Democratic Voice of Burma

DVB News

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Vizitează neapărat site-ul podcastului și susține-i creatorul: burmese.dvb.no

Autor

Democratic Voice of Burma

Categorie

News

Site-ul podcastului

burmese.dvb.no

Cel mai nou episod

10 nov. 2026

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,7+ iOS în curând

Episoade

DVB Newsbreak 5.5 (၂၉ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 29.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -အန်စီအေ ၈ နှစ် ပြည့်ပွဲ လာတက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ခေါင်းဆောင်က ဖိတ်ခေါ် လိုက်တဲ့သတင်း -လိုင်ဇာရှိ အေအေ တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ အေအေ ဗိုလ်ကြီး ၁ ဦး ကျဆုံးသွားတဲ့သတင်နဲ့   -ဝန်းသိုမြို့နယ္မှာ ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီနဲ့ ပစ်ခ...

နှစ်၂၀ကျော်ကြာ မိတ်ကပ်အလှပညာရှင်ဘဝကနေ တော်လှန်ရေးမှာပါဝင်လာတဲ့ မနန္ဒာ 29.09.2023

နှစ်ပေါင်း ၂၀ကျော်ကြာ မိတ်ကပ်အလှပညာရှင်ဘဝကနေ စစ်အာဏာရှင်အမြစ်ပြတ် ဖြုတ်ချရေးအတွက် တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေပါဝင်လာခဲ့တဲ့ မနန္ဒာအကြောင်းကို ဟန်နက ပြောပြပေးသွားမှာပါ။

DVB Newsbreak 5.5 (၂၈ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 28.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံအရေး ICC  ဆီလွှဲပြောင်းကိုင်တွယ်ဖို့ ကုလမဟာမင်းကြီးတောင်းဆိုချက်ကို NUG  က ကြိုဆိုလိုက်တဲ့သတင်း -မြိတ်မြို့နယ်မှာ မိုးသည်းထန်ပြီး လူနေအိမ်တွေ ရေနစ်မြုပ် မြေပြိကျတဲ့သတင်းနဲ့  -မြန်မာနိုင်ငံမှာ  မလေးရှားနိုင်ငံသား အယောက် ၁၀၀၀ လောက် လူကုန်ကူးခံနေရတယ်ဆိုတဲ့ သတင်းတွေ နား...

ကရင်ပြည်နယ်တွင် အိုင်ဒီပီဦးရေ ၆ သိန်းကျော်အထိ တိုးလာ 28.09.2023

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းက အိုင်ဒီပီဦးရေ ၆ သိန်းကျော်အထိ တိုးလာပြီး စစ်ဘေးရှောင်ပြည်သူတွေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေသလို နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေဟာ အမှန်တကယ် ရောက်သင့်တဲ့ နေရာတွေကို မရောက်ဘူးလို့ ကရင်အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

မြန်မာ့စီးပွားရေး အကျပ်ရိုက်မှုကို ရုရှားလည်း မကယ်တင်နိုင်ကြောင်း ပါမောက္ခ ရှောင်တာနယ် ပြော 28.09.2023

စစ်ကောင်စီရဲ့ အဓိက ဘဏ်တွေကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်တာတွေဟာ ထိရောက်မှု ကြီးကြီးမားမား ရှိနေပြီး မြန်မာ့စီးပွားရေး အကျပ်ရိုက်မှုကို ရုရှားလည်း မကယ်တင်နိုင်ဘူးလို့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်က ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။

DVB Newsbreak 5.5 (၂၇ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 27.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မွန်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ မိုးများ ရေကြီးပြီး မြေပြိုဘေး ကြုံရနိုင်တယ်လို့ သတိပေးထားတဲ့သတင်း  -တိုက်ပွဲတွေကြောင့်  ကြာအင်းဆိပ်ကြီးဒေသခံ ၁၅၀၀၀ လောက် ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်းနဲ့  -စစ်ကောင်စီက အန်အယ်လ်ဒီပါတီဝင် ၁၀၀ လောက်ကို သတ်ဖြတ်ပြီး ၁၇၀၀...

DVB Newsbreak 5.5 (၂၆ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 26.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဒု-ဗိုလ်ချုပ်ကြီး ၂ ဦးကို စစ်ကောင်စီက ထုတ်ပယ်လိုက်တဲ့သတင်း -လုပ်အားခ ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရမည့်အပေါ်  ထိုင်းရောက် မြန်မာလုပ်သားတွေက ကန့်ကွက် ဆန္ဒပြကြတဲ့သတင်းနဲ့  -မိုးမောက်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ။

ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို စစ်ကောင်စီအခွန်ကောက်မည့်အပေါ် ထိုင်းရောက်မြန်မာအလုပ်သမားများ ကန့်ကွက် 26.09.2023

လစဉ်ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အာဏာသိမ်း စစ်ကောင်စီက အခွန်ကောက်မည့်အပေါ် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေက ဘန်ကောက်မြို့ UN ရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

DVB Newsbreak 5.5 (၂၅ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 25.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -လေဖိအားနည်းရပ်ဝန်းနဲ့ လေပွေလှိုင်းတွေကြောင့်  လေပြင်းတိုက်၊ ရေကြီးနိုင်တဲ့သတင်း  -ပုဂ္ဂလိကကျောင်းတွေမှာ နိုင်ငံတော်အလံကို အလေးပြုဖို့နဲ့ နိုင်ငံတော်သီချင်းဆိုဖို့ စစ်ကောင်စီ အမိန့်ထုတ်လိုက်တဲ့သတင်းနဲ့ -ကန့်ဘလူခရိုင်အတွင်း မြွေဆိုးကိုက်ခံရတဲ့  စစ်ရှောင်ပြည်သူ ၁၀၀ ကျော် ရှိလာတဲ့သတင...

စစ်အုပ်စုတွင်းအကျင့်ပျက်ခြစားမှု သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(23092023) 24.09.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်အုပ်စုတွင်းအကျင့်ပျက်ခြစားမှု၊ ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်၊ မြန်မာမပါတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ကုလညီလာခံကိုလာသည့် နိုင်ငံတကာကိုယ်စားလှယ်များနှင့် NUG ဝန်ကြီးတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး 24.09.2023

ကုလသမဂ္ဂအထွေထွေညီလာခံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက တွေ့ဆုံ ဆွေးနွေးသတင်းစကားပါးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ မြန်မာ့အရေးကို ကမ္ဘာကပိုပြီးအာရုံစိုက်လာပြီး ပြည်သူတွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

နိုင်ငံခြားငွေဈေးကွက်ထိန်းချုပ်ရေးကြိုးပမ်းမှု ရေတိုသာအဆင်ပြေနိုင်ဟု လုပ်ငန်းရှင်များ သုံးသပ် 23.09.2023

စစ်ကောင်စီက မြင့်တက်နေတဲ့ နိုင်ငံခြားငွေနဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် စစ်ဗိုလ်ချုပ်တချို့ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ ရေတိုမှာပဲ အဆင်ပြေနိုင်ပြီး ကုန်ဈေးနှုန်း ကျဆင်းဖို့ မဖြစ်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေက သုံးသပ် ပြောပါတယ်။

DVB Newsbreak 5.5 (၂၂ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 22.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေက ဒီမိုကရေစီမျှော်လင့်ချက်ကို ဖျက်ဆီးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်တဲ့သတင်း -မြန်မာပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီလို့ UNOCHA က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့  -မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေအတွက် အမေ...

InforMM ကို ဒေါင်းလုဒ်လုပ်ပြီး ယုံကြည်ရသော သတင်းများကို ရယူလိုက်ပါ 22.09.2023

"သတင်းအတုတွေအတွက် စိတ်ပူနေလား။ အမှန်တရားကို သိချင်သလား။ ယုံကြည်ရတဲ့ မြန်မာသတင်းအားလုံးတစ်နေရာတည်းမှာဖတ်ရှုနိုင်မယ့် InforMM app ကိုသွားလိုက်ပါ။ DVB လိုမျိုး သင်အနှစ်သက်ဆုံး မီဒီယာတွေကို တစ်နေရာတည်းမှာ ရယူလိုက်ပါ။ ဆောင်းပါးတွေ၊ podcasts တွေ၊ မြန်မာသတင်းအားလုံး ..... ယခုပဲ Google Playstore သို့သွားပြီး InforMM - I.N.F.O.R.M.M ကိုရှာပါ။ ယုံကြည်ရသောသတင်းများကို ယခုပဲဒေါင်းလုဒ်ရယူလိုက်ပါ။"

မဲဆောက်တွင် ခက်ခဲသူများအတွက် ထမင်းတနပ် ၁၅ ဘတ်နဲ့၊ အိမ်အရောက်ပို့ဆောင်တဲ့အစီစဉ်စတင် 22.09.2023

ထိုင်း- မြန်မာနယ်စပ်ကို ပုံစံမျိုးစုံနဲ့ ရောက်ရှိလာကြပြီး စားဝတ်နေရေး ခက်ခဲနေကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် ထမင်းတနပ်ကို ၁၅ ဘတ်နှုန်းနဲ့ အိမ်တိုင်ယာရောက် လိုက်ပါပို့ဆောင်တဲ့ အစီအစဉ် စတင်လိုက်ပြီ ဖြစ်ပါတယ်။

DVB Newsbreak 5.5 (၂၁စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 21.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ရန်ကုန်တဖက်ကမ်း ဒလမှာ ကမ်းပါးပြိုကျမှုကြောင့်  လူပေါင်း  ၃၅၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ ထားရတဲ့သတင်း  -စစ်ကောင်စီက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်တဲ့သတင်းနဲ့  -ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ၆ လအတွင်း  ကွန်ဒိုတိုက်ခန်း  ဘတ်ငွေ ၁၂၇၄ သန်းဖို...

DVB Newsbreak 5.5 (၂၀စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 20.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -လားရှိုးမှာ  ဗုံးပေါက်ကွဲလို့ လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတဲ့သတင်း  -စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ  မြေမြှုပ်မိုင်းနင်းမိသေဆုံးသူပေါင်း အယောက်  ၂၀ ရှိတဲ့သတင်းနဲ့ -နိုင်ငံခြားငွေလဲလှယ် ကုမ္ပဏီ ၁၂၀ ကျော်ကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းလိုက်တဲ့ သတင်းတွေ နားဆင်ရဖို့ရှိ...

စစ်ရေးပဋိပက္ခကြောင့် ချင်းပြည်နယ်တွင် ဘာသာရေးအဆောက်အဦ ၉၅ ခုပျက်စီး 20.09.2023

ချင်းပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေအတွင်း တိုက်ခိုက်မှုတွေကြောင့် ဘာသာရေး အဆောက်အဦပေါင်း ၉၅ ခု ပျက်စီး ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ပါတယ်။ ဒီသတင်းကိုမင်းညိုက ပေးပို့ထားပါတယ်။ 

DVB Newsbreak 5.5 (၁၉ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 19.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ထဲမှာ ဖလပ်မော်တော် ၁ စီး ကျောက်ဆောင်နဲ့ တိုက်မိ နစ်မြုပ်ပြီး ကျောင်းသားတွေအပါအဝင် လူ ၁၀၀ နီးပါး ရေနစ်မြုပ်ခဲ့တဲ့သတင်း   -ထိုင်း-မြန်မာ နှစ်နိုင်ငံ လေတပ်ချင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တဲ့သတင်းနဲ့  -ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တ...

ထိုင်းအစိုးရသစ်အနေနဲ့ မြန်မာနဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့ မူဝါဒအပြောင်းအလဲ မရှိနိုင်သေး 19.09.2023

ထိုင်းအစိုးရသစ်အနေနဲ့ မြန်မာနဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့ မူဝါဒအပြောင်းအလဲတွေ ပြုလုပ်ဦးမှာမဟုတ်သေးဘဲ စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ ထိုင်း-မြန်မာအရေးလေ့လာသူတွေက သုံးသပ်လိုက်ပါတယ်။ ဒီသတင်းကို စိုးသူအောင်ပေးပို့ထားပါတယ်။

DVB Newsbreak 5.5 (၁၈စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 18.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေ စာရင်းမှာ မြန်မာကို အမေရိကန်က ထည့်သွင်း သတ်မှတ်လိုက်တဲ့သတင်း -တနင်္သာရီဝန်ကြီးချုပ်ယာဉ်တန်းလုံခြုံရေး ရဲနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး  ၅ ဦးသေဆုံးသွားတဲ့ သတင်းနဲ့  - ၂ နှစ်ကျော်အတွင်း ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော်သေဆုံး၊ ၃၈၄ ယောက...

မြန်မာပြည်တွင်း လူနာများ၏ ဘေးကင်းလုံခြုံစွာ‌ကုသခွင့် အဆိုးဆုံး ချိုးဖောက်ခံနေရ 18.09.2023

စစ်အာဏာသိမ်းထားတဲ့အတွက် မြန်မာပြည်မှာ လူနာတွေရဲ့ ဘေးကင်းလုံခြုံစွာ‌ ကုသခွင့်ကို အဆိုးဆုံး ချိုးဖောက်ခံနေရပြီလို့ စက်တင်ဘာလ ၁၇ ကျရောက်တဲ့ ကမ္ဘာ့လူနာများ ဘေးကင်း လုံခြုံရေးနေ့မှာ ဆရာဝန်တွေက ပြောလိုက်ကြပါတယ်။ 

ကင်မ်ဂျုံအန်းရဲ့ ရထားစီး ရုရှားခရီးစဉ်အပါအဝင် DVB Weekly News Digest အစီအစဉ်။(17092023) 17.09.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ကင်မ်ဂျုံအန်းရဲ့ ရထားစီး ရုရှားခရီးစဉ်၊ ထိုင်းထဲကျူးကျော်ဝင်နေတဲ့ မြန်မာစစ်တပ်၊ မုံရွာထောင် အစာငတ်ခံသပိတ်တိုက်ပွဲနဲ့ ရိုဟင်ဂျာအရေး၊ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ရန်ကုန်တွင် အငှားယာဥ်များ၏ Taxi Board များ ပုံစံတူပြောင်းလဲတပ်ဆင်ခိုင်း 16.09.2023

ရန်ကုန်က အငှားတက္ကစီယာဉ်တွေမှာ Taxi Board တွေ ပြောင်းလဲ တပ်ဆင်ခိုင်းတဲ့အတွက် ပိုပြီး အလုပ်ရှုပ် အခက်အခဲ ဖြစ်စေတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

DVB Newsbreak 5.5 (၁၅စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 15.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ နေပြည်တော်မှာ ကျင်းပသည့် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို  နိုင်ငံ  ၄ နိုင်ငံ မတက်ရောက်ဘဲ သပိတ်မှောက်ထားတဲ့သတင်း  -ဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် စစ်ကောင်စီ ဘဏ် ဝန်ထမ်း ၄၀ ကျော်ကို အကြမ်းဖက်သမားများအဖြစ် NUG က ကြေညာလိုက်တဲ့သတင်းနဲ့  -စစ်တွေမှာ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ  ALP တပ်ရင်းမှ...

Ascultă podcastul DVB News în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice