Democratic Voice of Burma

DVB News

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Vizitează neapărat site-ul podcastului și susține-i creatorul: burmese.dvb.no

Autor

Democratic Voice of Burma

Categorie

News

Site-ul podcastului

burmese.dvb.no

Cel mai nou episod

10 nov. 2026

Unde asculți?

Podcasturi în aplicație Replaio Radio În curând

Podcasturile ajung în curând în aplicație. Instaleaz-o acum și fii primul care descoperă o abordare complet nouă a podcasturilor

Descarcă din Google Play Instalează gratuit Android aproape 10 mil. descărcări · nota 4,7+ iOS în curând

Episoade

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ ပူးပေါင်းပါဝင်လာတဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာ 02.07.2024

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှာ ပူးပေါင်းပါဝင်လာတဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာပြီး နိုင်ငံတဝှမ်းက ရဟန်းသံဃာတွေ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးဆောင်ရွက်နေတယ်လို့ ရွှေဝါရောင်ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။ ဒီသတင်းကို သုတချမ်းသာ ပေးပို့ထားပါတယ်။

DVB Newsbreak ( ဇူလိုင် ၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 01.07.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇူလိုင် ၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဧရာဝတီမြစ်ရေကြီးနေလို့ ကချင်ပြည်နယ်မှာ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ ရတဲ့သတင်း  - City Mart စီအီးအို အပါအဝင် လုပ်ငန်းရှင်တွေကို  စစ်ကောင်စီက ဖမ်းဆီးအရေးယူလိုက်တဲ့သတင်းနဲ့ -ကရင်လူငယ် ၁ ဦး အမေရိကန်ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ 

ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်မှုတွေ ပြုလုပ်နေ 01.07.2024

ကျောက်မဲမြို့မှာစစ်ကောင်စီတပ်က လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ရှိနေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။ ခွန်ဇော်ဦး ပေးပို့ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း (WeeklyNewsDigest 29062024) 30.06.2024

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း (WeeklyNewsDigest 29062024) ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့  ၁၀၂၇ ဒုတိယလှိုင်း၊ မြန်မာလူထုနဲ့ ဆန်ဒုက္ခ၊  WFP ဂိုဒေါင်နှင့် ရခိုင်တိုက်ပွဲ၊ ဝီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အက်ဆန့် လွတ်မြောက်မှု စတာတွေနဲ့ပတ်သက်ပြီး  ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင...

ဝင်းနိမ္မိတာရုံဆရာတော်ကြီးပျံလွန်သည့်ကိစ္စ အလွယ်တကူပြီးသွားမည် မဟုတ်ဟု သုံးသပ် 29.06.2024

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ကြီး  ပျံလွန်တော်မူသွားတဲ့ ကိစ္စဟာ  သံဃာထုကြားထဲမှာ ကြီးမားတဲ့သက်ရောက်မှုရှိနေပြီး အလွယ်တကူ ပြီးသွားမယ့် ပြဿနာမျိုးမဟုတ်ဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ် ပါတယ်။ https://burmese.dvb.no/post/658169

DVB Newsbreak ( ဇွန် ၂၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 28.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံကို သွားရောက်တဲ့သတင်း -ရှမ်းမြောက် ကျောက်မဲနဲ့ သီပေါမှာ တိုက်ပွဲပြင်းထန်ဆက်ဖြစ်ပြီး ဒေသခံရာချီ စစ်ဘေးရှောင်နေရတဲ့ သတင်းနဲ့  -မြန်မာနိုင်ငံနဲ့ ပုံမှန်မဟုတ်တဲ့ ငွေသွင်းငွေထုတ်မှုတွေမရှိဘူးလို့  ထိုင်းဘဏ်ဘက်က တုံ့ပြန်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှ...

မြန်မာရွေ့ပြောင်းအလုပ်သမားများရဲ့ ဘဏ်အကောင့် အလွဲသုံးစားလုပ်ပြီး အွန်လိုင်းလောင်းကစား လုပ်တာရှိနေ 28.06.2024

ထိုင်းမှာမြန်မာရွေ့ပြောင်း အလုပ်သမားတွေရဲ့ ဘဏ်အကောင့်တွေကို အလွဲသုံးစားလုပ်ပြီး အွန်လိုင်း လောင်းကစား လုပ်တာတွေ ရှိတာကြောင့် အထူးသတိထားကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေး ပြောပါတယ်။ ဇွဲသစ် သတင်း ပေးပို့ထားပါတယ်။

DVB Newsbreak ( ဇွန် ၂၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 27.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ဈာပနကို ထောင်သောင်းချီတဲ့ပြည်သူတွေ လိုက်ပါ ပို့ဆောင်ခဲ့ကြတဲ့သတင်း -မြန်မာစစ်တပ် လက်နက်ဝယ်ယူရာမှာ ထိုင်းဘဏ်တွေက ပံ့ပိုးကူညီနေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်းနဲ့   - ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မှာ တိုက်ပွဲဆက်ဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးသူများလ...

DVB Newsbreak ( ဇွန် ၂၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 26.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှုကိစ္စ ကုလသမဂ္ဂညီလာခံမှာ မြန်မာသံအမတ်ကြီးက တင်ပြခဲ့တဲ့ သတင်း  -မိုးကုတ်မှာတိုက်ပွဲဖြစ်လို့  ဒေသခံတွေ ပိတ်မိနေပြီး လူနာသွားပို့တဲ့ ပရဟိတသမား ၃ ဦး ပစ်သတ်ခံရတဲ့သတင်း -အိုးဘိုထောင်မှာ အကျဥ်းထောင်အာဏာပိုင်တွေ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား တဦ...

ကော့ကရိတ်- မြဝတီအာရှလမ်းတိုက်ပွဲတွင်း စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားသစ်တွေပါဝင် 26.06.2024

ကော့ကရိတ်- မြဝတီ(အာရှ)လမ်းကို စစ်ကောင်စီတပ်ဘက်က ထိုးဖောက်ဖို့ကြိုးစားရာမှာ ထင်သလောက်မထိုး ဖောက်နိုင်တဲ့အပြင် စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားသစ်တွေပါဝင် လာတယ်လို့  နဂါးဖြူ စစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ပြောပါတယ်။ အောင်ခန့်ပေးပို့ထားပါတယ်။

ရှမ်းမြောက်တွင်တိုက်ပွဲများပြန်ဖြစ်၊ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြီလား 26.06.2024

ကျောက်မဲမြို့၊နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ ဇွန်လ ၂၅ ရက်မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ သဘောတူထားကြတဲ့ ဟိုက်ဂင်သဘောတူညီချက်ရော ပျက်သွားပြီလား။ ဒီအကြောင်းကို စိုးသူအောင် သတင်း ပေးပို့ထားပါတယ်။

DVB Newsbreak ( ဇွန် ၂၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 25.06.2024

မိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မောင်တောရှိ WFP သိုလှောင်ရုံ  ဖောက်ထွင်းလုယက်ဖျက်ဆီးခံရတဲ့သတင်း  -ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့သတင်းနဲ့  -ရန်ကုန်ရှိ စူပါမားကတ်တွေမှာ  ဆန်အရောင်းပိတ်ထားလို့ စားသုံးသူတွေ အခက်တွေ့နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

DVB Newsbreak ( ဇွန် ၂၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 24.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီကို သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်နေကြတဲ့သတင်း -သံတွဲလေဆိပ်ကို AA သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဝန်ထမ်း မိသားစုတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်းနဲ့  -ပုသိမ်မှာ ဆန်စက်ပိုင်ရှင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး  ဆန်စက် ၆ လုံးကို ချိပ်ပိတ်ထားလိုက်တဲ့သတင်း တွ...

စားအုန်းဆီတင်သွင်းမှုကို ပိတ်ပင်တော့မယ်လို့ သတင်းထွက် 24.06.2024

လတ်တလော အိမ်ထောင်စုသုံးစားအုန်းဆီတွေ အလွယ်တကူ ဝယ်လို့ မရတော့တဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီကတော့ လာမယ့်နှစ်ကစပြီး စားအုန်းဆီတင်သွင်းမှုကို ပိတ်ပင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဟန်န သတင်းပေးပို့ထားပါတယ်။

စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရသည့်ဆရာတော်ကြီး (WeeklyNewsDigest 23062024) 23.06.2024

စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော် ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်နိုင်ငံတကာရဲ့အမြင်ပြောင်းလာပြီလား၊ ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတ...

ဝင်းနိမ္မိတာရုံဆရာတော်အပါအဝင် စစ်တပ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သံဃာ ၅၂ ပါး ပျံလွန် 22.06.2024

DVB ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သံဃာ ၅၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံ ထိုက်တဲ့ပစ်မှုဖြစ်ပြီး သံဃာထု တရပ်လုံးက စစ်ကောင်စီကို သပိတ်မှောက်တော်လှန်ကြဖို့ ရွှေဝါရောင် ဆရာတော်တွေက မိန့်ဆိုလိုက်ပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။

DVB Newsbreak ( ဇွန် ၂၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 21.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်း နိမ်မိတာရုံ ဆရာတော်ကြီးကို သေနတ်နဲ့ပစ်သတ်ခဲ့သူတွေဟာ စစ်ကောင်စီတပ် ဖြစ်တယ်လို့ မျက်မြင်သက်သေဆရာတော်က မိန့်ကြားလိုက်တဲ့သတင်း   -ကရင်နီပြည်နယ်  ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်နိုင်ပြီလို့  KNPP က ပြောကြားလိုက်တဲ့သတင်းနဲ့   -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုက...

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်လူငယ်များရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက် 21.06.2024

ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်အတည်ပြု ပြဌာန်းပြီးတဲ့နောက် ပြည်တွင်းမှာ မနေလိုကြတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီ တိမ်းရှောင် ရွှေ့ပြောင်းလာကြပါတယ်။ ဒီထဲမှာမှ အိမ်နီးချင်း ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ လူငယ်တွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက်တွေအကြောင်း ဇွဲသစ်က တင်ဆက်ပေးမှာပါ။

DVB Newsbreak ( ဇွန် ၂၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 20.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီတပ်ရဲ့  ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ၁ ပါး ပျံလွန်တော်မူသွားတဲ့သတင်း   -ပန်ဝါမြို့ အနီး မြေရှားသတ္တုတွင်း မြေပြိုကျပြီး  လူ  ၅၀ လောက် နစ် မြုပ်သွားတဲ့သတင်းနဲ့ -အမေရိကန်ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံ ပြန်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံကောင်စီက  တောင်းဆိုလိုက်တ...

DVB Newsbreak ( ဇွန် ၁၉  ရက်  ၂၀၂၄၊ ညနေခင်းသတင်း) 19.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပြည်တွင်းပြည်ပမှာ ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့သတင်း  -ရိုဟင်ဂျာ ထောင်သောင်းချီ ပြေးစရာနေရာမရှိဖြစ်နေတယ်လို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးက ပြောကြားလိုက်တဲ့သတင်းနဲ့  -ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့...

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွင်း ၄ ကြိမ်မြောက် မွေးနေ့ဖြတ်သန်းရမည့် ဒေါ်အောင်ဆန်းစုကြည် 19.06.2024

အကျဉ်းထောင်မှာ ၄ ကြိမ်မြောက် မွေးနေ့ကို ဖြတ်သန်းနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မြို့တော်ဝန်နဲ့ ကောင်စီဝင်တွေနေထိုင်တဲ့ တိုက် ၈ လုံးထဲက တိုက်နံပါတ် ၆ မှာ ထိန်းသိမ်းထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်အချုပ်ထောင် ပြင်ပကို ပို့ထားတယ်လို့ ဗိုလ်ချုပ်ဇေ...

DVB Newsbreak ( မေ ၂၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 18.06.2024

DVB Newsbreak ( ဇွန် ၁၈  ရက်  ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားလာလို့  ဆေးကုသမှု ခံယူနေရတဲ့သတင်း -ဖားကန့်မှာ ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာသူ ၁ ဦး သေဆုံးသွားတဲ့သတင်းနဲ့ -လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တော်လှန်အမျိုးသမီးတွေက တောင်းဆိုလို...

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မလား 18.06.2024

စစ်ကောင်စီခေါင်းဆောင်က ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ထပ်မံ ပြောဆိုလာပါတယ်။ စစ်ကောင်စီ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပေးထားချက်ကို အသုံးပြုပြီး ကွက်ကြားရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာလာနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။

DVB Newsbreak ( ဇွန် ၁၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 17.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တော်လှန်ရေးကာလ ၃ နှစ်အတွင်း ကလေးသူငယ် ၈၀၀ ကျော် သေဆုံးခဲ့တဲ့သတင်း  -AA က မောင်တောမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖို့ရှိလို့ ဒေသခံတွေ ထွက်ခွာသွားဖို့  သတိပေးလိုက်တဲ့ သတင်းနဲ့  -မဏိပူရ အင်ဖာဗဟိုအကျဉ်းထောင်မှာ  မြန်မာနိုင်ငံသား ၃၀ လောက် အစာငတ်ခံဆန္ဒပြနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

ဂျမ်ဘာကျော်နိုင်တဲ့ Fixed Wing ဒရုန်းတွေ စစ်ကိုင်းတိုင်းထဲမှာ ပြန့်နှံ့နေပြီဖြစ်ပြီး 17.06.2024

ဂျမ်ဘာကျော်နိုင်တဲ့ Fixed Wing ဒရုန်းတွေ စစ်ကိုင်းတိုင်းထဲမှာ ပြန့်နှံ့နေပြီဖြစ်ပြီး တိုက်ပွဲဖော်ရာမှာ သိသာတဲ့ အောင်မြင်မှုတွေ ရှိတယ်လို့ မင်းကင်းဒေသခံ PDF Drone သမားတယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စစ်မှုထမ်းဥပဒေနဲ့ သင်တန်းပေးထားတဲ့ လူငယ်တွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေမှာ စတင် အသုံးပြုနေပါတယ်။ ဒီသတင်းကို သုတချမ်းသာ ပေးပို့ထားပါတယ်။

Ascultă podcastul DVB News în Replaio

Radio și podcasturi într-o singură aplicație - gratuit și fără înregistrare. Instaleaz-o azi și nu rata lansarea

Descarcă din Google Play

Replaio nu este editorul podcasturilor; numele emisiunilor, coperțile și materialul audio aparțin autorilor lor și sunt distribuite prin fluxuri RSS publice