Burma Podcast Network
Podcast for Well Being
Burma Podcast Network ရဲ့ "Podcast for Wellbeing" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများ တိုးပွားစေရန်အတွက် ကျန်းမာရေး အထောက်အကူပြုအဖွဲ့အစည်းများ ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမယ့် ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။Disclaimerနားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သော အဖြေဖြစ်ကြောင်း BPN ဝိုင်းတော်သားများမှ ထပ်လောင်းပြောကြားလိုပါတယ်။
Besuch unbedingt die Website des Podcasts und unterstütze die Macher: podcasters.spotify.com
Autor
Burma Podcast Network
Kategorie
Podcast-Website
Neueste Folge
1. Aug 2026
Wo hören?
Podcasts in der App Replaio Radio Bald verfügbarPodcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts
Folgen
EP006: အပူလုံးကြွပေမဲ့ ယူကျုံးမရမဖြစ်ရလေအောင် 01.08.2026 18:30
လူ့ဘဝရယ်လို့ ရှိလာတဲ့အခါ ဝမ်းနည်းပူဆွေးမှုဆိုတာ ဒွန်တွဲပါနေတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းပူဆွေးကြရတဲ့အထဲမှာ အခုခေတ်လို ထွေလီကာလီရှုပ်ပွနေတဲ့ခေတ်မှာ ပိုပြီးပူဆွေးဖို့ အကြောင်းများတတ်ကြပါတယ်။ ပျော်ရွှင်မှုကိုဖြတ်သန်းရတဲ့အခါ မသိလိုက်မသိဘာသာပေမဲ့ ဝမ်းနည်းမှုကိုကြုံရတဲ့အခါမှာတော့ ကာလရှည်လျားတတ်လေ့ရှိတာ သဘာဝတစ်ခုပါ။ ပျော်ရွှင်ဖို့ကို ဖြတ်သန်းရဲရင် ဝမ်းနည်းမှုကိုရော ဘယ်လိုဖြတ်သန်းရဲကြမလဲ။“...
EP005: သိထားသင့်တဲ့ စိတ်ဖိစီးမှုကွင်းဆက်အမျိုးမျိုး 04.04.2026 13:29
ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ဖိစီးနေသူတွေရှိရင် ဒီအပိုင်းကို နားထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကနေ့ခေတ်လူ့အဖွဲ့အစည်းရဲ့ အခြေခံစိတ်ဒုက္ခအမျိုးမျိုးကို ဘဝတစ်ခုစကတည်းက ကျော်ဖြတ်ကြရာမှာ ဘယ်လိုပုံစံတွေ ရှိကြလဲ ဆွေးနွေးထားပါတယ်။ Bossa nova ငြိမ့်ငြိမ့်လေးတွေနောက်ခံနဲ့ ဆရာမရဲ့ စေတနာပါပါဆွေးနွေးပြောပြမှုတွေကို နားဆင်ကြရမှာပါ။ အားလုံး စိတ်ဖိစီးမှုကို ခြေခြေမြစ်မြစ်သိမြင်ပြီး တစ်ဆင့်ချင်းဖြေလျှော့ကျော်ဖြတ်န...
EP004: ကြင်နာတဲ့အိပ်ဆေးပေးရပါရင် 17.01.2026 18:59
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုလို့ရှိရင် လာဘ်ရဖို့အတွက် အဓိက မောင်းနှင်အားတစ်ခုက “အိပ်စက်ခြင်း” ဆိုတဲ့ ဇာတ်လိုက်ကျော်ကြီးပါပဲ။ မိတ်ပေါင်းဆွေသဟာတို့ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာဖို့ဆိုရင် အိပ်ပျော်ဖို့က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လူမှုစီးပွား၊ နိုင်ငံရေး၊ စစ်ရေးအရှုပ်ထွေးတွေ၊ မချစ်သူနဲ့ပေါင်း၊ ချစ်သူနဲ့ကွဲ၊ ချစ်သူကိုမရသေးသူအပေါင်းရဲ့ ဒုက္ခတွေကိုလည်း အိပ်စက်ခြင်းနဲ့ ခဏတဖြုတ် စိတ်ပြောင်းအားဖြည့်နိုင်...
EP 003: သိမ်မွေ့စွာနားထောင်နည်း 22.11.2025 11:48
စိတ်ကျန်းမာရေး ထိခိုက်နေသူတစ်ယောက်ကို ဘယ်လိုပံ့ပိုးပေးမလဲ? ဒီအပိုင်းမှာတော့ 🎙စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေရသူတစ်ဦးကို ဘယ်လိုပံ့ပိုးကူညီပေးနိုင်မလဲ? 🎙စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေရသူပြောတဲ့ အကြောင်းအရာတွေကို ဘယ်လိုနားထောင်ပေးရမလဲ? 🎙ကူညီပေးလိုသူတွေက ဘာတွေသတိပြုဖို့ လိုအပ်သလဲဆိုတာတွေကို Counselling Psychologist ဆရာမ Agnes က တင်ဆက်ထားပါတယ်။ နားဆင်သူမိတ်ဆွေတို့လည်း စိတ်ထိခိုက် နာကျင်နေရသူ မိသား...
EP 002: ခေတ်သစ်ကမ္ဘာထဲ စိတ်ကြည်စေ 20.09.2025 8:20
Social media သုံးပြီး ဝမ်းသာတာ၊ စိတ်မကောင်းဖြစ်တာ၊ ပျော်တာ၊ ဒေါသထွက်တာ စသဖြင့် စိတ်ခံစားချက်မျိုးစုံကို မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေကြရပါတယ်။ အခုလို ခံစားချက်တွေ တက်လိုက် ကျလိုက်နဲ့ ရှုပ်ထွေးနေတာက မိတ်ဆွေတို့ သတိမထားမိလိုက်ချိန်မှာပဲ မိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာရေးအပေါ်ကို အကျိုးသက်ရောက်မှုတွေ ရှိလာစေပါတယ်။ မိတ်ဆွေတို့ ကျန်းမာ အကျိုးများစေရန် ရည်ရွယ်ပြီး BPN က ထုတ်လုပ်ထားတဲ့ Podcast for Wel...
EP 001: ကိုယ့်ကိုယ်ကိုအလေးဂရုပြုခြင်း 19.07.2025 21:10
မိတ်ဆွေတို့ရေ မာလာရှမ်းကောစားပြီး Self Care လုပ်၍ သူငယ်ချင်းတစ်စု အစာအိမ်နာသွားခြင်း၊ အရမ်းတော်သောကြောင့် မိမိကိုယ်ကို ဖုန်းအသစ် လက်ဆောင်ဝယ်ပေးလိုက်ရာ အိမ်လခ ပေးစရာမရှိတော့ခြင်း ဆိုတာမျိုးတွေရော ကြုံဖူးကြလား? မိမိရဲ့ စိတ်/ရုပ် ကျန်းမာခြင်းကို အချိန်ပေး ဂရုစိုက်ခြင်းဆိုတာ အရေးကြီးတဲ့ကိစ္စပါ ။ ဒါလုပ်သင့်ပါတယ်။ ဒါပေမဲ့ ဘယ်လို စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မလဲ သိထားမှ ကောင်းမွန်တဲ့ ရလဒ်တွေထွက်မ...
Ähnliche Podcasts
Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet