BurmaPodcastNetwork
"Memories of a Poet" by Nyein Wai
နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ထင်ဟပ်ဖော်ပြနေသော ပြည်တွင်း ပြည်ပ ကဗျာများကို RFA မြန်မာပိုင်းမှာ "ကဗျာ့အိုးဝေ"ဆိုပြီးနှစ်အတော်ကြာ အသံလွှင့်ခဲ့သူ ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ သူနှစ်ခြိုက်သော ကဗျာများကို " ကဗျာဆရာ၏ မှတ်ဥာဏ်များ" သို့မဟုတ် " Memories of a Poet" ဆိုတဲ့ Podcast နဲ့ သောတရှင်များဖို့ တစ်ဖန် ထုတ်လွှင့်လိုက်ရပါတယ်။ နားသောတဆင် ကြပါအုံးခင်ဗျာ။
Určitě navštivte web podcastu a podpořte jeho tvůrce: burmapodcast.network
Autor
BurmaPodcastNetwork
Kategorie
Web podcastu
Nejnovější epizoda
5. led 2024
Kde poslouchat?
Podcasty v aplikaci Replaio Radio Už brzyPodcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty
Epizody
ဇောချွေး 05.01.2024 4:55
ရေးသူပြောသူ မျှဝေယူကြတဲ့ ကဗျာလောကသဘောကို "ဇောချွေး" ဆိုတဲ့ ကဗျာနဲ့ ရှာဖွေတင်ပြထားတာမို့ သောတရှင်များ နားဆင်မှတ်သားနိုင်ပါတယ်။
ခိုင်မာကျော်ဇော်ရဲ့ "ခြေရာပျောက်" 30.12.2023 4:27
ကဗျာဆရာတွေဟာ ကဗျာ့နည်းပရိယာယ်၊ ကဗျာ့အတတ်ပညာနဲ့ အဖိနှိပ်ခံဘဝတွေကို သက်သေခံပြီး မှတ်တမ်းတင်ကြပါတယ်။ ကဗျာဆရာငြိမ်းဝေ(ကဗျာ့အိုးဝေ)ဟာလည်း သက်ရှိသက်သေတစ်ဦးဖြစ်တယ်ဆိုတာ ဒီအပိုင်းမှာ အထင်းသားတွေ့ရမှာပါ။
Chelian Pablo Neruda 25.12.2023 4:25
Noble ဆုရခဲ့သူ မြန်မာပြည်နဲ့ အလွန်နီးစပ်သူ၊ ကမ္ဘာငြိမ်းချမ်းရေး အကျိုးရှေးရှုတစ်ဦးရဲ့ ဘဝနဲ့ကဗျာများကို ကဗျာဆရာ၏ မှတ်ဉာဏ်များမှ တင်ဆက်လိုက်ရပါတယ်။
အမည်မဲ့ကဗျာ 20.12.2023 6:15
ရုရှားပြည်သူတွေကို ဖိနှိပ်တဲ့ ရုရှားအာဏာရှင်ကြီးကို လက်နက်မဲ့ ကဗျာဆရာတစ်ယောက်က လက်နက်မဲ့ကဗျာတစ်ပုဒ်နဲ့ အသေခံတိုက်ခိုက်ခဲ့တဲ့ ကဗျာဆရာ အိုစစ် မင်ဒယ်လ်စတန်းရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်ပါတယ်။ ကဗျာချပ်ဝပ်နဲ့အသေခံ ကာကွယ်သွားရအောင် ဒါကဘယ်လိုကဗျာမျိုးပါလဲ။
သူငိုရင်တကမ္ဘာလုံးလှုပ်တယ် 15.12.2023 6:12
ကစဥ့်ကလျားအခြေအနေကြားက မိသားစုကဗျာတစ်ပုဒ်ကို နားဆင်ကြရမှာပါ။ ကဗျာဆရာယောဟန်အောင်ဟာ "သူငိုရင်တကမ္ဘာလုံးလှုပ်တယ်" ဆိုတဲ့ကဗျာနဲ့ ငြိမ်းဝေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီအပိုင်းဟာ ဒီကဗျာကို ဂုဏ်တင်တဲ့ အပိုင်းပါပဲ။
ဆံပင်ရှည်ရှည် စွန့်စားခန်းများ 10.12.2023 4:52
ငြိမ်းဝေရှာဖွေထားတဲ့ ကဗျာဆရာမိုဃ်းဇော်ရဲ့ နောက်ထပ်ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ကြပ်တည်းလှတဲ့ ဘဝအခြေအနေတွေကို ကဗျာအပေါ်မှာ အရှင်းလင်းဆုံး မြင်တွေ့ခံစားရမှာပါ။
ဟိုက္ကူမယ်မိုရီ 05.12.2023 5:10
ကဗျာဒဿနဆိုတာ သဘာဝကို အခြေခံတယ်လို့ ဆိုရမှာပါ။ သစ်ရွက်တစ်ရွက်ကြွေတာကို လူတစ်ယောက်က မရေမတွက်နိုင်တဲ့ ခံစားချက်တွေနဲ့ ကွဲပြားတွေ့ရှိနိုင်တာကို နားဆင်ကြရမှာပါ။
လိပ်ပြာမသန့်တဲ့စိတ် 30.11.2023 6:45
ဆိုးမွေဟာ မျိုးဆက်များစွာတိုင်ခဲ့ပါပြီ။ မပြတ်သေးသမျှ အဖြစ်အပျက်တွေ တူနေဦးမှာပဲ။ ရှေ့မျိုးဆက်ကငြိမ်းဝေဟာ ခေတ်အဖြစ်အပျက်ချင်းတူနေတဲ့ အကြောင်းအရာတွေကို လူငယ်ကဗျာဆရာတစ်ယောက်ရဲ့ကဗျာနဲ့ ကိုးကားတင်ဆက်လိုက်ပါတယ်။
ပန်းတွေပွင့်ပါစေ 25.11.2023 4:46
အဆုံးသတ်တိုက်ပွဲရင်ခုန်သံကို ငြိမ်းဝေက ကဗျာတစ်ပုဒ်နဲ့တင်စားပြီး မြင်ယောင်မိပါတယ်။ ကဗျာဆရာမောင်လမင်းလေးရဲ့ ပန်းတွေပွင့်စေ ဆိုတဲ့ကဗျာဟာ ဒီလိုအားသစ်တွေဆက်ပေးရာ ကဗျာတစ်ပုဒ်ပါပဲ။
ဟီရိုရှီးမားတစ္ဆေနဲ့ကြောက်စိတ် 20.11.2023 5:07
ဗုဒ္ဓတောင်မှ အိုနာသေခြင်းကို ကြောက်စိတ်ကြောင့် ဒီတရားတွေကင်းရာ နိဗ္ဗာန်ကို ရှာဖွေခဲ့ပါတယ်။ ကြောက်ကြောက်နဲ့လုပ်ခဲ့တာတွေဟာ ကြောက်စိတ်ကို ရင်ဆိုင်ခဲ့ကြတာဖြစ်ကြောင်း ရှာဖွေသက်သေခံထားပါတယ်။
ရာဘင်ဒြာနတ်တဂိုး၏ "အကိုကြီး" 15.11.2023 5:19
မိသားစုစိတ်ဓါတ်ဆိုတာ ဘာလဲ။ ငြိမ်းဝေဖတ်ခဲ့ရတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ သက်သေပြထားပါတယ်။ ဘင်္ဂါလီကဗျာကဝိကြီး ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာတစ်ပုဒ်ကို ဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့ကဗျာကိုလည်း ကြည်နူးဖွယ်ကြားကြရမှာပါ။ နားဆင်ကြည့်ကြပါဦး။
လူသားကဗျာဆရာရဲ့ ကိုယ်ရေးရာဇဝင် 10.11.2023 6:12
ကဗျာဆရာတွေရဲ့ ဘဝအပေါ်ကျင်လည်ရပုံတွေ၊ စိတ်ထားတွေ၊ ခံစားချက်တွေ ရူးသွပ်ပုံနဲ့ ဘာတွေကို အားကျနေကြလဲဆိုတာတွေကို မိုဃ်းဇော်ရဲ့ကဗျာနဲ့ သရုပ်ဖော် ရွတ်ဖတ်လိုက်ပါတယ်။ ကဗျာရေးသူတွေရဲ့ဘဝကို နားဆင်ကိုယ်ချင်းစာနိုင်ပါတယ်။
ကဗျာဆရာတဂိုး၏ ကဗျာတစ်ပုဒ် 05.11.2023 5:15
ကပ်ဆိုက်နေတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးတရားတွေနဲ့ ပြည့်စုံနေသူတစ်ဦးရဲ့ စိတ်ထားနဲ့ အမူအကျင့်တွေကို ဖွင့်ဆိုဖော်ပြထားတဲ့အပိုင်း ဖြစ်ပါတယ်။ ဆရာမောင်ဆုရှင်ရဲ့ တဂိုးကဗျာဘာသာပြန် လက်ရာကိုလည်း ရွတ်ဆိုထားပါတယ်။
သတင်းစာဆရာ သံမဏိဦးဝင်းတင်အတွက် ငြိမ်းဝေ၏ ကဗျာတစ်ပုဒ် 30.10.2023 6:53
ဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်စဥ်က ငြိမ်းဝေတသထားတဲ့ ကဗျာတစ်ပုဒ်ကို တင်ပြထားပါတယ်။ ဦးဝင်းတင်ရဲ့ ရပ်တည်မှု၊ မာန်မာနနဲ့ သိက္ခာတရားကို တစ်စိတ်တစ်ပိုင်း မြင်ယောင်နားဆင်ရမှာ ဖြစ်ပါတယ်။
ကဗျာဆရာ၏ ကဗျာဆိုင်ရာ ဖွဲ့ဆိုရေးသားမှု 25.10.2023 4:50
သောတရှင်များအတွက် ကဗျာဆိုင်ရာ ဖွဲ့ဆိုရေးသားမှု၊ အတွင်းသဘောဆိုလိုချက်တွေအပေါ် အကောက်အယူဆိုင်ရာ ရှင်းလင်းချက်တွေကို ငြိမ်းဝေက မျှဝေထားပါတယ်။
ကဗျာဆရာကိုရွေး၏ "စိုးတယ် ရန်ကုန်" 20.10.2023 4:29
ရူးချင်ယောင်ဆောင်ရင်း တကယ်ရူးသွားတတ်တာကို ဆရာကိုရွေးက "စိုးတယ်ရန်ကုန်" ဆိုတဲ့ ကဗျာနဲ့ တိုတောင်းပြတ်သားစွာ ဖော်ထုတ်ထားတာကို ငြိမ်းဝေရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ခံစားကြရမှာပါ။
ကဗျာဆရာငြိမ်းဝေ၏ "လပြည့်ည" 15.10.2023 4:48
လပြည့်ညရဲ့ ဆွဲငင်အားကြောင့် အလွမ်းဓာတ်ခံများ ပြည့်လျှံလာတဲ့ လူသားဆန်မှုမှ ပေါက်ဖွားလာသော ကဗျာတစ်ပုဒ်။
ကဗျာဆရာဝင်းမင်းခိုင် "တရား" 10.10.2023 4:08
အိပ်မက်ဆိုးတွေကြားက စစ်အာဏာရှင်တွေရဲ့ မထူးဇာတ်ခင်းနေတဲ့အကြောင်း ကဗျာဆရာဝင်းမင်းခိုင်ရဲ့ ကြိုတင်နိမိတ်ဖတ်ထားတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုဖွင့်ဟ ထားပါတယ်။
ကဗျာဆရာကြီးတင်မိုး၏ "ခွပ်ဒေါင်းခင်းတဲ့လမ်း" 05.10.2023 4:44
အမယ်ဘုတ်သူ့ချည်ခင်လူ့အဖွဲ့အစည်းနဲ့ အင်တာနက်ခေတ်ရဲ့ ရှုပ်ထွေးမှုတွေကြား ပန်းတိုင်မပျောက်လျှောက်လှမ်းဖို့ ကဗျာဆရာကြီးတင်မိုးရဲ့ကဗျာက မီးမောင်းထိုးပြ သံဝေဂရစေမှာ ဖြစ်ပါတယ်။
ကဗျာဆရာ ကွန်စစ်ကောင်း၏ "ကမ္ဘာကြီးဟာပျက်နေတာကြာပေါ့" 30.09.2023 6:17
ချစ်ခင်လေးစားရပါသော ပရိတ်သတ်များခင်ဗျာ လို့ အစချီတဲ့ ဆရာငြိမ်းဝေရဲ့ အသံတင်ဆက်မှုများဟာ အခုဆို အပိုင်း ၁၁ ကိုရောက်လာခဲ့ပါပြီ။ နားဆင်ကြပါဦးခင်ဗျာ။
"မိုးပြိုည" ကဗျာ 05.09.2023 5:40
လေတိုးခံရတဲ့ ကြိုးတစ်ချောင်းနဲ့တူတဲ့ သောင်ရင်းမြစ်ဟာ ခေတ်အဆက်ဆက် မြန်မာပြည်က တော်လှန်လူငယ်တွေရဲ့ မှတ်စုစာအုပ်ငယ်လေးတွေထဲ ကဗျာဘယ်နပုဒ်များ ပေါ်ပေါက်စေခဲ့ပြီလဲ။
သူပုန်ဖြူ "လာမယ့်နွေဦးဟာငါတို့အောင်ပွဲ" 30.08.2023 4:31
ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ဟာ "သူပုန်ဖြူ"ပါပဲ။ ကဗျာဆိုတာ ရင်ခုန်သံပါပဲလို့ ဆရာကြီး ဒဂုန်တာရာက ပြောခဲ့သလို သူပုန်ဖြူရဲ့ တော်လှန်သော ရင်ခုန်သံဟာ ငြိမ်းဝေကို လာငြိတယ်၊ မြန်မာပြည်သူတွေကို သွားငြိတယ်၊ ခင်ဗျားတို့ ကျွန်တော်တို့လူငယ်တွေကိုလည်း လာငြိခဲ့ပါတယ်။ နားဆင်ကြပါဦးဗျာ။
မွန်ဂိုကဗျာဆရာ ချိုအီဇင်စူရီ "စစ်ပွဲ" 25.08.2023 5:43
ဦးငြိမ်းဝေရဲ့ အတွေ့ကြုံများထဲက တစ်ခုဖြစ်တဲ့ တောတောင်အတွင်း ဖြတ်သန်းမှုများက စိတ်ထိခိုက်စရာ၊ မှင်သက်အံ့သြစရာ ကောင်းလှပါတယ်။ ၅ နှစ်အရွယ် ကရင်ကလေးငယ်နှင့်အတူ စစ်ပြေးကြရင်း အဖေနဲ့ဝေးရတဲ့ ကရင်ကလေးငယ်၊ တစ်ဦးတည်းသော သားငယ်ကို ထားခဲ့ရတဲ့ ကဗျာဆရာငြိမ်းဝေတို့ရဲ့ အဖြစ်အပျက် မှတ်ဉာဏ် တစ်ပိုင်းတစ်စကို မွန်ဂိုလီယား ကဗျာဆရာ ရဲ့ "စစ်ပွဲ" ဆိုတဲ့ ကဗျာနဲ့ ခံစား ဝေမျှထားပါတယ်။ နားဆင်ကြပါဦးဗျာ။
မောင်ချောနွယ်၏ "ပင်မှည့်တေး" 20.08.2023 4:07
ကဗျာဆရာ ငြိမ်းဝေဟာ မြန်မာပြည်ဖွား ခေတ်ပေါ် ကဗျာ လမ်းသစ်ဖောက်ခဲ့သူ ကဗျာစွန့်ဦးဆရာတစ်ဦးဖြစ်တဲ့ မောင်ချောနွယ်ရဲ့ ကဗျာ " ပင်မှည့်တေး" ကို ခံစားတင်ဆက်ထားပါတယ်။ ခေတ်တစ်ခုကို အတူဖြတ်သန်းခဲ့ကြတဲ့ ကဗျာဆရာတစ်ဦးက တစ်ဦးအပေါ် ဂုဏ်ပြုခံစားတင်ဆက်ထားခြင်းဟာ ချစ်စဖွယ်ပါပဲ။ နားဆင်သူတွေအတွက် ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်ကို ခွဲခြားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ သောတဆင်ကြပါဦးခင်ဗျာ။
ဝင်းလတ် "မျက်လှည့်ဆရာကြီးရဲ့မယား" 17.08.2023 6:53
ဗိုလ်နေဝင်း စစ်အစိုးရ လက်ထက်မှာ ကဗျာဆရာတွေဟာ ဘယ်အခန်းကဏ္ဍကနေပြီး ပြည်သူ့ဖက်က ရပ်နေကြသလဲ။ အာဏာရှင်ရဲ့ စိစစ်ရေးအမှောင်ခန်းကို ပရိယာယ်ဝင်္ကဝုတ်နဲ့ ဘယ်လိုကျော်ဖြတ်ခဲ့လည်း ဆိုတာ သက်သေပြခဲ့တဲ့ ပထမဆုံးကဗျာတစ်ပုဒ်အကြောင်းကို တင်ဆက်ထားပါတယ်။
Podobné podcasty
Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály