delta news agency

DNA Podcast

News MY ↓ 446 episódios

Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.

Autor

delta news agency

Categoria

News

Site do podcast

podcasters.spotify.com

Último episódio

10 de abr de 2024

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

DNA 7 PM Podcast 19.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ မန္တလေး ပတ်စ်ပို့ရုံးမှာ လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦး သေဆုံး ဆီဆိုင်မြို့မှာ စားနပ်ရိက္ခာ ပြန်သယ်တဲ့ စစ်ရှောင်တွေ ပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးမှုရှိ  မံစီရှိ စစ်ကောင်စီရဲ့ စီခမ်းကြီးတပ်စခန်း ကို KIA၊ AA ပူးပေါင်းတပ်က သိမ်းပိုက် နိုင်ငံရဲ့နယ်မြေ ၆ဝ ရာခိုင်နှုန်းကျော်စိုးမိ...

စကားပြောအက်ဆေး (၂၇ ) 18.02.2024

လူ ဋီကာ (၂) ဗြိတိသျှကိုကိုမောင် ပြီးခဲ့တဲ့အပတ်ကတော့ ကျွန်တော်တို့ရဲ့ ဒီစာပေလောကမှာ လူတိုင်း  ချစ်ရတဲ့၊ ခင်ရတဲ့ စာရေးဆရာ မဟုတ်ပေမယ့် လူတိုင်းနဲ့ရင်းနှီးတဲ့ ဦးကြည်စိုးအကြောင်းကို ကျွန်တော်ပြောပြခဲ့ပြီးပါပြီ။ ဒီတပတ်မှာ ကျွန်တော်ပြောချင်တဲ့ လူတယောက်အကြောင်းက၊ သူက နည်းနည်း ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့သူ တော့မဟုတ်ဘူးဗျ။ ဒါ‌ပေမယ့် ဘဝတကွေ့မှာကြုံခဲ့ရတဲ့သူပေါ့နော်၊ ထူးထူးခြားခြား ကြုံခဲ့ရတဲ့ လူတယောက်ပေါ့။...

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၄) 17.02.2024

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး (၁၁၄) ဗညားမော် နွေဦးတော်လှန်ရေးဟာ သုံးနှစ်တင်းတင်း ပြည့်ခဲ့ပြီဆိုတော့ အစပိုင်းမှာကို တော်လှန်ရေးအတွက် လေ့ကျင့်အားမွေး ပြင်ဆင်ရာ တောင်တန်းတွေ ဆီ ခိုဝင်သွားခဲ့တဲ့ ရဲဘော်လေးတွေမှာ အိမ်လွမ်းနာ ဘယ်လောက် ကြီးနေခဲ့ပြီလဲ။ ဘယ်သူဘယ်ဝါမဆို ခက်လို့ရရင်တော့ လွမ်းရေးက ခက်ချင်သူတွေ။ ဒါပေမဲ့ မနေသာလို့ ပြည်ထဲရေး စစ်ရေးဘက်ကို ပြေးထွက် ရင့်ကျက်လိုက်ရသူ လူငယ် ပျိုနုတွေထဲမှာ အမိရင်ခွင်ထဲ မိ...

DNA 7 PM Podcast 16.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ စစ်တပ်ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းမနိုဘယ်အေး အပါအဝင်နှစ်ဦးပစ်သတ်ခံရ ကောလင်းမြို့တွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဆက်ရှိနေပြီး တိုက်ပွဲဆက်ဖြစ် လက်ကျန်စစ်တပ်စွန့်ခွာသွားတဲ့ မြေပုံမြို့ကို AA အပြီးသတ်သိမ်းပိုက် တန့်ဆည်မှာ စစ်ကောင်စီက နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုလုပ်၊...

DNA 7 PM Podcast 15.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ မြောက်ခင်ရန်းစစ်အုပ်စုက အစုအပြုံလိုက်သတ်ဖြတ်မှုထပ်ကျူးလွန်၊ လူဆယ်ဦးသေဆုံး ပြည်ပအလုပ်ခေါ်စာ (Demand Letter) တွေ ပြန်တင်ခွင့်ပြု စစ်ကောင်စီ တပ်မမှူးတဦးနဲ့ ဗျူဟာမှူးတဦးကိုအရှင်မိ၊ တဦးစီ သေဆုံးတယ်လို့ AA ထုတ်ပြန် နိုင်ငံတကာရောက် မြန်မာသံအမတ်ကြီးတွေကို ခေါ်တွေ့ပြီး ဝါဒဖြန့်ဖို...

DNA 7 PM Podcast 14.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ ဒို့တာဝန်အရေးသုံးပါးထိခိုက်စေမယ့်ကိစ္စတွေ မလုပ်ဖို့ နိုင်ငံရေးပါတီတွေကို စစ်ခေါင်းဆောင်ခြိမ်းခြောက် ငွေလိမ်ဂိုဏ်းနဲ့ တရားမဝင်လောင်းကစားလုပ်ငန်းတွေရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မယ်လို့ KNU ပြော စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရာမှာပါဝင်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့...

DNA 7 PM Podcast 13.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ စစ်တွေက ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး ရန်ကုန်ကိုရွှေ့ပြောင်း တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရတဲ့ မြန်မာမိန်းကလေးတွေ အကူအညီမဲ့နေ မင်းပြားမှာ စစ်ကောင်စီရေယာဉ်တစီး တိုက်ခိုက်နှစ်မြှုပ်ခံရပြန် စစ်ကောင်စီဖမ်းထားတဲ့ ဝေါဒေသခံနှစ်ဆယ်ကျော် တပတ်ကြာတဲ့အထိ ပြန်မလွတ်သေး ကောလင်းမြို့...

ဧရာဝတီအယ်လ်ဘမ် (၃၃) 13.02.2024

ဟင်္သာတထောင်ပြိုတုန်းက  လွန်ခဲ့တဲ့နှစ်ပေါင်း လေးငါးဆယ်၊ ဆိုင်ကယ်မရှိ ကားမရှိနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတုန်းက ဟင်္သာတ ရွာနီးချုပ်စပ်က တောသားတဦး ဟင်္သာတမြို့ပေါ်ကို အလည်ရောက်လာပါတယ်။ မြို့ထဲလျှောက်လည်ရင်း မြို့လည်ခေါင်မှာ အုပ်ရိုးနီနီကြီးကို တွေ့တော့ နီးစပ်ရာမြို့သားတယောက်ကို အဲ့တာဘာလည်းလို့ မေးပါတယ်။  အစအနောက်သန်တဲ့မြို့သား ပြန်ဖြေတာက အဲတာ ရေကူးကန်လို့ ဆိုပါသတဲ့။ ပြောလည်းပြောစရာပါ။  ဗမာ့အယူအရ …

DNA 7 PM Podcast 12.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ ရခိုင်မှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးထားတဲ့ အရပ်သားကိုးဦး ပစ်သတ်ခံရ ပဲခူးရိုးမတိုက်ပွဲမှာ စစ်ကောင်စီအထိနာ၊ အရှင်ဖမ်းမိတဲ့ဒုတပ်ကြပ် ဒဏ်ရာနဲ့သေဆုံးတယ်လို့ဆို မြို့တွင်းတိုက်ပွဲတွေရှိလာပြီးနောက် လောင်းလုံးမြို့ခံတွေ ဗုံးခိုကျင်းတူးနေကြရ လေကြောင်းခရီးသွားလာမှုတွေကို စစ်ကောင်စီတ...

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၃) 10.02.2024

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၃) ဗညားမော် အာဏာသိမ်းမှုက စလိုက်တဲ့ ပဋိပက္ခ၊ အာခံဆန့်ကျင်ခြင်း၊ လမ်းလုံးပြည့် မြို့လုံးပြည့် သပိတ်ဆန္ဒပြမှုများ၊ အကြမ်းဖက်နှိမ်နင်းခြင်း၊ တော်လှန်ရေး၊ စစ်ပွဲ။ စစ်ပွဲကို စစ်ပွဲလိုတိုက်ကြသလား။ စစ်ပွဲတခုရဲ့အနှစ်သာရဟာ လူသတ်ခြင်းမဟုတ်၊ လက်စားချေနှိပ်စက်ညှင်းပန်းခြင်းမဟုတ်၊ နှစ်ဘက်စစ်အင်အားရဲ့ အလွန်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကား ဒုက္ခပေးခြင်းမဟုတ်။ စ...

DNA 7 PM Podcast 09.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ ​မြောက်ဦးမြို့ အေအေသိမ်းပိုက်၊ စစ်သင်္ဘော သုံးစင်းကို နစ်မြုပ်အောင်တိုက်ခိုက်  ကျိုက်မ​​ရော အကျဉ်းထောင်မှာ နိုင်ငံ​ရေးအကျဉ်းသား (၂၀၀) ကျော် အစာငတ်ခံဆန္ဒပြ အာဏာသိမ်းစစ်တပ် စစ်ရာဇဝတ်မူသုံးမျိုး ကျူးလွန်တယ်လို့ ဒီချုပ်ထုတ်ပြန် အုတ်ဖို၊တာဆုံစစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်မှု စစ်ကေ...

DNA 7 PM Podcast 08.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၈) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ နယ်ခြားစောင့်တပ်နဲ့ ARA၊ RSO တပ်တွေ ဆက်စပ်မှုရှိနေတဲ့ အထောက်အထားတွေရထားတယ်လို့ AA ပြော စစ်ကောင်စီရဲ့ ကောလင်းထိုးစစ် မြို့အနီးအထိရောက်လာပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ ထိုင်းအစိုးရ အလိုရှိနေတဲ့ သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ် ရေးကပြည်သူ့စစ်စခန်းတခုကို ရ...

DNA 7 PM Podcast 07.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၇) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ မင်းပြားက တပ်ရင်းနှစ်ခုနဲ့ မောင်တောက တောင်ပြိုလက်ဝဲစခန်းတို့ကို သိမ်းပိုက်နိုင်ပြီလို့ ညီနောင်သုံးဖွဲ့အတည်ပြု ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမှာတိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေပိတ်မိ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတဦး သေဆုံးပြန် ရေဦးနယ်မှာ စစ်ကြောင်းထိုးတဲ့စစ်တ...

DNA 7 PM Podcast 06.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၆) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ ဂန့်ဂေါနယ်၊ မြောက်ခင်ရန်းရွာတိုက်ပွဲမှာ အဖမ်းခံရတဲ့ PDF နှစ်ဦး မီးရှို့သတ်ဖြတ်ခံရတဲ့ ရုပ်သံထွက်ပေါ်လာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာကျော်အထိရှိလာ မင်းပြားမြို့ပေါ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA သိမ်းပိုက် မြန်မာဘက်ကတိုက်ပွဲ...

ဧရာဝတီအယ်လ်ဘမ် (၃၂) 06.02.2024

အသံမင်းသား  ဓါတ်ပြားခေတ်ပြီးရင် အသံနဲ့ပတ်သက်ပြီး အတွင်ကျယ်ဆုံးကတော့ ကတ်ဆက်တိတ်ခွေခေတ်ပါပဲ။ စီ ၄၀၊ စီ ၆၀၊ စီ ၉၀ စသည်ဖြင့် တိတ်ခွေအမျိုးမျိုးရှိရာမှာ စီ ၆၀ ကတော့ ဈေးကွက်အဝင်ဆုံးပါ။ အေဆိုဒ်၊ ဘီဆိုဒ်ရှိပြီး ကြာချိန်မိနစ် (၆၀) ရှိပါတယ်။ တိတ်ခွေနဲ့ တေးသီချင်းတွေ၊ တရားတွေ အသံသွင်းနားထောင်ကြရုံမက အသံဇာတ်လမ်းတွေပါ ထုတ်လုပ်တင်ဆက်လာပါတယ်။ အလှုတွေ၊ မင်္ဂလာဆောင်တွေမှာဖွင့်တဲ့ အသံချဲ့စက် လော်စပီကာက ဇာတ်လမ်းကို...

DNA 7 PM Podcast 05.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ ကရင်နီစစ်ရှောင်တွေရဲ့ စာသင်ကျောင်း ဗုံးကြဲခံရလို့ ကလေး (၄) ဦးထက်မနည်း သေဆုံး တော်လှန်ရေးအင်အားစုတွေကြား ပဋိပက္ခမဖြစ်ရေး KIO ခေါင်းဆောင် သတိပေး ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုဒေသမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့  (MOEAF) ကို ဖျက်သိမ်းကြောင်း NUG က...

စကားပြောအက်ဆေး (၂၆ ) 04.02.2024

လူ ဋီကာ (၁) ဗြိတိသျှကိုကိုမောင် ဒီတပတ် ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာတွေက‌တော့ ‘လူဋီကာ’ ဆိုတဲ့အတိုင်းပဲ လူတွေအကြောင်းပေါ့ဗျာ။  

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၂) 03.02.2024

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၂) ဗညားမော် ဖေဖော်ဝါရီလဟာ မှတ်သားစရာများတယ်။ လတွေထဲမှာ ခွဲတမ်းရက် အနည်းဆုံး ရတဲ့လ။ ၃၀၊ ၃၁ တွေကြား သူ့မှာ ၂၈ ရက်ထဲ။ လေးနှစ်တခါ ၁ ရက်တိုးပြီးလည်း မှတ်လိုက်ရသေး။ တနှစ်တာရဲ့ ရက်ပေါင်းကို အလျှော့အတင်းလုပ်ပေးရာ လ။ မြန်မာတွေအတွက်ကျ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးလ၊ နှစ် ၇၀ ကျော်တဲ့တိုင် ညီအောင် မစုနိုင်သေးတဲ့ ပြည်ထောင်စု စာချုပ် ချုပ်ရာလ။ အခါခါ စစ်အာဏာသိမ်းကို ဒီတခါတော့ ချုပ်င...

DNA 7 PM Podcast 02.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၂) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ မလေးရှားက ထိန်းသိမ်းရေးစင်တာတခုကနေ မြန်မာနိုင်ငံသား (၁၀၀) ကျော် ထွက်ပြေး အသံတိတ်သပိတ်မှာ ပါ၀င်တယ်ဆိုကာ မန္တလေးမြို့ခံသုံးဦး ဖမ်းဆီးခံရ မြန်မာ့အရေးပိုမိုအာရုံစိုက်နိုင်ဖို့ အမေရိကန်နှစ်ပါတီပူးပေါင်းပြီး Burma Caucus အဖွဲ့ဖွဲ့ နမ့်ဆန်မှာ မပေါက်ကွဲသေးတဲ့လက်နက်ကို ယူဆော့မိတဲ့က...

DNA 7 PM Podcast 01.02.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ အမေရိကန်နဲ့ ဩစတေးလျက အရေးယူပိတ်ဆို့မှုတွေထပ်လုပ် ပြည်သူပါဝင်မှုအားကောင်းခဲ့တဲ့ အသံတိတ်သပိတ် ပလက်ဝမှာ အရာရှိသုံးဦးအပါအဝင်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် တဒါဇင်ကျော်ကို CDF တပ်ဖွဲ့ဖမ်းမိ မြောက်ဦးအခြေစိုက် ခမရ (၅၄၀) ကို AA သိမ်းပိုက် နိုင်ငံတဝန်းတိုက်ပွဲတွေအတွက် တိုင်းရင်းသားတော်လှန်ရ...

DNA 7 PM Podcast 31.01.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဇန်နဝါရီလ (၃၁) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့က လူနေအိမ်ရာချီပျက်စီး ကြံ့ခိုင်ရေးအမတ်ဟောင်း ကိုးကန့်ခေါင်းဆောင်ပယ်စောက်ချိန် ကို စစ်ကောင်စီက တရုတ်လက်အပ် မှတ်ပုံပြန်မတင်တဲ့ ပါတီတွေရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်ဖို့ စစ်ကောင်စီက ဥပဒေကို ပိုတင်းကျပ် ကျောက်တော်က ခမရ...

DNA 7 PM Podcast 30.01.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်လာလို့ လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန် မွန်ပြည်နယ်ဒေသခံတွေ ပြည်သူ့စစ်ထဲဝင်ဖို့ မဲနှိုက်ရွေးချယ်ခံနေရ ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီတွေက စစ်ကောင်စီအတွက် ဝင်ငွေအရင်းအမြစ်ဖြစ်နေ မော်တင်စွန်းစေတီ ရင်ပြင်ချဲ့ဖို့ဆိုပြီး ပုသိမ်ခရိုင် တောင်...

ဧရာဝတီအယ်လ်ဘမ် (၃၁) 30.01.2024

ဈေးရောင်းသွားတဲ့မိခင်ကိုမျှော်သောသား စစ်ဆိုတာနဲ့ အနိဌာရုံမျိုးစုံ လိုက်ပါလာတတ်တာ သဘာဝပါ။ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးရရုံမက လူတွေ သေကွဲ၊ ရှင်ကွဲ ကွဲရတဲ့အဖြစ်တွေ များစွာကြုံရပါတယ်။ စစ်ကြောင့် အမိမဲ့သား၊ အဖမဲ့သားများစွာလည်း လူ့ဘဝထဲမှာကျန်ရစ်ခဲ့ ကြရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဧရာဝတီတိုင်း၊ ငဝန်မြစ်ကမ်းနံဘေးက ရွာကလေးတရွာမှာ ဈေးရောင်းသွားတဲ့မိခင် ပြန်မလာလို့ မျှော်ရရှာတဲ့ သားတယောက်ရှိခဲ့ဘူးပါတယ်။ 

DNA 7 PM Podcast 29.01.2024

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဇန်နဝါရီလ (၂၉) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ မင်းပြားက ခမရ (၃၈၀) တပ်ရင်းကို AA သိမ်းပိုက် စစ်ကောင်စီနဲ့ BGF အကွဲအပြဲကြောင့် BGF တပ်ဖွဲ့ဝင်အမည်ခံ လုပ်ငန်းရှင်တွေစိုးရိမ်နေ လုံခြုံမှုမရှိသေးတာကြောင့် ဆီဆိုင်မြို့ခံတွေ နေရပ်မပြန်ဖို့ PNLA သတိပေး ရန်ကုန်က မြို့နယ်တချို့မှာ လမ်းဘေးဆိုင်နဲ့ ကျူးကျော်အိမ်တွေ ဖိအားပေးရှင်းလင်...

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၁) 27.01.2024

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၁) ဗညားမော် ဒီလို အချိန်မျိုးမှာရော ဒီလို အချိန်မတိုင်ခင်ကတည်းကပါ ကဗျာတွေ အရေးအသားတွေထဲမှာရော နိုင်ငံရေးသုံးသပ်ချက်လို အပြောအဆိုတွေထဲမှာပါ ကျွန်တော်တို့ရဲ့ နိုင်ငံကို ရည်ညွှန်းတဲ့အခါ ကျရှုံးနိုင်ငံဆိုတဲ့ အသုံးအနှုံးမျိုးကို သုံးနှုန်းလာခဲ့ကြတာပေါ့ခင်ဗျာ။ တချို့သူတွေက ခံစားချက်တွေနဲ့ သွားကြပြီး တချို့သူတွေကတော့ အချက်အလက်တွေ ယုတ္တိတွေနဲ့ တည်ဆောက်ကြတာပေါ့။ လူပြိန်းပြော...

Ouça o podcast DNA Podcast no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos