uk

ဗွီအိုအေ

နိုင်ငံတကာ - ဗွီအိုအေ

News MY ↓ Епізодів: 50

ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။

Обов'язково відвідайте сайт подкасту та підтримайте його автора: burmese.voanews.com

Автор

ဗွီအိုအေ

Категорія

News

Сайт подкасту

burmese.voanews.com

Останній епізод

15 бер 2025

Де слухати?

Подкасти в застосунку Replaio Radio Уже незабаром

Подкасти незабаром з'являться в застосунку. Встановіть уже зараз і першими побачте зовсім новий погляд на подкасти

Завантажити з Google Play Встановіть безкоштовно Android майже 10 млн завантажень · рейтинг 4,8 iOS незабаром

Епізоди

ကွန်ဆာဗေးတစ် ညီလာခံ သမ္မတထရမ့် မိန့်ခွန်းပြောမည် - ေဖေဖာ္၀ါရီ ၂၁, ၂၀၂၅ 21.02.2025

ဝါရှင်တန်ဒီစီ မြို့ပြင်မှာ ၃ ရက်ကြာကျင်းပတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှု ညီလာခံ CPAC ကို ကြာသပတေးနေ့မှာ စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ အာဂျင်တီးနား၊ အီတလီနဲ့ စလိုဗက်ကီးယား နိုင်ငံခေါင်းဆောင်တွေ တက်ရောက် မိန့်ခွန်းပြောကြဖို့ ရှိနေပါတယ်။

ကန်သံတမန် ယူကရိန်းသမ္မတနဲ့ ဆွေးနွေး - ေဖေဖာ္၀ါရီ ၂၁, ၂၀၂၅ 21.02.2025

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ကြား အပြန်အလှန် ပြောဆိုမှုတွေနဲ့ တင်းမာမှုရှိခဲ့တဲ့ နောက်မှာ ကြာသပတေးနေ့ကတော့ အမေရိကန် သံတမန် Keith Kellogg နဲ့ သမ္မတ Zelenskyy တို့ မြို့တော် Kyiv မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဥရောပ နဲ့ သွင်းကုန်ခွန်ကိစ္စ တရုတ်ပြေလည်အောင် ညှိမည် - ေဖေဖာ္၀ါရီ ၂၁, ၂၀၂၅ 21.02.2025

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေအပေါ် သွင်းကုန်ခွန် တိုးမြှင့်တဲ့ကိစ္စ ဥရောပသမဂ္ဂ အီးယူနဲ့ ညှိနှိုင်း နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်လို့ တရုတ် စီးပွားရေးနဲ့ ကူးသန်းသွားလာရေး ဝန်ကြီးဌာန ပြောခွင့်ရက ကြာသပတေးနေ့က ပြောပါတယ်။

ဆိုးဝါးတဲ့ ဥတုဒဏ်ခံနေရတဲ့ ကန်အရှေ့ခြမ်း - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025

အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းပြည်နယ် နေရာအတော်များများမှာ အခုသီတင်းပတ်ကုန် ရက်ပိုင်းတွေအတွင်း စိုစွတ်ပြီး ဆိုးရွား ပြင်းထန်တဲ့ ရာသီဥတု ဒဏ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ယူကရိန်း ငြိမ်းချမ်းရေး G7 ဆက်ပြီး လက်တွဲဆောင်ရွက်မည် - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025

ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ပါဝင်တဲ့ ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ရယူနိုင်ဖို့ ဆက်လက် အတူလက်တွဲ ဆောင်ရွက်ရေးနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ရုရှားနိုင်ငံဘက်က သဘောထား မှန်မှန်ကန်ကန်နဲ့ ပါဝင်လာခြင်းမရှိရင် ထပ်ဆောင်း ပိတ်ဆို့အရေးယူဖို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။

ထိုင်းစစ်သားများလက်ချက်နဲ့ မြန်မာတဦးသေဆုံးခဲ့ရမှု ထိုင်းရှေ့နေများ စစ်ဆေးမည် - ေဖေဖာ္၀ါရီ ၁၄, ၂၀၂၅ 14.02.2025

ပြီးခဲ့တဲ့ နှစ်က မြန်မာအမျိုးသား တဦးဖြစ်တဲ့ အောင်ကိုကို သေဆုံးမှုဟာ ထိုင်းစစ်သားတွေ   ကြောင့်လို့ စွပ်စွဲထားတဲ့ အမှု အတွက် ပြန်လည် စုံစမ်းဖေါ်ထုတ်ဖို့ လုပ်နေပြီ ဖြစ်ကြောင်း သြဇာကြီးတဲ့ ထိုင်းရှေ့နေများအဖွဲ့ ဖြစ်တဲ့ LCT -ထိုင်းရှေ့နေများ ကောင်စီက ပြောပါတယ်။

ကန်စစ်ပစ္စည်းနဲ့လောင်စာ ပိုဝယ်ဖို့ အိန္ဒိယဝန်ကြီး ချုပ်ကို သမ္မတ Trump တွန်းအားပေး - ေဖေဖာ္၀ါရီ ၁၄, ၂၀၂၅ 14.02.2025

အာရှဒေသတွင်း အင်အားခိုင်မာအောင် တရုတ်က လုပ်ဆောင်နေချိန်မှာ သမ္မတထရမ့်က ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနဲ့ ဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့နဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးနဲ့ စွမ်းအင်ဆိုင်ရာပစ္စည်းတွေ ရောင်းချမှုတိုးလာအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့ အရာရှိတွေက ပြောပါတယ်။

စစ်အဆုံးသတ်‌ရေး ကန်-ရုရှား ၂ နိုင်ငံတည်း သဘောတူညီချက် သမ္မတ Zelenskyy လက်ခံမည်မဟုတ် - ေဖေဖာ္၀ါရီ ၁၄, ၂၀၂၅ 14.02.2025

၃ နှစ် ကြာလာပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ် အဆုံးသတ်ရေးနဲ့ ပတ်သက်ပြီး ယူကရိန်း မပါပဲ အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံ ဆုံးဖြတ်ပြီး ချမှတ်တဲ့ ဘယ် သဘောတူညီချက်မျိုးကိုမဆို ယူကရိန်းက လက်ခံမှာ မဟုတ်ဖူးလို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

လန်ဒန်က ဧရာမတရုတ်သံရုံးသစ် စီမံကိန်း ကန့်ကွက်ခံရ - ေဖေဖာ္၀ါရီ ၀၉, ၂၀၂၅ 09.02.2025

အငြင်းပွားစရာ တရုတ်သံရုံးသစ် လန်ဒန်မြို့မှာ တည်ဆောက်ဖို့ ပြင်နေတာနဲ့ပတ်သက်ပြီး တရုတ်ရဲ့ လူ့အခွင့်အရေး နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို စိုးရိမ်ကြသူ ရာပေါင်းများစွာဟာ သံရုံးသစ်အတွက် လျာထားတဲ့ နေရာမှာ စနေနေ့က စုဝေး ဆန္ဒပြကြပါတယ်။

ကျားဖြန့်ဂိုဏ်း ကြိုးကိုင်သူအဖြစ် သံသယရှိသူ ၂ ဦး ထိုင်းရဲဖမ်းမိ - ေဖေဖာ္၀ါရီ ၀၉, ၂၀၂၅ 09.02.2025

ထိုင်း−မြန်မာ နယ်စပ် မြဝတီ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ညွှန်ကြား ခိုင်းစေသူတွေအဖြစ် သံသယရှိတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးလိုက်တဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အီရန် ရေနံလုပ်ငန်းအပေါ်  ကန်ဒဏ်ခတ်မှုသစ် ချမှတ် - ေဖေဖာ္၀ါရီ ၀၇, ၂၀၂၅ 07.02.2025

အီရန်က ရေနံစည်တွေ သန်းနဲ့ချီ တရုတ်နိုင်ငံကို တင်ပို့ရာမှာ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ကွန်ရက်တွေကို ပစ်မှတ်ထားပြီး အီရန် ရေနံလုပ်ငန်းအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုသစ် ချမှတ်လိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာပါတယ်။

ပါကစ္စတန် အကြမ်းဖက်မှုနှိမ်နင်းရေး တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မည် - ေဖေဖာ္၀ါရီ ၀၇, ၂၀၂၅ 07.02.2025

ပါကစ္စတန်နိုင်ငံမှာ အလုပ် လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်း လုံခြုံမှု ရှိအောင် ဆောင်ရွက်ပေးပါမယ်လို့ ပါကစ္စတန်အစိုးရက တရုတ်ကို အာမခံ ပြောကြားလိုက်ပါတယ်။ တရုတ်အစိုးရကလည်း ပါကစ္စတန်ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ကူညီပေးသွားမယ့်အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။

မြဝတီ အွန်လိုင်းငွေလိမ်ဂိုဏ်းလက်က တရုတ်(၅)ဦး ထွက်ပြေးလွတ်မြောက် - ေဖေဖာ္၀ါရီ ၀၁, ၂၀၂၅ 01.02.2025

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေထံ ရောက်နေတဲ့ တရုတ်နိုင်ငံသား ၅ ဦးဟာ ဇန်နဝါရီလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဘက်ကို ထွက်ပြေးလွတ်မြောက်လာတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။

ကနေဒါ မက္ကစီကို တရုတ် ကုန်စည်များအပေါ် ကန် အခွန်တိုးကောက်တော့မည် - ေဖေဖာ္၀ါရီ ၀၁, ၂၀၂၅ 01.02.2025

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကနေဒါနဲ့ မက္ကဆီကိုက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို အခွန် ၂၅ % ကောက်ခံမှာ ဖြစ်သလို တရုတ်ကလာတဲ့ ကုန်ပစ္စည်းတွေအတွက် အခွန် ၁၀% ကောက်ခံမှာဖြစ်ပြီး ဒါဟာ စနေနေ့မှာ စတင် အကျိုးသက်ရောက်မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။

ဟားမတ်(စ်)နဲ့အစ္စရေးလ် ဓားစာခံနဲ့အကျဉ်းသားတွေ ပြန်လွှတ်ကြဦးမည် - ေဖေဖာ္၀ါရီ ၀၁, ၂၀၂၅ 01.02.2025

ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက်အရ အစ္စရေးနဲ့ ဟားမတ်စ်တွေကြား အကျဉ်းသား လဲလှယ်ရေး အစီအစဉ် စတုတ္ထ အသုတ်အဖြစ် ဟားမတ်စ်တွေဘက်က ဓါးစာခံ ၃ ဦးနဲ့ အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို စနေနေ့မှာ ထပ်လွှတ်ပေးမယ်လို့ ဟားမတ်စ်ကရော အစ္စရေးကပါ အတည်ပြုပါတယ်။

တရုတ်က ရန်စောင်မှုရပ်လျှင် ဒုံးကျည်တွေ ကန်ကိုပြန်ပေးဖို့ ဖိလစ်ပိုင်ကမ်းလှမ်း - ဇန္နဝါရီ ၃၁, ၂၀၂၅ 31.01.2025

နယ်မြေပိုင်နက် အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ် ပြင်ထဲ တရုတ်ရဲ့ ရန်လိုမှုတွေ အင်အားသုံး အနိုင်ကျင့်မှုတွေ ရပ်ဆိုင်မယ် ဆိုရင် ဖိလစ်ပိုင်မှာ အမေရိကန် မစ်ဇိုင်းဒုံးစံနစ် တပ်ဆင်မှုကို ဖယ်ရှား ပေးမယ်လို့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. က ကမ်းလှမ်း လိုက်ပါတယ်။

စစ်ကောင်စီကို လက်နက်နဲ့ လေယာဥ်ဆီ ပိတ်ပင်ဖို့  ဦးကျာ်မိုးထွန်း ထပ်မံ တောင်းဆို - ဇန္နဝါရီ ၃၁, ၂၀၂၅ 31.01.2025

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်ကောင်စီကို လက်နက်နဲ့ လေယာဥ်ဆီ ပိတ်ပင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာ အသိုင်းအဝိုင်းကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။

နောက်ထပ်းဓါးစာခံ (၈) ဦး ဟားမတ်(စ်) ပြန်လွှတ် - ဇန္နဝါရီ ၃၁, ၂၀၂၅ 31.01.2025

အစ္စရေးနဲ့ ဟားမတ်စ်တွေကြား ရထားတဲ့ သဘောတူညီချက် အရ အကျဉ်းသားလဲလှယ်ရေး တတိယ အကြိမ်အဖြစ် ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေး ၃ ဦးနဲ့ ထိုင်း ၅ ဦး ပါတဲ့ စုစုပေါင်း ဓါးစာခံ ၈ ဦး ကြာသပတေးနေ့မှာ ပြန်လွတ်လာပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

မြန်မာဘက်ကလာတဲ့ မူးယစ်ဆေးပြား (၁၅)သန်းကျော် ထိုင်းဘက်မှာ ဖမ်းမိ - ဇန္နဝါရီ ၃၁, ၂၀၂၅ 31.01.2025

ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်မှာ ပစ်ကပ်ကားပေါ် ဆာလာအိတ် ၇၈ အိတ်နဲ့ တင်လာတဲ့ စိတ်ကြွဆေးပြား ၁၅ သန်း ၆ သိန်းကို ဇန်နဝါရီ ၃၀ က ဖမ်းမိခဲ့တယ်လို့ ထိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘာတလွှား လူ့အခွင့်အရေးချိုးဖောက်မှု စစ်ဆေးရေးအတွက် ဒေါ်လာသန်း (၅၀၀) ကုလ တောင်းခံ - ဇန္နဝါရီ ၃၁, ၂၀၂၅ 31.01.2025

ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းတွေအတွက် အခု ၂၀၂၅ မှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချထားပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန် ပင်လယ်ကွေ့ အဖြစ် Google မြေပုံမှာ ပြောင်းလဲမည် - ဇန္နဝါရီ ၂၉, ၂၀၂၅ 29.01.2025

အမေရိကန် နိုင်ငံရဲ့ ပထဝီဝင် အနေအထား ဆိုင်ရာ အမည်ပေး စနစ်မှာ မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန် ပင်လယ်ကွေ့ အဖြစ် Google မြေပုံမှာ ပြောင်းလဲတော့မှာ ဖြစ်ကြောင်း X လူမှုကွန်ရက်မှာ တနင်္လာနေ့မှာ Google က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Donald Trump ကို တရားစွဲဆိုရေး ဆောင်ရွက်ခဲ့တဲ့ ဥပဒေဝန်ထမ်းတွေ ဖယ်ရှားခံရ - ဇန္နဝါရီ ၂၉, ၂၀၂၅ 29.01.2025

သမ္မတဒေါ်နယ်ထရမ့် ကို ရာဇဝတ်မှုခင်းဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်း တဒါဇင်ကျော်ကို အလုပ်ဖြုတ်ပစ်ခဲ့ တယ်လို့ ထရမ့်အစိုးရအဖွဲ့ တရားရေးဌာနက တနင်္လာနေ့က ပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်း ပူးတွဲနှိမ်နင်းရေး တရုတ် နဲ့ ထိုင်းစီစဉ် - ဇန္နဝါရီ ၂၉, ၂၀၂၅ 29.01.2025

ထိုင်းမြန်မာနယ်စပ်အပါအဝင်ထိုင်းနယ်စပ်တလျှောက်မှာလှုပ်ရှားနေတဲ့အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ထိုင်းနဲ့ ပူးပေါင်းနှိမ်နင်းဖို့အတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေး‌ ခဲ့ပါတယ် ။

ဂါဇာရှိ ကုလကူညီရေးအဖွဲ့ ရပ်ဆိုင်းရတော့မည် - ဇန္နဝါရီ ၂၉, ၂၀၂၅ 29.01.2025

ပါလက်စတိုင်းတွေကို အထောက်အကူပေးတဲ့ ကုလသမဂ္ဂ UNRWA ကို တားမြစ်ပိတ်ပစ်မယ့် ဥပဒေကို အစ္စရေးက ပြန်လည် ရုတ်သိမ်းပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။

အိန္ဒိယ မဟာရာချ်ထရာ ပြည်နယ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ယာဉ်တွေ ပိတ်ပင်ရေး စူးစမ်း - ဇန္နဝါရီ ၂၉, ၂၀၂၅ 29.01.2025

အိန္ဒိယ နိုင်ငံ အနောက်ပိုင်း ပြည်နယ် တခု ဖြစ်တဲ့ မဟာရာချ်ထရာ ပြည်နယ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီသုံး မော်တော်ယာဉ်တွေ မောင်းနှင်ခွင့် ပိတ်ပင်ဖို့ အဆိုပြုချက် အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

Слухайте подкаст နိုင်ငံတကာ - ဗွီအိုအေ у Replaio

Радіо та подкасти в одному застосунку - безкоштовно й без реєстрації. Встановіть уже сьогодні та не пропустіть запуск

Завантажити з Google Play

Replaio не є видавцем подкастів; назви шоу, обкладинки та аудіо належать їхнім авторам і поширюються через публічні RSS-канали