Rodney Sann Lwin
Rodiobook
Audiobooks for Myanmar short stories, essays and others literature that all i read.
Szerző
Rodney Sann Lwin
Kategória
A podcast weboldala
Legutóbbi epizód
2023. aug. 19.
Hol hallgathatod?
Podcastok az alkalmazásban Replaio Radio HamarosanA podcastok hamarosan megérkeznek az alkalmazásba. Telepítsd most, és láss elsőként egy teljesen új megközelítést a podcastokhoz
Epizódok
ဖြိုးသီဟ - ပေျာ်ရွှင်ပါစေ 19.08.2023 5:28:50
ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ပေျာ်ရွှင်ပါစေ ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးတာပါ။ အစအဆုံး ၁၈ ပိုင်း ရှိပါတယ်၊ ဖြည်းဖြည်းချင်းတင်ပေးသွားပါမယ်ဗျ။
သာဓု - အတာ ( စဆုံး ၂၈ ပိုင်း ) 30.07.2023 14:08:06
ဆရာကြီး ဦးသာဓု ရေးသားတဲ့ အတာ ဆိုတဲ့ စာအုပ်လေးကို အသံထွက်ဖတ်ပြတာပါ။ အစအဆုံး ၂၈ ပိုင်း၊ ကြာချိန် ၁၄နာရီ ၀၈ မိနစ် ပါ၊ အစအဆုံးတင်ပေးထားပါတယ်ဗျ။
အမြန်ရထားပေါ်မှ လူသတ်မှု (စဆုံး - ၁၇ ပိုင်း) 26.07.2023 8:07:06
မူရင်း စာရေးဆရာမကြီး အက်ဂါသာခရစ်စတီး ရဲ့ Murder on the orient express ကို ဆရာတကသိုလ်နေဝင်း မြန်မာပြန်ထားတဲ့ အမြန်ရထားပေါ်မှ လူသတ်မှု ကို ဖတ်ပြထားတာပါ၊ အစအဆုံး ၁၇ ပိုင်း တင်ပေးထားပါတယ်။
ဖြိုးသီဟ - ဗုဒ္ဓအလိုကျ (Minimalism) ( စ-ဆုံး ၁၂ ပိုင်း ) 05.06.2023 8:09:47
ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ဗုဒ္ဓအလိုကျ (Minimalism) ကို အသံထွက် ဖတ်ပြထားတာလေးပါ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများပါခဲ့လျှင် ကျနော့်တာဝန်ပါခင်ဗျာ။
မြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး (အတွဲ ၃ - စာအုပ်အမှတ် ၉ မှ ၁၂ ဇာတ်သိမ်းအထိ) 20.04.2023 31:23:41
ဆရာကြီး မြသန်းတင့် မြန်မာပြန်ပေးထားတဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီးကို အသံထွက် ဖတ်ပြပေးနေတာဖြစ်ပါတယ်။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။
မြသန်းတင့် - ရှားလော့ဟုမ်း၏ စွန့်စားခန်းများ 16.04.2023 9:02:26
ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ ရှားလော့ဟုမ်း၏ စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြပေးတာဖြစ်ပါတယ်။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့် တာဝန်ပါခင်ဗျာ။
ဂျူး - ရှင်သန်ခြင်း (ရုပ်ရှင်ခံစားမှု) 14.04.2023 31:02
ဆရာမဂျူး ရဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါးများစွာထဲကမှ ရှင်သန်ခြင်း ဆိုတဲ့ ဆောင်းပါးလေးတပုဒ်ကို အသံထွက်ဖတ်ပြပေးတာပါ။ အသံထွက်ဖတ်ပြခြင်းမှာ မှားယွင်းမှုနဲ့ လိုအပ်ချက်များရှိခဲ့ပါက ကျနော့်တာဝန်ပါဗျ။
ဂျူး - အိပ်မက်ထဲကမြို့တော် (ဝတ္ထုတို) 05.03.2023 56:46
ဆရာမဂျူး ရဲ့ အိပ်မက်ထဲကမြို့တော် ဆိုတဲ့ ဝတ္ထုတိုကို အသံထွက်ဖတ်ပြတာပါ။ ပထမပိုင်း နဲ့ ဇာတ်သိမ်းပိုင်း (၂)ပိုင်းခွဲပြီး တင်ပေးသွားပါမယ်။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နဲ့ မှားယွင်းမှုများ ရှိခဲ့ရင် ကျနော့်တာဝန်ပါခင်ဗျာ။
မြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး Part - 2 (စာအုပ် ၅ မှ ၈ အထိ) 01.02.2023 32:33:22
ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။ ယခုအပိုင်းများက ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲစာအုပ်ရဲ့ ၅အုပ်မြောက်စာအုပ်ကို ဖတ်ပြပေးတာပါ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြ...
မြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး (Part - 1) စာအုပ် ၁ မှ ၄ အထိ အပိုင်း(၅၀) 30.11.2022 29:59:19
ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။ ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲမှ အမှာစာများ၊ မှတ်စုများ နှင့်တကွ စာအုပ် ၁ မှ စာအုပ် ၄ အထိ အပိုင်း(၅၀) ကို Part -1 အနေနဲ့ တင်ပေးပြီး၊ စာအုပ် ၅ မှ ၈ အထိ Part - 2 အနေနဲ့ တင်ပေးသွားပါမယ်ဗျ။ အသံထွက်ဖတ်ပြခြင...
တော်ကောင်းမင်း - ဆန်ပြောင်းနီမိသားစု (ဘာသာပြန်ဝတ္ထုရှည်) 08.10.2022 18:37:45
တရုတ်ပြည်ရဲ့ အမြင့်ဆုံးစာပေဆုဖြစ်တဲ့ မော်တွန်း စာပေဆု၊ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့အဆင့် နိုဗယ်စာပေဆု တို့အပြင်၊ အခြားနိုင်ငံအသီးသီးရဲ့ စာပေဆုများစွာ ချီးမြှင့်ခံထားရပြီး သူ့စာပေလက်ရာအတော်များများကို ဘာသာပေါင်းများစွာသို့ ပြန်ဆိုခြင်းခံထားရတဲ့ ကမ္ဘာကျော် စာရေးဆရာကြီး မော့ယန် ရဲ့ စာအုပ်တစ်အုပ်ကို အသံထွက် ဖတ်ပြပေးချင်ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာမှာလည်း ဆုများရရှိခဲ့ပါသေးတယ်။ ဆန်ပြောင်းနီမ...
Tim - ကမ္ဘာကြီး၏အရသာ (ဘာသာပြန် ဝတ္ထုလတ်) 02.10.2022 2:54:35
အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာ ကန်လျူ ရဲ့ ဝတ္ထုလတ် တပုဒ်ကို အသံထွက်ဖတ်ပြတာပါ။ ဒီဝတ္ထုလတ် "ကမ္ဘာကြီး၏အရသာ" ဟာ ကန်လျူရဲ့ ဝတ္ထုတို(၃)ပုဒ်နဲ့ ဝတ္ထုလတ်(၁)ပုဒ် ပါဝင်တဲ့ Tim ဘာသာပြန် "မိစ္ဆာလိုက်ပွဲ" စာအုပ်ထဲက နောက်ဆုံးတပုဒ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာပါဝင်တဲ့ ဝတ္ထုတို(၃)ပုဒ်ဖြစ်တဲ့ ၁။ မိစ္ဆာလိုက်ပွဲ ၂။ တရားရှင်နှင့်မေျာက်ဘုရင် ၃။ စကားလုံး ပဉ္စလက် တို့ကို အသံထွက်ဖတ်ပြခဲ့ပြီး ဖြစ်ပါတယ်ဗျ။ ဘာသာ...
ဂျူး - မြစ်ပြင်ပေါ်မှာ (ဝတ္ထုတို) 01.10.2022 27:54
ဆရာမဂျူး ရဲ့ မြစ်ပြင်ပေါ်မှာ ဆိုတဲ့ ဝတ္ထုတိုကို အသံထွက်ဖတ်ပြတာပါ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါဗျ။
ဂျူး - တနင်္ဂနေွနေ့မှာနားတယ် (ဝတ္ထုတို - အသံစာအုပ်) 20.09.2022 31:34
ဆရာမဂျူး ရဲ့ မေွးနေ့အမှတ်တရ အဖြစ် ဆရာမရဲ့ "တနင်္ဂနေွနေ့မှာ နားတယ်" ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။ သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။
ဒီနိုဗို - မခံနိုင်အောင်ပေါ့ပါးဘ၀နေ့ညများ (ဝတ္ထုရှည်) Audiobook by Milan Kundera The Unbearable Lightness of Being, translated by D No Vo. 11.09.2022 11:16:09
ဆရာဒီနိုဗို မြန်မာပြန်ထားတဲ့ ချက်စာရေးဆရာ မီလန်ကွန်ဒရာ ရဲ့ မခံနိုင်အောင်ပေါ့ပါး ဘ၀နေ့ညများ စာအုပ်ကို အသံထွက်ဖတ်ပြတာပါ။ မူရင်းစာရေးဆရာ မီလန်ကွန်ဒရာသည် အရေးပါဆုံး ခေတ်ပြိုင် ချက်စာရေးဆရာများထဲမှ တယောက်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် အနည်းငယ်မျှသော ချက်စရာရေးဆရာများထဲတွင် ပါဝင်သည်။ သူ၏ ဖန်တီးမှုတိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကေျးမှုရေးရာ ပြောဆိုမှုတိုင်းက သူ့အချိန်ကာလတွင် အမြဲ ဆေွးနေွးစ...
ဂျူး - တတိယမြောက်ညနေခင်း (ဝတ္ထုတို) 11.09.2022 45:43
"လူဆိုသည်မှာ မိမိ၌ရှိသော အရာတစ်ခုကို တန်ဖိုးရှိရှိ အသုံးမချတတ်ဘဲ မိမိ ဘယ်တော့မျှ ရနိုင်မှာမဟုတ်သည့် တစုံတရာကို မက်မော တမ်းတတတ်သည့် အမျိုးအစားပါလား" ဆရာမ ဂျူး ရဲ့ "တတိယမြောက် ညနေခင်း" ဆိုတဲ့ ဝတ္ထုတို ကို အသံထွက် ဖတ်ပြတာပါ။ အဆင်မပြေမှုများ မှားယွင်းမှုများ ပါရှိခဲ့လျှင် ကျနော့်တာဝန်ဖြစ်ပါတယ်ဗျ။ ဖတ်ခွင့်ပြုပေးတဲ့ ဆရာမဂျူး ကို ကေျးဇူးတင်ပါတယ်ဗျ။
တင်မောင်မြင့် - ပြစ်မှုနှင့်ပြစ်ဒဏ် (ဝတ္ထုရှည် - အသံစာအုပ်) Burmese Language Audiobook 'Crime and Punishment' by Fyodor Dostoevsky. 07.08.2022 22:14:24
ကမ္ဘာ့ဂန္တဝင်စာရင်းဝင်တဲ့ ရုရှားဘာသာပြန် ဝတ္ထုရှည်ကြီး တပုဒ်ကို ဖတ်ပြပေးချင်ပါတယ်။ မူရင်းဝတ္ထုကြီး ထွက်စဉ်ကလည်း ကမ္ဘာတလွှားမှာ ဟိုးလေးတကျော် အုတ်အော်သောင်းတင်း နဲ့ တသသစွဲမက်ကြိုက်နှစ်သက်ခဲ့ကြသလို၊ အင်္ဂလိပ်ဘာသာပြန်ဆိုကြတော့လည်း ဆုတွေရရှိခဲ့ပါတယ်၊ မြန်မာဘာသာကို ဆရာတင်မောင်မြင့် ဘာသာပြန်တော့လည်း ၂၀၁၂ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။ အင်မတန်ရက်စက်တဲ့ လူသတ်မှု(ပြစ်မှု)ကြီးကို လူသတ်...
ရေွှဥဒေါင်း - အင်နာကရနီနား ( ဝတ္ထုရှည် - ၈ ပိုင်း ) 30.07.2022 3:57:19
သိပ်ကိုစွဲလမ်းရတဲ့ ကမ္ဘာကျော် ဂန္တဝင်ဝတ္ထုကြီး တပုဒ်ကို အသံထွက်ပြီး ဖတ်ပြပေးချင်ပါတယ်၊ မူရင်းရေးသားသူက ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းပါ၊ ဒီစာအုပ်ကို မြန်မာဘာသာနဲ့ ဆရာကြီးရွှေဥဒေါင်းက အကျဉ်းချုပ်ဘာသာပြန်၊ ဆရာတင်မောင်မြင့်က အစအဆုံးမူရင်းအတိုင်း ဘာသာပြန်ဆိုခဲ့ကြပြီး၊ ဆရာမြသန်းတင့်က "မမ"ဆိုပြီး မြန်မာမှုပြုခဲ့ပါတယ်။ အစအဆုံးမူရင်းအတိုင်း ဖတ်ပြပေးချင်ပေမယ့် မူရင်းက တော်တော်ကြီးကို ရှည...
မင်းသုဝဏ် - အယ်ဒီတာ (အသံစာအုပ် - ဝတ္ထုတို) 29.07.2022 14:38
ဆရာကြီးမင်းသုဝဏ် မြန်မာပြန်ပေးထားတဲ့ တဂိုးရဲ့ “အယ်ဒီတာ” ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြပေးတာပါ။ မူရင်းရေးသားသူ ကမ္ဘာကျော် အိန္ဒိယစာဆို စွယ်စုံပညာရှင် 'ရာဘင်ဒြာနသ် တဂိုး' သည် ဘင်္ဂလီအနွယ်တစ်ဦးဖြစ်ပြီး စာပေနိုဗယ်လ်ဆုကို ၁၉၁၃ ခုနှစ်ကပင် ချီးမြှင့်ခံရသည့် အာရှတိုက်မှ ပထမဦးဆုံး နိုဗယ်လ်ဆုရှင်ဖြစ်သည်။ တဂိုး၏ စာပေအနုပညာနှင့် မြင့်မြတ်လှသည့် လူ့စွမ်းရည်သည် အိန္ဒိယ၊ အာရှကိုကျော်၍ ဥရောပနှင့် အမေရိကန်တိုင...
ဇော်ဂျီ - "ကာဗူလီဝါးလား" (ဝတ္ထုတို) 26.07.2022 28:51
ဆရာကြီးဇော်ဂျီ မြန်မာပြန်ပေးထားတဲ့ တဂိုးရဲ့ "ကာဗူလီဝါးလား" ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြပေးတာပါ။ မူရင်းရေးသားသူ ကမ္ဘာကျော် အိန္ဒိယစာဆို စွယ်စုံပညာရှင် 'ရာဘင်ဒြာနသ် တဂိုး' သည် ဘင်္ဂလီအနွယ်တစ်ဦးဖြစ်ပြီး စာပေနိုဗယ်လ်ဆုကို ၁၉၁၃ ခုနှစ်ကပင် ချီးမြှင့်ခံရသည့် အာရှတိုက်မှ ပထမဦးဆုံး နိုဗယ်လ်ဆုရှင်ဖြစ်သည်။ တဂိုး၏ စာပေအနုပညာနှင့် မြင့်မြတ်လှသည့် လူ့စွမ်းရည်သည် အိန္ဒိယ၊ အာရှကိုကျော်၍ ဥရောပနှင့် အမေရိကန်တ...
အေးမင်းစော - ကြွင်းကျန်ရစ်သော (အသံစာအုပ် - ဝတ္ထုရှည်) 18.07.2022 2:50:21
ကျနော်တို့ မြန်မာစကားမှာ "ဥပါဒါန်ကြောင့် ဥပါဒ်ရောက်"လို့ ရှိပါတယ်။ ဗုဒ္ဓ က "ကံ ကံ၏အကျိုး"၊ ယေရှု ကလည်း "ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်" ဆိုပြီး ကိုယ်ပြုလိုက်တဲ့ လုပ်ရပ်တိုင်းဟာ မလွဲမသွေ ကိုယ်ပြန်ခံစား စံစားရမယ်လို့ ဟောကြား သွန်သင်ခဲ့ ကြပါတယ်။ လူတိုင်းဟာ တနေ့ မလွဲမသွေ သေဆုံးရမှာ ဖြစ်ပြီး မသေခင် လူ့လောကမှာ ဘယ်လိုနေထိုင်ပြုမူမလဲဆိုတာက လူ့တန်ဖိုးဖြစ်ပါတယ်၊ တကယ့်ဂုဏ်သိက္ခာ အစစ်ဖြစ်ပါတယ်။ ရာထူး၊ စည်းစိ...
ဂျူး - တစ်ဦးတည်းသောသား (အသံစာအုပ် - ဝတ္ထုတို) (၂ပိုင်း) 09.07.2022 1:26:39
ဆရာမ ဂျူး ရဲ့ ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ "တစ်ဦးတည်းသောသား" ကို အသံထွက်ဖတ်ပြပေးတာပါဗျ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နဲ့ မှားယွင်းမှုများ ပါခဲ့ပါလျှင် ကျနော့် အပြစ်ပါခင်ဗျာ။ အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။
ရေွှဥဒေါင်း - မေျှာ်တလင့်လင့် (အသံစာအုပ် - ဝတ္ထုရှည်) (၁၀ ပိုင်း) 27.06.2022 6:43:34
ကမ္ဘာ့ဂန္တဝင် စာရင်းဝင် နာမည်ကျော်ဝတ္ထုတပုဒ် ဖြစ်တဲ့ "မျှော်တလင့်လင့်" ကို ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။ လူ့စရိုက်ကို ပီပြင်စွာ ပုံဖော်နိုင်တဲ့ ရသမြောက်ဝတ္ထုကြီးဖြစ်တဲ့ "မျှော်တလင့်လင့်"ဟာ မူရင်းရေးသားသူ ချားလ်ဒစ်ကင် ရဲ့ အကောင်းဆုံးဝတ္ထုအဖြစ် သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံမှာလည်း ၁၉၅၀ ခုနှစ် စာပေဗိမာန် ရဲ့ ဘာသာပြန် စာပေဆု ကို ဒီဝတ္ထုနဲ့ ဆရာကြီး ရွှေဥဒေါင်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးရွှေဥဒေါင်း ဟာ...
တင်မောင်မြင့် - ပုလဲနက် (ဝတ္ထုလတ် - အသံစာအုပ်) 23.06.2022 1:56:06
ဆရာကြီးဦးတင်မောင်မြင့် ဘာသာပြန်ထားတဲ့ "ပုလဲနက်" ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးသွားမှာဖြစ်ပါတယ်၊ ကမ္ဘာကျော် ဂန္တဝင် ရသစာပေကောင်းများကို အကျဉ်းချုံ့ပြီး လူငယ်များအတွက် ရုပ်ပြအကျဉ်းအနေနဲ့ ထွက်ရှိထားတဲ့စာအုပ်များထဲက တအုပ်ဖြစ်ပါတယ်။ လူငယ်များအတွက် ရေးတာဖြစ်ပေမဲ့ ဒီအရွယ် ဒီဘဝမျိုးတွေကို ဖြတ်သန်းခဲ့ကြတဲ့ လူကြီးတွေအတွက်ပါ အကျိုးရှိနိုင်ပြီး ငယ်ဘဝကို ပြန်လည်တမ်းတ စားမြုံ့ပြန်နိုင်ကြပါလိမ့်မယ်လို့ အမေရိကန် ဂန...
မယ်ကျွိ - ရွက်ကြေွ (အသံစာအုပ် - ဝတ္ထုရှည်) 07.06.2022 11:04:19
ဆရာမမယ်ကျွိ ဘာသာပြန်ထားတဲ့ ရွက်ကြွေ ဆိုတဲ့ ဝတ္ထုဟန်အတ္ထုပ္ပတ္တိစာအုပ် လေးကို ဖတ်ပြပေးမှာဖြစ်ပါတယ်။ ဝတ္ထုဟန်အတ္ထုပ္ပတ္တိစာအုပ်တွေဟာ ခေတ်အဆက်ဆက် စာပေလောကမှာ နေရာတစ်နေရာရှိပြီး ဖြစ်သလို ၎င်းစာအုပ်တွေဟာ လွမ်းမောစရာ၊ နာကြည်းစရာ၊ တမ်းတစရာ၊ စိတ်အားတက်ကြွစရာ၊ ပျော်စရာ၊ ရယ်စရာစတဲ့ ခံစားချက်အထွေထွေကို သူ့နည်းသူ့ဟန်နဲ့ ပေးစွမ်းနိုင်တာမို့ စာရေးဆရာရဲ့ စိတ်ကူးနဲ့ ဖန်တီးထားသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မူရင...
Hasonló podcastok
A Replaio nem podcastkiadó; a műsorok nevei, borítóképei és hanganyagai a szerzőiket illetik, és nyilvános RSS-csatornákon keresztül terjednek.