SBS
SBS Learn English Burmese
အင်္ဂလိပ် စကားတိုးတက်အောင်လုပ်ဆောင်နိုင်သလို ဩစတြးလျံရဲ့ ရိုးရာယဥ်ကျေးမှုကိုလည်း တခါတည်း လေ့လာနိုင်ပါတယ်။ အင်္ဂလိပ်စကားကို ကြိုက်တဲ့အချိန်မှာ လေ့လာနိုင်အောင် လုပ်ဆောင်ပေးထားသလို ပျော်ရွှင်စရာကောင်းအောင်နဲ့ လက်တွေ့ကျတာတွေကိုလည်း သင်ပြထားပါတယ်။ စကားတစ်ခုကို တတ်မြောက်ရုံ မသင်ယူပဲ ချစ်မြတ်နိုးလာတဲ့အထိ သင်ယူနိုင်ပါတယ်။
Não deixe de visitar o site do podcast e apoiar quem o produz: www.sbs.com.au
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
MiniPod: Ep4 Hobbies | English on Repeat (Easy) - MiniPod: ဝါသနာအကြောင်း ပြောဆိုခြင်း | English on Repeat (Easy) 29.01.2024 5:55
Listen to 'English on Repeat,' a podcast to help us improve our speaking skills: What do you like doing? | My favourite hobby is gardening. | I listen to music to relax. | I play tennis and go swimming. | What are your favourite hobbies? - 'English on Repeat' ဆိုတဲ့ ပေါ့ကတ်ဒ်စ် အစီအစဥ်ဟာ အခြေခံ အင်္ဂလိပ် စကားပြောအရည်အချင်း တိုးတက်ဖို့အတွက် ရည်ရွယ်တဲ့ အစီအစဥ် ဖြစ်ပါတယ်။ ဒီကနေ့မှာ ဝါသနာအကြောင်း ပြော...
MiniPod: Ep3 Family| English on Repeat (Easy) - MiniPod: အပိုင်း ၃ - မိသားစု | English on Repeat (Easy) 22.01.2024 6:37
Listen to 'English on Repeat,' a podcast to help us improve our speaking skills: Do you have family in Australia? | I have a big family. | I have two brothers and one sister. | My brothers live in Sydney and my sister lives in Perth. | Do you have any brothers and sisters? - 'English on Repeat' ဆိုတဲ့ ပေါ့ကတ်ဒ်စ် အစီအစဥ်ဟာ အခြေခံ အင်္ဂလိပ် စကားပြောအရည်အချင်း တိုးတက်ဖို့အတွက် ရည်ရွယ်တဲ့ အစီအစဥ် ဖြစ...
MiniPod: Ep2 Meeting your neighbour | Starting Out | English on Repeat (Easy) - MiniPod: နေ့တဓူဝ လုပ်ဆောင်ချက်များ | English on Repeat (Easy) 14.01.2024 6:21
Listen to 'English on Repeat,' a podcast to help us improve our speaking skills: I live nearby. | I’m new to the area.| How long have you lived here?| I like living here. - 'English on Repeat' ဆိုတဲ့ ပေါ့ကတ်ဒ်စ် အစီအစဥ်ဟာ အခြေခံ အင်္ဂလိပ် စကားပြောအရည်အချင်း တိုးတက်ဖို့အတွက် ရည်ရွယ်တဲ့ အစီအစဥ် ဖြစ်ပါတယ်။ စောစော ထလေ့ရှိသလား။ Do you wake up early? | ကျမက မနက် ၆ နာရီဆို အိပ်ရာက ထတယ်။ I wake up at 6.|...
MiniPod: Ep1 Introducing Yourself | English on Repeat (Easy) - မိမိကိုယ်ကို မိတ်ဆက်ခြင်း English on Repeat (Easy) 08.01.2024 6:37
Listen to 'English on Repeat,' a podcast to help us improve our speaking skills. In this episode, we practise saying hello and introducing ourselves in English. - 'English on Repeat' ဆိုတဲ့ ပေါ့ကတ်ဒ်စ် အစီအစဥ်ဟာ အခြေခံ အင်္ဂလိပ် စကားပြောအရည်အချင်း တိုးတက်ဖို့အတွက် ရည်ရွယ်တဲ့ အစီအစဥ် ဖြစ်ပါတယ်။ ဒီပထမပိုင်းမှာ တခြားလူကို ဘယ်လို နှုတ်ဆက်ပြီး မိမိကိုယ်ကို မိတ်ဆက်နိုင်သလဲ ဆိုတာကို လေ့ကျင့်နိုင်မှာ ဖြစ်...
#၄၉ နားမလည်ဘူး ဆိုတာကို ဘယ်လို ပြောဆိုမလဲ 28.11.2023 15:05
ဒီအင်္ဂလိပ်စာ သင်ခန်းစာမှာ မိမိနားမလည်တာကို နားမလည်ကြောင်း ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာကို လေ့လာရမှာပါ။ ဒါ့အပြင် ဟာသ သမားတစ်ဦးကနေ ဩစတြေးလျရဲ့ ဘန်းစကားနဲ့ ပတ်သက်ပြီး ရီစရာ၊ မျက်နာပျက်စရာ နားလည်မှုတွေ ဖြစ်ရတဲ့အကြောင်း ပြောပြထားတာတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။
# ၄၈ သင့်ကိုယ်ခန္စာရဲ့ နာကျင်မှုတွေကို ပြောဆိုဖော်ပြခြင်း 22.11.2023 13:34
ဒီအင်္ဂလိပ်စာ သင်ခန်းစာမှာတော့ မိမိ ခန္စာကိုယ်ရဲ့ နာကျင်မှုတွေကို ဘယ်လို ဖော်ပြပြောဆိုနိုင်သလဲ ဆိုတာတွေကို လေ့လာနိုင်သလို နာကျင်မှုတွေအတွက် ဆောင်ရန် ရှောင်ရန်တွေနဲ့ ပတ်သက်ပြီး physiotherapist တစ်ဦးရဲ့ ပြောပြချက်တွေကို နားဆင်နိုင်ပါတယ်။
#၄၇ တောထဲ လမ်းလျှောက်ထွက်ကြစို့ (Adv) 17.11.2023 11:26
ဒီအင်္ဂလိပ်စာ သင်ခန်းစာမှာတော့ တောထဲ လမ်းလျှောက်ထွက်ခြင်း Bushwalking အကြောင်းနဲ့ ဆက်စပ်ပါတယ်။ တောင်တက် လမ်းလျှောက်တာမျိုး လုပ်တဲ့အခါမှာ ပျော်ရွှင်မှုရသလို လုံခြုံဘေးကင်းဖို့ ဘယ်လို လုပ်ဆောင်နိုင်သလဲ ဆိုတဲ့အကြောင်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ I’m going off the beaten track, I’m totally pumped, Let’s hike a loop trail နဲ့ Let’s follow a point-to-point trail တွေက ဘာကိုဆိုလိုသလဲ ဆိုတာကိုလည်း လေ့လာနိုင...
#၄၆ လွယ်ကူတဲ့ဆုံးဖြတ်ချက်နဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေအကြောင်း ပြောဆိုခြင်း 17.11.2023 13:41
ဒီအင်္ဂလိပ်စာ သင်ခန်းစာမှာတော့ လွယ်ကူတဲ့ဆုံးဖြတ်ချက်နဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေအကြောင်း ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာကို လေ့လာနိုင်သလို ပြည်ပနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်တဲ့လူတွေ ဩစတြေးလျနိုင်ငံမှာ အခြေချ နေထိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချရတဲ့အကြောင်း ပြောပြထားတာတွေကိုလည်း နားဆင်နိုင်ပါပြီ။
#၄၅ စိတ်မကျေမနပ် ဖြစ်နေတဲ့ customer ကို ဘယ်လို ကိုင်တွယ်မလဲ 15.11.2023 13:51
မိမိလုပ်နေတဲ့ ဘယ်အလုပ်မဆို စိတ်မကျေမနပ် ဖြစ်တဲ့ customer တွေကို ကြုံရနိုင်ပါတယ်။ အဲဒီလို အနေအထားမျိုးမှာ ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ၊ အသေးစား စီးပွားရေးတွေအတွက် အထောက်အကူပြုစေမယ့် အရင်းအမြစ်တွေကို ဘယ်နေရာမှာ ရယူနိုင်သလဲ ဆိုတာတွေကိုလည်း လေ့လာနိုင်ပါတယ်။
#၄၄ ရာသီဥတုနဲ့ ဆက်စပ်ပြီး စကားစမြည် ပြောဆိုခြင်း 08.11.2023 11:54
ပူတဲ့ရာသီကို ကြိုက်သလား ဒါမှမဟုတ် စိုစွတ်ပြီး အေးတဲ့ ရာသီကို ကြိုက်နှစ်သက်သလား။ ဒီအင်္ဂလိပ်စာ သင်ခန်းစာနဲ့အတူ ရာသီဥတု လွန်ကဲမှုအကြောင်း ပြောဆိုခြင်းကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုနဲ့ ပတ်သက်တဲ့ အရေးပေါ်အချက်အလက်တွေကို တခြား ဘာသာစကားတွေနဲ့လည်း ဘယ်နေရာမှာ ရှာကြည့်နိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။
#၄၃ စာဖတ်ခြင်းနဲ့ စာအုပ်အကြောင်း ပြောဆိုခြင်း 08.11.2023 13:28
ဒီသင်ခန်းစာက စာဂျပိုးတွေနဲ့ ကိုက်ညီတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ စာအုပ်နဲ့ ဆက်စပ်ပြီး ဘယ်လို ပြောဆိုဆွေးနွေးနိုင်သလဲ ဆိုတဲ့အကြောင်းနဲ့ သင့်ဘာသာစကားနဲ့ စာအုပ်တွေကို ဘယ်နေရာမှာ ရနိုင်သလဲ ဆိုတဲ့အကြောင်းတွေကို လေ့လာနိုင်ပါတယ်။
#42 Let’s talk about thrifting & fashion (Adv) - #၄၂ ခြိုးခြံချွေတာခြင်းနဲ့ ဖက်ရှင်အကြောင်း ပြောဆိုခြင်း 17.10.2023 14:57
Learn how to talk about thrifting and sustainable fashion. Plus find out how you can upcycle your old clothes and items for free. - ဒီအင်္ဂလိပ်စာ သင်ခန်းစာမှာတော့ ခြိုးခြံချွေတာခြင်းနဲ့ ရေရှည်တည်တံ့မှုရှိတဲ့ ဖက်ရှင်အကြောင်းကို လေ့လာနိုင်ပါတယ်။ သင့်မှာ ရှိနေတဲ့ အဝတ်အထည်နဲ့ တခြား ပစ္စည်းတွေကို ခေတ်အလိုက် အခမဲ့ ဘယ်လို upcycle လုပ်နိုင်သလဲ ဆိုတဲ့အကြောင်းတွေကိုလည်း လေ့လာနိုင်ပါတယ်။
#41 How to say sorry (Med) - #၄၁ တောင်းပန်စကား ဘယ်လို ပြောဆိုမလဲ 17.10.2023 15:27
Learn how to apologise in informal and formal settings. Plus find out how various cultures view the act of apologising. - ဒီအင်္ဂလိပ်စာ သင်ခန်းစာမှာတော့ ရုံးပြင်ကနားအတွက် တောင်းပန်စကားဆိုရသည်ဖြစ်ဖြစ် ရိုးရိုးသာမာန်လူတွေနဲ့ တောင်းပန်စကား ပြောရတာပဲ ဖြစ်ဖြစ် တောင်းပန်စကားကို ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ ရိုးရာယဥ်ကျေးမှုတွေက တောင်းပန်တဲ့ အမူအကျင့်အပေါ် အမြင်မတူကြတ...
#40 Talking about crime (Adv) - #၄၀ မူခင်းအကြောင်း ပြောဆိုခြင်း 10.10.2023 14:09
Learn how to talk about criminal activities. Plus find out about Sydney's grim past. - ဒီအင်္ဂလိပ်စာ သင်ခန်းစာကတော့ စူးစူးစမ်းစမ်း စပ်စပ်စုစုရှိတဲ့လူတွေနဲ့ သင့်တော်ပါတယ်။ မူခင်းရေးရာအကြောင်း ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာတွေအပြင် ဆစ်ဒနီမြို့ရဲ့ နှစ်မြို့စရာ မကောင်းတဲ့ အတိတ်ဖြစ်ရပ်အကြောင်းတွေကိုလည်း လေ့လာနိုင်ပါတယ်။
#39 Lodging your tax returns | Tips for claiming expenses (Adv) - #၃၉ Tax return အကြောင်း၊ ဆောင်ထားတဲ့ အခွန်ငွေတွေ ပြန်ရအောင် ဘယ်လို လုပ်ဆောင်မလဲ 10.10.2023 16:04
Learn how to talk about a tax return. Plus find out how a tax deduction can help reduce your tax bill. - ဒီအင်္ဂလိပ်စာ သင်ခန်းစာမှာတော့ တစ်နှစ်စာ ပေးထားတဲ့ အခွန်တွေ ပြန်ရမလား ဒါမှမဟုတ် အခွန်ဆောင်ထားတာ နည်းလွန်းလို့ ပြန်ပေးရမလား ဆိုတာ သိရအောင် တစ်နှစ်တစ်ခါ လုပ်ရတဲ့ tax return အကြောင်းကို လေ့လာနိုင်ပါတယ်။ Tax deduction က ကိုယ့်ကို ဘယ်လို သက်သာစေနိုင်သလဲ ဆိုတာတွေကိုလည်း လေ့လာနိုင်ပါတယ်။
#၃၈ ဂီတအကြောင်း ပြောဆိုဆွေးနွေးခြင်း 27.09.2023 18:52
ဂီတကို စိတ်ဝင်စားသူတွေရော စိတ်မဝင်စားတဲ့ လူတွေအတွက်ပါ အသုံးဝင်နိုင်ပါတယ်။ ခေတ်ပေါ် ဂီတအကြောင်းကအစ ဂန္တဝင်ဂီတ အကြောင်းအထိ ဘယ်လို ပြောဆိုနိုင်သလဲ ပြီးတော့ အနောက်တိုင်း တီးဝိုင်းမှာ တီးဝိုင်းအဖွဲ့ရဲ့ ရှေ့မှာ ရပ်ပြီး လက်နဲ့ လှုပ်ရှားညွန်ပြတဲ့ ဂီတမှူး conductor ရဲ့ လုပ်ဆောင်ချက်တွေကို နားလည်ဖို့အတွက်လည်း လေ့လာနိုင်ပါတယ်။
#၃၇ ကြုံနေရတဲ့ အခက်အခဲတွေကို တိုင်ပင်ပြောဆိုခြင်း 27.09.2023 15:25
တခါတလေမှာ အခက်အခဲတွေ စိတ်သောကဖြစ်စရာတွေ ကြုံတွေ့ရနိုင်ပါတယ်။ အဲဒီလို အချိန်မှာ မိမိကြုံကြိုက်ရတဲ့ အခက်အခဲ ပြဿနာတွေကို မိမိယုံကြည်ရသူတွေနဲ့ ဘယ်လို ပြောဆိုမလဲဆိုတာကို လေ့လာနိုင်သလို မိမိအနေနဲ့ နေအိမ်မှာ အနိုင်ကျင့်ခံရရင် ဘယ်လို အကူအညီ ရယူနိုင်မလဲ ဆိုတဲ့အကြောင်းတွေကိုပါ လေ့လာနိုင်ပါတယ်။
#၃၆ အိမ်ဝယ်ယူခြင်း 26.09.2023 12:44
အိမ်ဝယ်ဖို့ စိတ်ကူးနေပါသလား။ အိမ်ရောင်ဝယ်ရေး အေးဂျင့်နဲ့ ဘယ်လို ပြောဆိုဆက်ဆံရမလဲ၊ အိမ်ကို လေလံတင် ရောင်းချတာမျိုးကို နားလည်အောင် ဘယ်လို လုပ်ဆောင်နိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။
Learn English - How to self-promote at work, networking tips - #၃၅ လုပ်ငန်းမှာ မိမိရဲ့ လုပ်ကိုင်နိုင်စွမ်းကို ဘယ်လို မြင့်တင် ပြောဆိုမလဲ 07.06.2023 4:50
Learn how to talk about your skills and achievements. Plus, tips and strategies for attending a networking event. - ဒီသင်ခန်းစာမှာ မိမိရဲ့ စွမ်းရည်နဲ့ စွမ်းဆောင်နိုင်မှုတွေကို ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။ အဲဒါ့အပြင် အလုပ်နဲ့ဆက်စပ်ပြီး တက်ရောက်ရတဲ့ အခမ်းအနားတွေမှာ ဘယ်လို လုပ်ကိုင်ပြောဆိုသင့်တယ် ဆိုတဲ့အကြံဥာဏ်တွေကိုလည်း လေ့လာရမှာ ဖြစ်ပါတယ်။
#34 Getting a pet (Med) - #၃၄ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း 07.06.2023 1:41:03
Love animals? Learn language to describe pets and how to talk to a breeder. Plus, find out three important things that you should think about before getting a pet. - တိရစ္ဆာန်တွေကို ချစ်မြတ်နိုးပါသလား။ အိမ်မွေးတိရစ္ဆာန်နဲ့ ပတ်သက်ပြီး မျိုးကွဲတွေအကြောင်း ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာတွေကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် အိမ်မှာ တိရစ္ဆာန် မမွေးခင် အရေးကြီးတဲ့ အချက် ၃ ချက်ကို အရင်သိထားရမယ့်အကြောင်းတွေကိုလည...
#33 Arranging a playdate for children (Med) - #၃၃ - ကလေးတွေကို အရွယ်တူတဲ့ တခြားကလေးတွေနဲ့ ကစားနိုင်အောင် စီစဥ်ခြင်း 02.04.2023 14:21
Learn how to arrange playdates for children. Plus, find out the benefits of playdates. - ဒီသင်ခန်းစာမှာ ကလေးတွေကို တခြားကလေးတွေနဲ့ အတူ ကစားနိုင်အောင် ဘယ်လိုစီစဥ်ပေးရမလဲ ဒီလို playdate တွေက ကလေးအတွက် ဘယ်လို အကျိုးကျေးဇူး ရရှိစေနိုင်သလဲ ဆိုတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
#32 Negotiating salary | Free legal help in Australia (Adv) - #၃၂ လစာအကြောင်း ညှိနှိုင်းခြင်း - ဩစီမှာ အခမဲ့ရနိုင်တဲ့ တရားရေးဆိုင်ရာ အကူအညီအကြောင်း 02.04.2023 15:42
Learn how to ask for more money from your employer. Plus, find out where you can access free and confidential legal help in Australia. - ဒီသင်ခန်းစာမှာ သင့်ရဲ့ အလုပ်ရှင်ဆီကနေ လုပ်အားခလစာ ပိုရဖို့ ဘယ်လို ညှိနှိုင်းတောင်းဆိုရမလဲ ဆိုတာကို လေ့လာနိုင်သလို ဩစတြေးလျနိုင်ငံမှာ တရားရေးဆိုင်ရာ အကူအညီတွေကို ဘယ်လို နေရာမှာ ရယူနိုင်သလဲ ဆိုတာကိုလည်း လေ့လာရမှာ ဖြစ်ပါတယ်။
#27 Our best episodes from 2022 - #၂၇ _ ၂၀၂၂ ခုနှစ်အတွင်း အကောင်းဆုံး အင်္ဂလိပ်စာ သင်ခန်းစာ 09.03.2023 11:14
Choosing your favourite episode might be like choosing a favourite child. OK, maybe it's not that hard. Find out which episodes Josipa and Janine think are the best from 2022. - အကောင်းဆုံး သင်ခန်းစာကို ရွေးချယ်ပါလို့ ပြောရင် အချစ်ဆုံး သား၊ သမီးကို ရွေးချယ်ခိုင်းသလိုပဲ ဖြစ်နိုင်သလို အဲဒီလောက် ခက်ခဲချင်မှလည်း ခက်ခဲမှာပါ။ ၂၀၂၂ ခုနှစ်အတွင်း Josipa နဲ့ Janine တို့က ဘယ်သင်ခန်းစာကို အကြိုက်ဆုံးလဲ ဆိုတာက...
#29 Starting School | Volunteering at School - #၂၉ ကျောင်းစတင်ခြင်း - မိမိရဲ့ သား၊သမီး ကျောင်းမှာ လုပ်အားပေးခြင်း 09.03.2023 13:28
Learn phrases for talking about different schools. Plus, find out about English support for migrant and refugee students. - မတူညီတဲ့ စာသင်ကျောင်းတွေအကြောင်းပြောတဲ့အခါမှာ သုံးတဲ့ စကားလုံး အသုံးအနှုန်းတွအကြောင်းကို လေ့လာနိုင်ပါတယ်။ ပြီးရင် အင်္ဂလိပ် စကားပြောနောက်ခံက မဟုတ်တဲ့ လူတွေနဲ့ ဒုက္ခသည်အဖြစ် ရောက်လာတဲ့လူတွေအတွက် အင်္ဂလိပ်စာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို ဘယ်လို ရယူနိုင်သလဲ ဆိုတာကိုလည်း လေ့လာရမှ...
#28 Setting goals | Three As Technique - #၂၈ ရည်မှန်းချက်ပန်းတိုင်း ထားရှိခြင်း 08.03.2023 11:52
Learn how to talk about goals and New Year’s resolutions. Plus, find out how Three As Technique can help your language learning goals. - ရည်မှန်းချက် ပန်းတိုင်းအကြောင်းနဲ့ နှစ်သစ်မှာ မိမိမကြိုက်တဲ့ စရိုက်တွေကို ပယ်ပြီး အမူအကျင့်ကောင်းတွေ ပျိုးထောင်ဖို့ ကြိုးစားမယ့်အကြောင်းတွေကို ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။ အဲဒါ့အပြင် ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါမှာ မိမိပန်းတိုင်ရောက်ဖို့ နည်းလ...
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos