Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Skapare
Democratic Voice of Burma
Kategori
Poddens webbplats
Senaste avsnittet
10 jul 2026
Var kan du lyssna?
Poddar i appen Replaio Radio Kommer snartPoddar kommer snart till appen. Installera nu och bli först med att uppleva ett helt nytt sätt att lyssna på poddar
Avsnitt
ကလောမြို့က ရေကြီးမြေပြိုပြီး နေအိမ်ပျက်စီးသွားသည့် CDM ဝန်ထမ်းများ အကူအညီမရ 21.09.2024 2:03
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့က မိုးကြီးမြေပြိုမှုမှာ နေအိမ်ပျက်စီးသွားတဲ့ CDM ဝန်ထမ်းတွေဟာ ဘယ်ကမှ အကူအညီတွေ မရတာကြောင့် နေထိုင်စားသောက်စရာ မရှိအောင် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင်၏ပြောဆိုချက် ဝေဖန်ခံရ 21.09.2024 3:57
သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေနဲ့ အတူ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုတွေလည်း များပြားခဲ့ကြောင်းနဲ့ အခုအတိုင်းအတာအထိဖြစ်လာမယ်ဆိုတာ မမျှော်မှန်းထားခဲ့ဘူးလို့ စစ်ခေါင်းဆောင်ပြောဆိုချက်ဟာ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့စကားဖြစ်တယ်လို့လေ့လာသူတွေက ဝေဖန် ပြောကြားလိုက်ပါတယ်။ https://burmese.dvb.no/post/669748
DVB Newsbreak ( စက်တင်ဘာ ၂၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 20.09.2024 6:01
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -Bottom-up ဖယ်ဒရယ်စနစ် ဆောင်ရွက်မည်ဟု တိုင်းရင်းသား တော်လှန်ရေး ၉ ဖွဲ့က ကြေညာလိုက်တဲ့သတင်း -မြန်မာရေဘေးအတွက် အနုပညာရှင်တွေက လှူဒါန်းကူညီနေကြတဲ့သတင်းနဲ့ -အလုပ်သမားလွှဲပို့ငွေ အထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၈၀ ကျော် အရေးယူခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
လေဖိအားနည်းရပ်ဝန်းကြွင်းကျန်လေပွေလှိုင်းတွေ မြန်မာနိုင်ငံကို ဖြတတ်ဝင်ရောက်ပြီး မိုးကြီးနိုင် 20.09.2024 2:59
လေဖိအားနည်းရပ်ဝန်းရဲ့အကြွင်းအကျန်လေပွေလှိုင်းတွေက မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ပြီး နေရာအနှံ မိုးကြီးတာ ရေကြီးရေလျံတာတွေဖြစ်ပေါ်နိုင်ပြီး မြစ်ရေကြီးတာတွေလည်း သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းသတိပေးထားပါတယ်။ ဝေဝေသတင်းပေး ပို့ထားပါတယ်။
DVB Newsbreak ( စက်တင်ဘာ ၁၉ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 19.09.2024 6:11
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံကိုဝင်ရောက်မယ့် လေပွေလှိုင်းတွေကြောင့် မိုးများပြီး မြစ်ရေထပ်ကြီးနိုင်တဲ့သတင်း -ရေဘေးသင့် မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက အကူညီတွေပေးပို့နေတဲ့သတင်းနဲ့ -NUG နဲ့ စစ်ရေး၊ နိုင်ငံရေး မပူးပေါင်ဘူးလို့ MNDAA ကိုးကန့်တပ်က ထုတ်ပြန်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
PE ပတ်စပို့ သက်တမ်းမတိုးပေးတဲ့ စစ်ကောင်စီကြောင့် တရားဝင်နေထိုင်ခွင့်ရဖို့ အခက်အခဲလာမှာကို စိုးရိမ် 19.09.2024 2:36
ထိုင်းနိုင်ငံမှာ PE ပတ်စပို့ ကိုင်ဆောင်သူတွေ ကာလတိုသင်တန်းတွေ တက်ရောက်ရင်း စာအုပ် သက်တမ်း မတိုးပေးတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ တရားဝင်နေထိုင်ခွင့်ရဖို့အတွက် အခက်အခဲတွေ ဖြစ်လာမှာကို မြန်မာ လူငယ်တွေ စိတ်ပူနေကြပါတယ်။၊ ဝေဝေသတင်း ပေးပို့ထားပါတယ်၊
DVB Newsbreak ( စက်တင်ဘာ ၁၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 18.09.2024 6:22
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာရေဘေး ဒုက္ခသည် ၆ သိန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း -တပ်ကုန်းမှာ ရေဘေးသင့်ပြည်သူ ၂၀၀ ကျော် အစာအဆိပ်သင့်ပြီး ဆေးရုံတက်နေရတဲ့ သတင်းနဲ့ -ဧရာဝတီတိုင်းမှာ ဗိုလ်မှူးကြီး အပါအဝင် အရာရှိ ၅ ယောက်ကို ဆီနဲ့ သစ်မှောင်ခိုမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့ သတင်းတွေ နာ...
DVB Newsbreak ( စက်တင်ဘာ ၁၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 17.09.2024 6:11
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မိုးထိမိုးမိ ရွှေလုပ်ကွက်မှာ တောင်ပြိုမှုကြောင့် လူရာချီ အသေအပျောက်ရှိခဲ့တဲ့သတင်း -ဘားအံနဲ့ တောင်ငူမှာ ရေဘေးသင့်ပြည်သူ ၆၀၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတဲ့သတင်းနဲ့ -ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်ကောင်စီတို့ ရေဘေးကိစ္စဆွေးနွေးတဲ့သတင်းတွေ နားဆင်ကြရမှာပါ
မိုးဗြဲရေကာတာဖောက်ချမှုကြောင့် ဘီလူးချောင်းဘေးတစ်လျှောက်နဲ့ လွိုင်ကော်မြို့ပေါ်ရေလွှမ်: 17.09.2024 4:01
မိုးဗြဲရေကာတာဖောက်ချမှုကြောင့် ဘီလူးချောင်းဘေးတစ်လျှောက်နဲ့ လွိုင်ကော်မြို့ပေါ်နေရာတချို့မှာ ရေလွှမ်း မိုးနေပါတယ်။ လယ်စပါးခင်းတွေလည်း ပျက်ဆီးတဲ့အတွက် ရေဘေးအလွန်ကာလမှာ စားနပ်ရိက္ခာပြတ် လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တဲ့အကြောင်း စိုးသူအောင်က သတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( စက်တင်ဘာ ၁၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 16.09.2024 5:54
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရေကြီးမြေပြိုခဲ့တဲ့ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာမှာ ရုပ်အလောင်း ၃၀ ကျော်တွေ့ရှိတဲ့သတင်း -လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါး ရှိလာတဲ့ သတင်းနဲ့ -ပြည်ပရောက် အထောက်အထားမဲ့ လူငယ်တွေ ကျားဖြန့်လုပ်ငန်းခွင်ထဲ ဝင်ရောက်နေကြတဲ့ သတင်းတွေ န...
ကူရာကယ်ရာမဲ့ ရေဘေးသင့် ပြည်သူများ၊၊ (WeeklyNewsDigest 15092024) 15.09.2024 29:59
ကူရာကယ်ရာမဲ့ ရေဘေးသင့် ပြည်သူများ၊၊ (WeeklyNewsDigest 15092024) ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် ကြည့်ရှုနိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာ စစ်နဲ့ ငြိမ်းချမ်းရေး၊ ကူရာကယ်ရာမဲ့ ရေဘေးသင့် ပြည်သူများ၊ ကင်မလာဟဲရစ်နဲ့ ထရမ့်စ် စကားစစ်ထိုးပွဲဂယက် စတဲ့အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
နိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ရာချီရှိနိုင် 14.09.2024 4:55
နိုင်ငံတဝန်း မိုးများပြီး ရေကြီးရေလျှံတာနဲ့ မြေပြိုတာကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေရဲ့ ကနဦး ခန့်မှန်းချက်တွေအရ သိရပါတယ်။ တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ယာဂီရဲ့ အကြွင်းအကျန် လေပွေလှိုင်းက မြန်မာနိုင်ငံအထက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းကနေ ဝင်ရောက်ခဲ့တာကြောင့် ရှမ်းပြည်တခုလုံး၊ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မကွေးတို...
DVB Newsbreak ( စက်တင်ဘာ ၁၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 13.09.2024 6:25
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည် ဒေသအနှံ့ ရေကြီး ရေလျှံမှုကြောင့် သေဆုံးသူ ရာနဲ့ချီရှိလာတဲ့သတင်း -၃ ရက်အတွင်း ရေကြီးမြေပြိုဘေး အထူးသတိပေးချက် NUG ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ -စစ်ကောင်စီနဲ့ ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေ မအောင်မြင်တာကြောင့် လမ်းသစ်တခုကို စတင်ဖော်ဆောင်ဖို့ NCA အပစ်ရပ်အဖွဲ့တွေ ကြိုးပမ်းန...
DVB Newsbreak ( စက်တင်ဘာ ၁၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 12.09.2024 5:02
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တဲ့ သတင်း -စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူလူထု နေအိမ်ပေါင်း အလုံး ၁ သိန်းကျော်ထိ ရှိလာတဲ့သတင်းနဲ့ -ဖားကန့် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်း တွေ...
DVB Newsbreak ( စက်တင်ဘာ ၁၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 11.09.2024 5:02
DVB Newsbreak ( စက်တင်ဘာ ၁၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ICRC အကြီးအကဲနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့သတင်း -ထိုင်းမြန်မာနယ်စပ်မြို့တွေမှာ ရေကြီးရေလျှံနေတဲ့သတင်းနဲ့ -စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တပတ်အတွင်း အရပ်သား ၃၀ လောက် သေဆုံးခဲ့တဲ့သတင်းတွေ...
DVB Newsbreak ( စက်တင်ဘာ ၁၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 10.09.2024 6:04
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းတွေအပါအဝင် ၅၀ ကျော် သေဆုံးသွားတဲ့သတင်း -မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးသံသရာကို အဆုံးသတ်ဖို့ IIMM အကြီးအကဲ က တိုက်တွန်း ပြောကြားလိုက်တဲ့သတင်းနဲ့ -ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ...
DVB Newsbreak ( စက်တင်ဘာ ၉ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 09.09.2024 5:03
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -လားရှိုးကို စစ်ကောင်စီတပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း -ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် စစ်တပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့သတင်းနဲ့ -မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုဆိုးလာတဲ့သတင်းတွေ နားဆင်ရမှာပါ
စစ်အာဏာရှင်တွေကို အပြုတ်တိုက်ထုတ်ရမယ်လို့ KNU ခေါင်းဆောင်က ပြော 09.09.2024 3:19
စစ်တပ်အုပ်ချုပ်လို့ တိုးတက်သွားတဲ့နိုင်ငံဆိုတာ မရှိပဲ ပျက်စီးမှုတွေသာ ဖြစ်စေတာကြောင့် စစ်အာဏာရှင်တွေကို အပြုတ်တိုက်ထုတ်ရမယ်လို့ KNU ခေါင်းဆောင်က ပြောလိုက်ပါတယ်
ပြည်သူ့ရန်သူအဖြစ်ကြေညာခံရတဲ့ စစ်ကောင်စီ၊ (WeeklyNewsDigest 08092024) 08.09.2024 29:31
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာ ပြည်သူ့ရန်သူအဖြစ်ကြေညာခံရတဲ့ စစ်ကောင်စီ၊ TNLA အပေါ် တရုတ် ခြိမ်းခြောက်မှု၊ တကျော့ပြန် ကရင်တိုက်ပွဲ၊ ICC ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပူတင်ရဲ့ပြည်ပခရီးစဉ် စတဲ့အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မီတာခ ၂ ဆတိုးမြှင့်လိုက်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ပြည်သူလူထု ပိုမိုခံစားရမည် 07.09.2024 3:55
စစ်ကောင်စီက လျှပ်စစ်မီတာခတွေ ၂ ဆနီးပါးတိုးကောက်တာကြောင့် ကုန်ကျစရိတ် တက်သွားတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေပဲ ခံစားရလိမ့်မယ်လို့ အိမ်ရှင်မတွေနဲ့ အသေးစားလုပ်ငန်းရှင်တွေက ပြောပါတယ်။ လျှပ်စစ်ဓာတ်အားလိုင်းတွေ အဆင်မြှင့်တင်ပြီး တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်ဖို့ ထုတ်လုပ်မှု စရိတ်တွေမြင့်မားလာတဲ့အတွက် ဓာတ်အားနှုန်းခတွေကို စက်တင်ဘာ ၁ ရက်ကစပြီး ပြင်ဆင်ကောက်ခံမှာဖြစ်ကြော...
မူဝါဒအပြောင်းအလဲကြောင့် တနိုင်ငံလုံး ဆေးဝါးပြတ်လပ်ပြီး ဈေးတက် 07.09.2024 3:44
စစ်ကောင်စီက ဆေးဝါးသွင်းကုန်လိုင်စင်မူဝါဒ အပြောင်းအလဲ ကြေညာလိုက်ပြီးနောက် မြန်မာပြည် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်တာတွေနဲ့ ဈေးတက်တာတွေ ဖြစ်ပေါ်နေပါတယ်။ ဩဂုတ် ၂၈ ရက်က စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနကနေ ဆေးဝါးသွင်းကုန်လိုင်စင်မူဝါဒ အပြောင်းအလဲ ထုတ်ပြန်လာပြီးတဲ့နောက် ဆေးဈေးကွက်အတွင်းမှာ ဆေးတွေ ဝယ်မရတာ၊ ဈေးတွေ တက်လာတာကြောင့် မဖြစ်မနေ ဝယ်သုံးရတဲ့ ရောဂါဖြစ်ပွားသူ ဆေးဝယ်ယူသုံးစွဲနေကြသူတွေမှာ အခက်အခဲ ဖြစ်န...
DVB Newsbreak ( စက်တင်ဘာ ၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 06.09.2024 5:19
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နမ့်ခမ်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့ သတင်း -ထားဝယ်မှာ အတည်မပြုနိုင်သေးတဲ့ မျောက်ကျောက်ရောဂါ သံသယလူနာတွေ့ရှိတဲ့သတင်းနဲ့ -ပြည်ပအလုပ်အကိုင်အေဂျင်စီ ၈၀ နီးပါး ရပ်နားခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( စက်တင်ဘာ ၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 05.09.2024 5:33
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတော်နဲ့ လူထုရန်သူအဖြစ် NUG ကြေညာလိုက်တဲ့သတင်း -စစ်ခေါင်းဆောင် လွိုင်ကော်ရောက်ချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့သတင်းနဲ့ -မြဝတီမြို့တောင်ဘက် စွယ်တော်ကုန်းတပ်စခန်းကို KNLA ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
လိုင်ဇာ–ဗန်းမော်ကားလမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေမှာ ဘတ်စ်ကားလိုင်း စတင် ပြေးဆွဲ 05.09.2024 2:58
ကချင်ပြည်နယ် လိုင်ဇာ–ဗန်းမော်ကားလမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေမှာ ဘတ်စ်ကားလိုင်း စတင် ပြေးဆွဲနေပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဟန်နသတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( စက်တင်ဘာ ၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 04.09.2024 5:37
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာကလေးငယ်တွေ စစ်တပ်ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ခါးစည်းခံနေရတယ်လို့ မြန်မာအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်း -ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာ တရားမဝင်ဘူးလို့ NUG အစိုးရက တုံ့ ပြန်လိုက်တဲ့သတင်းနဲ့ -မန္တလေးနန်းတွင်းတိုက်ခိုက်ခံရမှုမှာ...
Liknande poddar
Replaio är ingen poddutgivare; programnamn, omslag och ljud tillhör sina upphovspersoner och distribueras via offentliga RSS-flöden