Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Обов'язково відвідайте сайт подкасту та підтримайте його автора: burmese.dvb.no
Автор
Democratic Voice of Burma
Категорія
Сайт подкасту
Останній епізод
2 лис 2026
Де слухати?
Подкасти в застосунку Replaio Radio Уже незабаромПодкасти незабаром з'являться в застосунку. Встановіть уже зараз і першими побачте зовсім новий погляд на подкасти
Епізоди
ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံး ၁၀ မြို့တွင် ရန်ကုန်ပါဝင် 11.03.2023 3:19
ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဝါးဆုံးမြို့ ၁၀ မြို့ မှာ ရန်ကုန်မြို့ ပါဝင်နေပြီး ရန်ကုန်ရဲ့ လေထု အရည်အသွေးဟာ PM ၂ ဒသမ ၅ အနီရောင်အဆင့်မှာရှိတာကြောင့် ပြည်သူတွေရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။
အမျိုးသမီးနေ့လှုပ်ရှားမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(11-MAR -2023) 11.03.2023 29:02
အမျိုးသမီးနေ့လှုပ်ရှားမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(11-MAR -2023)
NUG ယာယီသမ္မတနှင့် အီးယူအထူးကိုယ်စားလှယ် ဆွေးနွေး၊ မြန်မာစစ်ဘေးသင့်ပြည်သူများကို ကူညီမည်ဟုပြော 10.03.2023 3:40
မြန်မာစစ်ဘေးသင့်ပြည်သူတွေဘက်က ရပ်တည်ပြီး အကူအညီတွေ ပေးသွားမယ်လို့ ဥရောပသမဂ္ဂ မြန်မာအထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဆွေးနွေးရာမှာ ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီက လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေဟု ကုလလူ့အခွင့်အရေး မဟာမင်းကြီးပြော 10.03.2023 3:31
စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်ရက်စက်ယုတ်မာမှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မတ်လ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
နေပြည်တော်အထိခြိမ်းခြောက်နိုင်မှ တော်လှန်ရေးပြီးနိုင်မည်ဟု ကျောင်းသားတပ်မတော် တာဝန်ရှိသူပြော 09.03.2023 4:21
ကိုယ့်ဒေသကို ကာကွယ်နေရုံနဲ့မပြီးဘဲ နေပြည်တော်အထိ ခြိမ်းခြောက်နိုင်မှ တော်လှန်ရေးကြီးပြီးဆုံးပြီး စစ်အာဏာရှင်ချုပ်ငြိမ်းနိုင်မယ်လို့ ကျောင်းသားတပ်မတော် တာဝန်ရှိသူက ပြောပါတယ်။
အစ္စရေးအစိုးရရဲ့ တရားစီရင်ရေး ပြုပြင်မွမ်းမံမှုလုပ်ဆောင်ချက်အပါအဝင် 09.03.2023 15:33
အစ္စရေးအစိုးရရဲ့ တရားစီရင်ရေး ပြုပြင်မွမ်းမံမှုလုပ်ဆောင်ချက်အပါအဝင် ကမ္ဘာတဝှမ်းက ထူးထူးခြားခြားသတင်းတွေနဲ့အတူ စီးပွားရေး လူမှုရေး စစ်ရေး သတင်းတွေကိုစုစည်း တင်ဆက်ပေးထားတဲ့ ဒီဗွီဘီရဲ့ လှုပ်လှုပ်ရှားရှားကမ္ဘာတလွှားအစီအစဉ်ကို နားဆင်နိုင်ပါတယ်။ (မတ်လ ၈)
၁၀ တန်းစာမေးပွဲကာလ လျှပ်စစ်မီးအချိန်မှန်မရဘဲ မကြာခဏပျက်နေ 08.03.2023 2:40
တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း မီးမှန်အောင်ပေးမယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပေမယ့် လျှပ်စစ်မီးအချိန်မှန်မရဘဲ မကြာခဏပျက်နေတာကြောင့် ကျောင်းသားတွေနဲ့ မိဘတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။
စစ်တပ်ကကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၀ ကျော်ရှိလာ 08.03.2023 3:35
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၀ ကျော်ကျူးလွန်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။
စစ်ကောင်စီတပ်သားနည်းလာနေပြီဟု CDM တပ်သားများပြော 08.03.2023 3:31
ပြည်သူ့ခုခံစစ်ကြောင့် တိုက်ပွဲတွေများနေပြီး အကျအဆုံးတွေ များတာကြောင့် အာဏာသိမ်း စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့တွေမှာ စစ်သည်အင်အားတွေ နည်းပါးလာနေပြီလို့ CDM တပ်သားတွေက ပြောပြကြပါတယ်။
ပါတီမှထုတ်ပယ်ခံရသူများသည် ပါတီမှတ်ပုံပြန်တင်ရန် ကြိုးပမ်းနေသူများဖြစ်ဟု NLD ပြော 07.03.2023 4:56
ပါတီကထုတ်ပယ်လိုက်တဲ့သူတွေဟာ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ဆက်ဆံပြီး ပါတီမှတ်ပုံပြန်တင်ဖို့ ကြိုးပမ်းနေတဲ့သူတွေဖြစ်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်၊ မိသားစုဝင် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ် 06.03.2023 3:35
ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်၊ အိုခီးယားမြို့ရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မတ် ၅ ရက်၊ မနေ့မွန်းလွဲ ၂ နာရီလောက်က မီးလောင်ပြီး မိသားစုဝင် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သလို ကလေးငယ်အပါအဝင် လူအများအပြား ပျောက်ဆုံးနေတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။
မယ်တော်ဆေးခန်းတွင် လူနာအရေအတွက် ပိုတိုးလာသဖြင့် ဆေးဝါးရိက္ခာပိုမိုလိုအပ်လာ 06.03.2023 4:49
ထိုင်း-မြန်မာနယ်စပ်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပေးနေတဲ့ မယ်တော်ဆေးခန်းမှာ အတွင်းလူနာနဲ့ ပြင်ပလူနာ ပိုများလာတာကြောင့် ဆေးဝါးနဲ့ ရိက္ခာ ပိုမိုလိုအပ်လာတယ်လို့ ဒေါက်တာ စင်သီယာမောင်က ဒီဗွီဘီကို ပြောပါတယ်။
ချင်းအဆိုတော်များ Cover သီဆိုထားသည့် “We Are the World” သီချင်း ရေပန်းစားနေ 05.03.2023 4:23
မြန်မာမှာဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိစေဖို့ ကာဗာပြန်လည်သီဆိုခဲ့တဲ့ "We are the world" သီချင်းဟာ ပရိတ်သတ်တွေအကြား လူကြိုက်များ ရေပန်းစားအောင်မြင်ခဲ့လို့ ကျေနပ်ရပေမယ့် ပြည်တွင်းမှာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေကြောင့် မိသားစုတွေဆုံးရှုံးရသူတွေများစွာရှိနေချိန်မှာ ဒီသီချင်းကိုဖန်တီးရတာဖြစ်လို့ ဝမ်းနည်းရတယ်လို့ တေးသံရှင်တွေက ပြောပါတယ်။
စစ်ခေါင်းဆောင်ရဲ့ရခိုင်ခရီးစဉ်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ် (04-MAR-2023 ) 04.03.2023 29:45
စစ်ခေါင်းဆောင်ရဲ့ရခိုင်ခရီးစဉ်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ် (04-MAR-2023 )
ဒီမိုကရက်တစ်မြန်မာပြည်အတွက် "Z"မျိုးဆက်တွေရဲ့ မျှော်လင့်ခြင်းအိပ်မက်အသံများ "DVB Vox Pop" နမူနာ 03.03.2023 0:45
ဒီမိုကရက်တစ်မြန်မာပြည်အတွက် "Z"မျိုးဆက်တွေရဲ့ မျှော်လင့်ခြင်းအိပ်မက်အသံများ "DVB Vox Pop" နမူနာ
DVB Vox Pop 03.03.2023 0:45
A trailer for the new DVB Vox Pop, a storytelling podcast featuring the voices of Generation Z, sharing their hopes, frustrations, and dreams for a democratic future. DVB English is available wherever you get your podcasts: link.chtbl.com/dvbenglish Download the song The Night Will Not Be Silenced by Cacerolazo and help support the Civil Disobedience Movement (CDM): cacerolazo.bandcamp.com/track/t...
စစ်ကောင်စီက ဖိတ်ခေါ်နေသော်လည်း ပြည်ပရောက်မြန်မာများ နေရပ်ပြန်ရန် အစီအစဉ်မရှိ 03.03.2023 4:48
စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကလွဲရင် အကြောင်း အမျိုးမျိုးကြောင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ၊ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက နေရပ်ပြန်လာဖို့ ကြေညာချက် ထုတ်ပြီး ဖိတ်ခေါ်နေပါတယ်။
လုံခြုံရေးအားကောင်းတဲ့ password ဘယ်လိုစဉ်းစားမလဲ? - DVB Smart ED 02.03.2023 4:59
https://www.youtube.com/watch?v=RJIijBvAYBo လုံခြုံရေးအားကောင်းတဲ့ password ဘယ်လိုစဉ်းစားမလဲ? - DVB Smart ED
ဖြတ်လေးဖြတ်အပြင် အလှူရှင်နည်းပါးလာမှုရင်ဆိုင်နေရသော ကရင်နီစစ်ရှောင်အခက်အခဲ 02.03.2023 4:57
စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်အပြင် အလှူရှင်တွေနည်းပါးလာတဲ့ အခြေအနေရင်ဆိုင်နေရတဲ့ ကရင်နီ စစ်ဘေးရှောင်တွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။
ပါတီမထောင်ဘဲ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟု တာဝန်ခံမည့်သူရှိပါက ပါတီဖျက်သိမ်းပေးမည်ဟု ဦးကိုကိုကြီးပြော 01.03.2023 2:37
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ တာဝန်ခံမယ့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရှိပါက ပါတီဖျက်သိမ်းမယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ် 28.02.2023 2:38
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေနဲ့ စစ်ကောင်စီရဲ့ ဩဇာခံရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်သွားမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၂၅ ရက်က ကျောက်ဖြူမြို့မှာ ကျင်းပတဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ စစ်အာဏာရှင်နဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိတာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ပြိုင်မှာမဟုတ်သလို ပါတီမှတ်ပုံတင်မ...
လောင်စာဆီဈေးနူန်းအဆမတန်တက်နေတဲ့ပါကစ္စတန်မှာ ဆင်းရဲသားတွေ ဘဝပျက်အောင် အစိုးရကလုပ်နေဟုဆို 27.02.2023 4:36
လောင်စာဆီဈေးနူန်းအဆမတန်တက်နေတဲ့ပါကစ္စတန်မှာ ဆင်းရဲသားတွေ ဘဝပျက်အောင် အစိုးရကလုပ်နေတယ်လို့ ပါကစ္စတန်သုံးဘီးယာဉ်မောင်းတွေကပြောပါတယ်။
ဖယ်ခုံမြို့နယ်ရှိ ခရစ်ယာန်မယ်တော်ဂူကိုလေကြောင်းတိုက်ခိုက်မှု ဘာသာရေးခြိမ်းခြောက်မှုဖြစ် 27.02.2023 3:02
ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ခရစ်ယာန်မယ်တော်ဂူကို စစ်ကောင်စီက ဒီလဆန်းပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာဟာ ဘာသာရေးနဲ့ပတ်သက်လို့ ခြိမ်းခြောက်မှုလို့ ဒေသခံတွေကပြောဆိုပါတယ်။
မြန်မာ့ရေးလှုပ်ရှားသူများ အမေရိကန်သမ္မတအိမ်ဖြူတော်နှင့် နိုင်ငံခြားရေးရုံးအထိ ချီတက်ဆန္ဒပြ 26.02.2023 2:58
စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအတွက် တိုင်းရင်းသားပေါင်းစုံ တညီတညွတ်တည်းရှိကြောင်းပြသတဲ့အနေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွေကို ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယူကရိန်းစစ်ပွဲ ၁ နှစ်ပြည့်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ် (25-FEB -2023 ) 25.02.2023 29:58
25-FEB -2023 အပတ်စဉ် DVB Weekly News Digest အစီအစဉ်။ ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ယူကရိန်းစစ်ပွဲ ၁ နှစ်ပြည့်သုံးသပ်ချက်၊ ပဲခူးတိုင်းခုခံတွန်းလှန်စစ်ပွဲ၊ ဂျပန်-မြန်မာဆက်ဆံရေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Схожі подкасти
Replaio не є видавцем подкастів; назви шоу, обкладинки та аудіо належать їхнім авторам і поширюються через публічні RSS-канали