Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Skapare
Democratic Voice of Burma
Kategori
Poddens webbplats
Senaste avsnittet
10 jul 2026
Var kan du lyssna?
Poddar i appen Replaio Radio Kommer snartPoddar kommer snart till appen. Installera nu och bli först med att uppleva ett helt nytt sätt att lyssna på poddar
Avsnitt
DVB Newsbreak (ဇွန် ၁၆ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 17.06.2025 5:08
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -Burma Act အမြန်အသက်ဝင်ရေး အမေရိကန်အစိုးနဲ့ လွှတ်တော်တာဝန်ရှိသူတွေကို ဒေါက်တာ ဆာဆာတွေ့ဆုံ ဆွေးနွေးတဲ့သတင်း -မဲဆန္ဒရှင်တွေ ဘေးကင်းလုံခြုံစွာ မဲပေးပိုင်ခွင့်မရှိရင် အောင်မြင်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက ပြောလိုက်တဲ့သတင်းနဲ့ -အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရ...
DVB Newsbreak (ဇွန် ၁၃ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 17.06.2025 5:05
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -လာမယ့်တပတ်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး ရေကြီးရေလျှံ မြေပြိုမှုတွေရှိနိုင်တဲ့သတင်း -ငလျင်ကြောင့် မြန်မာပြည်ရဲ့ GDP ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်တဲ့ သတင်းနဲ့ -အင်းလေး ရေတက်လာသလို့ ငလျင်ဘေးသင့်ပြည်သူတချို့ အခက်ကြုံနေရတဲ့ သတင်းတွေ နားဆင်...
DVB Newsbreak (ဇွန် ၁၂ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 12.06.2025 5:17
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -မြန်မာကလေးငယ်တွေရဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာကို မြန်မာသံအမတ်ကြီးက တိုက်တွန်းလိုက်တဲ့သတင်း -အယ်လ်အေ ဆန္ဒပြပွဲတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲ ဆိုင်းငံ့ထားရတဲ့သတင်းနဲ့ -ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်းက ကုမ္ပဏီပိုင်စက်ယန္တယားတွေနဲ့ အဆေ...
DVB Newsbreak (ဇွန် ၁၁ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 11.06.2025 5:16
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -NUG နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တာဝန်မှ အနားယူလိုက်တဲ့သတင်း -ကျောက်ဖြူ တိုက်ပွဲပြင်းထန်နေချိန် ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ စစ်ကောင်စီကပြောလိုက်တဲ့သတင်းနဲ့ -ရခိုင်တိုင်းရင်းသားများပါတီ တည်ထောင်ခွင့် စစ်ကောင်စီ ခွင့်ပြုလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ILO ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံများ လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖော်ထုတ်မည် 07.06.2025 3:08
ILO ရဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်တွန်းချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ စစ်ကောင်စီတို့ လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။ ဇွန် ၅ ရက်နေ့ ၁၁၃ ကြိမ်မြောက် ညီလာခံမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က သူတို့ရဲ့ အပြင်းထန်ဆုံးပုဒ်မဖြစ်တဲ့ Article 33 နဲ့ စစ်ကောင်စီကို အရေးယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ https://burme...
DVB Newsbreak (ဇွန် ၆ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 06.06.2025 5:09
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -စစ်ကောင်စီကို အပြင်းထန်ဆုံးပုဒ်မနဲ့ အရေးယူဖို့ ILO က ဆုံးဖြတ်လိုက်တဲ့သတင်း -EU က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ရန်ပုံငွေ ယူရို ၅ သန်း WFP မှတဆင့် ပေးအပ်လိုက်တဲ့သတင်းနဲ့ -စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် တလအတွင်း အမျိုးသမီး ၉၀ ကျော် သေဆုံးခဲ့ရတဲ့သတင်း တွေ နားဆင်ကြရမှာပါ
DVB Newsbreak (ဇွန် ၅ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 05.06.2025 5:19
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -မြန်မာအပါအဝင် ၁၂ နိုင်ငံမှ နိုင်ငံသားတွေကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့သတင်း -တရုတ်နိုင်ငံသားတွေ မန္တလေးတိုင်းရှိ မြို့နယ်တချို့ကိုမသွားကြဖို့ သတိပေးထုတ်ပြန်လိုက်တဲ့ သတင်းနဲ့ -ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စား...
DVB Newsbreak ( ဇွန် ၄ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 04.06.2025 5:09
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ဘတ်ဂျက်အခြေအနေကြောင့် မဲဆန္ဒနယ် ၉၀ လောက်မှာသာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှိတဲ့သတင်း -သေ့ဘောဘိုးစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်း -စစ်ကောင်စီလေတပ်က ဆေးရုံနဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်နေတဲ့ သတင်း
DVB Newsbreak ( ဇွန် ၃ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 03.06.2025 5:07
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာသစ် ၁၇ ယောက် ထပ်တွေ့တဲ့သတင်း -အပစ်ရပ်ကာလ ၁ လ သက်တမ်း ထပ်တိုးကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ က ကြေညာလိုက်တဲ့သတင်းနဲ့ -ထိုင်းတောင်ပိုင်းမှာ နစ်မြုပ်သွားတဲ့ မြန်မာကုန်သင်္ဘော နစ်မြုပ်သွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( ဇွန် ၂ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 02.06.2025 5:07
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ကချင်ပြည်နယ်မှာ မိုးကြီးရေလျှံလို့ ဒေသခံတွေ ရွေ့ပြောင်းနေကြရတဲ့သတင်း -SSPP နဲ့ တိုက်ပွဲဖြစ်ပြီး MNDAA တပ်သား ၈ ယောက် ကျဆုံးသွားတဲ့သတင်း -အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်ခါနီးမှာ သပိတ်ကျင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတဲ့သတင်းတွေ နားဆင်ရမှာပါ ။
မြန်မာ့အရေးနဲ့ အာဆီယံထိပ်သီးအစည်းအဝေး၊ (WeeklyNewsDigest 01062025) 31.05.2025 26:29
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာ မြန်မာ့အရေးနဲ့ အာဆီယံထိပ်သီးအစည်းအဝေး၊ တဖြုတ်ဖြုတ်ကျရှုံးနေတဲ့ ကရင်ပြည်နယ်ထဲက တပ်စခန်းတွေ၊ ပြည်ပကျောင်းသားတွေကို ဗီဇာပိတ်ပင်မှုနဲ့ အမေရိကန်တက္ကသိုလ်ပညာရေး စတာတွေကို DVB ဝိုင်းတော်သားတွေက ဆွေးနွေး တင်ဆက်ပေးထားပါတယ်။
ခြံအမှတ် ၅၄ ကို တဝက်ခွဲရောင်းချရန် ဦးအောင်ဆန်းဦး တရားရုံးကို လျှောက်ထား 31.05.2025 2:49
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို တဝက်ခွဲရောင်းချဖို့ ဦးအောင်ဆန်းဦးရဲ့ တရားရုံးကို လျှောက်ထားချက်ဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ အစဉ်အလာမရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ အမွေဆိုင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ် တည်ရှိရာ ခြံဝင်းကို တဝက်ခွဲပြီး ရောင်းချဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦ...
DVB Newsbreak (မေလ ၃၀ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 30.05.2025 5:04
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ငလျင်ဘေးအလှူငွေ ကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်ထပ်မံ ရရှိခဲ့တဲ့သတင်း -တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို တဝက်ခွဲရောင်းချဖို့ ဦးအောင်ဆန်းဦးက တရားရုံးကို လျှောက်ထားလိုက်တဲ့သတင်းနဲ့ -ကျောက်ဖြူမှာရှိတဲ့ နှင်းဖဲတောင်စခန်းကို AA တိုက်ခိုက် သိမ်းပိုက်လိုက်...
DVB Newsbreak (မေလ ၂၉ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 29.05.2025 5:13
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -မုန်တိုင်းငယ် မြန်မာပြည်ဘက်သို့ ဦးတည်မယ့်အခြေအနေ မရှိပေမဲ့ မိုးကြီး ရေလျှံသတိပေးထားတဲ့သတင်း -ဖားကန့် လုံးခင်းမှာ စစ်တပ်ကပစ်ခတ်လို့ အရပ်သား ၇ ယောက် သေဆုံးသွားတဲ့သတင်းနဲ့ -AA ထိန်းချုပ်နယ်မြေတွေမှာ ငှက်ဖျားရောဂါနဲ့ သေဆုံးမှုရှိလာတဲ့ သတင်းတွေ နားဆင်ကြရမှာ ပါ
DVB Newsbreak (မေလ ၂၈ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 28.05.2025 5:08
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -မြန်မာအရပ်သားပြည်သူတွေ ဘေးကင်းရေး အကြမ်းဖက်မှုရန်တန့်ဖို့ အာဆီယံက တောင်းဆိုလိုက်တဲ့သတင်း -လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်နိုင်တဲ့သတင်းနဲ့ -‘ဝ’ဒေသ မူးယစ်ဆေးပြဿနာ မဖြေရှင်းနိုင်ပါက ဝင်ရောက်နှိမ်နင်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောလိုက်တဲ့...
DVB Newsbreak (မေလ ၂၇ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 27.05.2025 5:07
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -မြန်မာ့ငြိမ်းချမ်းရေး အာဆီယံကြိုးပမ်းမှု ကျိုးပျက်လွယ်တဲ့ကိစ္စဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ပြောလိုက်တဲ့သတင်း -ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ပြီး မိုးသက်လေပြင်းတွေကျနိုင်တဲ့သတင်းနဲ့ -မကွေးထောင်ရှိ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော် တိုက်ပိတ်ခံရပြီး ဆေးကုသခွ...
DVB Newsbreak (မေလ ၂၆ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 26.05.2025 5:06
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- - မလေးရှားမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရတဲ့ သတင်း - အာဆီယံ ကုမ္ပဏီ ၅၄ ခုက မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေကို အားပေးကူညီနေတဲ့အကြောင်း အစီရင်ခံစာထွက်ရှိလာတဲ့သတင်းနဲ့ -တောင်ငူနဲ့ မင်းကင်းမြို့နယ်တွေက စစ်တပ် မီးရှို့ ဗုံးကြဲခံရမှ...
အလုပ်သမားတွေရဲ့ လုပ်အားခတိုက်ပွဲ (WeeklyNewsDigest 25 052025) 25.05.2025 26:57
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ လုပ်အားခတိုးမြှင့်ရေး အလုပ်သမားတွေရဲ့တိုက်ပွဲ၊ တမူး ပကဖ ၁၀ ဦးကို အိန္ဒိယစစ်တပ်ရဲ့ သတ်ဖြတ်မှု၊ တောင်အာဖရိကသမ္မတကို လူဖြူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲလိုက်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ စတာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေနဲ့အတူ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM) ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးတို့က ပါဝင် ဆွေးနွေး တင်ဆက်ပေးထားပါတယ်။
မင်းစုရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် ၁၁ ဦးသေဆုံး 24.05.2025 1:51
စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်၊ မင်းစုရွာကို စစ်ကောင်စီတပ်က မေ ၂၃ ရက် မွန်းလွဲပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မွေးကင်းစကလေးအပါအဝင် ပြည်သူ ၁၁ ယောက်သေဆုံးပြီး ၁၃ ယောက်ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
DVB Newsbreak (မေလ ၂၃ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 23.05.2025 5:07
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးဆွေးနွေးမည်ဟု မလေးရှား ဝန်ကြီးချုပ်က ပြောလိုက်တဲ့သတင်း -တောင်သာမြို့နယ်မှာ စစ်တပ်က ဗုံးကြဲလို့ လူ နေအိမ်တွေ မီးလောင်ပျက်စီးသွားတဲ့သတင်းနဲ့ -စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ ရခိုင်လူငယ်တွေကို AA က ပြင်ပထွက်ခွင့်ပိတ်ပင်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာ...
DVB Newsbreak (မေလ ၂၂ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 22.05.2025 5:17
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- - မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုများ ဆက်လုပ်ရန် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် က တိုက်တွန်းလိုက်တဲ့ သတင်း - ရန်ကုန်မှာ အငြိမ်းစားသံအမတ် ဗိုလ်မှူးချုပ်ဟောင်း ဦးချိုထွန်းအောင် ပစ်ခတ်ခံရတဲ့သတင်းနဲ့ - ငလျင်နဲ့ ပြည်တွင်းစစ်ကြောင့် သေဆုံးရတဲ့ မြန်မာကလေးငယ်တွေအတွက် Miss World အလှမယ...
DVB Newsbreak (မေလ ၂၁ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 21.05.2025 5:04
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -တမူး ပကဖရဲဘော် ၁၀ ဦး အသတ်ခံရတဲ့ကိစ္စ စုံစမ်းအရေးယူပေးဖို့ အိန္ဒိယအစိုးရကို NUG က တောင်းဆိုလိုက်တဲ့သတင်း -မြစ်ဆုံဆည်တည်ဆောက်မှု မရပ်ခဲ့ရင် လျှပ်စစ်ဓာတ်အား ပိုရမယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့သတင်းနဲ့ -စစ်သုံ့ပန်း မိသားစုဝင်တွေနဲ့ လက်နက်ချသူ ၁,၂၀၀ ကျော်ကို AA က ပြန်လွှတ်ပေးလို...
DVB Newsbreak (မေလ ၂၀ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 20.05.2025 5:10
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -အင်ဒိုသမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ မြန်မာ့အရေးဆွေးနွေးတဲ့သတင်း -ဗန်းမော်ကိုစစ်ကူပို့တဲ့ စစ်တပ်ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ခတ်လို့ ပျက်ကျသွားတဲ့သတင်းနဲ့ -မြန်မာနိုင်ငံသား ၄ ဦးပါ သင်္ဘောတစ်စီးပေါ်မှ ဒေါ်လာ သန်း ၄၂၅ သန်းတန်ဖိုးရှိ မူးယစ်ဆေးတွေကို အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးလိုက်...
DVB Newsbreak (မေလ ၁၉ ရက် ၂၀၂၅၊ ညနေခင်းသတင်း) 19.05.2025 5:08
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ရေကြီးပြီး လူ ၄၀၀ ကျော် ရွှေ့ပြောင်းနေရတဲ့သတင်း -ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်မှာ ပြင်းအား ၅ ဒသမ ၁ ရှိ ငလျင်လှုပ်သွားတဲ့ သတင်းနဲ့ -ဘူးသီးတောင်မှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းမိသားစုဝင် ၃၀၀ ကျော်ကို AA က ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတွေ နားဆင်ကြ...
အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်မှု၊၊ (WeeklyNewsDigest 18052025) 18.05.2025 26:44
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ အိုးတိန်တွင်းရွာစာသင်ကြောင်း လေကြောင်းတိုက်ခိုက်ခံရမှု၊ ဗုံးကြဲမှုဒဏ်အပြင်းအထန်ခံနေရတဲ့ ရခိုင်ပြည်သူတွေ၊ ဒေါ်နယ်ထရမ့်ရဲ့ အာရပ်ခရီးနဲ့ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။
Liknande poddar
Replaio är ingen poddutgivare; programnamn, omslag och ljud tillhör sina upphovspersoner och distribueras via offentliga RSS-flöden