MCA Network
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး
This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.ဤ Podcast သည် မြန်မာ့လူမှုနယ်ပယ်မှ စိတ်အားတက်ကြွဖွယ် ဇာတ်လမ်းစုံကို အများသူငှာအား မသန်စွမ်းမှု အသိပညာ မြှင့်တင်ပေးရန်အတွက် လွတ်လပ်သော တွေးခေါ်ဆင်ခြင်နိုင်မှုဖြင့် မျှဝေလိုကြသူများ၏ အသံများကို ပြုစုပျိုးထောင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။
Não deixe de visitar o site do podcast e apoiar quem o produz: redcircle.com
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
တက်သစ်စ လူငယ် အပိုင်း (၃) 15.06.2022 25:54
ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ Season 2 Episode #3 မှာ ကိုယ်ရေးမိတ်ဆက် အစီအစဉ်ကို ထပ်မံတင်ဆက်မယ့် သူကတော့ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာရ (မခမမ)မှာ လက်ထောက် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုထွေးပိုင် ဖြစ်ပါတယ်။ ကိုထွေးပိုင်က "မြတ်ကြူအိမ်"ဆိုတဲ့ ကလောင်နာမည်နဲ့ စာပေရေးသားသူ တစ်ဦးလည်းဖြစ်သလို လုံးချင်း၀တ္ထုလည်း ထွက်ရှိဖူးသူဖြစ်ပြ...
မင်္ဂလာရှိအောင် မင်္ဂလာဆောင် အပိုင်း (၁) 11.06.2022 59:43
ဒီအပတ်မှာ အသစ်ထပ်မံ တင်ဆက်ပေးသွားမယ့် အစီအစဉ် တစ်ခုကတော့ "မင်္ဂလာရှိအောင် မင်္ဂလာဆောင်" 💑ဆိုတဲ့ ခေါင်းစဉ်နဲ့ 🦽🚶♀️မသန်စွမ်း လူမှုအသိုက်အဝန်းက မင်္ဂလာဆောင် အသီးသီးရဲ့ နောက်ကွယ်က မင်္ဂလာမောင်နှံတွေရဲ့ အမှတ်တရ၊ ခံစားချက်နဲ့ အလွဲလေးတွေကို ပြန်လည်ဝေမျှကြမယ့် အစီအစဉ်ဖြစ်ပါတယ်။ ပထမဦးဆုံး အပိုင်းအနေနဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက သူ့ဘ၀ သူ့အတွေ့အကြုံတွေကို ခင်ပွန်းဖြစ်သူ ဆရာ ဦးအောင်ကိုမြ...
တက်သစ်စ လူငယ် အပိုင်း (၂) 08.06.2022 14:23
ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ Season 2 Episode #2 မှာကိုယ်ရေးမိတ်ဆက် အစီအစဉ်ကို ထပ်မံတင်ဆက်မယ့် သူကတော့ လှည်းကူးမြို့က မလွင်ဝါဝါအောင် ဖြစ်ပါတယ်။ မလွင်ဝါဝါအောင်က B.A(Myanmar) နဲ့ဘွဲ့ရထားသူဖြစ်ပြီးတော့ မသန်စွမ်းရေးရာ ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ စီစဉ်တင်ဆက်သူအဖြစ် လေ့ကျင့်သင်ကြားမှုတွေ တစ်ဖက်မှာ လုပ်ဆောင်နေသလို လက်ရှိမှာ Ho...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း (၈) 04.06.2022 58:07
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း(၈)အတွက် ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၇ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Radiance ဂျပန်အချစ် ရုပ်ရှင်ကားဖြစ်ပြီး မသန်စွမ်းအရေးကို လုပ်ဆောင်နေသူ ညီမငယ် မေမြတ်ထူးစံနဲ့အတူ ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ မျက်စိအလင်း တစ်စတစ်စ ကွယ်ပျောက်လာတဲ့ ဓာတ်ပုံဆရာ တစ်ယောက်နဲ့ အမြင်အာရုံ မသန်စွမ်းသူတွေကို ရုပ်ရှင်တွေခံစားနို...
တက်သစ်စ လူငယ် မိတ်ဆက် (၁) 01.06.2022 30:09
ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ ပထမဦးဆုံး ကိုယ်ရေးမိတ်ဆက်အစီအစဉ်ကို တင်ဆက်မယ့်သူကတော့ မိတ္ထီလာသူလေး မအေးစန္ဒာလှိုင် ဖြစ်ပါတယ်။ မအေးစန္ဒာလှိုင်က B.Sc(Math) နဲ့ဘွဲ့ရထားသူဖြစ်ပြီးတော့ မိသားစုစီးပွားရေးမှာ ကူညီလုပ်ကိုင်ရင်း တစ်ဖက်တစ်လမ်းကလည်း ကလေးများကို စာသင်ပေးနေတဲ့ ဆရာမလေး တစ်ယောက်ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ စီစဉ်တင်ဆက်သူအဖြစ် လေ့ကျင့်သင်ကြားမှုတွေ တစ်ဖက်မှာ လုပ်ဆေ...
မိခင်များရဲ့ စကားသံ အပိုင်း (၄) 28.05.2022 22:54
မိခင်များရဲ့ စကားသံ စတုတ္ထပိုင်းမှာတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်ရဲ့ တက်သစ်စ လူငယ်တင်ဆက်သူ တစ်ဦးလည်းဖြစ်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)ရဲ့ ဂီတမေဂျာမှာ အထူးပြု တူရိယာအဖြစ် စောင်းပညာကို လေ့လာသင်ယူနေသူ၊ တေးသံရှင် တစ်ဦးလည်းဖြစ်တဲ့ မသဇင်သီရိခေတ်ရဲ့ မိခင် ဒေါ်မဉ္ဇူမော်က အငယ်ဆုံး သမီးလေးအပေါ် မိခင်တစ်ယောက်ရဲ့ ခံစားချက်၊ ဘ၀ အမှတ်တရတွေအပြင် သမီးရဲ့ ပါရမီနဲ့ ထူးချွန်မ...
ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော် အပိုင်း (၁) 21.05.2022 45:55
“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” အပိုင်း (၁)မှာတော့ ခေါင်းစဉ်လေး အတိုင်းပါပဲ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခွင့်ရခဲ့တဲ့ ကုလသမဂ္ဂမသန်စွမ်းသူ...
ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀ အပိုင်း (၃) 14.05.2022 32:17
"ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ" ခေါင်းစဉ် အောက်ကနေ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက "ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀" အနေနဲ့ ရွေးချယ်ထားတာကတော့ ၂၀၁၉ ခုနှစ်မှာ အာရှ၊ ဥရောပ၊ အာဖရိကတိုက်တို့ရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကျောင်းသားအယောက် ၈၀ ပါဝင်ခဲ့တဲ့ Cine Nomad School က ထုတ်လုပ်ခဲ့သည့် မှတ်တမ်းနှင့် ဇာတ်လမ်းရုပ်ရှင်တို ၁၃ ကားထဲမ...
မဟေသီတို့ရဲ့ စကားသံ အပိုင်း (၁) 07.05.2022 41:03
"မဟေသီတို့ရဲ့ စကားသံ" ပထမဦးဆုံး အပိုင်းမှာတော့ ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်မှာ နေထိုင်တဲ့ SKY ဆပ်ပြာကုန်ကြမ်း လက်လီ/လက်ကား ဖြန့်ချီရေးလုပ်ငန်းမှ ကိုဝေဖြိုးအောင်ရဲ့ မဟေသီဖြစ်ပြီး အသက် ၅ နှစ်ကျော် သမီးလေး မဖြိုးဖြိုးရဲ့ မိခင်လည်းဖြစ်သူ မခိုင်သဇင်မြင့်နဲ့အတူ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိဿဟာယ (မခမမ) ခဝဲခြံ၊ ရန်ကုန်က လက်ထောက် စာကြည့်တိုက်မှူး ကိုထွေးပိုင်ရဲ့ ဇနီးဖြစ်သူ၊ ၄ နှစ်အရွယ် သာ...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၇) 30.04.2022 58:01
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ 37 Seconds ရုပ်ရှင်ကားဖြစ်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ မတင်နီလာဝင်းနဲ့အတူ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က အားဖြည့်ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက ဇာတ်ကောင်ဖြစ်သူ အမျိုးသမီးငယ်လေးဟာ မွေးပြီးပြီးချင်း ၃၇ စက္ကန့်အတွင်းမှာ အသက်မရှုခဲ့တဲ...
မိခင်များရဲ့ စကားသံ အပိုင်း (၃) 23.04.2022 34:33
မိခင်များရဲ့ စကားသံ တတိယပိုင်းမှာတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ တစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်ရဲ့ မိခင် ဒေါ်စိန်ချိုက ကိုယ်အင်္ဂါမသန်စွမ်းသူ သားငယ်အတွက် မိခင်တစ်ယောက်ရဲ့ မေတ္တာအပြည့်နဲ့ နည်းလမ်းရှာပံ့ပိုးပေးခဲ့ပုံ၊ မသန်စွမ်းမှု အသိပညာ မရှိကြတဲ့ ပတ်ဝန်းကျင်ရဲ့ အကြံပေးမှုတွေကို လက်မခံခဲ့ဘဲ သားရှေ့ရေးအတွက် ပညာရေးကို တတ်နိုင်သလောက် လမ်းပွင့်အောင် ကြိုးစားချိတ်ဆက်ပေးခဲ့ပုံ၊ သားရဲ...
ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၇) 16.04.2022 22:40
"ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့ မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၇)မှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက သင်္ကြန်ကာလ အမှတ်တရတွေနဲ့ အခုလို ရဿစုံလင် သင်္ကြန်ရင်ခွင်...
ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၆) 16.04.2022 21:52
"ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့ မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၆)မှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ရိုးရာသင်္ကြန်ရဲ့ သဘောတရားတွေကြား...
ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၅) 15.04.2022 19:26
"ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့ မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၅)မှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ မိတ္ထီလာမြို့မှ မအေးစန္ဒာလှိုင်က ငယ်စဉ်ကတည်းက အမှတ်တရရှိနေတဲ့ ရို...
ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၄) 15.04.2022 21:06
"ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့ မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၄)မှာတော့ အပိုင်း (၄)မှာတော့ ဦးအောင်ကိုမြင့်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မြက်ခင်းပြင် မဟာသင်္ကြန်ပွဲ တစ်ခုမှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရပေါင်းစုံ ရဿစုံကို ဝေ...
ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၃) 14.04.2022 11:48
"ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့ မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ မသဇင်သီရိခေတ်က ငယ်စဉ်ကတည်းက မိသားစုနဲ့အတူ ရေဆော့ကစား ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ၊ အရွယ်ရောက်လ...
ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၂) 14.04.2022 22:41
"ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့ မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အသက် ၉ နှစ်အရွယ် သားကြီး ဟန်သွင်သန့်နဲ့ အသက် ၇ နှစ်အရွယ် သားငယ် ကြည်လင်းသန့်တို့ရဲ့ မိခင်ဖြစ်သူ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဝိုင်းတော်သား တစ်ဦး...
ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၁) 13.04.2022 15:55
"ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့ မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဝိုင်းတော်သားတွေနဲ့အတူ အသက် ၂၄ နှစ်အရွယ် အော်တစ်ဇင်သားကြီး မောင်မြတ်မင်းသူ (ခ) မောင်မျိုးလေးရဲ့ မိခင်ဖြစ်သူ ဒေါ်ဇင်မျိုးသ...
ဇာတ်လမ်းရုပ်ရှင်ထဲက သူမ 09.04.2022 47:45
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ကနေ ၂၀၁၂ ခုနှစ်က ရိုက်ကူးထုတ်လုပ်ပြီး ဒါရိုက်တာ သမီးမြတ်ကျော် ခံစားတင်ပြတဲ့ "ဘေးဖယ်မထားပါနဲ့" ဇာတ်လမ်းတို (၁) နဲ့ ၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ နွေးဇာခြည်စိုး ရိုက်ကူးခွင့်ရခဲ့တဲ့ "အဖိုးမဖြတ် မဲတစ်ကတ်" ဇာတ်လမ်းတိုမျာ...
ဘာသာပြန်လက်ရာ အပိုင်း (၁) 02.04.2022 29:37
ဒီအပတ်မှာတော့ "ဘာသာပြန်လက်ရာ" ဆိုတဲ့ ကဏ္ဍသစ်ကို စတင်မိတ်ဆက်ပေးချင်တာ ဖြစ်ပါတယ်။ ဘာသာပြန်ကဏ္ဍရဲ့ ရည်ရွယ်ချက်ကတော့ မသန်စွမ်းမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို နိုင်ငံတကာ အသိအမြင်တွေပါ ကြွယ်၀စေဖို့အတွက် ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အဖွဲ့သားတွေရဲ့ အနုပညာဖန်တီးမှုနဲ့ ပြန်လည်ပေါင်းစပ်ပြီးတော့ တင်ဆက်ပေးမယ့် အစီအစဉ်ကောင်းလေးပဲ ဖြစ်ပါတယ်။ မသန်စွမ်းလူငယ်တွေရဲ့ အင်္ဂလိပ်စာ စွမ်းရည်တွေကိုလည...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၆) 26.03.2022 53:46
ဒီအပတ် ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ ခေါင်းစဉ်အောက်မှာ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတဲ့ ၂၀၁၉ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ ဘောလိ၀ုဒ်ရုပ်ရှင် "One Little Finger" ကို လာမယ့် မတ်လ ၂၆ ရက်နေ့ည စနေနေ့ည ၇ နာရီမှာ မသဇင်သီရိခေတ်က တွဲဖက်ဆွေးနွေး တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ မသဇင်သီရိခတ်ဟာ ကိုယ်တိုင်လည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဂီတပညာကို စောင်းပ...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၅) 05.03.2022 37:24
"ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်မှာ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Inseparable Bros ဒရာမာဇာတ်မြူး ဇာတ်လမ်းရုပ်ရှင်ကို အသက် ၂၄နှစ်အရွယ် အော်တစ်ဇင် ရေကူးအားကစားသမားလေး မောင်မြတ်မင်းသူရဲ့မိခင် ဒေါ်ဇင်မျိုးသန်း က ဆွေးနွေးပေးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဆယ်ကျော်သက်အရွယ် ရေကူးကျွမ်းကျင်သူ Dong-Goo ဟာ Autism ဖြစ်တဲ့အတွက် ငယ်စဉ်က မိခင်ဖြစ်သူရဲ့ ရေကူးကန်မှာ စွန့်ပစ...
ဇာတ်လမ်းရုပ်ရှင်ထဲက "ကျွန်တော်" 26.02.2022 1:17:31
“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ သောတရှင်တို့ရေ အပတ်စဉ်တင်ဆက်ပေး နေတဲ့ အစီအစဉ်ကောင်းများထဲက တစ်ခုဖြစ်တဲ့ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့ ခေါင်းစဉ်လေး အတိုင်းပါပဲ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တို...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၄) 19.02.2022 1:03:26
"ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်မှာ တင်ဆက်သူ ဆယ်ကျော်သက်အရွယ် Down Syndrome သမီးကလေး မခွန်းနေခြည်ခင် ရဲ့မိခင် ဒေါ်မျိုးပပ က၂၀၁၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Touched By Grace မိသားစုဒရာမာ ဇာတ်လမ်းရုပ်ရှင်ကို ဆွေးနွေးပေးဖို့ ရွေးချယ်ထားပါတယ်။ ဒီကားက အထက်တန်းကျောင်းတွေမှာ ဆက်ကျော်သက် ဉာဏ်ရည်မသန်စွမ်း ကျောင်းသား၊ သူတွေ အမှန်တကယ် အနိုင်ကျင့်ခံခဲ့ရတဲ့ ဖြစ်ရ...
မိခင်များရဲ့ စကားသံ အပိုင်း (၂) 12.02.2022 28:58
"မိခင်များရဲ့ စကားသံ" အစီအစဉ်သစ်မှာတော့ မသန်စွမ်းမိခင်များ ကိုယ်တိုင်သာမက မသန်စွမ်းသူများကို မွေးထုတ်ပေးခဲ့တဲ့ မိခင်များရဲ့ စကားသံများအဖြစ် သူတို့တွေရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ ရင်တွင်းဖြစ်ခံစားချက်တွေနဲ့ ရှုထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြချက် ကဏ္ဍစုံကို MCA Network နဲ့အတူ မသန်စွမ်းအသိုက်အဝန်းက မိခင်များက လက်တွဲတင်ဆက် သွားမှာဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်...
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos