယ် မံစီမြို့နယ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ သတင်းတွေ နားဆ...
DVB Newsbreak ( မေ ၁၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 16.05.2024 5:27
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အထူးကိုယ်စားလှယ်တို့ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးတဲ့သတင်း -ဂီတအကယ်ဒမီဆုပေးပွဲ ကျင်းပဖို့ စစ်ကောင်စီနဲ့ ဂီတအစည်းအရုံးတို့ ပြင်ဆင်နေတဲ့သတင်းနဲ့ -ကော့ကရိတ်တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်တွေနဲ့ စစ်ရှောင်တွေအတွက် ဆေးဝါးအကူအညီ လိုအပ်နေတဲ့သတင...
DVB Newsbreak ( မေ ၁၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 15.05.2024 5:14
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာ ဒု-ဝန်ကြီးတို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးတဲ့သတင်း -ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေသေဆုံးပြီး ဆေးရုံတွေ ပျက်စီးသွားတဲ့သတင်းနဲ့ -ကရင်သတင်းဌာနအယ်ဒီတာချုပ် နန်းဖော့ဂေ သတင်းမီဒီယာ အမျိုးသမီ...
ကော့ကရိတ်အာရှလမ်းမအနီး စစ်ကောင်စီစစ်ကြောင်း ရှေမတိုးအောင် တော်လှန်ရေးတပ်ဖွဲ့များက ဟန့်တား 15.05.2024 4:10
ကော့ကရိတ်မြို့ အာရှလမ်းမအနီးမှာ စစ်ကောင်စီစစ်ကြောင်းတွေကို ရှေ့မတက်နိုင်အောင် တော်လှန်ရေးတပ် ဖွဲ့တွေက ဟန့်တားထားပါတယ်။ ရှေ့တန်းမှာ ရှိနေတဲ့ နဂါးဖြူစစ်ကြောင်း တာဝန်ရှိသူက တော့ အခုစစ် ဆင်ရေးကို ဒီထက်မက ပိုပြီး တက်ညီလက်ညီနဲ့ အလုပ်လုပ်ဖို့ လိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီသတင်းကို စစ်မြေပြင်မှာ သွားရောက် သတင်းယူတဲ့ သတင်းထောက် အောင်ခန့်က ပြောပြမှာပါ။
DVB Newsbreak ( မေ ၁၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 14.05.2024 5:19
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်သွားတဲ့သတင်း - ရုရှားကနေဝယ်လာတဲ့ ဒရုန်းတွေကို စစ်ကောင်စီကစစ်ဆင်ရေးနယ်မြေတွေဆီ ဖြန့်ဝေထားတဲ့သတင်းနဲ့ -မုံရွာ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲက စစ်ဘေးရှောင်တွေနေတဲ့ နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတွေ ထိခို...
DVB Newsbreak ( မေ ၁၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 13.05.2024 5:25
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ဆေးရုံတွေမှာ ဒဏ်ရာရ လူနာများလာလို့ ပုဂ္ဂလိကဆေးရုံတွေမှာ ကုသပေးနေရတဲ့သတင်း -အိန္ဒိယနယ်စပ် မဏိပူရရောက် မြန်မာ ၅ ထောင် ကျော်ကို နေရပ်ပြန်ပို့မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ပြောလိုက်တဲ့သတင်းနဲ့ -ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထား တိုးချဲ့ပြေးဆွ...
ကရင်နယ်စပ်ရှိ စစ်များကို တိုက်လေယာဉ် မတိုက်ခိုက်ရေးတားမြစ်ပေးဖို့ ထိုင်းလွှတ်တော်ကိုတောင်းဆို 13.05.2024 2:32
ကရင်ပြည်နယ် နယ်စပ်တလျှောက်က စစ်ရှောင်ပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ မတိုက်ခိုက်ရေး ထိုင်းလွှတ်တော်က တားမြစ်ပေးဖို့ မြန်မာအလုပ်သမားကူညီရေးအဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။
" ဟွန်ဆန်နဲ့ သက်ဆင်တို့ရဲ့ မြန်မာ့အရေးခြေလှမ်းများ နောက်ကွယ်၊ (WeeklyNewsDigest 12052024) 12.05.2024 29:52
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ " ဟွန်ဆန်နဲ့ သက်ဆင်တို့ရဲ့ မြန်မာ့အရေးခြေလှမ်းများ နောက်ကွယ်၊ အခိုင်အမာစစ်စခန်းကြီးတွေကို တဖြည်းဖြည်းချင်းသိမ်းယူနေတဲ့ KIA၊ တရုတ်သမ္မတရဲ့ ဥရောပ ခရီးစဉ် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ဆန်ကြမ်းဈေး ကျပ် ၄,၀၀၀ ဖြစ်လာ၊ ဝင်ငွေနည်းပြည်သူများ ထမင်းတနပ်လျှော့စားနေရ 11.05.2024 4:07
မြန်မာပြည်တွင်းမှာ ဆန်ကြမ်းအနိမ့်ဆုံးဈေး တပြည် ကျပ် ၄၀၀၀ အထိဖြစ်လာပြီး ဝင်ငွေနည်းပြည်သူတွေ ထမင်းတနပ် လျှော့စား ရတဲ့အထိ ဖြစ်လာပါတယ်။ https://burmese.dvb.no/category/8/news
DVB Newsbreak ( မေ ၁၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 10.05.2024 5:03
DVB Newsbreak ( မေ ၁၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့ပဋိပက္ခတွင်း အမုန်းတရားနဲ့ သတင်းမှားတွေမဖြန့်ကြဖို့ ကုလသမဂ္ဂက သတိပေးလိုက်တဲ့ သတင်း -နေပြည်တော် ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခတ်ရတဲ့သတင်းနဲ့ -မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတွေ ထိခို...
DVB Newsbreak ( မေ ၉ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 09.05.2024 5:04
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တောင်းဆိုချက်ကို စစ်ကောင်စီပယ်ချလိုက်တဲ့သတင်း -ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးတဲ့သတင်းနဲ့ -ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ထိုင်...
DVB Newsbreak ( မေ ၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 08.05.2024 5:02
DVB Newsbreak ( မေ ၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရွေးကောက်ပွဲကာလ အိန္ဒိယရောက် မြန်မာပြည်သားများကို NUG ကထပ်မံသတိပေးလိုက်တဲ့သတင်း -ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ဝင် တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တဲ့သတင်းနဲ့ -ကော့ကရိတ်အနီး ဒေါနတောင်ခြေတိုက်ပွဲတိုက်ပွဲတွေမှာ စစ်ကောင်စ...
DVB Newsbreak ( မေ ၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 07.05.2024 5:06
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မိုးမောက်မှာ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာဝေမျှနေချိန် စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တဲ့သတင်း -ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့သတင်းနဲ့ -လူစားထိုးမှုပြဿနာကြောင့် စစ်မှုထမ်းအပတ်စဥ် ၂ ခေါ်ယူဖို့ ကြံ့ကြ...
DVB Newsbreak ( မေ ၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 06.05.2024 5:03
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၃ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း -ဖားဆောင်းမှာ စစ်ရဟတ်ယာဉ် ၁ စင်းကို ကရင်နီတော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တဲ့သတင်းနဲ့ -ဘူးသီးတောင် စကခ ၁၅ က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချတဲ့သတင်းတ...
"အပူချိန်စံချိန်တင်နေတဲ့ကမ္ဘာနဲ့ မီးမလာတဲ့ မြန်မာ" (WeeklyNewsDigest05052024) 05.05.2024 29:19
DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အပူချိန်စံချိန်တင်နေတဲ့ကမ္ဘာနဲ့ မီးမလာတဲ့ မြန်မာ၊ ဆိုးရွားနေဆဲ သတင်းလွတ်လပ်ခွင့်၊ တနင်္ဿာရီစစ်ရေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
အပူချိန်မြင့်တက်နေပြီး လျှပ်စစ်မီးပုံမှန်မရသဖြင့် အခြေခံပြည်သူများ အခက်ကြုံ 04.05.2024 4:41
မြန်မာနိုင်ငံတဝန်း ရန်ကုန်အပါအဝင် မြို့တွေအတော်များများမှာ အပူချိန်မြင့်တက်နေပြီး လျှပ်စစ်မီးပုံမှန်မရရှိတာက အခြေခံပြည်သူတွေရဲ့ ဘဝအပေါ် သက်ရောက်မှု ကြီးမားပြီး သက်မွေး လုပ်ငန်းနဲ့ ကျန်းမာရေးအရလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။ DVB သတင်းထောက် ဟန်န သတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( မေ ၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 03.05.2024 6:02
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံဆက်လက်ပါဝင်နေတဲ့သတင်း -အမျိုးသားတွေကို ပြည်ပအလုပ်ထွက်လုပ်ခွင့် စစ်ကောင်စီ ပိတ်ပင်လိုက်တဲ့သတင်းနဲ့ -ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ မိုးသက်လေပြင်းတွေတိုက်ခတ်ပြီး နေအိမ်တွေ ပျက်စီးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဆီဆိုင်ဒေသခံများ နေရပ်ပြန်ခိုင်းနေ 03.05.2024 2:49
လေးလနီးပါးတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ဆီဆိုင်မြို့ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ထိမ်းချုပ် နိုင်သွားပြီး ဒေသခံတွေကို နေရပ်မှာ ပြန်နေခိုင်းနေတယ်လို့ သိရပါတယ်။ သီဟ သတင်းပေးပို့ ထားပါတယ်။
Vergelijkbare podcasts
Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds