Democratic Voice of Burma

DVB News

News MY ↓ 1459 episódios

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Não deixe de visitar o site do podcast e apoiar quem o produz: burmese.dvb.no

Autor

Democratic Voice of Burma

Categoria

News

Site do podcast

burmese.dvb.no

Último episódio

10 de jul de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

စစ်ကောင်စီက လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေဟု ကုလလူ့အခွင့်အရေး မဟာမင်းကြီးပြော 10.03.2023

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်ရက်စက်ယုတ်မာမှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မတ်လ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

နေပြည်တော်အထိခြိမ်းခြောက်နိုင်မှ တော်လှန်ရေးပြီးနိုင်မည်ဟု ကျောင်းသားတပ်မတော် တာဝန်ရှိသူပြော 09.03.2023

ကိုယ့်ဒေသကို ကာကွယ်နေရုံနဲ့မပြီးဘဲ နေပြည်တော်အထိ ခြိမ်းခြောက်နိုင်မှ တော်လှန်ရေးကြီးပြီးဆုံးပြီး စစ်အာဏာရှင်ချုပ်ငြိမ်းနိုင်မယ်လို့ ကျောင်းသားတပ်မတော် တာဝန်ရှိသူက ပြောပါတယ်။

အစ္စရေးအစိုးရရဲ့ တရားစီရင်ရေး ပြုပြင်မွမ်းမံမှုလုပ်ဆောင်ချက်အပါအဝင် 09.03.2023

အစ္စရေးအစိုးရရဲ့ တရားစီရင်ရေး ပြုပြင်မွမ်းမံမှုလုပ်ဆောင်ချက်အပါအဝင် ကမ္ဘာတဝှမ်းက ထူးထူးခြားခြားသတင်းတွေနဲ့အတူ စီးပွားရေး လူမှုရေး စစ်ရေး သတင်းတွေကိုစုစည်း တင်ဆက်ပေးထားတဲ့ ဒီဗွီဘီရဲ့ လှုပ်လှုပ်ရှားရှားကမ္ဘာတလွှားအစီအစဉ်ကို နားဆင်နိုင်ပါတယ်။ (မတ်လ ၈)

၁၀ တန်းစာမေးပွဲကာလ လျှပ်စစ်မီးအချိန်မှန်မရဘဲ မကြာခဏပျက်နေ 08.03.2023

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း မီးမှန်အောင်ပေးမယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပေမယ့် လျှပ်စစ်မီးအချိန်မှန်မရဘဲ မကြာခဏပျက်နေတာကြောင့် ကျောင်းသားတွေနဲ့ မိဘတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။

စစ်တပ်ကကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၀ ကျော်ရှိလာ 08.03.2023

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၀ ကျော်ကျူးလွန်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။  

စစ်ကောင်စီတပ်သားနည်းလာနေပြီဟု CDM တပ်သားများပြော 08.03.2023

ပြည်သူ့ခုခံစစ်ကြောင့် တိုက်ပွဲတွေများနေပြီး အကျအဆုံးတွေ များတာကြောင့် အာဏာသိမ်း စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့တွေမှာ စစ်သည်အင်အားတွေ နည်းပါးလာနေပြီလို့ CDM တပ်သားတွေက ပြောပြကြပါတယ်။

ပါတီမှထုတ်ပယ်ခံရသူများသည် ပါတီမှတ်ပုံပြန်တင်ရန် ကြိုးပမ်းနေသူများဖြစ်ဟု NLD ပြော 07.03.2023

ပါတီကထုတ်ပယ်လိုက်တဲ့သူတွေဟာ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ဆက်ဆံပြီး ပါတီမှတ်ပုံပြန်တင်ဖို့ ကြိုးပမ်းနေတဲ့သူတွေဖြစ်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီကပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်၊ မိသားစုဝင် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ် 06.03.2023

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်၊ အိုခီးယားမြို့ရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မတ် ၅ ရက်၊  မနေ့မွန်းလွဲ ၂ နာရီလောက်က  မီးလောင်ပြီး မိသားစုဝင် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သလို ကလေးငယ်အပါအဝင် လူအများအပြား ပျောက်ဆုံးနေတယ်လို့   ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

မယ်တော်ဆေးခန်းတွင် လူနာအရေအတွက် ပိုတိုးလာသဖြင့် ဆေးဝါးရိက္ခာပိုမိုလိုအပ်လာ 06.03.2023

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပေးနေတဲ့  မယ်တော်ဆေးခန်းမှာ အတွင်းလူနာနဲ့ ပြင်ပလူနာ ပိုများလာတာကြောင့်  ဆေးဝါးနဲ့ ရိက္ခာ ပိုမိုလိုအပ်လာတယ်လို့ ဒေါက်တာ စင်သီယာမောင်က ဒီဗွီဘီကို  ပြောပါတယ်။

ချင်းအဆိုတော်များ Cover သီဆိုထားသည့် “We Are the World” သီချင်း ရေပန်းစားနေ 05.03.2023

မြန်မာမှာဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိစေဖို့ ကာဗာပြန်လည်သီဆိုခဲ့တဲ့  "We are the world" သီချင်းဟာ ပရိတ်သတ်တွေအကြား လူကြိုက်များ ရေပန်းစားအောင်မြင်ခဲ့လို့ ကျေနပ်ရပေမယ့် ပြည်တွင်းမှာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေကြောင့် မိသားစုတွေဆုံးရှုံးရသူတွေများစွာရှိနေချိန်မှာ ဒီသီချင်းကိုဖန်တီးရတာဖြစ်လို့  ဝမ်းနည်းရတယ်လို့ တေးသံရှင်တွေက ပြောပါတယ်။ 

စစ်ခေါင်းဆောင်ရဲ့ရခိုင်ခရီးစဉ်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ် (04-MAR-2023 ) 04.03.2023

စစ်ခေါင်းဆောင်ရဲ့ရခိုင်ခရီးစဉ်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ် (04-MAR-2023 )

ဒီမိုကရက်တစ်မြန်မာပြည်အတွက် "Z"မျိုးဆက်တွေရဲ့ မျှော်လင့်ခြင်းအိပ်မက်အသံများ "DVB Vox Pop" နမူနာ 03.03.2023

ဒီမိုကရက်တစ်မြန်မာပြည်အတွက် "Z"မျိုးဆက်တွေရဲ့ မျှော်လင့်ခြင်းအိပ်မက်အသံများ  "DVB Vox Pop" နမူနာ

DVB Vox Pop 03.03.2023

A trailer for the new DVB Vox Pop, a storytelling podcast featuring the voices of Generation Z, sharing their hopes, frustrations, and dreams for a democratic future. DVB English is available wherever you get your podcasts: link.chtbl.com/dvbenglish Download the song The Night Will Not Be Silenced by Cacerolazo and help support the Civil Disobedience Movement (CDM): cacerolazo.bandcamp.com/track/t...

စစ်ကောင်စီက ဖိတ်ခေါ်နေသော်လည်း ပြည်ပရောက်မြန်မာများ နေရပ်ပြန်ရန် အစီအစဉ်မရှိ 03.03.2023

စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကလွဲရင်  အကြောင်း အမျိုးမျိုးကြောင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ၊  ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို  စစ်ကောင်စီက နေရပ်ပြန်လာဖို့ ကြေညာချက် ထုတ်ပြီး ဖိတ်ခေါ်နေပါတယ်။

လုံခြုံရေးအားကောင်းတဲ့ password ဘယ်လိုစဉ်းစားမလဲ? - DVB Smart ED 02.03.2023

https://www.youtube.com/watch?v=RJIijBvAYBo လုံခြုံရေးအားကောင်းတဲ့ password ဘယ်လိုစဉ်းစားမလဲ? - DVB Smart ED

ဖြတ်လေးဖြတ်အပြင် အလှူရှင်နည်းပါးလာမှုရင်ဆိုင်နေရသော ကရင်နီစစ်ရှောင်အခက်အခဲ 02.03.2023

စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်အပြင် အလှူရှင်တွေနည်းပါးလာတဲ့ အခြေအနေရင်ဆိုင်နေရတဲ့ ကရင်နီ စစ်ဘေးရှောင်တွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့  အကြောင်းကို တင်ဆက်ပေးထားပါတယ်။

ပါတီမထောင်ဘဲ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟု တာဝန်ခံမည့်သူရှိပါက ပါတီဖျက်သိမ်းပေးမည်ဟု ဦးကိုကိုကြီးပြော 01.03.2023

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို  ဖြေရှင်းနိုင်မယ်လို့  တာဝန်ခံမယ့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရှိပါက ပါတီဖျက်သိမ်းမယ်လို့  ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ  ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ် 28.02.2023

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေနဲ့ စစ်ကောင်စီရဲ့  ဩဇာခံရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်သွားမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ  ၂၅ ရက်က ကျောက်ဖြူမြို့မှာ ကျင်းပတဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ  ဆုံးဖြတ်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။  စစ်အာဏာရှင်နဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိတာကြောင့် စစ်ကောင်စီရဲ့  ရွေးကောက်ပွဲကို ဝင်ရောက်ပြိုင်မှာမဟုတ်သလို ပါတီမှတ်ပုံတင်မ...

လောင်စာဆီဈေးနူန်းအဆမတန်တက်နေတဲ့ပါကစ္စတန်မှာ ဆင်းရဲသားတွေ ဘဝပျက်အောင် အစိုးရကလုပ်နေဟုဆို 27.02.2023

လောင်စာဆီဈေးနူန်းအဆမတန်တက်နေတဲ့ပါကစ္စတန်မှာ ဆင်းရဲသားတွေ ဘဝပျက်အောင် အစိုးရကလုပ်နေတယ်လို့ ပါကစ္စတန်သုံးဘီးယာဉ်မောင်းတွေကပြောပါတယ်။

ဖယ်ခုံမြို့နယ်ရှိ ခရစ်ယာန်မယ်တော်ဂူကိုလေကြောင်းတိုက်ခိုက်မှု ဘာသာရေးခြိမ်းခြောက်မှုဖြစ် 27.02.2023

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ခရစ်ယာန်မယ်တော်ဂူကို စစ်ကောင်စီက ဒီလဆန်းပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာဟာ ဘာသာရေးနဲ့ပတ်သက်လို့ ခြိမ်းခြောက်မှုလို့ ဒေသခံတွေကပြောဆိုပါတယ်။

မြန်မာ့ရေးလှုပ်ရှားသူများ အမေရိကန်သမ္မတအိမ်ဖြူတော်နှင့် နိုင်ငံခြားရေးရုံးအထိ ချီတက်ဆန္ဒပြ 26.02.2023

စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအတွက် တိုင်းရင်းသားပေါင်းစုံ တညီတညွတ်တည်းရှိကြောင်းပြသတဲ့အနေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက  အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွေကို ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယူကရိန်းစစ်ပွဲ ၁ နှစ်ပြည့်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ် (25-FEB -2023 ) 25.02.2023

25-FEB -2023 အပတ်စဉ် DVB Weekly News Digest အစီအစဉ်။ ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့  DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့  ယူကရိန်းစစ်ပွဲ ၁ နှစ်ပြည့်သုံးသပ်ချက်၊ ပဲခူးတိုင်းခုခံတွန်းလှန်စစ်ပွဲ၊ ဂျပန်-မြန်မာဆက်ဆံရေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့်ပြန်ဖွင့်၊ ဝက်ဆိုက်ဘ်ဝင်မရသဖြင့်အခက်ကြုံ 25.02.2023

နိုင်ငံကူးလက်မှတ်ပတ်စ်ပို့တွေ လျှောက်ထားတာကို စစ်ကောင်စီက ဖေဖော်ဝါရီ  ၂၄ ရက်မှာ အွန်လိုင်း ဘွတ်ကင် စနစ်အသစ်နဲ့ ပြန်ဖွင့်လိုက်တဲ့ ပထမဆုံးနေ့မှာတင် လျှောက်တဲ့သူများတာကြောင့် ဝက်ဘ်ဆိုက်ကိုဝင်မရတဲ့ အခက်အခဲနဲ့ကြုံနေရပါတယ်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး၏ ဈာပနအခမ်းနားကျင်းပ 24.02.2023

အသက် (၅၇) အရွယ်မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး ရဲ့ ဈာပနအခမ်းနားကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ ရေဝေးသုသာန်မှာကျင်းပရာမှာ အနုပညာအသိုက်အဝန်းနဲ့  ပရိတ်သတ်တွေ အများအပြား လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းတွင်စစ်အုပ်ချုပ်ရေးကြညာထားသည့် ၁၄ မြို့နယ်ရှိလာ၊ အဆုံးစွန်ထိရက်စက်မှုများကျူးလွန်လာနိုင် 24.02.2023

ရွှေဘို၊ ဝက်လက်၊ အရာတော် ၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးထပ်မံကြေညာခဲ့တဲ့အတွက် နိုင်ငံတဝန်းမှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၄၇ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းတခုတည်းပဲ ၁၄ မြို့နယ်အထိရှိလာပါတယ်။ စစ်ခေါင်းဆောင်က နမခ စစ်တိုင်းမှူးကို တရားစီရင်ခွင့်အာဏာကိုပါ ပေးအပ်ပြီး အဆုံးစွန်အထိရက်စက်မှုတွေပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့  ဒေသခံ PDF တွေက သုံးသပ်ပြောပါတယ်။ 

Ouça o podcast DVB News no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos