Democratic Voice of Burma

DVB News

News MY ↓ 1459 episódios

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Autor

Democratic Voice of Burma

Categoria

News

Site do podcast

burmese.dvb.no

Último episódio

10 de jul de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

ရှမ်းမြောက်တွင်တိုက်ပွဲများပြန်ဖြစ်၊ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြီလား 26.06.2024

ကျောက်မဲမြို့၊နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ ဇွန်လ ၂၅ ရက်မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ သဘောတူထားကြတဲ့ ဟိုက်ဂင်သဘောတူညီချက်ရော ပျက်သွားပြီလား။ ဒီအကြောင်းကို စိုးသူအောင် သတင်း ပေးပို့ထားပါတယ်။

DVB Newsbreak ( ဇွန် ၂၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 25.06.2024

မိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မောင်တောရှိ WFP သိုလှောင်ရုံ  ဖောက်ထွင်းလုယက်ဖျက်ဆီးခံရတဲ့သတင်း  -ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့သတင်းနဲ့  -ရန်ကုန်ရှိ စူပါမားကတ်တွေမှာ  ဆန်အရောင်းပိတ်ထားလို့ စားသုံးသူတွေ အခက်တွေ့နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

DVB Newsbreak ( ဇွန် ၂၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 24.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီကို သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်နေကြတဲ့သတင်း -သံတွဲလေဆိပ်ကို AA သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဝန်ထမ်း မိသားစုတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်းနဲ့  -ပုသိမ်မှာ ဆန်စက်ပိုင်ရှင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး  ဆန်စက် ၆ လုံးကို ချိပ်ပိတ်ထားလိုက်တဲ့သတင်း တွ...

စားအုန်းဆီတင်သွင်းမှုကို ပိတ်ပင်တော့မယ်လို့ သတင်းထွက် 24.06.2024

လတ်တလော အိမ်ထောင်စုသုံးစားအုန်းဆီတွေ အလွယ်တကူ ဝယ်လို့ မရတော့တဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီကတော့ လာမယ့်နှစ်ကစပြီး စားအုန်းဆီတင်သွင်းမှုကို ပိတ်ပင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဟန်န သတင်းပေးပို့ထားပါတယ်။

စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရသည့်ဆရာတော်ကြီး (WeeklyNewsDigest 23062024) 23.06.2024

စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော် ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်နိုင်ငံတကာရဲ့အမြင်ပြောင်းလာပြီလား၊ ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတ...

ဝင်းနိမ္မိတာရုံဆရာတော်အပါအဝင် စစ်တပ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သံဃာ ၅၂ ပါး ပျံလွန် 22.06.2024

DVB ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သံဃာ ၅၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံ ထိုက်တဲ့ပစ်မှုဖြစ်ပြီး သံဃာထု တရပ်လုံးက စစ်ကောင်စီကို သပိတ်မှောက်တော်လှန်ကြဖို့ ရွှေဝါရောင် ဆရာတော်တွေက မိန့်ဆိုလိုက်ပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။

DVB Newsbreak ( ဇွန် ၂၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 21.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်း နိမ်မိတာရုံ ဆရာတော်ကြီးကို သေနတ်နဲ့ပစ်သတ်ခဲ့သူတွေဟာ စစ်ကောင်စီတပ် ဖြစ်တယ်လို့ မျက်မြင်သက်သေဆရာတော်က မိန့်ကြားလိုက်တဲ့သတင်း   -ကရင်နီပြည်နယ်  ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်နိုင်ပြီလို့  KNPP က ပြောကြားလိုက်တဲ့သတင်းနဲ့   -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုက...

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်လူငယ်များရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက် 21.06.2024

ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်အတည်ပြု ပြဌာန်းပြီးတဲ့နောက် ပြည်တွင်းမှာ မနေလိုကြတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီ တိမ်းရှောင် ရွှေ့ပြောင်းလာကြပါတယ်။ ဒီထဲမှာမှ အိမ်နီးချင်း ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ လူငယ်တွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက်တွေအကြောင်း ဇွဲသစ်က တင်ဆက်ပေးမှာပါ။

DVB Newsbreak ( ဇွန် ၂၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 20.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီတပ်ရဲ့  ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ၁ ပါး ပျံလွန်တော်မူသွားတဲ့သတင်း   -ပန်ဝါမြို့ အနီး မြေရှားသတ္တုတွင်း မြေပြိုကျပြီး  လူ  ၅၀ လောက် နစ် မြုပ်သွားတဲ့သတင်းနဲ့ -အမေရိကန်ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံ ပြန်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံကောင်စီက  တောင်းဆိုလိုက်တ...

DVB Newsbreak ( ဇွန် ၁၉  ရက်  ၂၀၂၄၊ ညနေခင်းသတင်း) 19.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပြည်တွင်းပြည်ပမှာ ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့သတင်း  -ရိုဟင်ဂျာ ထောင်သောင်းချီ ပြေးစရာနေရာမရှိဖြစ်နေတယ်လို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးက ပြောကြားလိုက်တဲ့သတင်းနဲ့  -ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့...

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွင်း ၄ ကြိမ်မြောက် မွေးနေ့ဖြတ်သန်းရမည့် ဒေါ်အောင်ဆန်းစုကြည် 19.06.2024

အကျဉ်းထောင်မှာ ၄ ကြိမ်မြောက် မွေးနေ့ကို ဖြတ်သန်းနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မြို့တော်ဝန်နဲ့ ကောင်စီဝင်တွေနေထိုင်တဲ့ တိုက် ၈ လုံးထဲက တိုက်နံပါတ် ၆ မှာ ထိန်းသိမ်းထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်အချုပ်ထောင် ပြင်ပကို ပို့ထားတယ်လို့ ဗိုလ်ချုပ်ဇေ...

DVB Newsbreak ( မေ ၂၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 18.06.2024

DVB Newsbreak ( ဇွန် ၁၈  ရက်  ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။   ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားလာလို့  ဆေးကုသမှု ခံယူနေရတဲ့သတင်း -ဖားကန့်မှာ ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာသူ ၁ ဦး သေဆုံးသွားတဲ့သတင်းနဲ့ -လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တော်လှန်အမျိုးသမီးတွေက တောင်းဆိုလို...

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မလား 18.06.2024

စစ်ကောင်စီခေါင်းဆောင်က ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ထပ်မံ ပြောဆိုလာပါတယ်။ စစ်ကောင်စီ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပေးထားချက်ကို အသုံးပြုပြီး ကွက်ကြားရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာလာနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။

DVB Newsbreak ( ဇွန် ၁၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 17.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တော်လှန်ရေးကာလ ၃ နှစ်အတွင်း ကလေးသူငယ် ၈၀၀ ကျော် သေဆုံးခဲ့တဲ့သတင်း  -AA က မောင်တောမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖို့ရှိလို့ ဒေသခံတွေ ထွက်ခွာသွားဖို့  သတိပေးလိုက်တဲ့ သတင်းနဲ့  -မဏိပူရ အင်ဖာဗဟိုအကျဉ်းထောင်မှာ  မြန်မာနိုင်ငံသား ၃၀ လောက် အစာငတ်ခံဆန္ဒပြနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

ဂျမ်ဘာကျော်နိုင်တဲ့ Fixed Wing ဒရုန်းတွေ စစ်ကိုင်းတိုင်းထဲမှာ ပြန့်နှံ့နေပြီဖြစ်ပြီး 17.06.2024

ဂျမ်ဘာကျော်နိုင်တဲ့ Fixed Wing ဒရုန်းတွေ စစ်ကိုင်းတိုင်းထဲမှာ ပြန့်နှံ့နေပြီဖြစ်ပြီး တိုက်ပွဲဖော်ရာမှာ သိသာတဲ့ အောင်မြင်မှုတွေ ရှိတယ်လို့ မင်းကင်းဒေသခံ PDF Drone သမားတယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စစ်မှုထမ်းဥပဒေနဲ့ သင်တန်းပေးထားတဲ့ လူငယ်တွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေမှာ စတင် အသုံးပြုနေပါတယ်။ ဒီသတင်းကို သုတချမ်းသာ ပေးပို့ထားပါတယ်။

"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီခရီးကြမ်း "၊ (WeeklyNewsDigest 16062024) 17.06.2024

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီခရီးကြမ်း၊ စစ်ကောင်စီ စီစဉ်နေတဲ့ ဆွေးနွေးပွဲ၊  စစ်အာဏာရှင်လက်ထက် ကလေးလုပ်သား စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။  

မောင်တာတွင် တိုက်ပွဲပြင်းထန်၊ အေအေ မျှော်မှန်းချက်နီးလာပြီလား 17.06.2024

မောင်တောမှာစစ်ကောင်စီ လက်ကျန်စခန်းနှစ်ခုပဲ ကျန်တော့ပြီး အေအေက ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေပါတယ်။ အေအေ မျှော်မှန်းတဲ့ Confederate ခရီးဟာလည်း နီးလာပြီလို့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းကလည်း ပြောပါတယ်။ ထက်အောင်က သတင်းပေးပို့ထားပါတယ်။

DVB Newsbreak ( ဇွန် ၁၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 14.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်လုံးကျွတ် သံမဏိနှင်းဆီသပိတ်ဆင်နွှဲကြဖို့ သပိတ်အင်အားစုက နှိုးဆော်လိုက်တဲ့သတင်း  -၃ နှစ်အတွင်း ကျန်းမာရေးကဏ္ဍအတွက် ကျပ်ငွေ ၁၅ ဘီလီယံကျော် အသုံးပြုခဲ့တယ်လို့ NUG ကထုတ်ပြန်လိုက်တဲ့သတင်းနဲ့  -ဗန်းမော်မြို့အနီး စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သံချ...

ဇွန်လ ၁၄ ရက်၊ နေ့လည်သတင်း 14.06.2024

- အုတ်ဖိုမှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ။ - စစ်ရေးအခြေနေကြောင့် သိုင်ငင်းလမ်းမကြီးနဲ့ပတ်သက်ပြီး CDF သတိပေး။

DVB Newsbreak ( ဇွန် ၁၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 13.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်ရေး ကူညီပေးဖို့ နိုင်ငံတကာကို  NLD တိုက်တွန်းလိုက်တဲ့သတင်း -ဖားကန့်မှာ ကျောက်မျက်လုပ်ကွက်ဟောင်း မြေပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး သွားတဲ့သတင်းနဲ့  -မန္တလေးမြို့ရှိ  ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုဖြစ်တဲ့သတင်းတွေ နားဆင်ရမှာပါ

ချင်းပြည်နယ်အတွင်း အဓမ္မ စစ်သားစုဆောင်းခြင်းမရှိဟု AA တုံ့ပြန် 13.06.2024

အာရက္ခတပ်တော် (AA) အနေနဲ့ စစ်သားစုဆောင်းဖို့လိုတဲ့ အဖွဲ့အစည်းမဟုတ်သလို ဒီကနေ့ အချိန်အထိ အတင်းအကျပ် စစ်သားစုဆောင်းခဲ့တာမရှိဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

DVB Newsbreak ( ဇွန် ၁၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 12.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ်  အကြမ်းဖက်မှု အဆိုးရွားဆုံးဖြစ်လာနေပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း -စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက် ကလေးလုပ်သားဦးရေ တိုးလာတယ်လို့ ILO က ပြောကြားလိုက်တဲ့သတင်းနဲ့  -ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ပင...

လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြောင့် လူစုလူဝေးကိစ္စတွေမှာ လုံခြုံရေးသတိရှိကြဖို့ တိုက်တွန်း 12.06.2024

လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြောင့် လူစုလူဝေးကိစ္စတွေမှာ လုံခြုံရေးသတိရှိကြဖို့ သပိတ်ခေါင်းဆောင် တွေနဲ့ လေ့လာသူတွေက တိုက်တွန်းပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။

DVB Newsbreak ( ဇွန် ၁၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 11.06.2024

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇွန် ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ခေါင်းဆောင်နဲ့ ခရိုနီဦးတေဇမိသားစုအပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၇၀ ကို UK နိုင်ငံက ထပ်မံပိတ်ဆို့အရေးယူလိုက်တဲ့သတင်း -ဝိုင်းမော်မြို့နယ်ရှိ  စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA ကသိမ်းပိုက်ရရှိခဲ့တဲ့သတင်းနဲ့  -တက္ကသိုလ်ဝင်စာမေးပွဲ  အောင်စာရင်းထွက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

စစ်ခေါင်းဆောင်စီစဉ်နေသည့်ဆွေးနွေးပွဲ ဘယ်လဲဘာလဲ 11.06.2024

အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေအားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောတာဟာ ရွေးကောက်ပွဲဖြစ်မြောက်ဖို့နဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျဉ်းကို ဖော်ဆောင်ဖို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်အဖွဲ့တွေဘက်က သုံးသပ်ပါတယ်။ ဒီသတင်းကို အောင်သူပေးပို့ ထားပါတယ်

Ouça o podcast DVB News no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos