Democratic Voice of Burma

DVB News

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Vizitează neapărat site-ul podcastului și susține-i creatorul: burmese.dvb.no

Autor

Democratic Voice of Burma

Categorie

News

Site-ul podcastului

burmese.dvb.no

Cel mai nou episod

10 nov. 2026

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,7+ iOS în curând

Episoade

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေများ၏ လူ့အခွင့်အရေးချိုးဖောက်မှု တိုင်ကြားမှု ၆၀ ကျော်ရှိ 06.11.2023

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုပြီး တိုင်ကြားထားတဲ့အမှု ၆၀ ကျော်ရှိပြီး ကြီးမားတဲ့ ပြစ်မှုတွေအတွက် အရပ်ဖက် တရားရုံးကနေ စစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်ထားတာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားပါတယ်။

"ရှမ်းမြောက်တိုက်ပွဲက အလှည့်အပြောင်းဖြစ်မလား"(WeeklyNewsDigest05112023) 05.11.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ရှမ်းမြောက်တိုက်ပွဲက နွေဦးတော်လှန်ရေးကို အလှည့်အပြောင်း ဖြစ်စေမလား၊ စစ်အုပ်စုအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု၊ စစ်ခေါင်းဆောင်တွေ ကျူးလွန်တဲ့ရာဇတ်မှုတွေ စတာတွေနဲ့ ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

စစ်ကောင်စီတင့်ကားများ စစ်မြေပြင်တွင် အလုပ်မဖြစ် 04.11.2023

ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ယူကရိန်းလုပ်တင့်ကားတွေအပါအဝင် သံချပ်ကာကားတွေ ထုတ်သုံးလာပေမဲ့  ၆ စီးလောက်ကို ညီနောင်တိုင်းရင်းသားတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး  စစ်ကောင်စီတင့်ကားတွေဟာ စစ်မြေပြင်မှာ အလုပ်မဖြစ်နိုင်ဘူးလို့ အာဏာဖီဆန် CDM လုပ်လာတဲ့ တင့်ကားတပ်က အရာရှိတွေက သုံးသပ်ပြောဆိုပါတယ်။ ဒီသတင်းကို ကိုမင်းညို ပေးပို့ ထားပါတယ်။ 

DVB Newsbreak 5.5 ( ၃ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 03.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ ၃  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -ရှမ်းမြောက်တိုက်ပွဲတွေကြောင့်  ဒုက္ခသည် ၂၃,၀၀၀ ကျော်ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂက  ထုတ်ပြန်လိုက်တဲ့သတင်း -တိုက်ခိုက်လာသူများကို တန်ပြန်ချေမှုန်းသွားမယ်လို့  စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်းနဲ့ -ကိုးကန့်တိုက်ပွဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂  ယောက်ကို ကယ်တင်ပေးဖို့ ထိုင်...

ကြာအင်းဆိပ်ကြီးမြို့ကို ကရင်လက်နက်ကိုင်တပ်များ ဝင်ရောက်တိုက်ခိုက် ထိန်းချုပ် 03.11.2023

ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ကွီးလုံတိုင်၊ ကနဲ​လေးတပ်စခန်းနဲ့  ကြာအင်ဆိပ်ကြီးမြို့ကို KNLA ပူးပေါင်းတပ်တပ်ဖွဲ့တွေ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီသတင်းကို အောင်ခန့် ပေးပို့ထားပါတယ်။

DVB Newsbreak 5.5 ( ၂ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 02.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ ၂  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၃ မြို့နဲ့  ကရင်ပြည်နယ် မြို့ ၁ မြို့တို့ကို တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားလိုက်တဲ့သတင်း -ကော့သောင်းမှာ မလေးရှားကိုပို့မယ့် ကျပ် ဘီလီယံ ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့သတင်းနဲ့ -အိန္ဒိယ မဏိပူပြည်နယ်မှာ...

ရှမ်းမြောက်တိုက်ပွဲများကိစ္စ တရုတ်ဝန်ကြီးနှင့် မြန်မာစစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေး 02.11.2023

မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇စစ်ဆင်ရေးလုပ်နေချိန်မှာပဲ တရုတ်နိုင်ငံတော် ကောင်စီဝင်ဟာ နေပြည်တော်ကို လာရောက်ပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ် ကောင်စီဝင်ရဲ့ ခရီးစဉ်နဲ့ ပက်သက်လို့ထင်မြင်ယူဆက်ချက်တွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပက်သက်လို့ လေ့လာသူတွေရဲ့ အမြင်သုံးသပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။ 

DVB Newsbreak 5.5 ( ၁ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 01.11.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ ၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -ရှမ်းမြောက်တိုက်ပွဲကိစ္စ   တရုတ်ဝန်ကြီးနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်း  -ရှမ်းမြောက်တိုက်ပွဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့  တရုတ်က တိုက်တွန်းလိုက်တဲ့သတင်းနဲ့ ဘူးသီးတောင်အကျဥ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးထွက်ပြေးလွတ်မြောက်သွားတဲ့ သတ...

DVB Newsbreak 5.5 ( ၃၁ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 31.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၃၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီခံတပ်စခန်း ၇၀ ကျော်  သိမ်းပိုက်ခံရတဲ့သတင်း  -တရုတ်လုံခြုံရေးဆိုင်ရာဝန်ကြီး မြန်မာနိုင်ငံလာရောက်ပြီး နယ်စပ်ဒေသလုံခြုံရေးကိစ္စ ဆွေးနွေးနေတဲ့သတင်းနဲ့  -ရှမ်းပြည်နယ်ရှိ ပင်းပက် သံမဏိစက်ရုံ စီမံကိန်း ပိတ်သိမ်းဖို့ ဒေသခံတွေက  တောင်းဆိုလိုက်တဲ့ သတင်းတ...

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံး၊ ၁၀၀၀၀ ကျော်တိမ်းရှောင် 31.10.2023

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကို ကျော်လာပြီလို့ သျှမ်းလူငယ်အဖွဲ့အစည်းနဲ့ ဒေသခံတွေက ပြောပါတယ်။ စိုးသူအောင် သတင်းပေးပို့ထားပါ တယ်။

DVB Newsbreak 5.5 ( ၃၀ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 30.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၃၀  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက စစ်ကောင်စီရဲ့တပ်စခန်း ၆၀ ကျော်ကို သိမ်းပိုက်ထားတဲ့သတင်း  -သိန္နီမြို့နယ်မှာ  ရွာသားတွေ လက်နက်ကြီးထိမှန်ပြီ ဒေသခံ  ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရတဲ့ သတင်းနဲ့  -ထိုင်းလဝကအရာရှိ လက်မှတ်တုနဲ့ ဝင်ရောက်လာတဲ့  မြန်မာ ၂၀ ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ရမှာပါ

စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ သိမ်း 30.10.2023

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်း ၆၀ ကျော်ကို မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေက သိမ်းပိုက်ထားပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီသတင်းကို အောင်သူပေးပို့ထားပါတယ်။

"ထောင်ဝင်စာနှင့် ဖြတ်စားလာဘ်စား ထောင်အာဏာပိုင်များ"(WeeklyNewsDigest 28OCT2023) 29.10.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ထောင်ဝင်စာနှင့် ဖြတ်စားလာဘ်စား ထောင်အာဏာပိုင်များ၊ ကချင်တော်လှန်ရေး ၆၃ နှစ် ၊ ရုပ်သေးမီဒီယာကောင်စီ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ရှမ်းမြောက်စစ်ရေးအဓိကနေရာများကို သိမ်းပိုက်နိုင်ဟု မဟာမိတ် ၃ ဖွဲ့ ကြေညာ၊ 28.10.2023

ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်တံတား ၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ခဲ့ပြီး အခုအချိန်အထိ စခန်းသိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေ နေရာအနှံ့ ဆက်ဖြစ်နေတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက အောက်တိုဘာ ၂၇ ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ထုတ်ပြန်ပါတယ်။ စစ်ဆင်...

မြန်မာ ကျောင်းသားလူငယ်မျိုးဆက်တခုလုံး ပညာသင်ကြားခွင့်ဆုံးရှုံးနိုင် 28.10.2023

မြန်မာနိုင်ငံမှာ ကျောင်းသားလူငယ်မျိုးဆက်တခုလုံး ပညာသင်ကြားခွင့်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းမှာ ထုတ်ပြန်ထားပါတယ်။ ဒီသတင်းကိုတော့ ဖူးအိအိနွယ် ပေးပို့ထားပါတယ်။

DVB Newsbreak 5.5 ( ၂၇ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 27.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -ရှမ်းပြည်မြောက်ပိုင်းနေရာအနှံ့ စစ်ရေးအဓိကနေရာတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက တချိန်တည်း စီးနင်းတိုက်ခိုက်ခဲ့တဲ့သတင်း  -ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာ ဆေးကုသမှုခံယူတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းက ဖမ်းဆီးငွေညှစ်နေတဲ့သတင်းနဲ့  -မြန်မာကာစီနိုလောင်းကစားရုံတွေမှာ လူကုန်ကူးခံရတဲ...

ကရင်နီပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲများ မကြာခင်ဖော်ဆောင်သွားမည် 27.10.2023

ကရင်နီပြည်နယ်မှာမြို့သိမ်းတိုက်ပွဲတွေမကြာခင်ဖော်ဆောင်သွားမှာဖြစ်ပြီး တပ်ဖွဲ့ဝင်အားလုံး လက်နက်တပ်ဆင်ပေး နိုင်တဲ့နေ့က ကရင်နီပြည်နယ် အပြီးတိုင်လွတ်လပ်တဲ့နေ့ဖြစ်တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ရဲ့ ဒုစစ်ဦးစီးချုပ်ကပြောပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားတာပါ။

DVB Newsbreak 5.5 ( ၂၆ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 26.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ အန်အယ်လ်ဒီ ဝန်ကြီးတွေ  ထောင်ဝင်စာတွေ့ ခွင့်မရတဲ့သတင်း   -မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၀ ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆိုလိုက်တဲ့သတင်းနဲ့  -ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ရန်ဖို့ရှိတဲ့အတွက် ရေယာဉ်တွေ သင်္ဘောတွေ ဖြတ်သ...

ဖာပွန်ခရိုင်တွင်းက စစ်ကောင်စီစခန်းများ ရိက္ခာပြတ်လပ်၊ ဒေသခံ ပြည်သူဆီက စားနပ်ရိက္ခာများ လုယူ 26.10.2023

ကရင်ပြည်နယ်ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီရဲ့တပ်စခန်းတွေဟာ လမ်းပိတ်ဆို့ခံထားရတာကြောင့်ရိက္ခာပြတ်လပ်နေပြီး   ‌ဒေသခံပြည်သူတွေဆီက စားနပ်ရိက္ခာတွေကို အတင်းအဓမ္မလုယူတာ တွေ ရှိတယ်လို့  တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကို အောင်ခန့်က ပေးပို့ထားပါတယ်။

နိုင်ငံရေးပါတီများအနေနဲ့ ပါတီဝင် အင်အားတင်ပြဖို့နဲ့ ရုံးခန်းများဖွင့်ဖို့ ပြောဆို 26.10.2023

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကာလအတွင်း နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင် အင်အားတင်ပြဖို့နဲ့ ရုံးခန်းတွေဖွင့်ဖို့ ပြောဆိုထားပါတယ်။ ပါတီတွေဘက်ကရော ဘယ်လောက်အထိ လိုက်ပါလုပ်ဆောင်ထားနိုင်လဲ သိနိုင်ဖို့ စိုးသူအောင်က မေးမြန်းတင်ဆက်ထားပါတယ်။

DVB Newsbreak 5.5 ( ၂၅ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 25.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  - ရန်ကုန်မှာ ရွှေတိဂုံဘုရားအပါအဝင် နေရာတော်များများမှာ ရေကြီး ရေလျှံနေတဲ့သတင်း  -အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်ကြဖို့  ကေအိုင်အို နှစ်ပတ်လည်နေ့မှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်တဲ့သတင်းနဲ့  -မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ထောင်ဒဏ် ၁၀ နှစ်ခ...

DVB Newsbreak 5.5 ( ၂၄ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 24.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့   -ဘီလူးချောင်းရေကြီးပြီး  ရှမ်း-ကရင်နီနယ်စပ် လယ်ဧက ထောင်ချီရေနစ်မြုပ်ပျက်စီးတဲသတင်း -ကလေးမြို့မှာ  ကျပ်ငွေဘီလီယံနှင့်ချီ တန်ဖိုးရှိသည့်  မူးယစ်ဆေးဝါးများ ဖမ်းမိတဲ့သတင်းနဲ့  -ပဲခူးမြို့နယ်၌  မိုးသည်းထန်စွာရွာသွန်းသဖြင့် ရိတ်သိမ်းစပါးတွေ ပျက်စီးသွားတဲ့သတင်းတွေကို နားဆင်ရမှာပါ။ 

DVB Newsbreak 5.5 ( ၂၃ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 23.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့   -မုန်တိုင်းငယ် မြန်မာဘက်ကို ဦးတည်မယ့် အခြေအနေမဘဲ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်တိုက်ခတ်နိုင်တဲ့ သတင်း  -မှော်ဘီလေတပ်  ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ သတင်းနဲ့  -မြန်မာနိုင်ငံမှာ လူကုန်ကူးခံရတဲ့  ထိုင်းနိုင်ငံသား ၁၂၀ ကို နေရပ်ပြန်ပို့ဖို့ ရှိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

"စစ်ခေါင်းဆောင်တက်ခွင့်မရတဲ့ ဘေဂျင်းဖိုရမ်"DVB Weekly News Digest (22OCT2023) 22.10.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်ခေါင်းဆောင်တက်ခွင့်မရတဲ့ ဘေဂျင်း BRF ဖိုရမ်၊ အန်စီအေနဲ့ ABSDF ၊ ပိုမိုတောက်လောင်လာနေတဲ့ ဂါဇာစစ်မီး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ကျောက်မဲမြို့နယ်၌ ရောဂါပျောက်တယ်ဆိုပြီး လူအများလာရောက် တောင်ချချောင်းရေချိုးနေ 22.10.2023

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်မန်းရွာအနီးက တောင်ကျရေမှာ ရေချိုးရင် ရောဂါပျောက်တယ်ဆိုပြီး လူတွေရာနဲ့ချီ အလုအယက်လာရောက်ရေချိုးနေကြပါတယ်။ ဒီသတင်းကို ဟန်နပေးပို့ထားပါတယ်။

Ascultă podcastul DVB News în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice