Democratic Voice of Burma

DVB News

News MY ↓ 1459 avsnitt

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Glöm inte att besöka poddens webbplats och stötta skaparen: burmese.dvb.no

Skapare

Democratic Voice of Burma

Kategori

News

Poddens webbplats

burmese.dvb.no

Senaste avsnittet

10 jul 2026

Var kan du lyssna?

Poddar i appen Replaio Radio Kommer snart

Poddar kommer snart till appen. Installera nu och bli först med att uppleva ett helt nytt sätt att lyssna på poddar

Ladda ned på Google Play Installera gratis Android nästan 10 mn nedladdningar · betyg 4,8 iOS snart

Avsnitt

စစ်ကောင်စီသင်္ကြန်ပွဲတွင် နိုင်ငံတကာ DJ အနုပညာရှင်များမပါဝင်ရန် တောင်းဆို 26.03.2023

ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပမယ့် သင်္ကြန် EDM ပွဲတပွဲမှာ နိုင်ငံတကာက DJ artist တွေ ပါဝင်မယ်လို့ သိရပြီး အဲဒီ အနုပညာရှင်တွေကို မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိစေဖို့နဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားလည်ပတ်မှုအောက်မှာ မပါဝင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

ICC ဝရမ်းပြေးပူတင်နှင့် တရုတ်သမ္မတ၏ ရုရှားခရီးစဉ်အပါအဝင် DVB Weekly News Digest အစီအစဉ်။(25-MAR -2023) 25.03.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကို နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ICC ဝရမ်းပြေး ပူတင်နဲ့ တရုတ်သမ္မတရှီ၊ ဒဲရက်ခ်ချောလက်ရဲ့ အာဆီယံခရီးစဉ်၊ PTTEP ကိုတရားစွဲမယ့်အန်ယူဂျီ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

နိုင်ငံသားဖြစ်ခွင့် မဖြေပေးနိုင်လို့ နေရပ်ပြန်ရေးကိစ္စမဖြစ်နိုင်ကြောင်း ရိုဟင်ဂျာဒုက္ခသည်များဆို 24.03.2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ တောင်းဆိုတဲ့ နိုင်ငံသားဖြစ်ခွင့်၊ မူလနေရာတွေပြန်ရေးစတာတွေကို စစ်ကောင်စီ ကိုယ်စားလှယ်ဘက်က အဖြေမပေးနိုင်တဲ့အတွက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စအဆင်မပြေကြဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို အရေးယူနိုင်ရေး လမ်းပိုပွင့်သွားပြီလို့ NUG ပြော 24.03.2023

ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICCက အရေးယူဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှု အောင်မြင်ခဲ့တာကြောင့် မြန်မာစစ်ခေါင်းဆောင်ကို အရေးယူနိုင်ရေးလည်း လမ်းပိုပွင့်သွားတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။

တရုတ်အနေဖြင့် NUG နှင့်ထိတွေ့ဆက်ဆံရန်လိုအပ်ဟု လေ့လာသူများပြော 23.03.2023

တရုတ်အစိုးရဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထိတွေ့ဆက်ဆံမှု မလုပ်ပဲ မြန်မာပြည်တွင်း ပဋိပက္ခတွေကို ပြေလည်ချုပ်ငြိမ်းဖို့အတွက် မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသားအရေးလေ့လာသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရ၏ ဆိုင်ကယ်အငှားနှင့် ဗီဇာတင်းကျပ်မယ့်အစီစဉ်ကြောင့် ခရီးသွားများ စိတ်ပျက် 23.03.2023

အင်ဒိုနီးရှားအစိုးရရဲ့ ဗီဇာနဲ့ဆိုင်ကယ်အငှားစည်းမျဉ်းစည်းကမ်း တင်းကျပ်မယ့်အစီအစဉ်ကြောင့် ဘာလီခရီးသွားတွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပါတယ်။

လွိုင်ကော်နည်းပညာတက္ကသိုလ်ကျောင်းသားကိုအောင်ကျော်မြတ်က အဝေးထိန်း လက်နက်တင်စက်ရုပ်တင့်ကားငယ်တီထွင် 22.03.2023

ကရင်နီ (ကယား) ပြည်နယ်က လွိုင်ကော်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ ကိုအောင်ကျော်မြတ်က အဝေးထိန်း လက်နက်တင် စက်ရုပ်တင့်ကား အငယ်စားကို တီထွင်လိုက်ပါတယ်။

အာဂျင်တီးနား မူးယစ်ဆေးဝါးဂိုဏ်းများအပေါ် အစိုးရက စစ်ဆင်ရေးစတင် 21.03.2023

မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့အကြမ်းဖက်မှုကြောင့်လူတွေတုန်လှုပ်နေရတဲ့ အာဂျင်တီးနားရဲ့ အဓိက စိုက်ပျိုးရေးမြို့မှာ မူးယစ်ဆေးဝါးဂိုဏ်းတွေအပေါ် အစိုးရက စစ်ဆင်ရေးစတင်ခဲ့ပါတယ်။

စစ်ကောင်စီကပြုလုပ်မည့် သင်္ကြန်တွင်မပါဝင်ရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း 21.03.2023

စစ်ကောင်စီကဦးဆောင်ပြုလုပ်မယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေမပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ် 20.03.2023

တိုင်းရင်းသားနိုင်ငံရေးပါတီတွေထဲမှာ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က စစ်ကောင်စီဩဇာခံရွေးကောက်ပွဲကော်မရှင်လက်အောက်မှာ ပါတီကိုပြန်မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်တွင် မီတာတက္ကစီပြေးဆွဲမည့်ကိစ္စ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အဆင်မပြေနိုင် 19.03.2023

ရန်ကုန်မြို့က တက္ကစီကားတွေမှာ စမတ်မီတာ တပ်ဆင်ဖို့ ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) က လုပ်ဆောင်နေပါတယ်။ ဒီစနစ်ဟာ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အဆင်မပြေနိုင်ဘူးလို့ အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေက ပြောပါတယ်။

ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် အဖမ်းအဆီးများနေသဖြင့် ဆန္ဒပြရန်ခက်ခဲ 18.03.2023

ရန်ကုန်အထွေထွေသပိတ်စစ်ကြောင်းအပါအဝင် တခြားမြို့နယ်သပိတ်အဖွဲ့တွေက သပိတ်ကော်မတီဝင် ၇၀ နီးပါးဖမ်းဆီးခံရပြီး စစ်ကောင်စီက လုံခြုံရေးတင်းကျပ် အဖမ်းအဆီးတွေလုပ်နေတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု သပိတ်တွေဆက်လက်ဖော်ဆောင်ဖို့ အခက်အခဲရှိနေတယ်လို့ ရန်ကုန်အထွေထွေသပိတ် စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

မြန်မာအရေးကုလသမဂ္ဂဆွေးနွေးပွဲ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(18-MAR -2023) 18.03.2023

မြန်မာအရေးကုလသမဂ္ဂဆွေးနွေးပွဲ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(18-MAR -2023)

ညောင်လေးပင်ခရိုင်အတွင်း ပြည်သူ ၁၀၀၀၀ ကျော်ထပ်မံစစ်ဘေးရှောင် 17.03.2023

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ လူတွေကိုဖမ်းဆီးတာတွေကြောင့် ဒေသခံပြည်သူတွေအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ဟာ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ချင်းပြည်နယ်ကိုတက်မည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 16.03.2023

စစ်ကောင်စီလက်အောက်ခံ  တပ်မ ၉၉ ဘီလူးစစ်ကြောင်းဟာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲမှာ ၅ ရက်ကြာ ထိုးစစ်ဆင် နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ ချင်းပြည်နယ်ကိုတက်မယ့် စစ်ကောင်စီယာဉ်တန်းကို မကွေး၊ ထီးလင်းနယ်ထဲမှာ PDF တွေက ၃ကြိမ်တိုင် ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ 

DVB Vox Pop အစီအစဉ်ကို နားဆင်ပြီး သဘောထားအမြင်တွေပေးနိုင်ပါတယ်။ 15.03.2023

DVB Vox Pop အစီအစဉ်ကို နားဆင်ပြီး သဘောထားအမြင်တွေပေးနိုင်ပါတယ်။

ယူကရိန်းကလေးငယ်များကို ရုရှားနိုင်ငံသားအဖြစ်စာရင်းသွင်းရန် ဖိအားပေးခံနေရ 15.03.2023

သိမ်းပိုက်ခံနယ်မြေက ယူကရိန်းကလေးသူငယ်တွေကို ရုရှားနိုင်ငံသားအဖြစ်မှတ်ပုံတင်စာရင်းသွင်းဖို့ အတင်းအကြပ် ဖိအားပေးခံနေရတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

လူထုထောက်ခံမှုများ၍ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဌေးကို ရန်ကုန်တိုင်း တာဝန်ခံအဖြစ် ကျားဖြူပါတီက ရွေးချယ်ခဲ့ဟု ဆို 14.03.2023

လူထုထောက်ခံမှုများတဲ့အတွက် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဌေးကို ရန်ကုန်တိုင်းတာဝန်ခံအဖြစ် ကျားဖြူပါတီက ရွေးချယ်ခဲ့တာလို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

နန်းနိမ်းကျေးရွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု စစ်ကောင်စီတပ်များလက်ချက်ဟုဆို 14.03.2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ်းကျေးရွာမှာ ပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဟာ စစ်ကောင်စီတပ်တွေရဲ့လက်ချက်ဖြစ်ကြောင်း သက်သေအထောက်အထားတွေ ရရှိထားတယ်လို့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက ပြောဆိုပါတယ်။

တအာင်းသီလရှင်ငယ်လေးများအား ညှဉ်းပန်းနှိပ်စက်ခဲ့သူ အမှုဖွင့်အရေးယူ မခံရသေး 14.03.2023

တအာင်းတိုင်းရင်းသား သီလရှင်ငယ်လေးတွေအပေါ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ရန်ကုန်၊ ကျောက်တန်းမြို့နယ်ရှိ  သုခိတာရာမကျောင်းတိုက်နဲ့ ကျူးလွန်တဲ့ သီလရှင်တွေကို  စစ်ကောင်စီက အမှုဖွင့်အရေးယူတာမရှိသေးဘူးလို့ ကူညီပေးနေသူတွေက ပြောပါတယ်။ 

ကရင်တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေး အကောင်အထည်မပေါ်သေး 14.03.2023

ကရင်တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေးကြိုးစားနေတာ ဆယ်စုနှစ်တခုကျော်ကြာမြင့်လာပြီဖြစ်ပေမဲ့ ပေါင်းစည်းဖို့အတွက် လက်နက်ကိုင်ခေါင်းဆောင်တွေက ဒီကနေ့အထိ ပြည်သူတွေကို တိကျသေချာတဲ့ အဖြေမပေးနိုင်တဲ့အပေါ် ကျေနပ်မှုမရှိကြဘူးလို့ လူထုအစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်များ အကျအဆုံးများလာသဖြင့် တပ်ရင်းတပ်ဖွဲများတွင် စစ်သည်အင်အား နည်းပါးလာ 12.03.2023

ပြည်သူ့ခုခံစစ်ကြောင့် နိုင်ငံအနှံ့တိုက်ပွဲတွေများနေပြီး အကျအဆုံးတွေများတာကြောင့် အာဏာသိမ်း စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့တွေမှာ စစ်သည်အင်အားတွေ နည်းပါးလာနေပြီလို့ CDM တပ်သားတွေက ပြောပြကြပါတယ်။ 

ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံး ၁၀ မြို့တွင် ရန်ကုန်ပါဝင် 11.03.2023

ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဝါးဆုံးမြို့  ၁၀ မြို့ မှာ ရန်ကုန်မြို့  ပါဝင်နေပြီး ရန်ကုန်ရဲ့ လေထု အရည်အသွေးဟာ PM ၂ ဒသမ ၅  အနီရောင်အဆင့်မှာရှိတာကြောင့် ပြည်သူတွေရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ  ကျန်းမာရေး ထိခိုက်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

အမျိုးသမီးနေ့လှုပ်ရှားမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(11-MAR -2023) 11.03.2023

အမျိုးသမီးနေ့လှုပ်ရှားမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(11-MAR -2023)

NUG ယာယီသမ္မတနှင့် အီးယူအထူးကိုယ်စားလှယ် ဆွေးနွေး၊ မြန်မာစစ်ဘေးသင့်ပြည်သူများကို ကူညီမည်ဟုပြော 10.03.2023

မြန်မာစစ်ဘေးသင့်ပြည်သူတွေဘက်က ရပ်တည်ပြီး အကူအညီတွေ ပေးသွားမယ်လို့ ဥရောပသမဂ္ဂ မြန်မာအထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဆွေးနွေးရာမှာ ပြောဆိုလိုက်ပါတယ်။

Lyssna på podden DVB News i Replaio

Radio och poddar i en och samma app - gratis och utan konto. Installera redan idag och missa inte premiären

Ladda ned på Google Play

Replaio är ingen poddutgivare; programnamn, omslag och ljud tillhör sina upphovspersoner och distribueras via offentliga RSS-flöden