Democratic Voice of Burma

DVB News

News MY ↓ 1459 avsnitt

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Skapare

Democratic Voice of Burma

Kategori

News

Poddens webbplats

burmese.dvb.no

Senaste avsnittet

10 jul 2026

Var kan du lyssna?

Poddar i appen Replaio Radio Kommer snart

Poddar kommer snart till appen. Installera nu och bli först med att uppleva ett helt nytt sätt att lyssna på poddar

Ladda ned på Google Play Installera gratis Android nästan 10 mn nedladdningar · betyg 4,8 iOS snart

Avsnitt

DVB Newsbreak 5.5 ( ၇ ရက်၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 07.12.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ၇ ဒီဇင်ဘာ  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရရှိရန်မျှော်လင့်ဟု တရုတ်ဝန်ကြီးပြော ကြားလိုက်တဲ့သတင်း စစ်ခေါင်းဆောင် ၇ ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားတရားရုံးမှာ လျှောက်ထားလိုက်တဲ့သတင်းနဲ့  နေပြည်တော်ရှိစက်သုံးဆီအရောင်းဆိုင်အများစု ဆီပြတ်သွားပြီးလောင်စာဆီရောင်းချမှ...

စစ်ကောင်စီတပ်ဟာ Cluster ဗုံးအပြင် ဓာတုဗုံးတွေကိုပါ ထုတ်သုံးနေပြီဟု ဆို 07.12.2023

စစ်ကောင်စီတပ်က Cluster ဗုံးတွေအပြင် ဓာတုဗုံးတွေကိုပါ ထုတ်သုံးနေပြီလို့ မြောက်ပိုင်းညီနောင်မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်ကြတဲ့ MNDAA, TNLA, AA တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။ မြို့ပေါင်း ၂၀ ဝန်းကျင်နဲ့ စစ်စခန်း ရာနဲ့ချီပြီး လက်လွှတ်ထားရတဲ့ စစ်တပ်က နိုင်ငံတကာမှာ တားမြစ်ထားတဲ့ ဗုံးတွေကို တကယ်ပဲ အသုံးပြုနေပြီလား သိနိုင်ဖို့ ကျွမ်းကျင်သူတွေကို မေးမြန်းပြီး စိုးသူအောင်က သတင်းပေးပို့ ထားပါတယ်။

ကောကရိတ်မြို့တိုက်ပွဲကြောင့် စားသောက်ကုန်ပြတ်လပ်နေ 07.12.2023

ကော့ကရိတ်မြို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုတွေရ ပ်နားထားရပြီး မြန်မာ-ထိုင်း နယ်စပ်မှာ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။။ ဒီသတင်းကို အောင် ခန့်ပေးပို့ထားပါတယ်။

DVB Newsbreak 5.5 ( ၅ ရက်၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 05.12.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ၅ ဒီဇင်ဘာ  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း -မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KNU က သိမ်းပိုက်လိုက်တဲ့သတင်းနဲ့  -ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ  စက်သုံးဆီ ပြတ်လပ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

မြန်မာနယ်စပ်က တရုတ်နိုင်ငံသားများကို ဒီတစ်ပတ်အတွင်း ရွှေ့ပြောင်းခိုင်း 05.12.2023

တရုတ်အစိုးရက မြန်မာနယ်စပ်မှာနေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေကို ဒီတစ်ပတ်အတွင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းနေပါတယ်။ အဲဒီအပြင် တရုတ်နယ်စပ်ဂိတ်တွေကို ပိတ်မယ့်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်လို့ တရုတ်မြန်မာနယ်စပ်မှာ နေထိုင်နေတဲ့သူတွေက ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားပါတယ်။

DVB Newsbreak 5.5 ( ၁ ရက်၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 04.12.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဒီဇင်ဘာ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို  စုံစမ်းစစ်ဆေးဖို့ ဂျာမနီက လက်မခံဘဲ ငြင်းဆိုလိုက်တဲ့သတင်း  -မူဆယ်မြို့နယ်နဲ့  ရွှေကူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံနေရပြီး  ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်နေတဲ့သတင်း  -ခရိုနီ ဦးထွန်းမင်းလတ်နဲ့ ဆက်နွှ...

DVB Newsbreak 5.5 ( ၄ ရက်၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 04.12.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ၄ ဒီဇင်ဘာ  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -“မိကျောင်း” ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်  မိုးရွာသွန်း လေပြင်းတိုက်နိုင်တယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်း  -မုံရွာမြို့နယ်မှာ  ကြာပိုင်ရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်က  မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်းနဲ့ -ဒူဘိုင်းရောက် မြန်မာအမျိုးသမီးတွေ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေဆီ ရောင်းစားခံ...

"စကစ-ပေါက်ဖော်ဆက်ဆံရေးဘယ်လဲ" (WeeklyNewsDigest03122023) 03.12.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စကစ-ပေါက်ဖော်ဆက်ဆံရေးဘယ်လဲ၊ ဩဇာအရှိဆုံး အမေရိကန်သံတမန် ကစ်ဆင်ဂျာ ၊ ကမ္ဘာ့AIDS နေ့နဲ့ ဒူဘိုင်း COP28 ညီလာခံစတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ကမ္ဘာ့ AIDS နေ့ အခမ်းအနား မယ်တော်ဆေးခန်းတွင်ကျင်းပ 02.12.2023

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ World AIDS နေ့ အခမ်းအနားကို  ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာ  ဒီဇင်ဘာ ၁ ရက် ဒီနေ့မနက် ကျင်းပခဲ့ပါတယ်။ ဒီနေ့ အခမ်းနားမှာတော့ ကမ္ဘာတဝန်း AIDS ရောဂါကြောင့် သေဆုံးခဲ့သူတွေကို လွမ်းဆွတ် အောင့်မေ့သတိရကြပြီး    AIDS ရောဂါဆိုင်ရာ ပညာပေးဟောပြောခဲ့ကြပါတယ်။ အခမ်းအနားကို ထိုင်းနိုင်ငံကကျန်းမာရေးအဖွဲ့တွေ မြန်မာဆေးဝ...

မြန်မာစစ်ခေါင်းဆောင်နှင့် စစ်ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန် ဂျာမနီ ငြင်းဆို 02.12.2023

ရိုဟင်ဂျာအရေးအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမှုမလုပ်ဖို့ ဂျာမနီပြည်ထောင်စု အစိုးရ ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ခဲ့တဲ့အပေါ် စိတ်ပျက်ကြောင်း Fortify Rights အဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။ ဂျာမနီရှေ့နေချုပ်ရဲ့ငြင်းဆိုမှုဟာ လက်ခံနိုင်စရာမရှိဘဲ ပိုကောင်းတဲ့ နည်းလမ်းကို ရှာဖွေပြီး စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ကြိုးစားမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒီ...

DVB Newsbreak 5.5 ( ၃၀ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 30.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -ထိုင်းရောက် ကရင်နီဒုက္ခသည်များကို နေရပ်ပြန်ပို့ခြင်းမပြုရန် HRW အဖွဲ့ တောင်းဆိုလိုက်တဲ့သတင်း - စစ်ကောင်စီတပ်သားအယောက်၃၀ဟာအိန္ဒိယနိုင်ငံဘက်ဝင်ရောက်ခိုလှုံတဲ့သတင်းနဲ့ -စစ်ကောင်စီရဲ့ဆေးဝါးထိန်းချုပ်တင်းကျပ်မှုကြောင့် ကူးစက်ရောဂါများအိမ်နီးချင်းနိုင်ငံသို့ ပျံ့နှံ့နိုင် တဲ့တင်း

DVB Newsbreak 5.5 ( ၂၉ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 29.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထုတ်ပြန်လိုက်တဲ့သတင်း  -ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက  ထောင်ဒဏ် ၁၀ နှစ်ချမှန်လိုက်တဲ့သတင်းနဲ့ -ကုန်းကြမ်းအခြေစိုက် စစ်ကောင်စီ ခလရ ၁၂၅ တပ်ရင်းတရင်းလုံး  MNDAA ထံ အလံဖြူထောင် အလင်းဝ...

DVB Newsbreak 5.5 ( ၂၈ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 28.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -တပ်ဖွဲ့ဝင်အင်အား ၇၀၀ လောက်ပါတဲ့ တရုတ် စစ်သင်္ဘာ ၃ စင်း ရန်ကုန်ရောက်နေတဲ့သတင်း  -မူဆယ် ၁၀၅ မိုင်ရှိ လျှပ်စစ်ပစ္စည်းဂိုဒေါင် ဒရုန်းကျည်ထိမှန် မီးလောင်ပျက်စီးသွားတဲ့တသင်းနဲ့ ရှမ်းယူနိုက်အသင်းကို ဩစ‌တြေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာမပေးတဲ့သတင်းတွေ နားဆင်ကြရမှာပါ

DVB Newsbreak 5.5 ( ၂၇ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 27.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -၁၁၂၇ စစ်ဆင်ရေး  နိုင်ငံတဝန်းမှာ  အရှိန်မြှင့်တိုက်ခိုက်မှုတွေလုပ်မယ်လို့ ကြေညာထားတဲ့သတင်း -မြန်မာဘက်မှာ တိုက်ပွဲတွေ အပစ်အခတ်ရပ်စဲကြဖို့  တရုတ်စစ်တပ်က တိုက်တွန်းလိုက်တဲ့သတင်းနဲ့  -UWSA ‘ဝ’ ထိန်းချုပ်ဒေသမှာ   ထိုင်းနိုင်ငံသား ၁၀၀ ကျော် ပိတ်မိနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

"လောက်ကိုင်ရောက် ရွေ့ပြောင်းလုပ်သားများအရေး" (WeeklyNewsDigest25112023) 26.11.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။  ဒီတပတ်အစီအစဉ်မှာတော့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၊ တရုတ်နမိုးနီးယားရောဂါသစ်၊ လောက်ကိုင်မှာ ပိတ်မိနေတဲ့ ရွေ့ပြောင်းလုပ်သားအရေးတွေကို  ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။  

“လူထုထောက်ခံမှု ရထားတဲ့ဘက်က ထာဝရအားသာချက်ပါ” ဗကပ ရဲဘော်ဖိုးသံချောင်း 25.11.2023

“လူထုထောက်ခံမှု ရထားတဲ့ဘက်က  ထာဝရအားသာချက်ပါ” ဗကပ ရဲဘော်ဖိုးသံချောင်း  လက်ရှိ ရှမ်းပြည်မြောက်ပိုင်း  ၁၀၂၇ စစ်ဆင်ရေးမှာ  ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့  တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်နေသလို စစ်ကိုင်းတိုင်း စစ်ဒေသက တိုက်ပွဲတွေမှာလည်း တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေ ကြပါတယ်။ လက်ရှိပြည်သူတွေဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအရွေ့ ဘယ်လောက်...

DVB Newsbreak 5.5 ( ၂၄ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 24.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ မူဆယ် ကျင်စန်းကျော့ကားဝင်းထဲက ကုန်ကားအစီးရေ ၁၂၀ ခန့် မီးလောင်ပျက်စီးသွားတဲ့သတင်း  ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသထဲမှာ ဗီယက်နမ်နိုင်ငံသားအယောက် ၇၀၀ လောက် ပိတ်မိနေတဲ့သတင်းနဲ့  စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့  ပုဏ္ဏားကျွန်းမြို့မစျေးကြီး မီးလောင်ပျက်စီးသွားတဲ့သတင်းတ...

DVB Newsbreak 5.5 ( ၂၃ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 23.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ မြန်မာအတွက် လူသားချင်းစာနာကူညီရေး အရေးပေါ်လိုအပ်နေဟု ကုလထုတ်ပြန် မူဆယ် ကျင်စန်းကျော့ကားကြီးကွင်းတွင် မီးလောင်၊ ကုန်ကားများ ပျက်စီးဆုံးရှုံး ရုပ်သံနှင့် မီဒီယာလုပ်ငန်းကို စစ်ကောင်စီက ပိုမိုတင်းကျပ်ထိန်းချုပ်သည့်အပေါ်  RSF ရှုတ်ချ

DVB Newsbreak 5.5 ( ၂၂ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 22.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဆီးခံရသူ  ၃၁၀၀၀ ကျော်ကို မြန်မာဘက်က တရုတ်ထံ လွှဲပေး လောက်ကိုင်မြို့မှာ  လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူအချို့ သေဆုံး ဒဏ်ရာရ  အိန္ဒိယနိုင်ငံသားတွေအနေနဲ့ မလိုအပ်ဘဲ မြန်မာသို့ ခရီးမသွားကြဖို့ အိန္ဒိယအစိုးရက သူ့နိုင်ငံသားတွေကို သတိပေးလိုက်တဲ့သတင်း

လွိုင်ကော်တွင် ၁၁.၁၁ စစ်ဆင်ရေး စတင်တဲ့ အချိန်ကနေ နိုဝင်ဘာလ ၁၉ ရက်အထိ အရပ်သား ၇၀ ခန် သေဆုံး 22.11.2023

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်မှာ ၁၁.၁၁ စစ်ဆင်ရေး စတင်တဲ့ အချိန်ကနေ နိုဝင်ဘာလ ၁၉ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆၈ ယောက်သေဆုံးခဲ့တယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးအဖွဲ့ KHAI က ထုတ်ပြန်ပါတယ်။ ဒီသတင်းကို လင်းအိမ် ပေးပို့ထားတာပါ။

DVB Newsbreak 5.5 ( ၂၁ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 21.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ မလေးရှားနိုင်ငံသား ၁၀၀ ကျော် လောက်ကိုင်တွင် ပိတ်မိနေ (တကျော့ပြန်တိုက်ပွဲကြောင့် ရခိုင်နဲ့ ချင်းမှာ စစ်ပြေး ၂၆၀၀၀ ထပ်တိုးလာ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်းခံရ

အာဏာသိမ်းကာလအတွင်း ကလေးသူငယ်များ အခွင့်အရေး ချိုးဖောက်ခံရတာတွေ များစွာ ကြုံနေရ 21.11.2023

အာဏာသိမ်းကာလအတွင်း ကလေးသူငယ်တွေ ပညာသင်ကြားခွင့် အပြည့်အဝ မရှိတာ၊ အသက် အန္တရာယ် လုံခြုံရေး အာမခံချက် မရှိတာ၊ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရတာတွေ များစွာ ကြုံနေရပါတယ်။ ဒါ့အပြင် စစ်ကောင်စီ တပ်တွေက စာသင်ကျောင်းတွေမှာ တပ်စွဲတာ၊ ဗုံးကြဲ တိုက်ခိုက်တာတွေဟာ ဂျန်နီဗာကွန်ဗန်းရှင်းကို ပြောင်ပြောင်ထင်ထင် ချိုးဖောက်နေတာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။ 

DVB Newsbreak 5.5 ( ၂၀ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 20.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -မြန်မာအရေး အာဆီယံအတွက် ဖြေရှင်းရန်ခက်ခဲတဲ့ ပြဿနာဖြစ်တယ်လို့  ဖိလစ်ပိုင်သမ္မတက ပြောကြားလိုက်တဲ့သတင်း  -ကိုးကန့်တိုက်ပွဲမှာ ပိတ်မိနေတဲ့  ထိုင်းနိုင်ငံသား  ၂၀၀ ကျော်  ဘန်ကောက်ကို ပြန်ရောက်လာတဲ့သတင်းနဲ့ -မြန်မာပြည်တွင်းမှာ ဘဏ်အပ်ငွေတွေ ပြန်ထုတ်ယူသူတွေ ပိုများပြားလာတဲ့သတင်းတွေ နားဆင...

" စူပါပါဝါ အမေရိကန်-တရုတ် ပြေလည်မှုနဲ့ မြန်မာ့အရေး" (WeeklyNewsDigest18112023) 19.11.2023

" စူပါပါဝါ အမေရိကန်-တရုတ် ပြေလည်မှုနဲ့ မြန်မာ့အရေး" (WeeklyNewsDigest18112023) ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စူပါပါဝါ အမေရိကန်-တရုတ် ပြေလည်မှုနဲ့ မြန်မာ့အရေးသက်ရောက်မှု၊ တကျော့ပြန်ရခိုင်စစ်ပွဲ၊ ၁၁၁၁ လွိုင်ကော်စစ်ဆင်ရေး စတာတွေကို  ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံ...

‘Drone’ကို စစ်ကောင်စီတပ် ဒူးတုန်အောင် အကြောက်ဆုံးဖြစ်ဟု NUG ဝန်ကြီးပြော 18.11.2023

နိုင်ငံတဝန်း လက်ရှိဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးနဲ့ ခုခံတွန်းလှန်စစ်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အကြောက်ဆုံးက ‘Drone’ တွေဖြစ်ပြီး ဒါကို တားဆီးနိုင်တဲ့ အနေအထားမရှိသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ စစ်ပွဲတွေမှာ တော်လှန်ရေးအဖွဲ့တွေဘက်က ဒရုန်းတွေန...

Lyssna på podden DVB News i Replaio

Radio och poddar i en och samma app - gratis och utan konto. Installera redan idag och missa inte premiären

Ladda ned på Google Play

Replaio är ingen poddutgivare; programnamn, omslag och ljud tillhör sina upphovspersoner och distribueras via offentliga RSS-flöden