ဗွီအိုအေ
မြန်မာ - ဗွီအိုအေ
ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။
Husk å besøke podkastens nettsted og støtte skaperen: burmese.voanews.com
Hvor kan du lytte?
Podkaster i appen Replaio Radio Kommer snartPodkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster
Episoder
ရိုဟင်ဂျာ အထောက်အပံ့ဖြတ်တောက်မှု ဟန့်တားဖို့ ကုလအကြီးအကဲ ကြိုးပမ်းမည် - မတ္ ၁၅, ၂၀၂၅ 15.03.2025 1:07
ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရနောင်းဆိပ်ကမ်း ထိုင်း တိုးချဲ့မည် - မတ္ ၀၉, ၂၀၂၅ 09.03.2025 0:58
ထိုင်းနိုင်ငံ ရနောင်းမြို့ဆိမ်ကမ်းမှာ လုပ်ငန်းများပိုတွင်ကျယ်အောင် အခြေခံအဆောက်အအုံတွေ ထပ်မံဆောက်လုပ်သွားဖို့ ထိုင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဥ်နေပါတယ်။
မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဘဲလားရု(စ်) လိုလား - မတ္ ၀၇, ၂၀၂၅ 07.03.2025 1:06
ဘယ်လ်လာရုစ်နိုင်ငံဟာ မြန်မာနဲ့ ၂ နိုင်ငံကုန်သွယ်ရေးမှာရော စီးပွါးဆက်ဆံမှုမှာပါ တိုးမြှင့်ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ဘယ်လ်လာရုစ်နိုင်ငံ Minsk မြို့ကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ အပြီးမှာ ဒုဝန်ကြီးချုပ် Yuri Shuleiko က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကျောက်ဖြူ မကျအောင် စစ်ကောင်စီ အင်အားဖြည့် - မတ္ ၀၁, ၂၀၂၅ 01.03.2025 2:32
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော် AA ကြားမှာ တိုက်ပွဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပတ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ကမ္ဘာ့လူ့အခွင့်အရေး အဆိုးဆုံးထဲ မြန်မာပါဝင် - မတ္ ၀၁, ၂၀၂၅ 01.03.2025 1:11
ကမ္ဘာတလွှား လူ့အခွင့်ရေး အခြေအနေ အဆိုးဝါးဆုံး ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီး Volker Türk က ဖေဖေါ်ဝါရီ ၂၈ သောကြာနေ့ မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
အရပ်သားတွေအပေါ် အကြမ်းဖက်တဲ့ စစ်ကောင်စီ EU ရှုတ်ချ - မတ္ ၀၁, ၂၀၂၅ 01.03.2025 1:15
မြန်မာစစ်တပ်က အရပ်သားတွေကိုပါမချန် အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်နေတာကို ရှုတ်ချကြောင်း အီးယူ ဥရောပသမဂ္ဂက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကျားဖြန့်အရေး မြန်မာစစ်ခေါင်းဆောင် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး - ေဖေဖာ္၀ါရီ ၂၃, ၂၀၂၅ 23.02.2025 1:03
ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် လိမ်လည်တဲ့ လုပ်ငန်းတွေကြောင့် ဖိအားတွေ ရင်ဆိုင်နေရချိန်မှာပဲ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဖေဖော်ဝါရီလ ၂၂ ရက် (စနေနေ့) မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အထောက်ထားမဲ့ မြန်မာ ၅၀၀ ကျော် မလေးရဲ ဖမ်းဆီး - ေဖေဖာ္၀ါရီ ၂၃, ၂၀၂၅ 23.02.2025 3:27
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ထဲက ကလန်း မဲရူးဈေးကြီးမှာ ဖေဖေါ်ဝါရီလ ၂၂ ရက် မနေ့ မနက်ပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဖမ်းဆီးခံရပါတယ်။
စစ်ကောင်စီ ဗုံးကြဲလို့ ရခိုင်ပြည်နယ် ပေါက်တော အရပ်သားတွေ ထိခိုက် - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 22.02.2025 2:50
ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ-PNO တိုက်ပွဲ အင်းလေးဒေသခံတို့ ဒုက္ခ - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 22.02.2025 4:07
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအနီးက တိုက်ပွဲကြောင့် ဒေသခံတွေ ထောင်နဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။
နိုင်ငံရေးအကျဉ်းသူတဦး အိုးဘိုထောင်တွင်း သေဆုံး - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 22.02.2025 3:42
နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတဦး မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။
ဆွေးနွေးဘက်TNLA ထိန်းချုပ် နောင်ချို စစ်ကောင်စီဗုံးကြဲ - ေဖေဖာ္၀ါရီ ၂၁, ၂၀၂၅ 21.02.2025 3:09
တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲမှာ ရလဒ်မထွက်ဘဲ အဆုံးသတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာကက်သလစ် ဘုန်းတော်ကြီး အသတ်ခံရမှု ကန်-မြန်မာ ကတ်သလစ်တို့ သဘောထား - ေဖေဖာ္၀ါရီ ၂၁, ၂၀၂၅ 21.02.2025 6:31
မြန်မာ ကက်သလစ် ဘုန်းတော်ကြီး တပါး သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်က မြန်မာနိုင်ငံကို ကိုယ်စားမပြုဘဲ အကြမ်းဖက်တဲ့ လူတစု လုပ်ရပ်သာ ဖြစ်တယ်လို့ အမေရိကန် မြန်မာ ကက်သလစ် အသိုင်းအဝန်းက ပြောပါတယ်။
ခရစ်ယာန်ဘုန်းတော်ကြီးတပါး ရွှေဘိုခရိုင်မှာ အသတ်ခံရ - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025 1:21
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးတပါး သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းကြောင့် ဒေသခံနဲ့ ခရစ်ယာန် အသိုင်းအဝန်းကြား ထိတ်လန့် တုန်လှုပ်သွားစေတယ်လို့ ဗာတီကန် သတင်းဌာန Fides က ဖေဖော်ဝါရီလ ၁၅ ရက်က ဖော်ပြပါတယ်။
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့ဆွေးနွေး - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025 1:14
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ကုန်းလမ်းကတဆင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေး ဆက်လက် လုပ်ဆောင်ဖို့ သဘောတူခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက် နေ့စွဲနဲ့ အိန္ဒိယအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကန်မှာကျင်းပတဲ့ မြန်မာ့အရေး ညီလာခံ - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025 4:36
၄ ကြိမ်မြောက် Spring Flowers မြန်မာ့အရေး နိုင်ငံတကာ ညီလာခံကို ကျင်းပရတဲ့ အကြောင်းတွေထဲမှာ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အမေရိကန် အစိုးရက ပိုပြီး ကူညီ ပံ့ပိုးလာအောင် တွန်းအားပေးဖို့ ကြိုးပမ်းမှုလည်း ပါဝင်တယ်လို့ ညီလာခံကို ဦးဆောင် ကျင်းပသူတွေက ပြောပါတယ်။
ကျားဖြန့်နှိမ်နင်းရေး ထိုင်းမြန်မာ နယ်ခြားကော်မတီ ညှိနှိုင်း - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025 4:24
ထိုင်းမြန်မာ နယ်စပ် မြ၀တီ ခရိုင်ထဲက ကျားဖြန့် လိမ်လည် ဂိုဏ်းတွေ နှိမ်နင်းဖို့နဲ့ လူကုန်ကူးခံရတဲ့ သူတွေကို ပြန်လည် လွှဲပြောင်းပေးဖို့ ထိုင်းမြန်မာ နယ်ခြား ကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ထိုင်းစစ်သားများလက်ချက်နဲ့ မြန်မာတဦးသေဆုံးခဲ့ရမှု ထိုင်းရှေ့နေများ စစ်ဆေးမည် - ေဖေဖာ္၀ါရီ ၁၄, ၂၀၂၅ 14.02.2025 0:59
ပြီးခဲ့တဲ့ နှစ်က မြန်မာအမျိုးသား တဦးဖြစ်တဲ့ အောင်ကိုကို သေဆုံးမှုဟာ ထိုင်းစစ်သားတွေ ကြောင့်လို့ စွပ်စွဲထားတဲ့ အမှု အတွက် ပြန်လည် စုံစမ်းဖေါ်ထုတ်ဖို့ လုပ်နေပြီ ဖြစ်ကြောင်း သြဇာကြီးတဲ့ ထိုင်းရှေ့နေများအဖွဲ့ ဖြစ်တဲ့ LCT -ထိုင်းရှေ့နေများ ကောင်စီက ပြောပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု စစ်ကိုင်း မကွေးဘက် အရပ်သားတွေသေဆုံး - ေဖေဖာ္၀ါရီ ၁၄, ၂၀၂၅ 14.02.2025 4:01
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မုံရွာမြို့နဲ့ ချောင်းဦး မြို့နယ်ထဲမှာ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ ရေစကြိုမြို့နယ်တို့မှာလည်း လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
ကန်-ထိုင်း သဘောတူထားတဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေး ရပ်ဆိုင်းနေ - ေဖေဖာ္၀ါရီ ၀၉, ၂၀၂၅ 09.02.2025 1:23
အမေရိကန်က ဒုက္ခသည်ခေါ်ယူတဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာဟာ ထိုင်းနဲ့ အမေရိကန်ကြား ပြီးခဲ့တဲ့နှစ်က သဘောတူညီခဲ့တဲ့ မြန်မာ ဒုက္ခသည်မိသားစု ထောင်ပေါင်းများစွာကို အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့် ပြုဖို့ အစီအစဉ် တခုလုံးကိုပါ ရပ်သွားစေတယ်လို့ ထိုင်းလွှတ်တော်အမတ်တဦးက ပြောပါတယ်။
မြန်မာဘက်တင်ပို့မယ့် လောင်စာဆီ ထိုင်းနယ်ခြားစောင့်တပ် ဖမ်းဆီး - ေဖေဖာ္၀ါရီ ၀၉, ၂၀၂၅ 09.02.2025 3:31
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက် ရပ်ချမနူ နယ်ခြားစောင့်တပ်နဲ့ ဖွတ်ဖရ (Phop Phra) ရဲစခန်းက ရဲအရာရှိတွေက ဖွတ်ဖရမြို့နယ်ထဲမှာ လုံခြုံရေးဂိတ် ၃ နေရာချပြီး စစ်ဆေးနေတာမှာ မြန်မာနိုင်ငံဘက်ကို တင်ပို့ဖို့ လုပ်ထားတဲ့ လောင်စာဆီ လီတာ ၆၀၀ ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ညက ဖမ်းဆီးလိုက်ပါတယ်။
အမေရိကန်ကိုသွားချင်တဲ့ မြန်မာဒုက္ခသည်တွေ သတိပြုရမယ့် ကိစ္စ - ေဖေဖာ္၀ါရီ ၀၇, ၂၀၂၅ 07.02.2025 3:21
ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကို အမေရိကန်က ဆိုင်းငံ့ထားတဲ့အတွက် အရဲစွန့်ပြီး ထွက်ခွာဖို့ကြိုးပမ်းတာတွေကို မလုပ်ကြဖို့ မလေးရှားက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာတွေ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ - ေဖေဖာ္၀ါရီ ၀၂, ၂၀၂၅ 01.02.2025 1:27
ဖေဖေါ်ဝါရီလ ၁ ရက် စနေနေ့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၄ နှစ်ပြည့်တဲ့ နေ့ဖြစ်ဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေက ပြည်တွင်းမှာ လုံခြုံရေးတင်းကြပ်တဲ့ကြားက ဆန္ဒထုတ်ဖေါ်နေကြတာ တွေ့ရသလို ၊ ပြည်ပရောက် မြန်မာတွေကလည်း နိုင်ငံအသီးသီးက မြန်မာသံရုံးတွေ ရှေ့မှာ ဆန္ဒပြကြပါတယ်။
ကျားဖြန့်ဂိုဏ်းတွေ ထိုင်းမြန်မာနယ်စပ် တောင်ပိုင်းရွှေ့ပြောင်းတိုးချဲ့ - ေဖေဖာ္၀ါရီ ၀၂, ၂၀၂၅ 01.02.2025 0:47
မြန်မာနိုင်ငံထဲ အခြေစိုက်ပြီး ထိုင်းမြန်မာ နယ်စပ်တလျှောက်လှုပ်ရှားနေတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဟာ အခုဆို နယ်စပ်တလျှောက် တောင်ဘက်ပိုင်းကို တိုးချဲ့လုပ်ကိုင်လာနေတယ်လို့ ထိုင်းအာဏာပိုင်တွေကရော လိမ်လည်ဂိုဏ်းဝင်ဟောင်း တွေကပါ ပြောပါတယ်။
Lignende podkaster
Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.