Our Daily Bread-Burmese
နေ့စဥ်ခွန်အား - (Our Daily Bread-Burmese)
နေ့စဥ်ခွန်းအား Podcast လေးမှ ကြိုဆိုပါတယ်နေ့တိုင်း နေ့စဥ်ခွန်အား Podcast လေးတွေကို မြန်မာဘာသာဖြင့်နေစဥ် တင်သွားပေးမယ်God Bless You All. Thanks
Podcast'in sitesini ziyaret etmeyi ve yapımcısını desteklemeyi unutma: odb.org
Nereden dinlenir?
Uygulamada podcast'ler Replaio Radio Çok yakındaPodcast'ler çok yakında uygulamaya geliyor. Şimdi yükle ve podcast'lere yepyeni bir bakışı ilk gören sen ol
Bölümler
ဘုရားသခင်၏ငြိမ်းချမ်းရေးကိုယ်စားလှယ်များ - ဧပြီ ၁၂ - ၂၀၂၄ 13.04.2024 6:52
သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု၊ မစိုးရိမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌လည်း ခံရလေဦးမည်ဟု မိန့်တော်မူ၏။ [ တ ၂၃:၁၁ ]
အစီအစဥ်ကျသောဘုရား - ဧပြီ ၁၃ - ၂၀၂၄ 13.04.2024 6:05
မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ [ က ၁:၂ ]
မြင်စေသောမျက်လုံးများ - ဧပြီ ၁၀ - ၂၀၂၄ 11.04.2024 5:28
သင်သည် ကန်းသောမျက်စိတို့ကို ဖွင့်စိမ့်သောငှာလည်းကောင်း၊ ချုပ်ထားသောသူတို့ကို လွှတ်စိမ့်သောငှာလည်းကောင်း၊ မှောင်မိုက်၌နေသောသူတို့ကို အမိုက်ထောင်ထဲက နုတ်ယူစိမ့်သောငှာလည်းကောင်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဖို့၊ လူအမျိုးမျိုး လင်းစရာဖို့ ခန့်ထားမည်။ [ ဟေရှာ ၄၂:၇ ]
ခရစ်တော်ကို ယူတင်ဝတ်ဆင်ခြင်း - ဧပြီ ၉ - ၂၀၂၄ 11.04.2024 4:56
မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။ [ ရောမ ၁၃:၁၂ ]
မြို့၌ ဝမ်းမြောက်ခြင်း - ဧပြီ ၈ - ၂၀၂၄ 11.04.2024 6:19
တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏။ [ သု ၁၁:၁၀ ]
ကောင်းသောအရာငါးခု - ဧပြီ ၇ - ၂၀၂၄ 11.04.2024 5:35
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ [ ဆာ ၁၀၇:၁ ]
သီချင်းဆိုနေကြသောမြက်ပင်လေးများ - ဧပြီ ၁၁ - ၂၀၂၄ 11.04.2024 5:14
ကျက်စားရာအရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက်၊ လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက်ရှိ၍၊ ကျူးဧသောအသံနှင့် သီချင်းဆိုကြပါ၏။ [ ဆာ ၆၅:၁၃ ]
ခရစ်တော်၌ ကျွန်ုပ်တို့၏လူသစ် သဘောသစ် - ဧပြီ ၆ - ၂၀၂၄ 06.04.2024 6:05
ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်(ကြလော့)။ [ ဧဖက် ၄:၂၄ ]
ဘုရားသခင်၏တည်ရှိမှု - ဧပြီ ၅ - ၂၀၂၄ 05.04.2024 6:16
...လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီ…။ [ ဒေ ၃:၁၁ ]
ဘုရားသခင်၏လက်တော်၌ - ဧပြီ ၄ - ၂၀၂၄ 04.04.2024 5:22
ဒုက္ခခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။ [ ဆာ ၉၁:၁၅ ]
ကိုယ်တော်၏အသံတော်ကို ကျွန်ုပ်ကြားပါ၏ဘုရား - ဧပြီ ၃ - ၂၀၂၄ 03.04.2024 6:33
ထိုသူအား တံခါးစောင့်လည်း ဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ [ ယော ၁၀:၃ ]
ဆာလံ ၇၂ မှ ခေါင်းဆောင်ကြီးများ - ဧပြီ ၂ - ၂၀၂၄ 02.04.2024 5:54
“ထိုမင်း၏သက်ရောက်ခြင်းသည် ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြေကိုစိုစေသော မိုးပေါက်များကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်”။ [ ဆာ ၇၂:၆ ]
ခရစ်တော်၏ ပြင်းပြသောဆန္ဒ - မတ် ၃၀ - ၂၀၂၄ 01.04.2024 6:59
ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ [ ဟေရှာ ၅၃:၅ ]
ယနေ့ သခင်ယေရှုခရစ်တော် ထမြောက်တော်မူပြီ - မတ် ၃၀ - ၂၀၂၄ 01.04.2024 6:17
ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ။ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလေ့ာ။ [ မ ၂၈:၆ ]
သခင်ယေရှု၌ အတူတကွ တွေ့ဆုံခြင်း - ဧပြီ ၁ - ၂၀၂၄ 01.04.2024 5:58
လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ [ ဟေဗြဲ ၁၀:၂၅ ]
ကျွန်ုပ်တို့ကိုယ်စားဖြစ်သော သခင်ယေရှု - မတ် ၂၉ - ၂၀၂၄ 29.03.2024 5:43
ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ဝိညာဥ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှာ ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ်သောသူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တစ်ခါ ခံတော်မူ၏။ [ ၁ ပေ ၃:၁၈ ]
ချစ်ခြင်းမေတ္တာထားရန် ပညတ်သစ် - မတ် ၂၈ - ၂၀၂၄ 28.03.2024 6:54
အချင်းချင်းချစ်ကြလေ့ာဟု ပညတ်သစ်ကို ငါပေး၏။ □ [ ယော ၁၃:၃၄ ]
အခြားသူကိုချစ်ခြင်းဖြင့် ဘုရားသခင်အား ချစ်ခြင်း - မတ် ၂၅ - ၂၀၂၄ 27.03.2024 6:55
မင်းကြီးက ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတ္တံ့။ [ မ ၂၅:၄၀ ]
အခြေခံအကြောင်းအရာများ လွဲချော်ခြင်း - မတ် ၂၆ - ၂၀၂၄ 27.03.2024 7:00
ယေရှုကလည်း သင်တို့သည် ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။[ မ ၂၂:၂၉ ]
ခရစ်တော်၌ အသီးနှင့်ပြည့်စုံသော ယုံကြည်သူများ - မတ် ၂၇ - ၂၀၂၄ 27.03.2024 6:13
အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကို အဝေးက မြင်လျှင် ... ထိုအပင်၌ အသီးကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား(တော်မူ၏)။ [ မာ ၁၁:၁၃ ]
ကြွယ်ဝရက်ရောသော မေတ္တာ - မတ် ၂၃ - ၂၀၂၄ 24.03.2024 5:09
သာသနာပလူတို့သည် ... သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။ [ ၁ ပေ ၂:၁၂ ]
သခင်ယေရှု၌ ပြန်လည်မွေးဖွားခြင်း - မတ် ၂၄ - ၂၀၂၄ 24.03.2024 5:05
ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏။ [ ယော ၁၂:၂၄ ]
ဘုရားသခင်ကူမသကဲ့သို့ အခြားသူကို ကူမခြင်း - မတ် ၂၁ - ၂၀၂၄ 22.03.2024 6:29
မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင် သင်၏အလင်းသည် ပေါ်ထွန်း၍ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။ [ ဟေရှာ ၅၈:၁၀ ]
ချစ်ခြင်းမေတ္တာ၏ နောက်ခြေတစ်လှမ်း - မတ် ၂၂ - ၂၀၂၄ 22.03.2024 5:07
ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။ [ ၁ ယော ၃:၁၈ ]
မင်္ဂလာရှိသော ယုံကြည်ခြင်း - မတ် ၂၀ - ၂၀၂၄ 20.03.2024 6:09
ထာဝရဘုရားကို ကိုးစားသောသူသည် မင်္ဂလာရှိ၏။ [ ဆာ ၄၀:၄ ]
Benzer podcast'ler
Replaio bir podcast yayıncısı değildir; program adları, kapak görselleri ve ses içerikleri yazarlarına aittir ve herkese açık RSS beslemeleri aracılığıyla dağıtılır