ဗွီအိုအေ

နိုင်ငံတကာ - ဗွီအိုအေ

News MY ↓ 50 episódios

ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။

Não deixe de visitar o site do podcast e apoiar quem o produz: burmese.voanews.com

Autor

ဗွီအိုအေ

Categoria

News

Site do podcast

burmese.voanews.com

Último episódio

15 de mar de 2025

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

ရိုဟင်ဂျာ အထောက်အပံ့ဖြတ်တောက်မှု ဟန့်တားဖို့ ကုလအကြီးအကဲ ကြိုးပမ်းမည် - မတ္ ၁၅, ၂၀၂၅ 15.03.2025

ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အပစ်ရပ်ရေးသဘောမတူရင် ရုရှားကို G7 ဒဏ်ခတ်မည် - မတ္ ၁၅, ၂၀၂၅ 15.03.2025

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အပစ်ရပ်ရေး အတွက် အမေရိကန်တင်သွင်းတဲ့ အကြံပြုချက်ကို ရုရှားက လက်ခံဖို့၊ လက်မခံရင် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မှာ ဖြစ်ကြောင်း သဘောတူဖို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံက သောကြာနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တရားရေးဌာနမှာ သမ္မတ Trump မိန့်ခွန်းပြော - မတ္ ၁၅, ၂၀၂၅ 15.03.2025

အမေရိကန် တရားစီရင်ရေး သမိုင်းမှာ မျှတမှုရှိတဲ့ ဂုဏ်ယူဖွယ် အခန်းသစ် တခုကို စတင်နေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ သောကြာနေ့ အမေရိကန်တရားရေးဌာနမှာ ဆယ်စုနှစ်အတွင်း သမ္မတ တယောက်အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလိုပြောကြားတာ ဖြစ်ပါတယ်။

အသုံးစရိတ်ဥပဒေကြမ်း ကန် အထက်လွှတ်တော် အတည်ပြု - မတ္ ၁၅, ၂၀၂၅ 15.03.2025

အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းသွားမှာကို ကာကွယ်တဲ့ အနေနဲ့ အထက်လွှတ်တော်က သောကြာနေ့ ညနေပိုင်းမှာ နောက် ၆ လအတွက် အသုံးစရိတ်မူကြမ်းကို အတည်ပြု ပေးလိုက်ပါတယ်။

ရနောင်းဆိပ်ကမ်း ထိုင်း တိုးချဲ့မည် - မတ္ ၀၉, ၂၀၂၅ 09.03.2025

ထိုင်းနိုင်ငံ ရနောင်းမြို့ဆိမ်ကမ်းမှာ လုပ်ငန်းများပိုတွင်ကျယ်အောင် အခြေခံအဆောက်အအုံတွေ ထပ်မံဆောက်လုပ်သွားဖို့ ထိုင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဥ်နေပါတယ်။

နှစ်နိုင်ငံဆွေးနွေးဖို့ ထရမ့် ကမ်းလှမ်းချက် အီရန်လက်မခံ - မတ္ ၀၉, ၂၀၂၅ 09.03.2025

အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆွေးနွေးဖို့ အမေရိကန်က ဖိအားပေးနေတာတွေကို ကန့်ကွက်ကြောင်း အီရန်ဘာသာရေးဥသျှောင် အယာတိုလာ အလီ ခါမီနီ (Ayatollah Ali Khamenei) က ပြောဆိုလိုက်ပါတယ်။

ငွေ ၁ သန်းနဲ့ ခွေး ၂ ကောင် ပြန်ပေးဆွဲသူတွေ ဆွစ်ရဲ ဖမ်းဆီး - မတ္ ၀၉, ၂၀၂၅ 09.03.2025

ခွေးနှစ်ကောင်ကိုပြန်ပေးဆွဲပြီး ဆွစ်ဖရန်စ် ၁ သန်း (ဒေါ်လာ ၁.၁၃၅ သန်းခန့်) ငွေတောင်းခံတဲ့ အမှုမှာ ခွေးတွေကို ကယ်တင်နိုင်ခဲ့ပြီး သံသယ တရားခံတွေကို ဖမ်းဆီးထားကြောင်း ဆွစ်ဇာလန် ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။

ဂါဇာ အပစ်ရပ် ဒုအဆင့်အတွက် အီဂျစ်နဲ့ ဟာမတ်စ်ဆွေးနွေး - မတ္ ၀၉, ၂၀၂၅ 09.03.2025

ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့က ကိုင်ရိုမြို့တော်ကို ရောက်ရှိခဲ့ပြီး ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဒုတိယအဆင့်ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အီဂျစ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း ဟာမတ်စ်ပြောရေးဆိုခွင့်ရှိသူနှစ်ဦးက ပြောပါတယ်။

ကန်အစိုးရအသုံးစရိတ် ဥပဒေကြမ်း ရီပတ်ဘလစ်ကင် တင်သွင်း - မတ္ ၀၉, ၂၀၂၅ 09.03.2025

အမေရိကန်ပြည်ထောင်စုမှာ ရှေ့တပတ် သောကြာနေ့ နောက်ဆုံးထားပြီး အစိုးရအသုံးစရိတ် အသစ် မပြဌာန်းနိုင်ရင် အစိုးရ ယန္တရားတချို့ ရပ်တန့်ရဖို့ ရှိနေချိန်မှာပဲ အောက်လွှတ်တော်က ရီပတ်ဘလီကန် အမတ်တွေဟာ စာမျက်နှာ ၉၉ မျက်နှာပါ အစိုးရ အသုံးစရိတ်ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ကျန်းမာရေး အနည်းငယ် တိုးတက် - မတ္ ၀၉, ၂၀၂၅ 09.03.2025

ဆေးရုံမှာ လေးပတ်မြောက် ဆေးကုသမှုခံနေရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အခုရက်ပိုင်းတွေထဲမှာ “ဖြည်းဖြည်းချင်း တိုးတက်လာနေတဲ့ အရိပ်အယောင်” ပြသလာကြောင်း ဗာတီကန်နန်းတော်က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကန်မှာ TSMC ဒေါ်လာ ၁၀၀ ဘီလီယံမြှုပ်နှံမှု ထိုင်ဝမ်သမ္မတ ကြိုဆို - မတ္ ၀၇, ၂၀၂၅ 07.03.2025

ထိုင်ဝမ်ရဲ့ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု ကော်ပိုရေးရှင်း TSMC က အမေရိကန်မှာ ဒေါ်လာ ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာဟာ အမေရိကန်- တိုင်ဝမ်ဆက်ဆံရေး အတွက် သမိုင်းတွင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ Lai Ching-te က ပြောကြားလိုက်ပါတယ်။

မက်ဆီကို ကုန်စည်အပေါ် အခွန်တိုးမြှင့်ရေး Trump ဆိုင်းငံ့ - မတ္ ၀၇, ၂၀၂၅ 07.03.2025

မက်ဆီကိုသမ္မတ Claudia Sheinbaum က ရွေ့ပြောင်းသူတွေ အမေရိကန်ထဲမဝင်ဖို့နဲ့ fentanyl မူးယစ်ဆေးတွေ မဝင်အောင် တားဆီးရာမှာ သူ့အစိုးရက ဘယ်လို ကူညီခဲ့တယ် ဆိုတာကို တိုက်ရိုက်ပြောကြားခဲ့တဲ့ နောက်မှာ သမ္မတဒေါ်နယ်ထရမ့်က မက်ဆီကိုတင်ပို့ကုန်တွေ အပေါ် အခွန် ၂၅ % ကောက်ခံမှုကို သီတင်းပတ် ၄ ပတ် ဆိုင်းငံ့လိုက်ပါတယ်။

ကန် နဲ့ ယူကရိန်း ကိုယ်စားလှယ်တို့ ဆော်ဒီမှာ ဆွေးနွေးမည် - မတ္ ၀၇, ၂၀၂၅ 07.03.2025

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ သူဟာ ဆော်ဒီအာရေဗျကို သွားမှာ ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Steve Witkoff က ကြာသပတေးနေ့မှာပြောပါတယ်။

အစ္စရေး-ဟာမတ်စ် အပစ်ရပ် ဒုတိယအဆင့် စတင်ဆွေးနွေး - မတ္ ၀၁, ၂၀၂၅ 01.03.2025

အစ္စရေးနဲ့ ဟာမတ်စ် အဖွဲ့ကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ဒုတိယအဆင့်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ  စတင် ဆွေးနွေးနေပြီလို့ အီဂျစ်အစိုးရ သတင်းနဲ့ ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Trump - Zerlenshyy ဆွေးနွေးပွဲ ပြန်လှန်အော်ဟစ် ရပ်ဆိုင်း - မတ္ ၀၁, ၂၀၂၅ 01.03.2025

ယူကရိန်း မြေရှားသတ္တုတွေကို အမေရိကန်က တူးဖော်နိုင်ခွင့် သဘောတူညီချက် အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ သမ္မတ အိမ်ဖြူတော်မှာ ဆွေးနွေးမှုဟာ ဒေါသနဲ့ အပြန်အလှန် အော်ဟစ် အဆုံးသတ်သွား ခဲ့ပါတယ်။

ကုလအကြီးအကဲ  ရိုဟင်ဂျာ ဒုက္ခသည်စခန်း သွားမည် - ေဖေဖာ္၀ါရီ ၂၈, ၂၀၂၅ 28.02.2025

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ မွတ်ဆလင်ဥပုသ်လ ရာမဒန်ကာလ ခရီးစဉ်အဖြစ် မတ်လ ၁၃ ရက်ကနေ ၁၆ ရက်အထိ ဘင်္ဂလာဒေ့ရှ်ကို လာရောက်မှာ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဝှီဂါတွေ ထိုင်းက တရုတ်ကို ပို့မယ့်ကိစ္စ ကန်ဝန်ကြီးရှုတ်ချ - ေဖေဖာ္၀ါရီ ၂၈, ၂၀၂၅ 28.02.2025

ထိုင်းအစိုးရက ဝှီဂါ ၄၀ ထက်မနည်းကို တရုတ်နိုင်ငံ ပြန်ပို့တာအတွက် အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

သံဆက်ဆံရေး ချောမွေ့ဖို့ ကန်-ရုရှား ဆွေးနွေး - ေဖေဖာ္၀ါရီ ၂၈, ၂၀၂၅ 28.02.2025

ယူကရိန်းကျူးကျော်စစ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားကြား မပြေမလည် ဖြစ်နေတဲ့ သံဆက်ဆံရေးကို ချောမွေ့အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှာကြံဖို့ ၂ ဘက် သံအရာရှိတွေ ကြာသပတေးနေ့က တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် မြို့မှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

ယူကရိန်းလုံခြုံရေး သမ္မတ Trump ကတိမပြု - ေဖေဖာ္၀ါရီ ၂၈, ၂၀၂၅ 28.02.2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန် ဝန်ကြီးချုပ် Keir Starmer နဲ့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး လက်ရှိဖြစ်ပွားနေဆဲ ယူကရိန်းစစ်ပွဲနဲ့  ၂ နိုင်ငံ ကုန်သွယ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

နောက်ထပ် အစ္စရေး ဓါးစာခံ ၆ ဦး ဟားမတ်စ် ပြန်လွှတ် - ေဖေဖာ္၀ါရီ ၂၃, ၂၀၂၅ 23.02.2025

အစ္စရေးနဲ့ ဟားမတ်စ်ကြား တင်းမာမှုတွေ တိုးမြင့်လာနေပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ရှေ့ရေး မရေမရာ ဖြစ်နေတဲ့ကြားမှာ ဖမ်းထားတဲ့ ဓားစာခံ ၆ ဦးကို ဟားမတ်စ်အဖွဲ့က စနေနေ့မှာ လွှတ်ပေးခဲ့ပါတယ်။

CPAC ကွန်ဆာဗေးတစ် ညီလာခံ သမ္မတထရမ့် မိန့်ခွန်းပြောကြား - ေဖေဖာ္၀ါရီ ၂၃, ၂၀၂၅ 23.02.2025

ဝါရှင်တန်မြို့တော် အနီးမှာကျင်းပတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှုညီလာခံ CPAC ရဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့ စနေနေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ညီလာခံ အပိတ် မိန့်ခွန်းပြောကြားခဲ့ပြီး “တိုင်းပြည်ကို ကျနော်တို့ ပြန်ရခဲ့ပြီ” လို့ ကြွေးကြော်ခဲ့ပါတယ်။

ကန်အစိုးရစရိတ် ပိုလျှော့ချဖို့ အီလွန်မတ်စ်ကို ထရမ့်တိုက်တွန်း  - ေဖေဖာ္၀ါရီ ၂၃, ၂၀၂၅ 23.02.2025

ဖက်ဒရယ်အစိုးရ ဝန်ဆောင်မှုနဲ့ ဝန်ထမ်း အရေအတွက် လျှော့ချနိုင်ရေးကို ပိုပြီး ပြင်းပြင်းထန်ထန် အရှိန်မြှင့်လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အစိုးရ ဌာန စွမ်းဆောင်ရည် စိစစ် အကဲဖြတ်‌ရေး အတွက် တာဝန်ပေးထားတဲ့ ကုဋေကြွယ် သူဌေးကြီး အီလွန်မတ်စ်ကို စနေနေ့က တိုက်တွန်းလိုက်ပါတယ်။

အငြင်းပွားဝေဟင် ဖိလစ်ပိုင်ချိုးဖောက်ဟု တရုတ်စွပ်စွဲ - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 22.02.2025

ဖိလစ်ပိုင်ဟာ နယ်မြေအငြင်းပွါးနေတဲ့ တောင်တရုတ် ပင်လယ်ပြင် ပေါ်က ဝေဟင်ထဲကို သောကြာနေ့က သူ့ရဲ့ လေယာဉ် ၃ စင်း တရားမဝင် စေလွှတ်ခဲ့ပြီး ၂ နိုင်ငံကြား ကာလတာရှည် နယ်မြေအငြင်းပွါးပြီး တင်းမာနေတဲ့ အခြေအနေကို ပိုဆိုးလာစေတယ်လို့ တရုတ်က စွပ်စွဲပါတယ်။

အနောက်ဘက်ကမ်း အကြမ်းဖက်နှိမ်နင်းရေး အစ္စရေး အရှိန်မြှင့် - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 22.02.2025

အစ္စရေးနိုင်ငံ Tel Aviv မြို့က Bat Yam ဆင်ခြေဖုံးဒေသမှာ ပေါက်ကွဲမှု ၃ ခု ဖြစ်ပွါးခဲ့တဲ့နောက် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း West Bank ဒေသမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှုတွေ တိုးမြှင့်ဖို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က သောကြာနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု အာဖဂန် က လာနိုင်သေး (Marko Rubio) - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 22.02.2025

တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ်စတန် နိုင်ငံထဲက အုပ်ချုပ်သူကင်းမဲ့နေတဲ့ ဒေသတွေဟာ အစွန်းရောက်အဖွဲ့တွေ လှုပ်ရှားဖို့ အခွင့်အရေး ပေးသလို ဖြစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောပါတယ်။

Ouça o podcast နိုင်ငံတကာ - ဗွီအိုအေ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos