Serenity

Let’s Get Relaxed

Health MY ↓ Epizody: 66

ကိုယ့်ရဲ့စိတ်ကို အနားပေးရင်း အားပြန်ဖြည့်နိုင်ဖို့ စိတ်ကို အနားရစေတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။ စိတ်အဆင်မပြေမှုအမျိုးမျိုးအတွက် သင့်လျော်ရာလေ့ကျင့်ခန်းကိုရွေးနားထောင်နိုင်ပါတယ်။ စိတ်ရောကိုယ်ပါအေးချမ်းကြပါစေ။

Určitě navštivte web podcastu a podpořte jeho tvůrce: podcasters.spotify.com

Autor

Serenity

Kategorie

Health

Web podcastu

podcasters.spotify.com

Nejnovější epizoda

6. dub 2025

Kde poslouchat?

Podcasty v aplikaci Replaio Radio Už brzy

Podcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty

Stáhnout z Google Play Nainstaluj zdarma Android téměř 10 mil. stažení · hodnocení 4,8 iOS už brzy

Epizody

Progressive Muscle Relaxation 06.04.2025

ကြွက်သားများကို တင်းမာအောင် တောင့်ထားပြီးပြန်လျော့ပေးခြင်း အကျိုးကျေးဇူး အိပ်ပျော်စေခြင်း စိုးရိမ်မှုကိုလျော့ချပေးခြင်း ကြွက်သားများ အနားရပြီး ညောင်းညာပြေစေခြင်း

အိပ်စက်ခြင်းနဲ့ စိုးရိမ်ကြောင့်ကျမှု Emotional Support Session Series 11/25 23.03.2025

အိပ်စက်ခြင်းနဲ့ စိုးရိမ်ကြောင့်ကျမှု နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းဟာကျွန်တော်တို့ရဲ့ဘဝတစ်နေ့တာကို ခွန်အားတွေအဖြစ်ပြောင်းလဲပေးပါတယ်။ အိပ်ရေးဝ၀အိပ်ပျော်သွားတာဟာ နောက်နေ့မနက်မှာ စိတ်ကိုကြည်လင်လန်းဆန်းတတ်ကြွစေပါတယ်။ ဒါကြောင့် တစ်နေ့တာမှာဖြစ်ပေါ်တတ်တဲ့စိတ်အခြေအနေတွေဟာလည်း မိမိတို့ရဲ့ အိပ်ရေးဝမှုနဲ့များစွာဆက်စပ်နေပါတယ်။ ကောင်းစွာအိပ်စက်နိုင်မှ ကျွန်တော်တို့ရဲ့နေ့စဉ်တစ်နေ့တာမှာ အဓိကကျတဲ့ “စိတ်” ကိုရ...

စိတ်ဒဏ်ရာနဲ့အိပ်စက်ခြင်း Emotional Support Session Series 10/25 15.03.2025

အိပ်စက်ခြင်းဟာ ကျွန်တော်တို့ရဲ့တစ်ရက်တာအတွင်းကပင်ပန်းနွမ်းနယ်မှုတွေအားလုံးအတွက်ပြန်လည်အားယူဖို့အနားယူတဲ့ အပန်းဖြေခြင်းဖြစ်ပါတယ်….ဒါပေမဲ့ကျွန်တော်တို့တွေဟာအကြောင်းအမျိုးမျိုးကြောင့်အတိတ်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုထပ်ခါတလဲလဲစဉ်းစားနေမိကြပါတယ်……..အိပ်ချိန်ရောက်တိုင်းအတွေးများစွာနဲ့ရစ်ပတ်ထားမှုတွေကြောင့် ကျွန်တော်တို့ဟာ အိပ်စက်ခြင်းရဲ့စည်းစိမ်ကိုအပြည့်အဝမခံစားရကြဘဲ နောက်ဆက်တွဲ ကိုယ်၊စိတ်မကျန်းမာ...

အိပ်ပျော်ရဲ့လား Emotional Support Session Series 9/25 08.03.2025

ကျွန်တော်တို့ရဲ့ တစ်နေ့တာကို အလုပ်၊ကျောင်း စတဲ့ ကိစ္စအဝဝတွေကို လုပ်ဆောင်နေကြရတာ ဖြစ်တဲ့အတွက် အမြဲလိုလိုဖိစီးမှုသေးသေးလေးတွေ၊ စိတ်ရှုပ်မှုလေးတွေတော့ရှိနေတတ်ပါတယ်…..အဲ့လိုစိတ်ပင်ပန်းမှုတွေကို ကျွန်တော်တို့ဟာ အနားယူခြင်းနဲ့ခဏတာ အပန်းဖြေကြရပါတယ်….နေ့ခင်းဘက်မှာ အလုပ်တစ်ဖက်နဲ့ ဖြစ်တာကြောင့် ညခင်းပိုင်းအိပ်စက်ချိန်ဟာ တစ်နေ့တာရဲ့ အပြည့်အဝ အနားယူခွင့်ရတဲ့အချိန်ဖြစ်တာကြောင့် ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အလ...

'Art of Commitment' Emotional Support Session Series 8/25 08.03.2025

“Art of Commitment”အရာတစ်ခုကို စိတ်နှစ်ပြီးဇောက်ချလုပ်တတ်ခြင်းဆိုတာ အောင်မြင်ခြင်းရဲ့လမ်းစတစ်ခုပါ….ဇောက်ချလုပ်တတ်တဲ့အကျင့်ဟာကျွန်တော်တို့ ဘဝမှာအောင်မြင်မှုတွေရရှိစေဖို့ အရေးပါတဲ့အကျင့်ကောင်းတစ်ခုဖြစ်တာကြောင့် ဒီလိုအလေ့အကျင့်ကောင်းတွေကိုမွေးမြူတတ်အောင် ဒီအပတ် Friday Session မှာ Art of Commitment ဆိုတဲ့ခေါင်စဉ်နဲ့ ဆွေးနွေးသွားရင်းအကျိုးရှိစေမယ့် နည်းလမ်းကောင်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် ….လူတွေက...

⁨အထီးကျန်မှု နှင့် မိတ်ဖွဲ့ခြင်း Emotional Support Session 7/25 01.03.2025

လူရယ်လို့ဖြစ်လာရင် ကျွန်တော်တို့ဟာ အပေါင်းအဖော်တွေ အသင်းအဖွဲ့တွေနဲ့ ရှင်သန်ကြရပါတယ် …..ဒါပေမယ့် ကျွန်တော်တို့တွေဟာ လူအမျိုးမျိုး စိတ်ထွေထွေဖြစ်ကြတာမို့ တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်အချိန်လေးပေးပြီး ကိုယ်လုပ်ချင်တာတွေ၊ ကိုယ်ဖြစ်ချင်တာတွေကို ဖန်တီးဖို့၊ တစ်ယောက်တည်း အချိန်ပေးဖို့၊ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကြိုးစားဖို့ လိုအပ်ပါတယ် ….အထီးကျန်မှုဆိုတာ လွယ်ကူတဲ့အရာတစ်ခုမဟုတ်သလို အထီးကျန်...

အချစ် ဘယ်ကစ Emotional Support Session Series 6/25 15.02.2025

“အချစ် ဘယ်ကစ”အချစ်ဆိုတာ အာဒံ နဲ့ ဧဝ က စတာလား …ဒါမှမဟုတ် မျက်လုံးချင်းဆုံမိခိုက်က စတာလား ….အချစ်ဆိုတာ ဘဝရဲ့ လှပတဲ့အရာလေးတစ်ခုပါ ….လှပတဲ့အရာလေးရဲ့ နောက်ကွယ်မှာ တစ်ခါတစ်လေ နာကျင်မှုတွေ၊ မေးခွန်းတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့လဲ ရှုပ်ထွေးနေတတ်ပါတယ် ….အဲ့တာကြောင့် အချစ်နဲ့ပတ်သက်ပြီး စိတ်ထဲမှာ ဖြေရှင်းလို့ မရတဲ့ မေးခွန်းတွေရှိနေသူတွေ၊ စိုးရိမ်ပူပန်မှုတွေ နဲ့ နာကျင်မှုတွေကို ရင်ဝယ်ပိုက်ထားရတဲ့သူတွေအတွက် အဖြေ...

အခက်ခဲများကြား ရှင်သန်ခြင်း Emotional Support Session 5/25 09.02.2025

“အခက်ခဲများကြား ရှင်သန်ခြင်း”အခက်အခဲတွေကြားမှာလည်း ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ကာကွယ်ကြမလဲ။ ဘဝဟာ အမြဲတမ်းပြေလည်နေသည့်လမ်းမဖြစ်သော်လည်း၊ မိမိကိုယ်ကိုကို ယုံကြည်မှု၊ သည်းခံမှု၊ စိတ်ဓာတ်ခိုင်မာစေခြင်းတွေနဲ့ ရှင်သန်နေရတာ ပင်ပန်းပါတယ်။တစ်ခါတစ်လေ အရာရာအဆင်မပြေသည့်အခါတွင် ကိုယ့်အတွက်သာမက၊ မိမိချစ်ခင်ရသူများအတွက်ပါ တာဝန်ယူပြီး၊ သက်တောင့်သက်သာနေနိုင်ဖို့ ကြိုးစားခြင်း၊ မျှဝေပေးနိုင်သူတစ်ဦးထံပြောပြခြင်း၊ က...

အတွင်းသူငယ်စိတ်နှင့် တွေ့ဆုံခြင်း Emotional Suppot Session Series 4/25 01.02.2025

ကျွန်တော်တို့ဘဝမှာ အတွင်းသူငယ်စိတ်ကို ပြန်လည်တွေ့ဆုံဖို့ဆိုတာ မလွယ်ကူတဲ့အရာတစ်ခုပါ။ တစ်ခါတစ်လေ ငယ်စဉ်ကလေးဘဝက စိတ်ခံစားချက်တွေ၊ အိပ်မက်တွေ၊ ကြောက်ရွံ့မှုတွေကို မေ့လျော့ပြီး ဘဝကို ရှေ့ဆက်နေမိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမေ့လျော့ထားခြင်းရဲ့ အခြားတစ်ဖက်မှာ ကိုယ့်ရဲ့အတွင်းသူငယ်စိတ်ကို ပြန်လည်တွေ့ဆုံပြီး ကိုယ့်ရဲ့စစ်မှန်တဲ့ခံစားချက်တွေကို ရှာဖွေတွေ့ရှိဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

မိမိကိုယ်ကို တကယ်သိပြီလား Emotional Support Session Series 3/25 26.01.2025

ကျွန်တော်တို့ဘဝမှာ မိမိကိုယ်ကို သိဖို့ဆိုတာ မလွယ်ကူတဲ့အရာတစ်ခုပါ။ တစ်ခါတစ်လေ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ၊ ရည်မှန်းချက်တွေ၊ ကြောက်ရွံ့မှုတွေကို မသိလိုက်ဘဲ ဘဝကို ရှေ့ဆက်နေမိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမသိဘဲနေခြင်းရဲ့ အခြားတစ်ဖက်မှာ ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာပြီး ကိုယ့်ရဲ့စစ်မှန်တဲ့အတွင်းစိတ်ကို ရှာဖွေတွေ့ရှိဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

မိမိကိုယ်ကို ခွင့်လွှတ်ဖို့လိုလား Emotional Support Session Series 2/25 18.01.2025

မိမိကိုယ်ကို ခွင့်လွှတ်ဖို့လိုလားတစ်ခါတလေ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အပြစ်တင်မိတတ်ကြပါတယ်။ အမှားတွေ လုပ်မိတိုင်း၊ မအောင်မြင်မှုတွေ ကြုံတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြီး ဝေဖန်မိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုခံစားချက်တွေက ကိုယ့်ကို ပိုပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ ဒီအပတ် session လေးမှာ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်စေဖို့၊ ကိုယ့်ရဲ့အတိတ်အမှားတွေကို လက်ခံပြီး အနာဂတ်ကို အကောင်းမြင်နိုင်ဖို့ နည်းလမ်းတွေကို...

မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု Emotional Support Session Series 1/25 10.01.2025

မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု(Self-esteem) ဆိုတာ ကိုယ့်ကိုယ်ကို လက်ခံနိုင်ပြီး ကိုယ့်တန်ဖိုးကို နားလည်ခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတည်ဆောက်ရာမှာ အရေးကြီးတဲ့အချက်တွေ၊ နည်းလမ်းတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

