Democratic Voice of Burma

DVB News

News MY ↓ 1459 episódios

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Autor

Democratic Voice of Burma

Categoria

News

Site do podcast

burmese.dvb.no

Último episódio

10 de jul de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

မုန်းမြို့နယ်တွင်းက စစ်ဘေးရှောင် ၆ သောင်းခန့် နေထိုင်စားသောက်ရေးခက်ခဲ 04.08.2023

ပဲခူးတိုင်း၊  မုန်းမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေပြီး ကျေးရွာတွေအတွင်းကို နေ့ည လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ သောင်းနီးပါးဟာ နေရပ်မပြန်ရဲ သေးပဲ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းကို အောင်ခန့်ပေး ပို့ထားပါတယ်။

DVB Newsbreak 5.5 ( ၃ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 03.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၃  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -၂ ပတ်အတွင်း လူ ၂၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၁ ဒသမ ၉ သန်းကျော်လာတဲ့သတင်း - စစ်ကောင်စီက တရားသူကြီးချုပ်နဲ့ ဝန်ကြီးတချို့အပါအဝင် ထိပ်ပိုင်းအရာရှိတချို့ကို အနားပေးပြီး၊ ကောင်စီသစ်ပြန်လည်ဖွဲ့စည်းတဲ့သတင်းနဲ့ - ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ကနိုင်...

DVB Newsbreak 5.5 ( ၂ ရက် ဩဂုတ် ၂၀၂၃၊ ညနေခင်းသတင်း) 02.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတတို့အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့ NUG တောင်းဆိုလိုက်တဲ့သတင်း  -စစ်တပ် အာဏာသိမ်းသက်တမ်းထပ်တိုးမှုအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်ကြောင်း ထုတ်ပြန်လိုက်တဲ့သတင်း  - စစ်ကောင်စီက  ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဖွဲ့စည...

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတတို့ကို ပြစ်ဒဏ်တချို့ လျော့ပေါ့ပေးတဲ့အပေါ် ကျေးဇူးတင်စရာမရှိဟု NUG ပြော 02.08.2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဉီးဝင်းမြင့်တို့ဟာ မတရားဖမ်းဆီး ထောင်ချခံ ထားရတာ ဖြစ်လို့ စစ်ကောင်စီက ပြစ်ဒဏ်တချို့ လျော့ပေါ့ပေးတဲ့အပေါ် ကျေးဇူးတင်စရာမရှိဘူးလို့ NUG ဘက်က တုံ့ပြန်ပါတယ်။ ဒါဟာ နိုင်ငံတကာနဲ့ လူထုအမြင် ဝေဝါးအောင်လုပ်တဲ့ နိုင်ငံရေးအမြတ်ထုတ်မှုလို့ ဝေဖန်ပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။

DVB Newsbreak 5.5 ( ၁ ရက် ဩဂုတ် ၂၀၂၃၊ ညနေခင်းသတင်း) 01.08.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် ၂ ဦးကို အပေါ်ပြစ်ဒဏ်လျှော့ပေးပြီး အကျဉ်းသား  ၇ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်း  -ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ် အေးချမ်းမှ ပြန်လည်ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့ သတင်းနဲ့  -မုန်တိုင်းငယ် အရှိန်ကြောင့် လေပြင်းတိုက် ရေကြီးမြေပြိုန...

စစ်ကောင်စီက ကာလုံအစည်းအဝေးခေါပြီး အရေးပေါ်ကာလ (၆)လထပ်တိုး 01.08.2023

စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလ (၆)လ သက်တမ်းထပ်တိုးခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ထွက် ပေါက်ပိတ်နေချိန်မှာ အာဏာကို ဒီလိုပဲ ဆက်ပြီးဆွဲဆန့်သွားဖို့ပဲရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ပြောဆိုပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။

DVB Newsbreak 5.5 (၃၁ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 31.07.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဘားအံမြို့  သံလွင်တံတားထိပ် စစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲတဲ့သတင်း  -တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က ထိပ်တန်းအရာရှိသုံးယောက် ဖမ်းဆီးခံရတဲ့သတင်းနဲ့ -မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ရေကြီးရေလျှံနေတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ နိုင်ငံတကာအကူအညီ ရမရ လေ့လာဖို့လို 31.07.2023

ကုလနဲ့ နိုင်ငံတကာစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တွေဆီကအကူအညီတွေကို မြန်မာပြည်သူတွေ လက်ခံရယူနိုင်တာ ရှိမရှိဆိုတာကို အလှူရှင်နိုင်ငံတွေက လေ့လာမေးခွန်းထုတ်ဖို့လိုတယ်လို့NUG လူကယ်ပြန်ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှရွေ့ပြောင်းမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(30072023) 30.07.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။ ဒီတပတ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေလဲ၊ အမှတ်တရ ကိုဂျင်မီ၊ ကျပ် ၂ သောင်းတန်ဂယက်၊ ဟွန်ဆန်နဲ့ သက်ဆင်တို့ အကြောင်း စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ပြည်တွင်းဘဏ်များတွင် ငွေအလွှဲအပြောင်းကိစ္စသာ အသုံးများနေ 29.07.2023

အာဏာသိမ်း စစ်ခေါင်းဆောင်က ဘဏ်တွေမှာ ငွေကြေးအပ်နှံမှုတွေ များစွာရှိနေပြီး ပုံမှန်အတိုင်း ငွေကြေး လည်ပတ်မှု ရှိနေတယ်လို့ ပြောဆိုနေပေမဲ့ လက်တွေ့မှာတော့ ဘဏ်တွေမှာ စုငွေအပ်တာထက် မဖြစ်မနေ ငွေအလွှဲအပြောင်းကိစ္စတွေမှာသာ အသုံးပြုကြတယ်လို့ ငွေလွဲလုပ်ငန်း လုပ်ဆောင်နေသူတွေက ပြောပါတယ်။

DVB Newsbreak 5.5 (၂၈ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 28.07.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့စီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာမယ်လို့  စစ်‌ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း  -ဘုတလင် ကျောင်းသားသမဂ္ဂရုံးကို စစ်တပ်က ဝင်စီးပြီး  ကျောင်းသားခေါင်းဆောင်  ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့သတင်း  -ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာ  မိုးသည်းထန်စွာရွာသွန်း၊ ရေကြီးရေလျှံပြီး နေအိမ်တွေ ရေန...

မြဝတီမြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးလာသူ ၄၀၀ ကျော်ကို ထိုင်းနယ်စပ်ဖြတ်ကျော်ခွင့်မပေး 28.07.2023

မြဝတီမြို့တောင်ဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၄၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော်ဝင် ရောက်ခွင့်မပေးတဲ့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင် နေရပါတယ်။

စစ်ကောင်စီ ခွင့်ပြုချက်ဖြင့် မွန်နေရာဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက် 28.07.2023

စစ်ကောင်စီ ခွင့်ပြုချက်နဲ့ မွန်ပြည်နယ် နေရာဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလိုက်လံ ဆောင်ရွက်မှု အပေါ် မွန်လူထူအတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ လုပ်ဆောင် ချက်ဟာ စစ်ကောင်စီ လက်ကိုင်တုတ်မဖြစ်အောင်နဲ့ တော်လှန်ရေအင်အားစုတို့ကြား ပဋိပက္ခမဖြစ်ရေး အထူးသတိထားဖို့ လိုတယ်လို့ တိုင်းရင်းသားအရေးလေ့ာသူတွေ သုံးသပ်ပါတယ်။

DVB Newsbreak 5.5 (၂၇ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 27.07.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  -ကျပ်နှစ်သောင်းတန် ငွေစက္ကူကို တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း NUGက ကြေညာလိုက်တဲ့သတင်း     -ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၀၀ လောက် အထိရှိလာတဲ့သတင်း  -ရန်ကုန်နဲ့ မန္တလေးရှိ ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုသူတွေ ပြန်လည်များပြားလာတဲ့ သတင်းတွေကို -နားဆင်ရမှာပါ။

မိုခါမုန်တိုင်းသင့်ပြည်သူအတွက် စစ်ကောင်စီကိုတိုက်ရိုက်လှူဒါန်းလာတဲ့ အကူအညီပစ္စည်းတွေ ဒေသခံတွေဆီမရောက် 27.07.2023

စစ်ကောင်စီကိုတိုက်ရိုက်လှူဒါန်းလာတဲ့ အကူအညီပစ္စည်းတွေ ဒေသခံတွေဆီမရောက်ပဲ တပ်မိသား စုတွေကိုပဲဖြန့်ဝေပေးနေတယ်လို မိုခါမုန်တိုင်းသင့် ရခိုင်ဒေသခံတွေကပြောပါတယ်။  ဒီသတင်းကို ခိုင်ပန်းနု ပေးပိုထားပါတယ်။

DVB Newsbreak 5.5 (၂၆ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 26.07.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၆ ရက် ညနေခင်းသတင်းတွေကတော့ -အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးဖို့နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းဖို့ စစ်ကောင်စီက စီစဉ်နေတဲ့ သတင်း  -မူဆယ်မှာ တရုတ်စစ်အရာရှိတွေက ပြည်သူ့စစ်တွေကို စစ်သင်တန်းပေးနေတဲ့သတင်း -ကျပ် ၂ သောင်းတန်ဂယက်ကြောင့်  ရန်ကုန်မှာ  လောင်စာဆီဈေးတက်နေတဲ့သတင်းတွေကို  နားဆင်ရမှာပါ။ 

ငွေစက္ကူကျပ် ၂ သောင်းတန် အသစ်ကို စစ်ကောင်စီ ဘာကြောင့်ထုတ်ဝေတာလဲ 26.07.2023

ငွေစက္ကူကျပ် ၂ သောင်းတန် အသစ်ကို စစ်ကောင်စီ ဘာကြောင့်ထုတ်ဝေတာလဲ၊ ငွေစက္ကူအသစ်ထုတ်‌‌ဝေတာကြောင့်  ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ သိနိုင်ဖို့  မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတွေကိုဝေဝေက မေးမြန်းတင်ဆက်ထားပါတယ်။

DVB Newsbreak 5.5 (၂၅ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 25.07.2023

-စစ်တပ်၏အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးရသည့် မြန်မာပြည်သူ ၃၈၀၀ ကျော်အတွက် ဝမ်းနည်းကြောင်း ကန်သံရုံးထုတ်ပြန် -နှစ်သောင်းတန် ငွေစက္ကူထုတ်မယ့်သတင်းကြောင့် ဈေးကွက် ကမောက်ကမဖြစ်ပြီး ရွှေဈေး ဒေါ်လာဈေးတွေ ခုန်တက်သွားသလို  အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းဈေးကွက်အပေါ်ပိုပြီးရိုက်ခတ် -လုပ်ငန်းမှတ်ပုံတင်ဖို့အမိန့်ထုတ်တဲ့အတွက်  တနိုင်တပိုင် အွန်လိုင်း စီးပွားရေးလုပ်သူတွေ  အခက်ကြုံ

စစ်ကောင်စီကျင်းပမည့် ငြိမ်းချမ်ရေးညီလာခံမတက်ဟု မြောက်ပိုင်းအဖွဲ့များ ငြင်းဆို 25.07.2023

စစ်ကောင်စီနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်ရေးညီလာခံကို တက်မှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့တယ်လို့  ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အတွင်းရေးမှူး ၂ က ဒီဗွီဘီကို  ပြောပါတယ်။  စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တိုင်းရင်းသားတော်လ...

DVB Newsbreak 5.5 (၂၄ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 24.07.2023

-ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်တွေ စစ်ကောင်စီကထုတ်ဝေဖို့ရှိနေတာကြောင့် ကျပ်ငွေ တန်ဖိုး ထပ်မံ ကျဆင်းသွားတဲ့သတင်း -ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ ကရင်နီပြည်နယ် လွိုင်ကော်အနီး တိုက်ပွဲတွေဖြစ်ပွားတဲ့သတင်း -စစ်ကောင်စီကျင်းပမည့် ငြိမ်းချမ်ရေးညီလာခံမတက်ဘူးလို့  ဝ နဲ့ ကိုးကန့်အပါအဝင် မြောက်ပိုင်းအဖွဲ့တွေက ငြင်းဆိုလိုက်တဲ့သတင်း 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ကျောက်မျက်နှင့်သတ္တု တရားမဝင်တူးဖော်မှု၊ ပြည်ပတင်ပို့မှု ပိုတိုးလာ 24.07.2023

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကျောက်စိမ်း၊ သံဖြူနဲ့ မြေရှားသတ္တုတွေ တရားမဝင် တူးဖော်မှု သိသိသာသာ မြင့်တက်နေပါတယ်။  ဒါ့အပြင် ကျောက်မျက်နဲ့ သတ္တု ဥပဒေပြင်ပ တင်ပို့မှုလည်း တိုးမြင့်လာတယ်လို့ သွေးစွန်ငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ အစီအရင်ခံစာအရ သိရပါတယ်။ ပြည်ပကို အဓိက တင်ပို့မှုက ကျောက်စိမ်း၊ မြေရှား၊ ခဲမဖြူ၊ ကြေးနီ၊ နီကယ်နဲ့ ပတ္တမြားတို့ ဖြစ်ပြီး အဲဒီထဲမှာ တရုတ်...

သံတောင်ကြီးတွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ 24.07.2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကရင်-ကရင်နီ-ရှမ်းနယ်စပ် ယာဒိုကျေးရွာ အနီးဝန်းကျင်မှာ ဇူလိုင် ၁၁ ရက်ကစပြီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကယန်းပြည်သစ် တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) တပ်မဟာ (၂)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ...

၇၆ နှစ်မြောက်အာဇာနည်နေ့သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(23072023) 23.07.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ၇၆ နှစ်မြောက်အာဇာနည်နေ့၊ ထိုင်းနိုင်ငံရေးသုံးသပ်ချက်၊ စစ်ဘေးသင့် ကရင်နီပြည်သူတွေအကြောင်း စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

DVB Newsbreak 5.5 (၂၁ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း) 21.07.2023

DVB Newsbreak 5.5   (၂၁  ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း)

ထိုင်းဆန္ဒပြပွဲများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ မပါဝင်ရန် သတိပေး 21.07.2023

ထိုင်းနိုင်ငံမှာ ဇွန်လ ၁၉ ရက်က Move Forward ပါတီ ဥက္ကဋ္ဌ ဖိထားကို လွှတ်တော်အမတ် အဖြစ်ကနေ ယာယီ ရပ်စဲခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးချယ်ခွင့်ကို ထိုင်းလွှတ်တော်မှာ ပယ်ချလိုက်တဲ့ အတွက် ဖိထားကို ဝန်းရံကြတဲ့ ထိုင်းပြည်သူတွေဟာ လွှတ်တော်ရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းပြည်သူတွေဟာ လွှတ်တော်ရှေ့၊ အစိုးရရုံးရှေ့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့က အထင်ကရ နေရာတွေမှာ ဆန္ဒပြတ...

Ouça o podcast DVB News no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos