Burma Podcast Network

ငါတို့ခေတ်ရဲ့မဟာဂီတ

Music MY ↓ 4 epizód

၁၉၈၀ ကာလများမှာမွေးဖွားခဲ့တဲ့ စာရေးသူရဲ သူ့ခေတ်က သီချင်းတွေသာမက သူလက်လှမ်းမီတဲ့ သူ့ရှေ့က ဂီတအမျိုးအစားတချို့ကနေ သူ့ခေတ်မှာ ခေတ်စားလာတဲ့ဂီတတွေထိ ဆင်းသက်ပေါက်ဖွား လာပုံတွေကို အခုအစီစဉ်မှာ ဆက်စပ်ထားပါတယ်။ အဲ့ဒီဂီတတွေဟာ အခုခေတ်မျိုးဆက်တွေအထိ လွှမ်းမိုးမှုရှိနေတာကြောင့် ဂီတချစ်သူမျိုးဆက်အသီးသီးကို ဂုဏ်ပြုသောအားဖြင့် ပြီးတော့ ရှေးခေတ်က ရွှေနန်းထွက်မဟာဂီတသီချင်းကြီးတွေလို တန်ဖိုးထားသောအားဖြင့် “ငါတို့ခေတ်ရဲ့ မဟာဂီတ” လို့ ခေါင်းစဉ် တပ်ထားတာဖြစ်ပါတယ်။

Mindenképp látogasd meg a podcast oldalát, és támogasd a készítőjét: podcasters.spotify.com

Szerző

Burma Podcast Network

Kategória

Music

A podcast weboldala

podcasters.spotify.com

Legutóbbi epizód

2026. szept. 19.

Hol hallgathatod?

Podcastok az alkalmazásban Replaio Radio Hamarosan

A podcastok hamarosan megérkeznek az alkalmazásba. Telepítsd most, és láss elsőként egy teljesen új megközelítést a podcastokhoz

Letöltés a Google Play-ről Telepítsd ingyen Android 10 M+ letöltés · 4,7+ értékelés iOS hamarosan

Epizódok

EP004: ကမ္ဘာ၊ မြန်မာအရွေ့နဲ့ ကော်ပီဂီတခေတ်နှောင်း 19.09.2026

ငါတို့ခေတ်ရဲ့မဟာဂီတ အပိုင်း (၄) ကမ္ဘာ၊ မြန်မာအရွေ့နဲ့ ကော်ပီဂီတခေတ်နှောင်း ဂီတကို ရှေးရိုးစွဲအမြင်တွေနဲ့ကြည့်ကြတာရယ်၊ နိုင်ငံတကာဆက်ဆံရေး၊ ကုန်သွယ်ရေးလုပ်တဲ့ နိုင်ငံဆိုတာ လက်ချိုးရေလို့ရတဲ့ခေတ်ရယ်၊ လူတွေကို ဘာမျှော်လင့်ချက်မှ မပေးနိုင်တဲ့ ၂၁ ရာစုအစောပိုင်းနှစ်တွေရယ် ပေါင်းလိုက်တဲ့အခါ အသစ်သစ်သော အနုပညာကိုဆာလောင်နေသူတွေအတွက် ရေခမ်းငါးတွေလို ဖြစ်ခဲ့ဖူးပါတယ်။ လမ်းပေါ်ကထီလှည်းမှာဖွင့်ထားတဲ့သီချင်းတွေထဲ...

EP003: ၂၀၀၀ ခုနှစ်တွေရဲ့ အနောက်ကမ္ဘာဂီတ 04.07.2026

ငါတို့ခေတ်ရဲ့မဟာဂီတ အပိုင်း (၃) ၂၀၀၀ ခုနှစ်တွေရဲ့ အနောက်ကမ္ဘာဂီတ စာရေးသူလက်လှမ်းမီသလောက်စုစည်းထားတဲ့ ၂၀၀၀ ခုနှစ်တွေတုန်းက အနောက်တိုင်းဂီတအမျိုးအစားတွေကို ပြောပြထားတဲ့အပိုင်းဖြစ်ပါတယ်။ မြန်မာပြည်မှာခေတ်မစားသေးပေမဲ့ အနောက်တိုင်းမှာ ခေတ်ကုန်နေပြီဖြစ်တဲ့ ဂီတတွေအပြင် IDM, Post-Britpop, Indie rock, Pop Punk, Post-grunge, Nu metal, Emo, Hip Hop စတဲ့ ဂီတပေါင်းစုံ၊ ဂီတအဖွဲ့ပေါင်းစုံကို ဂီတမိတ်ဆွေတွေအတွက် ဗ...

EP002: Alternative ကိုယ်ပိုင်သံစဉ် 14.03.2026

ငါတို့ခေတ်ရဲ့မဟာဂီတ အပိုင်း (၂) Alternative ကိုယ်ပိုင်သံစဉ် ဂီတဆိုင်ရာအစီစဉ်တစ်ခုဖြစ်တဲ့ “ငါတို့ခေတ်ရဲ့မဟာဂီတ” နောက်တစ်ပိုင်းလာပါပြီ။ ဒီနေရာမှာ နားစိုက်ကြသူ ဂီတမိတ်အပေါင်းကို BPN က အလေးအနက် တောင်းပန်စရာတစ်ခုရှိပါတယ်။ လိုတိုရှင်းပြောရရင် အခုအစီစဉ်ကို တစ်ပိုင်းပြီးတစ်ပိုင်း ခပ်စိပ်စိပ်မတင်ဆက်နိုင်တဲ့ကိစ္စပါ။ BPN အနေနဲ့ အပတ်စဉ်ထုတ်လွှင့်နေကျ အစီစဉ်တွေကိုရေးဆွဲကြရာမှာ အနည်းဆုံး နှစ်လသုံးလခန့် ကြိုတင်ပ...

EP001: ၈၀-၉၀ ခုနှစ်လွန်ကာလများ 10.01.2026

ငါတို့ခေတ်ရဲ့မဟာဂီတ မိတ်ဆက် ဂန္ထဝင်ဖြစ်မှုဆိုတာမှာ ခေတ်အဆက်ဆက် မှတ်တမ်းအစဉ်၊ ကျမ်းအစဉ်မှာ သမိုင်းဝင်ဖော်ပြခံရမှု၊ လက်ရှိထိလည်း မတိမ်ကောသေးမှု စတာတွေပါဝင်ပါတယ်။ စာပေနဲ့အနုပညာလောကမှာ အမေမာလို့ ခေါ်ကြတဲ့ လူထုဒေါ်အမာကလည်း “ပေမီဒေါက်မီရှိမှု၊ ခမ်းနားမှုနဲ့ ဂုဏ်ယူနိုင်လောက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်မှု” ဆိုတဲ့ အတိုင်းအတာနဲ့ ဂန္ထဝင်ဆန်တာကို လက်တွေ့ကျကျဖွင့်ဆိုပါတယ်။ တကယ်တော့ “ငါတို့ခေတ်ရဲ့မဟာဂီတ” အစီစဉ...

Hallgasd a(z) ငါတို့ခေတ်ရဲ့မဟာဂီတ podcastot a Replaióban

Rádió és podcastok egy alkalmazásban - ingyen és regisztráció nélkül. Telepítsd még ma, és ne maradj le a premierről

Letöltés a Google Play-ről

A Replaio nem podcastkiadó; a műsorok nevei, borítóképei és hanganyagai a szerzőiket illetik, és nyilvános RSS-csatornákon keresztül terjednek.