Democratic Voice of Burma

DVB News

News MY ↓ 1459 avsnitt

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Skapare

Democratic Voice of Burma

Kategori

News

Poddens webbplats

burmese.dvb.no

Senaste avsnittet

10 jul 2026

Var kan du lyssna?

Poddar i appen Replaio Radio Kommer snart

Poddar kommer snart till appen. Installera nu och bli först med att uppleva ett helt nytt sätt att lyssna på poddar

Ladda ned på Google Play Installera gratis Android nästan 10 mn nedladdningar · betyg 4,8 iOS snart

Avsnitt

"သမိုင်းအမွေအနှစ် ခြံအမှတ် ၅၄ ကို ဖျောက်ဖျက်မည့်အကြံ " (WeeklyNewsDigest 24032024) 24.03.2024

DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ သမိုင်းအမွေအနှစ်"ခြံအမှတ် ၅၄"ကို ဖျောက်ဖျက်မည့်အကြံ ပြည်သူလက်မခံ၊ NCA ၇ ဖွဲ့ ချင်းမိုင်ဆွေးနွေးပွဲ၊ ရိုဟင်ဂျာဆန္ဒပြပွဲရဲ့ နောက်ကွယ်၊ ကုလလူ့အခွင့်အရေးကောင်စီနဲ့ မြန်မာ့အရေး စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ဆင်ဘို ခလရ ၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင် 23.03.2024

ကချင်ပြည်နယ်ထဲ နေရာ ၄ ခုထက်မနည်းမှာ တိုက်ပွဲတွေဆက်ရှိနေပြီး ဆင်ဘို ခလရ ၁၄၁ ကိုလည်း KIA နဲ့ပူးပေါင်းတပ်တွေက ၃ ကြိမ်မြောက်အဖြစ် ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ ဒီဗွီဘီသတင်းထောက် စိုးသူအောင် သတင်းပေးပို့ထားပါတယ်။

ရိန်းဂျားတပ်ဖွဲ့ဝင်ဆေးမှူးအဖြစ် တော်လှန်ရေးမှာပါဝင်နေတဲ့ CDM သူနာပြု မော်ကူးမြာ 23.03.2024

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီ(ကယား)ပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး ခုခံတွန်းလှန်စစ်ဆင်နွှဲတိုက်ခိုက်လာတာ အခုဆို သုံးနှစ်ကျော် ရှိပါပြီ။ ဒီကာလတွေအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ကရင်နီလူငယ်များစွာ အသက်ပေးခဲ့ရသလို ပြည်သူသိန်းနဲ့ချီပြီး နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ လွိုင်ကော်ဇာတိ ကယားတိုင်းရင်းသူတဦးဖြစ်တဲ့ မော်ကူးမြာကတော့ အာဏာမသိမ်းခင်အချိန...

DVB Newsbreak ( ၂၂ မတ် ၂၀၂၄၊ ညနေခင်းသတင်း) 22.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဖယ်ခုံမြို့နယ်မှာ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲလို့  သေဆုံးဒဏ်ရာရခဲ့တဲ့ သတင်း  -ထိုင်းနိုင်ငံဘက် ထွက်ပြေးတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို မြန်မာပြည်ကို  ပြန်လွှဲပေးလိုက်တဲ့သတင်းနဲ့ -မိုးသက်လေပြင်းတွေကြောင့်  ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ နေအိမ် အဆောက်အအုံ...

စစ်မှုထမ်းခိုင်းရန် ရေဦးမြို့ပေါ်က လူငယ်များနေရပ်ပြန်ခေါ်ဖို့ မိဘများကို စစ်ကောင်စီ ဖိအားပေးနေ 22.03.2024

ရေဦးမြို့ပေါ်မှာလူငယ်တွေကို သတ်မှတ်အချိန်အတွင်းနေရပ်ပြန်ခေါပြီးစစ်မှုထမ်းခိုင်းဖို့ မိဘတွေကို စစ်ကောင် စီက ဖိအားပေးနေပါတယ်။ နိုင်ငံတဝှမ်းပြည်သူတွေကို ဖိအားပေးအနိုင်ကျင့်နေတဲ့ စစ်မှုထမ်းဥပဒေယန္တရားမှာ ပူးပေါင်းဆောင်ရွက်သူအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူကပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။

DVB Newsbreak ( ၂၁ မတ် ၂၀၂၄၊ ညနေခင်းသတင်း) 21.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက် ထပ်မံထွက်ပြေးတဲ့သတင်း -မြောက်ဦးမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးသွားတဲ့ သတင်းနဲ့ -အရှေ့တောင်အာရှ ကင်ဆာဝေဒနာရှင် ကလေးငယ်များကွန်ရက်၏ အထူးစောင့်ကြည့် နိုင်ငံတွေမှာ  မြ...

စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်တိုင်း တဖက်အိမ်နီးချင်းနိုင်ငံဘက် အစုလိုက် ထွက်ပြေးမှု မကြာခဏဖြစ် 21.03.2024

စစ်ကောင်စီရဲ့တပ်တွေဟာ မကြာခဏဆိုသလို တိုက်ပွဲဖြစ်တိုင်း တဖက်အိမ်နီးချင်းနိုင်ငံဘက်ကို အစုလိုက် ထွက် ပြေးလေ့ ရှိပါတယ်။ အခုလို ဖြစ်ရတာတွေဟာ စစ်ကောင်စီတပ်မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်း ရည်မရှိ တော့ဘူးဆိုတာကို ပြသနေတာဖြစ်တယ်လို့ CDM အရာရှိတွေက သုံးသပ်ပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။

DVB Newsbreak ( ၂၀ မတ် ၂၀၂၄၊ ညနေခင်းသတင်း) 20.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် ၅၄ ကို လေလံဆွဲမယ့်သူ မရှိလို့  လေလံပွဲ ပျက်သွားတဲ့သတင်း -စစ်ကောင်စီတပ်ရဲ့  အကြမ်းဖက်မှုများရပ်တန့်ရေး ကမ္ဘာက ဝိုင်းဝန်းလုပ်ဆောင်ဖို့ ကုလလူ့အခွင့်အရေး ကောင်စီမှာ တောင်းဆိုလိုက်တဲ့သတင်းနဲ့  -တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ရင်းလိုက် စခန်းစွန့်ခွ...

DVB Newsbreak ( ၁၉ မတ် ၂၀၂၄၊ ညနေခင်းသတင်း) 19.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချပြီး အရပ်သားတွေကို ကာကွယ်ပေးဖို့ ကုလသမဂ္ဂအကြီးအကဲက တောင်းဆိုလိုက်တဲ့သတင်း  -စစ်မှုထမ်းဖို့  ရွေးချယ်ခံရတဲ့ လူငယ် ၂ ဦး အဆိပ်သောက် သတ်သေသွားတဲ့သတင်းနဲ့ -ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတဲ့ သတင်...

DVB Newsbreak ( ၁၈ မတ် ၂၀၂၄၊ ညနေခင်းသတင်း) 18.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို  လေလံရောင်းဖို့ချမှတ်ထားတဲ့ အမိန့်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ရှေ့နေတွေက ပြင်ဆင်ချက် တင်သွင်းလိုက်တဲ့သတင်း  -ဆန်ဂန်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၇ ခုကို KIA က သိမ်းပိုက်ရရှိခဲ့တဲ့ သတင်းနဲ့  -မြန်မာပြည်ဒေသတချို့မှာ  အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာနိုင်...

"စစ်ကောင်စီ အရှုံးကိုလက်ခံ အလံဖြူထောင်ချိန်ရောက်ပြီလား၊" 17.03.2024

"စစ်ကောင်စီ အရှုံးကိုလက်ခံ အလံဖြူထောင်ချိန်ရောက်ပြီလား၊" (WeeklyNewsDigest 17032024) DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်ကောင်စီအရှုံးကိုလက်ခံ အလံဖြူထောင်ချိန်ရောက်ပြီလား၊ ကရင်၊ ကချင်၊ ရခိုင်နဲ့ နိုင်ငံတဝန်း စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

စစ်မှုထမ်းရန် လူစာရင်းကောက် ဆင့်ခေါ်မှုများကြောင့် မိသားစုများ စိုးရိမ်မှုမြင့်တက် 16.03.2024

စစ်မှုထမ်းဥပဒေဆိုင်ရာ လူစာရင်းကောက်ယူတာ၊ ဆင့်ခေါ်တာတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်နေတာကြောင့် လူငယ်တွေနဲ့ မိသားစုတွေအကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။ နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာပါ။

မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချမှုပိတ်ပင်ရန် ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု စတင် 16.03.2024

မြန်မာစစ်တပ်ကို လေယာဉ်ဆီ တင်ပို့ရောင်းချတာနဲ့ သယ်ယူပို့ဆောင်ရေးမှာ အာမခံပေးနေမှုတွေကို ဖြတ်တောက် တားဆီးပိတ်ဆို့ပေးဖို့ တကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို မတ်လ တလလုံး ပြုလုပ်သွားဖို့ ရှိနေပါတယ်။ စစ်ရေးရှုံးနိမ့်မှုတွေ များလာတဲ့ စစ်ကောင်စီက လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုက ပိုဆိုးလာနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေကလည်း မြင့်တက်လာနေပါတယ်။

DVB Newsbreak ( ၁၅ မတ် ၂၀၂၄၊ ညနေခင်းသတင်း) 15.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံရဲ့ လူဦးရေ  ၃ ပုံ ၁ ပုံဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့သတင်း -ရန်ကုန်နဲ့ မန္တလေးမှာ စစ်မှုထမ်းရမယ့်လူစာရင်းတွေ စတင်ကောက်ခံနေတဲ့သတင်းနဲ့  -မြန်မာနိုင်ငံမှာ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်တွေကို စစ်ကောင်စီချိုးဖောက်နေတာ  ILO က စုံစမ်းစစ်ဆေး တွေ့ရှိတဲ့သတ...

အာဏာသိမ်းပြီးနောက် မြို့နယ် ၈၀ အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်တောက်ခံရ 15.03.2024

အာဏာသိမ်းပီး၃ နှစ်တာအတွင်းမှာ မြန်မာနိုင်ငံနေရာအနှံ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၈၀ ထိရှိလာပြီး စစ်ကိုင်းတိုင်းထဲမှာတော့ ၂၇ မြို့နယ်နဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်၊ ဝေဝေ ပေးပို့ထားပါတယ်၊

DVB Newsbreak    (  ၁၄ မတ် ၂၀၂၄၊   ညနေခင်းသတင်း) 14.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်သင်တန်း အဓမ္မတက်ခိုင်းပြီး ရှေ့တန်းပို့ခံရတဲ့ ရိုဟင်ဂျာတွေ အလောင်းပဲပြန်ရတဲ့ သတင်း  -သံလွင်မြစ်ပေါ်  ရေကာတာတည်ဆောက်မှု ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့သတင်းနဲ့    -နိုင်ငံတဝန်း မြို့နယ်ပေါင်း  ၈၀ ကို စစ်ကောင်စီက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ သတင်းတွေနားဆင်...

ချုပ်နှောင်ခံထားရတဲ့ သူ့မိခင်ရဲ့အခြေအနေကို Kim Aris ပြောပြ 14.03.2024
ထိုင်းနယ်ခြားစောင့်တပ်ရဲချုပ်ရဲ့ ညွှန်ကြားချက် ထိုင်းမြန်မာနယ်စပ်ခိုလှုံသူမြန်မာများ စိုးရိမ် 14.03.2024

ရာဇဝတ်မှုမျိုးစုံကိုကာကွယ်တားဆီးဖို့ ထိုင်းနယ်ခြားစောင့်တပ် ရဲချုပ်ရဲ့ ညွှန်ကြားချက် အရေးပေါ် ပေးပို့ထားတဲ့ အတွက်ကြောင့် ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။ ဒီသတင်းကိုဝေဝေပေးပို့ထားတာပါ။

DVB Newsbreak ( ၁၃ မတ် ၂၀၂၄၊ ညနေခင်းသတင်း) 13.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရခိုင်ပြည်နယ် မင်းပြားမှာ အရပ်သား ၃၀ ကျော်ကို  စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သတင်း -  ဘုံရည်မှန်းချက်ပန်းတိုင်ရောက်ရေးပိုမိုကြိုးပမ်းသွားမယ်လို့ မြန်မာ့လူ့အခွင့်ရေးနေ့မှာ NUG က ကြေညာလိုက်တဲ့သတင်းနဲ့  -ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်လာတဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံ နေရတဲ့...

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင် အေအေ သိမ်းယူထားတဲ့မြို့ ၉ မြို့အထိ ရှိလာ 13.03.2024

ရမ်းဗြဲမြို့ကိုအပြီးသတ် သိမ်းပိုက်လိုက်ပြီးတဲ့နောက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အေအေ သိမ်းယူ ထားတဲ့မြို့က ၉ မြို့အထိ ရှိလာပါတယ်။ လက်ရှိမှာတော့ ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလည်း ရှိနေနိုင်သေးတာကြောင့် စိုးရိမ်နေရဆဲလို့ ဒေသခံတွေက ပြောပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။

DVB Newsbreak ( ၁၂ မတ် ၂၀၂၄၊ ညနေခင်းသတင်း) 12.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အရပ်သားနေရာတွေကို  လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်း  -ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရွှံ့နွံကန် ပြိုကျပြီး  လူ ၂၀ ကျော် သေဆုံးသွားတဲ့သတင်းနဲ့  -မြန်မာနိုင်ငံတဝန်းမှာ ဆယ်တန်းစာမေးပွဲဖြေဆိုသူ  ၁ သိန်းကျော်လောက်...

DVB Newsbreak ( ၁၁ မတ် ၂၀၂၄၊ ညနေခင်းသတင်း) 11.03.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့  -တက္ကသိုလ်ဝင်စာမေးပွဲတွေ စတင်ကျင်းပနေရာမှာ ဖြေဆိုသူ နည်းပါးနေတဲ့သတင်း  -မြဝတီ သင်္ကန်းညီနောင်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး အလယ်ဘိုတဲစခန်းကုန်းကနေ စစ်ကောင်စီတပ်တွေ စွန့်ခွာ ထွက်ပြေးသွားတဲ့သတင်းနဲ့  -မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချမှုပိတ်ပင်ဖို့  ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု စတင်န...

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ပြင်ပေမယ့် ရွေးကောက်ပွဲ မဖြစ်လာနိုင်သေး 11.03.2024

ကန့်သတ်ချက်တွေများနေတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြန်ပြင်ဆင်တဲ့ နည်းဥပဒေ ထွက်ရှိလာပြီ ဖြစ်တာကြောင့် မှတ်ပုံပြန်တင်မယ့် နိုင်ငံရေးပါတီအသစ်တွေအတွက် လုပ်သာကိုင်သာ ရှိသွားပေမယ့် ဒီနှစ်ထဲမှာတော့ ရွေးကောက်ပွဲက ဖြစ်လာဦးမှာ မဟုတ်သေးဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားပါတယ်။

"ကူမင်း၊ ဘန်ကောက်၊ မဲလ်ဘုန်းဆွေးနွေးပွဲနဲ့ မြန်မာ့အရေး" (WeeklyNewsDigest 10032024) 10.03.2024

DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ မအောင်မြင်တဲ့ ကူမင်းဆွေးနွေးပွဲ၊ ဘန်ကောက်မြန်မာ့အရေးဆွေးနွေးပွဲနဲ့ အာဆီယံ-ဩစတြေးလျထိပ်သီးအစည်းအဝေး၊ စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အပြိုင်လေလံဆွဲရန် လျှောက်ထားရသည့် အဆင့်ရောက်နေ 09.03.2024

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေးနဲ့ အပြိုင် လေလံဆွဲဖို့ လျှောက်ထားရတဲ့အဆင့်ကို ရောက်နေပြီး စစ်ကောင်စီရဲ့ အပြုအမူဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ https://burmese.dvb.no/post/642036

Lyssna på podden DVB News i Replaio

Radio och poddar i en och samma app - gratis och utan konto. Installera redan idag och missa inte premiären

Ladda ned på Google Play

Replaio är ingen poddutgivare; programnamn, omslag och ljud tillhör sina upphovspersoner och distribueras via offentliga RSS-flöden