အရွေ့တစ်ခုအတွက်အင်အား Emotional Support Session Series 50/24 30.12.2024

"အရွေ့တစ်ခုအတွက်အင်အား"နှစ်စမှာ အပြောင်းအလဲလုပ်လိုတဲ့အခါ၊ နောက်လာမည့်အနာဂတ်အတွက်လိုအပ်တဲ့အရာတွေကို ပံ့ပိုးဖို့၊ အခြေအနေအသစ်တွေနဲ့ ကိုက်ညီတဲ့အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။အပြောင်းအလဲဆိုတာ တစ်နေ့တည်းပြုလုပ်နိုင်တဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါ့ကြောင့်အပြောင်းအလဲတွေအတွက် မိမိရည်မှန်းချက်ကို ရှင်းလင်းစွာသတ်မှတ်ထားပြီး၊ လုပ်ဆောင်ရန်လိုအပ်သော နည်းလမ်းများကို ကဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

လွှတ်ချဖို့ ခက်ခဲခြင်း Emotional Support Session Series 49/24 22.12.2024

“လွှတ်ချဖို့ ခက်ခဲခြင်း” ဆိုတာ သက်ဆိုင်ရာအခြေအနေနဲ့ ပေါ်ပေါက်လာနိုင်တဲ့စိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။ ၎င်းမှာ အတိတ်က အဖြစ်အပျက်များ၊ အဆက်အသွယ်များ၊ သို့မဟုတ် မျှော်လင့်ချက်များကို ချန်ထား၍ ရှေ့ဆက်တိုးရန်အခက်အခဲဖြစ်စေသော စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပါတယ်။ လွှတ်ချခြင်းသည် အချိန်ယူသော အစဉ်အလာဖြစ်နိုင်သော်လည်း မိမိရဲ့စိတ်ချမ်းသာမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သတိပြုရန်လိုပါတယ်။

အားလပ်ရက်နဲ့ ကြောင့်ကြစိတ် Emotional Support Session Series 48/24 18.12.2024

အားလပ်ရက်တွေ ပွဲတော်ရက်တွေဟာ မိသားစုတွေ၊ ချစ်ရတဲ့သူတွေနဲ့ အချိန်ပေးပြီး အပန်းဖြေဖို့အချိန်လို့ လူအများကထင်‌ကောင်းထင်ကြပေမယ့် တချို့သူတွေအတွက်တော့ ထိုနေ့ရက်တွေဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေနဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့ အချိန်ကာလလည်းဖြစ်နေတတ်ပါတယ်။ဒါကြောင့် "အားလပ်ရက်နဲ့ ကြောင့်ကြစိတ်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အားလပ်ရက်တွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့စိတ်ဖိစီးမှုတွေနဲ့ ထိ...

တစ်နှစ်တာကိုပြန်လည်သုံးသပ်ခြင်း Emotional Support Session Series 47/24 08.12.2024

ဒီတစ်ပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''တစ်နှစ်တာကိုပြန်လည်သုံးသပ်ခြင်း'' ဆိုတဲ့ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ တစ်နှစ်တာလုပ်ဆောင်ခဲ့သမျှအရာတွေ မှတဆင့် ပျော်ရွှင်စရာ၊ ဂုဏ်ယူစရာ၊ ကျေနပ်စရာများရှိခဲ့သလို နာကျင် ဝမ်းနည်းစရာ အဆင်မပြေမှုများလည်းရှိခဲ့နိုင်ပါတယ်။ဒီလိုအတက်အကျတွေနဲ့ ပင်ပန်းနေရတဲ့စိတ်လေးကို နှစ်တစ်နှစ်၏ နောက်ဆုံးလမှာ ခဏအနားပေးကာ ပြန်လည်သုံးသပ်ခြင်းဖြင့် နှစ်သစ်မှာ အကောင်းဆုံး ဆက်လက်လျှောက်လှမ်းဖို...

ခံစားချက်များရဲ့ အသံမှ ကောင်းမွန်သော ဆက်ဆံရေးသို့ Emotional Support Session Series 46/24 02.12.2024

ဒီတပတ်မှာတော့ 'ခံစားချက်များရဲ့ အသံမှ ကောင်းမွန်သော ဆက်ဆံရေးသို့' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။အမျိုးသားတစ်ဦးအနေနဲ့ သင့်ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ တခါတရံ အခက်အခဲဖြစ်နေပါသလား?တစ်ခါတလေ “အပြစ်မဲ့တဲ့ပုံစံ” ပြုလုပ်ရင်း ကိုယ့်ရဲ့ စိတ်တွင်းအာရုံတွေကို ဖုံးဖိထားရသလို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ခံစားချက်တွေကို နားလည်ပြီး ထုတ်ဖော်တင်ပြနိုင်ခြင်းက မိမိအတွက် အချစ်၊ နားလည်မှု၊ နွေးထွေးမှုနဲ့ ပ...

အုပ်ထိန်းမှု အနုပညာ Emotional Support Session Series 45/24 24.11.2024

ဒီတပတ်မှာတော့ အုပ်ထိန်းမှု အနုပညာ ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။ဖခင် ဆိုသောအခန်းကဏ္ဍဟာ မိသားစုတစ်စုအတွက် အလွန်အမင်းအရေးကြီးလှပါတယ်။ ဖခင်တစ်ယောက်၏ မှန်ကန်သော ပြုမူဆက်ဆံမှု၊ အုပ်ထိန်းစောင့်ရှောက်ပေးမှုကြောင့် သာယာသော မိသားစုဘဝ ကိုဖြစ်စေနိုင်သလို မိမိရင်သွေးလေးများသည်လည်း ဉာဏ်ရည်မြင့်မား၍ထက်မြက်သော၊ မျှတသောအတွေးအခေါ်ရှိသောသူများ ဖြစ်လာပါလိမ့်မယ်။

သန်မာခြင်း နှင့် စိတ်သုခ Emotional Support Session Series 44/24 09.11.2024

ဒီတပတ်မှာတော့ 'သန်မာခြင်း နှင့် စိတ်သုခ' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။သန်မာခြင်းဆိုသည်မှာ အဘယ်နည်းလူ့ဘဝမှာ သန်မာခြင်းဆိုတာ လွန်စွာ အရေးကြီးတဲ့ အချက်ဖြစ်ပြီး မိမိ၏ ကိုယ်ကာယ ခွန်အားအပြင် မိမိစိတ်ဓာတ်သန်မာ​ခြင်း နှင့် စိတ်ပျော်ရွှင်မှုကို ပိုမိုအရေထား ထိန်းသိမ်းခြင်းသည်လည်းအရေးကြီး လှပါတယ်။သန်မာခြင်းကို ပြန်လည် သုံးသပ်ကြည့်ဖူးကြလား သန်မာခြင်း က မိမိကိုယ်ကို ကာကွယ်ပေးနိုင်သော စွမ်းအား ဖြစ်သလို ပြ...

အယူအဆမှားများ အား ကျော်ဖြတ်ခြင်း Emotional Support Session Series 43/24 02.11.2024

ဒီတပတ်မှာတော့ 'အယူအဆမှားများ အား ကျော်ဖြတ်ခြင်း' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။အမျိုးသားများ စိတ်ကျန်းမာပျော်ရွှင်​ဖို့သည်လည်း ဘဝအတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သို့သော် များသောအားဖြင့် လူမှုအသိုင်းအဝိုင်းရဲ့အယူအဆမှားများကြောင့် အမျိုးသားများဟာ မိမိစိတ်ကျန်းမာရေးကို ပြောဆိုဖော်ထုတ်ဖို့ လွယ်ကူမှုမရှိကြပါဘူး။ ဝမ်းနည်းနာကျင်စရာ ရှိခဲ့ရင်တောင် ငိုဖို့မရဲတဲ့အခြေအနေတွေကြောင့် ပိုမိုနာကျင...

ခံစားချက်ဖတ်စာ Emotional Support Session Series 42/24 31.10.2024

ဒီတပတ်မှာတော့ 'ခံစားချက်ဖတ်စာ' (Emotional Perception)ဆိုတဲ့ ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။စိတ်များကို ဖတ်ရှုခြင်း၏ အဓိပ္ပါယ် စိတ်ခံစားမှု များသည် အချင်းချင်း ဆက်သွယ်မှုများတွင် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။ခံစားချက်ဖတ်စာ (Emotional Perception) ဆိုသည်မှာ သင်၏ပတ်ဝန်းကျင်၌ ရှိသောသူများ၏ စိတ်ခံစားချက်များကို သေချာဖတ်ရှုနိုင်ခြင်း၊ လေ့လာနိုင်ခြင်း ဖြစ်ပါသည်။ ဒါသည်ပင် အခြားသူများနှင့် ပိုမို...

စိတ်ဓါတ်ကြံ့ခိုင်ခြင်း နှင့် လုပ်ငန်းခွင် စိတ်ကျန်းမာရေး Emotional Support Session Series 41/24 31.10.2024

ဒီတပတ်မှာတော့ 'စိတ်ဓါတ်ကြံ့ခိုင်ခြင်း နှင့် လုပ်ငန်းခွင် စိတ်ကျန်းမာရေး' ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။စိတ်ဓာတ်ကြံ့ခိုင်မှု ဆိုတာဘာလဲစိတ်ဓာတ်ကြံ့ခိုင်ဖို့ ဘာအရည်အသွေးတွေ လိုအပ်သလဲလုပ်ငန်းခွင်၌ စိတ်ဓာတ်ကြံ့ခိုင်မှုရှိခြင်းက မိမိအလုပ်အပေါ် မည်သို့သက်ရောက်မှု ရှိနိုင်ပြီး လုပ်ငန်းခွင် စိတ်ကျန်းမာရေးကို မည်သို့ပံ့ပိုးပေးနိုင်သလဲအခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ မိမိစိတ် အခြေခံပေါ် မူတည်ပြီး လ...

ဟန်ချက်ညှိခြင်း Emotional Support Session Series 40/24 15.10.2024

ဒီတပတ်မှာတော့ Work life Balance 'ဟန်ချက်ညှိခြင်း' ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။အရွယ်ရောက်ပြီး လူအများစု အချိန်အများဆုံး အသုံးပြုရာနေရာဟာ လုပ်ငန်းခွင်ပါ။လုပ်ငန်းခွင် စိတ်ဖိစီးမှု နဲ့ စိတ်ပင်ပန်းမှုတွေကို အလုပ်လုပ်နေသူတိုင်းက မဖြစ်မနေ ကြုံတွေ့ရမှာပါ။ ကြုံတွေ့လာသော ဖိစီးမှုတွေကြောင့် လုပ်ငန်းခွင်သာမက မိမိလူမှုဘဝကိုပါ ထိခိုက်လာနိုင်ပါ။ ဒါကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကိုလည်း သတိထား ဖြ...

စိတ်အားထက်သန်မှုနှင့်အလုပ်အကိုင် ထပ်တူကျခြင်း Emotional Support Session Series 39/24 07.10.2024

ဒီတပတ်မှာတော့ ''စိတ်အားထက်သန်မှုနှင့်အလုပ်အကိုင် ထပ်တူကျခြင်း'' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။လူတိုင်းလိုလို ဘဝရပ်တည်မှုအတွက် လိုအပ်သော ငွေကြေးရရှိဖို့ အလုပ်လုပ်ကြရတဲ့အခါ လုပ်ငန်းခွင် စိန်ခေါ်မှုများကြားမှာ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးစရာ ကိစ္စများနှင့်လည်း မလွဲမသွေကြုံတွေ့ရမှာပါ။ထိုသို့ကြုံတွေရတဲ့အခါ စိတ်အားထက်သန်စွာ ရင်ဆိုင် ကျော်ဖြတ်ရဲသော စိတ်စွမ်းရည်သတ္တိ ရှိမှုကလည်း မိမိဘဝ တိုးတက်မှုအတ...

နေ့စဉ်ဘဝထဲမှာ အဓိပ္ပာယ်တစ်ခုဖန်တီးခြင်း Emotional Support Session Series 38/24 29.09.2024

ဒီတပတ်မှာတော့ ''နေ့စဉ်ဘဝထဲမှာ အဓိပ္ပာယ်တစ်ခုဖန်တီးခြင်း'' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။အနာဂတ် အတွက်မှန်းဆဖို့ ခက်ခဲတဲ့အခြေအနေ မရေရာမှုတွေများတဲ့အခြေအနေ မှာ မိမိ၏ ခဏတာ ရှင်သန်မှုလေးကို အဓိပ္ပါယ်ရှိရှိ နေထိုင်နိုင်ဖို့ ကြိုးစားကြရအောင်.... မနက်ခင်းလေးမှ အစပြု၍ တနေ့တာ ကိစ္စတိုင်းကို အဓိပ္ပါယ်ပြည့်ဝစွာ အကျိုးရှိရှိ ကုန်ဆုံးစေဖို့ရန် အတွက် ကောင်းမွန်သော စိတ်ခွန်အားတွေရရှိကာ မိမိဇာတ်လမ်းကိုပြ...

Poslouchej podcast Let’s Get Relaxed v Replaio

Rádio a podcasty v jedné aplikaci - zdarma a bez registrace. Nainstaluj si ji ještě dnes a nepropásni premiéru

Stáhnout z Google Play

Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály