Burma Podcast Network

ညိုကီFM

လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ ​စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊​ ဘီယာဆိုင်၊ ​ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။ ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ​? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း ​သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ ​လွမ်းစရာ၊ ​စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံ...

Auteur

Burma Podcast Network

Catégorie

Uncategorized

Site du podcast

burmapodcast.network

Dernier épisode

1 nov. 2025

Où écouter ?

Les podcasts dans l'appli Replaio Radio Bientôt disponible

Les podcasts arrivent très bientôt dans l'appli. Installe-la dès maintenant et découvre en avant-première une toute nouvelle façon de vivre les podcasts

Télécharger sur Google Play Installe-la gratuitement Android 5 M+ de téléchargements · note de 4,8 iOS bientôt

Épisodes

ယုံလွန်းတတ်သူကြီး (သို့မဟုတ်) ညိုကီ ဝီရ 01.11.2025

Oldies Classic လူငယ် ဂီတသမား – ဝီရမိုးနေနဲ့ တွေ့ဆုံခြင်း တစ်နေ့တစ်နေ့ Facebook ပေါ်မှာ အမောတွေ၊ သောက၊ ပူလောင်စရာချည်းပဲလို့ ခံစားမိနိုင်ပါတယ်။​ ဒါပေမဲ့ စိတ်သက်သာစရာ အကြောင်းတရားလေးတွေ၊ ကြည်နူးစရာ အခိုက်တွေလဲ ရှိနိုင်ပါသေးတယ်။ အဲ့တာကတော့ အခု ညိုကီ FM ရဲ့ Episode 12 ဖြစ်ပါတယ်။ ကလေးဘဝထဲက ဂစ်တာတူရိယာအပေါ်ထားတဲ့ သံယောဇဥ်နဲ့ Oldies Classic ဂီတတွေအပေါ် မြတ်နိုးငြိတွယ်ခြင်းကနေ ပေါက်ဖွားလာတဲ့ Album အ...

ညိုကီဆက်လျှောက် 25.07.2025

“ညိုကီ x ဆက်လျှောက်” လာပါပြီ။ “ကျွန်တော့်ခြေထောက်က ညာဘက်ပြတ်တာ “ဆက်လျှောက်” Logo က ဘယ်ခြေတုပုံ…ကျွန်တော့် တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ အခြား ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ ရဲဘော်တွေအားလုံးကိုကိုယ်စားပြုတယ်။” လေးနက်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆက်လျှောက်နေတဲ့ ညိုကီ ကျီးကန်း အကြောင်းကို Burma Podcast Network ရဲ့ Platform များမှာ နားဆင်နိုင်ပါပြီ။ Disclaimer: ယခုအပိုင်းတွင် Suicide န...

အသည်းနုတဲ့ ညိုကီဘဲဥ 02.05.2025

ဒီအပိုင်းဟာ ရုပ်ရှင်လောကသားတစ်ယောက်ရဲ့ အကြောင်းပါ။ အင်းစိန်သား၊ BARS ကျောင်းထွက်၊ ယုံကြည်ရာ အနုပညာအတွက် ရုန်းကန်နေတဲ့ အသက် (၃၀) ကျော် ညိုကီတစ်ယောက်။ မီးထိုး/မှန်ထိုး၊ ဖြတ်လျှောက်၊ Crew၊ အဲ့ကနေမှ ရိုက်ကူးရေးမန်နေဂျာ၊ ပရိုဂျူဆာက စလို့ Series, Short Film နဲ့ ရုပ်ရှင်ကြီးတွေမှာပါ မင်းသားအ‌ဖြစ် အောက်သက်ကြေတဲ့ ညိုကီ။ မောက်ခမ်းဝါ ရဲ့ The Unknown Infinity ဆိုတဲ့ Short Film မှာ “ဘဲဥ” ဆိုတဲ့ သူ့...

သီချင်းများနှင့်ညိုကီ 07.03.2025

အခုအလှည့်ကျသူကတော့ သီချင်းဆိုတဲ့ ညိုကီတစ်ယောက်ပါ။ အပြည့်အစုံမိတ်ဆက်ရရင် Born in Burma Art ရဲ့ Vocalist တစ်ယောက်လည်းဖြစ်၊ “နှစ်ချို့မှာတမ်း” Music Album ဖန်တီးထားသူ ကိုဂါဖြစ်ပါတယ်။ ဒီညိုကီက စကားပြောအေးသလို အင်မတန် သဘောကောင်းပါတယ်။ သီချင်းနဲ့ပတ်သက်ရင်တော့ သူသဘောမကောင်းဘူးလို့ ထင်တယ်။ အထူးသဖြင့် သူ့သီချင်းတွေကို ကော့်ဒ် ၄ ကွက်သိပြီး ဂစ်တာတီးတတ်တယ် ထင်နေတဲ့ ကျွန်တော့်လိုကောင်တွေ လက်ကမြင်းမ...

လူအများစုမသိတဲ့ ၂၀၂၅ အတွက် စိန်ခေါ်မှုများ 10.01.2025

သမိုင်းသုတေသီ ဒေါက်တာသန်းထွန်းက ပြောတယ် “သမိုင်းကိုသင်တာ မအ အောင်လို့တဲ့”။ ဒါဆို သမိုင်းကိုပြန်ကြည့်ရအောင်..သမိုင်းမှာ လူသန်းပေါင်းများစွာ စက်မှုတော်လှန်ရေးအလွန် ဆင့်ကဲနည်းပညာတိုးတက်လာမှုကြောင့် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ အမှီလိုက်နိုင်သူတွေအတွက် အလုပ်အကိုင်အသစ်တွေပေါ်လာပြီး ဘဝပြောင်း ချမ်းသာခဲ့ကြတယ်။ ဥပမာ – ATM စက်တွေပေါ်လာပြီး ကမ္ဘာအရပ်ရပ်က ဘဏ်ဝန်ထမ်းတွေအများပြား အလုပ်ဆု...

ကျောင်းမှာမသင်သော လိင်မှုဘဝ သင်ခန်းစာများ 22.11.2024

ကျောင်းမှာ မသင်ခဲ့ရတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီအပတ် Nyo Kyi FM မှ ကိုဘဟိန်းက ဒေါက်တာဖြိုးသီဟနဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။ ဒီ Podcast မှာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ဘာကြောင့် တစ်ခေတ်ပြန်စားလာလဲ၊ Sex Education နဲ့ ပတ်သက်တဲ့ ရှေးရိုးစွဲ အယူအဆတွေ၊ Pornography စွဲလမ်းမှု အစရှိတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ လူငယ်တွေ သိသင့်သိထိုက်တာတွေကို ဆွေးနွေးထားပါတယ်။

အိမ်ပြန်ခရီး နီးစပ်နေပြီလား? 30.08.2024

ညိုကီ FM ရဲ့ တော်လှန်ရေးထဲက ညိုကီတစ်ဦးနဲ့ Special အပိုင်းသစ် လာပါပြီ။ ကျွန်တော်တို့ ချစ်ခင်ရတဲ့ မြန်မာပြည်အနှံ့က ချစ်မိတ်ဆွေ သူရဲကောင်းတွေရဲ့ အိမ်ပြန်ခရီး နီးစပ်နေပြီလား။ အိမ်ပြန်လာကြတဲ့ မိတ်ဆွေတွေကို ဘယ်လို ကြိုဆိုသင့်ကြသလဲ။ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေး မတိုင်ခင်နှစ်များထဲက မြန်မာလူငယ်ကျောင်းသားလှုပ်ရှားမှုများနဲ့ လူသိများတဲ့ ညိုကီတစ်ဦး မြို့ပြကို ခေတ္တရောက်ချိန် ဖိတ်ခေါ်စကားပြောဖြစ်ခဲ့ပါတယ်။ အ...

ဂြိုဟ်သား၊ ဝိပသနာနှင့် သရဲများ အကြောင်း ငြင်းခုန်ခြင်း 12.06.2024

စံနှုန်းတွေ မချည်နှောင်ဘဲ ပြောတဲ့ စကားဝိုင်းတွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက်တေ့ာ အကြည်ဓာတ်လေး ကျန်ခဲ့မှာ သေချာပါတယ်။ ဒီအပိုင်း နားထောင်ပြီး မိတ်ဆွေရင်ထဲ ကျန်ခဲ့မှာကတော့ ငါ့အချိန်တွေ နှမြောလိုက်တာဆိုတဲ့ ခံစားချက်ကြီးလည်း ဖြစ်နိုင်သလို သရဲတွေက ဂြိုဟ်သားတွေများလားဆိုတဲ့ မေးခွန်းကြီးနဲ့ ညသန်းခေါင် သေးထမပေါက်ရဲတော့တာလည်း ဖြစ်နိုင်ပါတယ်။ BPN မှ ကြည့်ရှုသူများကို အရက်သေစာ​၊ မူးယစ်ဆေးဝါးနှင့် Cons...

Happy Old Years 29.04.2024

ညိုကီ FM အပိုင်း-၄ လာပါပြီခင်ဗျာ။ တကူးတက မမျှော်နေကြပေမဲ့လည်း တာဝန်သိစွာ တင်ဆက်လိုက်ပါတယ်။ Brad က စာကို မဖြစ်မနေ ဖတ်နေရပြီး အားကစားလုပ်ရတာ ခုံမင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ Sammy က တောထဲရောက်လိုက် မြို့ပေါ်ရောက်လိုက်နဲ့ နောက်ဆုံးအိမ်ထောင်ကျသွားတဲ့ တံငါသည်တစ်ပိုင်း Podcaster၊ Frankie ကတော့ ကျန်းမာရေးလိုက်စားတာနဲ့ ညီမျှအောင် ပြန်သောင်းကျန်းတတ်တဲ့ ဘဝအတွေ့ကြုံများတဲ့ လူလတ်ပိုင်းမိတ်ဆွေတစ်ယောက်ပေါ့။...

ဖက်ရှင်မိ၏၊ မမိ၏ 10.04.2024

ဒီအပိုင်းလေးက သွင်းထားတာကြာပါပြီဗျာ။ အချို့ Spotify က မိတ်ဆွေတွေတောင်မှ နားထောင်ပြီးလောက်ပါပြီ။ ဆယ်ကျော်သက်အရွယ်ထဲက အိမ်က ဆင်ပေးတဲ့ အဝတ်အစားတွေကနေ တော်လှန်ပြီး စိတ်ကြိုက် ဖက်ရှင်တွေ၊​ ဆံပင်ကေတွေ၊ နားကွင်းတွေ အစရှိသဖြင့် ကိုယ်ဘာကောင်လဲ ဖော်ပြနိုင်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ကြသော၊ ​ကြိုးစားနေကြဆဲဖြစ်သော၊ ကြိုးစားခဲ့ပြီးသော ပုရိသယောကျ်ားများအတွက် ညိုကီ FM က မိတ်ဆွေတွေက တော်ကီဖုတ်ခဲ့ကြပါတယ်။ အမ...

Écoute le podcast ညိုကီFM sur Replaio

La radio et les podcasts dans une seule appli - gratuite, sans inscription. Installe-la dès aujourd'hui et ne rate pas le lancement

Télécharger sur Google Play

Replaio n'est pas éditeur de podcasts ; les noms des émissions, les visuels et l'audio appartiennent à leurs auteurs et sont diffusés via des flux RSS publics