Dawei Watch

Dawei Watch Podcast

News MY ↓ 1755 episódios

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Não deixe de visitar o site do podcast e apoiar quem o produz: daweiwatch.com

Autor

Dawei Watch

Categoria

News

Site do podcast

daweiwatch.com

Último episódio

25 de mai de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

ယနေ့(မတ် ၆ ) တနင်္သာရီသတင်း အစီအစဉ် 06.03.2023

- သဘော့ဆိပ်ရွာထဲ လက်နက်ကြီးကျလို့ဒေသခံတွေ ထွက်ပြေးနေရတဲ့အကြောင်း - စစ်ကောင်စီက ထားဝယ်-လောင်းလုံး-ရှင်မော် ကားလမ်းမကြီးကို လူအုပ်စုနဲ့ ဖြတ်သန်းခွင့်ပိတ်လိုက်လို့ စစ်ဘေးရှောင်မယ့်သူတွေ အခက်အခဲ ကြုံနေကြရတဲ့အခြေအနေ - ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်လို့ လူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့အကြောင်း - ထားဝယ်ဈေးကွက်ထဲက ရွှေဈေးနှုန်းအတက်အကျ အခြေအနေ စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

ကိုဗစ် အိုမီခရွန် မျိုးကွဲသစ် 05.03.2023

ကိုဗစ်မပြီးသေးပါဘူး။ မကြာသေးမီကပဲ ကိုဗစ် အိုမီခရွန် မျိုးကွဲသစ် ထပ်တွေ့ပြန်ပါပြီ။ XBB. 1.5 မျိုးကွဲ သစ်ကို မနှစ်ကုန်ပိုင်းလောက်က စတွေ့တာပါ။  ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် (WHO) ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မှတ်တမ်းအရ အဲဒီ မျိုးကွဲ တွေ့ရှိတဲ့ နိုင်ငံ ၇၄ နိုင်ငံ ရှိပါပြီ။

ဘီအိုင်အေ ကော့သောင်း ရောက်စဉ်က 05.03.2023

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မှူးတွေ ယိုးဒယားကနေ မြန်မာနိုင်ငံကို ဖာပွန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်စတဲ့ စစ်ကြောင်းကြီး ၄ ကြောင်းခွဲပြီး ဝင်ရောက်ခဲ့ကြပါတယ်။  ဘီအိုင်အေ အဖွဲ့ကော့သောင်း ရောက်စဉ်က အခြေအနေတွေကို သမိုင်းမှတ်တမ်းအဖြစ် ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ဖော်ပြပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၅ ရက်နေ့အထိ) 05.03.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 04.03.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ မတ် ၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

Dawei Watch ရဲ့တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်များ ခံစားရွေးချယ်ခြင်း 04.03.2023

Dawei Watch ရဲ့အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ အထူးပွဲကြိုကဏ္ဍအစီအစဉ်ကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်။  ဘောလုံးရာသီပြီးဆုံးဖို့ အချိန်ကာလတွေ နီးကပ်လာတာနဲ့အမျှ ပွဲစဉ်တိုင်းဟာ ပြိုင်ဆိုင်မှုတွေ ပိုလို့ပိုလို့ မြင့်တက်လာနေတာကို မြင်တွေ့နေရပါတယ်။  အခုသီတင်းပတ်မှာဆိုရင် ပွဲကြီးပွဲကောင်းတွေ အများအပြား ပါဝင်နေလို့ ပရိသတ်တွေအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်တွေကို ရှုစားရဦးမှာပါပဲ။  ဒီပွဲစဉ်...

လယ်ယာနှင့် ဥယျာဉ်ခြံမြေများတွင် ဆားကြမ်းစမ်းသပ်အသုံးပြုသူများလာ 04.03.2023

ဓာတ်မြေဩဇာစျေးတက်လာ၍ဆိုကာ ထားဝယ်ခရိုင်တွင် လယ်မြေများ၊ ကွမ်းသီးခြံ၊ သီဟိုဋ်ခြံများတွင် ဆားကြမ်းကို အသုံးပြုမှုများရှိလာနေသည်။ စိုက်ပျိုးရေးပညာရှင်ကမူ အချဉ်ဓာတ်အငန်ဓာတ် တိုင်းပြီးမှသာ ထည့်သင့်ပြီး သူများထည့်တိုင်းလိုက်ထည့်ပါက ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်နိုင်ဟု အကြံပြုထားသည်။

ယနေ့(မတ်လ ၃ ရက်) တနင်္သာရီ သတင်းအစီအစဉ် 03.03.2023

- KNU နဲ့ ကော်သူလေးအဖွဲ့ ညှိုနှိုင်းအဖြေရှာကြဖို့ တနင်္သာရီတိုင်းက နိုင်ငံရေး ဦးဆောင်အဖွဲ့တွေ တောင်းဆိုလိုက်တဲ့အကြောင်း - လောင်းလုံး အောက်ကျောက်ဝပ်ရွာမှာ တိုက်ပွဲကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတဲ့အခြေအနေ - ထားဝယ်မြို့ ပေါက်တိုင်းရွာက ရပ်မိ၊ ရပ်ဖသုံးဦး အဖမ်းခံရတာ - လောင်းလုံးမြို့နယ်မှာ အမျိုးသားတစ်ဦး သစ်ကိုင်းရိုက်မိလို့ သေဆုံးသွားတဲ့ဖြစ်စဉ် - မြိတ်မြို့က နေအိမ်မီးလောင်မှူ - ထားဝယ်မှာ သီဟိုစေ့ခွံခ...

မီဒီယာကို သိနားလည်ခြင်း 03.03.2023

ဒီနေ့ခေတ်မှာတော့ မီဒီယာတွေက ပုံစံမျိုးစုံနဲ့ လူတိုင်းရဲ့ လက်တစ်ကမ်းမှာ ရှိနေပါပြီ။ လူတိုင်းက ပုံစံမျိုးစုံနဲ့ မီဒီယာကို ထိတွေ့နေကြရပါတယ်။ ဒီတော့ မီဒီယာဆိုတာ ဘာလဲ။ မီဒီယာတွေဟာ နေ့စဉ်ဘဝမှာ ဘယ်လိုပါဝင်ပတ်သက်နေသလဲ ဆိုတာတွေကို ကျကျနန သိရှိဖို့လိုအပ်လာပါပြီ။

စိတ်ဝင်စားစရာ တစ်ပတ်တာ အားကစားသတင်းများ 03.03.2023

အခုတစ်ပတ်မှာတော့ Dawei Watch ပရိသတ်တွေအတွက် တစ်ပတ်တာ အးကစားသတင်းတွေထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။  အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့ ဘယ်အသင်း ထိပ်တိုက်တွေ့သွားသလဲ၊ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ကက်စ်မဲရိုးနဲ့ပတ်သက်ပြီး ဘာတွေပြောသွားခဲ့သလဲ၊ ကမ္ဘာကျော်ဂန္ထဝင် ဘယ်ဘောလုံးသမားကြီး ကွယ်လွန်သွားခဲ့သလဲ၊ စီရော်နယ်ကို အားပေးစကားပြောလိုက်တဲ့ ကမ္ဘာကျော်အ...

ယနေ့(မတ်လ ၂ ရက်) တနင်္သာရီ သတင်းအစီအစဉ် 02.03.2023

- ကော့သောင်း ရှမ်းကိုးရွာအနီးမှာ စစ်ကောင်စီတပ်ကား တိုက်ခိုက်ခံရတဲ့အကြောင်း - FOEIM အွန်လိုင်းကျောင်း ပိတ်သိမ်းလိုက်တဲ့အခြေအနေ - မော်လမြိုင်မြို့မှာ နေအိမ်မီးလောင်လို့ ကလေးငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးသေဆုံးသွားတာ - ထိုင်းမြန်မာ နယ်စပ်မျဉ်းပေါ်က မြန်မာဈေးဆိုင်တွေ အဖမ်းခံရတဲ့အခြေအနေ - အောက်ဆီဂျင်ပြတ်လို့သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေ နစ်နာကြေးရမယ့်အကြောင်း - ထိုင်းသွားတဲ့ မြန်မာတွေ ကားမှောက်လို့ နှစ်ဦ...

ယနေ့(မတ်လ ၁) တနင်္သာရီ သတင်းအစီအစဉ် 01.03.2023

- ထားဝယ်လူထုသပိတ်လှုပ်ရှားမှုမှာ အစောဆုံးကျဆုံးသူလေးဦး အောက်မေ့ဂုဏ်ပြုအခန်းအနားကျင်းပတဲ့အကြောင်း - ပုလော လက္ကူးကျေးသားတွေပြန်လွတ်လာတဲ့အကြောင်း - ရငဲရွာသားတစ်ဦးကိုပစ်သတ်ပြီး ငွေကြေးယူဆောင်သူများမှာ သရက်ချောင်း ပကဖ အဖွဲ့မဟုတ်ဟုထုတ်ပြန်တဲ့အကြောင်း - ကော့သောင်းက စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့ အကြောင်း - မလေးရှားသွားမယ့် မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ ဖမ်းခံရတဲ့အကြောင်း  - ဈေးငြိမ်နေတဲ့ အခေါက...

သမုဒ္ဒရာထဲက ပလစ်စတစ်အမှိုက် 01.03.2023

ကမ္ဘာတစ်ဝန်း ပလစ်စတစ် အမှိုက် မက်ထရစ်တန် ပေါင်း သန်းနဲ့ ချီ နှစ်စဉ် ထုတ်လွှတ်နေပါတယ်။ ကမ္ဘာကြီးရဲ့ ကြမ်းပြင် ၇၀ ရာခိုင်နှုန်းဟာ သမုဒ္ဒရာကြီး ဖြစ်ပါတယ်။  အဲဒီထဲက တစ်ဝက်လောက်က ပြန်သုံးနိုင်၊ ဖျက်ဆီးနိုင်၊ အမှိုက်ကျင်းမှာ စွန့်ပစ်နိုင်တာတွေပါ။ ဒါပေမဲ့ အတော်များများက ပင်လယ် သမုဒ္ဒရာထဲ စီးဝင်အဆုံးသတ်သွားကြပါတယ်။

ယနေ့(ဖေဖော်ဝါရီ ၂၈ ) တနင်္သာရီသတင်း အစီအစဉ် 28.02.2023

- ပုလောမြို့နယ်ထဲ စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ကန့်သတ်လိုက်တဲ့အကြောင်း - တနင်္သာရီမြို့မှာ ညအချိန် ဝင်ဖမ်းလို့ အရပ်သား ၁၀ကျော်အဖမ်းခံရတဲ့အကြောင်း - ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ရွာသား ၃၀ကျော် အဖမ်းခံထားရတဲ့အခြေအနေ - လောင်းလုံးမှာ ကလေး‌တွေကို ပုံမှန်ကာကွယ်ဆေး မထိုးပေးတော့ဘဲ ရပ်နားလိုက်တဲ့အ‌ကြောင်း - ထားဝယ်တက္ကသိုလ်မှာ ၂နှစ်စာအတွက် ပေါင်းပြီး ဘွဲ့ယူသူ ရာဂဏန...

ယနေ့(ဖေဖော်ဝါရီ ၂၇ ) တနင်္သာရီသတင်း အစီအစဉ် 27.02.2023

- သရက်ချောင်းမြို့နယ် သိမ်ကုန်းရေတံခွန်နားမှာ တိုကိပွဲဖြစ်တဲ့အကြောင်း - ရာအိမ်မှူးလင်မယားကို ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်က ရှင်းလင်းခဲ့တဲ့အကြောင်း - မလေးရှားသွားမယ့် မြန်မာလုပ်သား ၁၀၀ ကျော် ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရတဲ့အကြောင်း - လောင်းလုံးမှာ အစ်ကိုက ပုဆိန်နဲ့ခုတ်လို့ ညီဖြစ်သူသေဆုံးသွားတဲ့အကြောင်း - ဈေးကျ‌လာတဲ့ အခေါက်ရွှေဈေးကွက်အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

မြိတ်ဓလေ့ ကွမ်းမာအုပ်စောင့် မင်္ဂလာ 26.02.2023

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများတွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များစွာရှိသည်။  ရိုးရာဓလေ့များမှာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး မြတ်နိုးတန်ဖိုးထားဖွယ်များဖြစ်သည်။ သို့သော် မြို့ပြယဉ်ကျေးမှု လွှမ်းမိုးလာသည်နှင့်အမျှ ရိုးရာဓလေ့ အတော်များများမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ မြိတ်ဒေသတွင်လည်း စိတ်ဝင်စားဖွယ် ရိုးရာဓလေ့များစွာရှိပြီး ယင်းဓလေ့များထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ကွမ်းမာအုပ်စောင့...

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ) 26.02.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 25.02.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

အဆုံးစီရင်လိုစိတ်ကို ဖြတ်ကျော်ခြင်း 25.02.2023

အာဏာရှင် လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကလည်း နေရာအနှံ့ ဖြစ်ပေါ်နေပြီး တစ်တိုင်းပြည်လုံး အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါပြီ။  အကျပ်အတည်းတွေ မျှော်လင့်ချက်မဲ့မှုတွေ ပဋိပက္ခတွေကြားမှာ စိတ်ထွက်ပေါက်မဲ့နေတဲ့ ပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။  အချို့ကတော့ သတ်သေခြင်းသာ ထွက်ပေါက်လို့ ယူဆတဲ့အထိ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။ ဒါတွေကို ဘယ်လ...

ယနေ့(ဖေဖော်ဝါရီ၂၄) တနင်္သာရီသတင်း 24.02.2023

- တနင်္သာရီတိုင်းက စစ်ကောင်စီခန့်ဝန်ကြီးတစ်ဦးရဲ့ ကုမ္ပဏီက KNU ထိန်းချုပ်နယ်မြေထဲ ဟိုတယ်ဆောက်ဖို့ စီစဉ်နေတဲ့အကြောင်း - KNU ဗဟိုကော်မတီဝင်အားလုံး နုတ်ထွက်ပေးဖို့ ကမ္ဘာတစ်ဝန်းက ကရင်တွေ တောင်းဆိုလိုက်တဲ့ အခြေအနေ - ပုလောမြို့နယ် သင်္ကန်တောရွာက ဒေသခံဆယ်ချီအဖမ်းခံလိုက်ရတာ - သရက်ချောင်းမြို့နယ် စော်ဖျားရွာမှာ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရတဲ့အကြောင်း - ရေဖြူမြို့နယ် ဇာဒီကျေးရွာက ဆောက်လုပ်ရေး ကန်ထရိုက်သမားတစ်...

ခရာဘောင်းဖလား ချန်ပီယံအဖြစ် အောင်ပွဲခံမှာက မန်ယူလား...နယူးကာဆယ်လား? 24.02.2023

ဖေဖော်ဝါရီလ ၂၆ ရက်နေ့(တနင်္ဂနွေနေ့)ရဲ့မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ခရာဘောင်းဖလားဗိုလ်လုပွဲကြီးကို ဝင်ဘလေဘောလုံးကွင်းကြီးထဲ ကျင်းပတော့မှာပဲဖြစ်ပါတယ်။  ဗိုလ်လုပွဲမှာ ထိပ်တိုက်ဆုံတွေ့နေတာက မန်ယူနဲ့ နယူးကာဆယ် ပါပဲ။ ဒီနှစ်သင်းလုံးဟာ ကိုယ်စီကိုယ်ငှ ရည်မှန်းချက်တွေနဲ့ ချီတက်နေကြတာဖြစ်လို့ ဘယ်အသင်းက ချန်ပီယံဖြစ်သွားလေမလဲဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။  မန်ယူက လက်ရှိမှာ စွမ်းဆောင်ရည် မြင့်...

ခရွန်ကီများ၊ ရတ်ရှ်ဖို့ဒ်များ၊ လူတွေရဲ့မေ့လွယ်ပျောက်လွယ် သာယာလွယ်စိတ်များ 24.02.2023

ဘောလုံးပွဲတွေကို ငေးကြည့်ပြီး ယူတတ်မယ်ဆိုရင် ဆင်ခြင်စရာ၊ တွေးဆစရာတွေ အများအပြားကို ရရှိနိုင်ပါတယ်။  ဒီဘက် မော်ဒန်ခေတ် ဘောလုံးလောကထဲမှာဆိုရင် ဘောလုံးပွဲတွေဆီက သင်ယူချင်စရာ တရားသံဝေဂတွေက များမှများပါပဲ။ ဒီနေရာမှာ ထူးခြားလှတဲ့ လူတွေရဲ့မေ့လွယ်ပျောက်လွယ်စိတ်အကြောင်းကို ပြောပြချင်လာမိပါတယ်။  တစ်ချိန်တုန်းက အာဆင်နယ်အသင်း ကျရှုံးတာနဲ့ ခရွန်ကီကို ဆန္ဒပြဖို့၊ ရင့်ရင့်သီးသီး အော်ဟစ်ဆဲဆိုဖို့ အသင့်ဖ...

တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၂၃ရက်) 23.02.2023

ယနေ့(ဖေဖော်ဝါရီ၂၃ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ကော့သောင်း ခမောက်ကြီးမြို့ ဝိုင်ဒင်းရွာဒေသခံတွေ နယ်စပ်ဖြစ်ကျော်ပြီး ထိုင်းဘက်ခြမ်း စစ်ဘေးရှောင်နေရတာ - ကရင်အချင်းချင်း တိုက်ခိုက်တာတွေ အမြန်ဆုံး အဆုံးသတ်ပေးဖို့ နိုင်ငံတကာကရင်အဖွဲ့က တောင်းဆိုတဲ့အကြောင်း - လောင်းလုံးမြို့နယ် ဇလွတ်ရွာဖြစ်စဉ် အခြေအနေ - မြိတ်အိမ်ခြံမြေဈေး နှစ်ဆကျော်ခုန်တက်သွားတာ - သီဟိုဠ်ဈေးကွက် - ရွှေဈေးကွက် စတဲ့သတင်းအကြောင်းအရာတွေက...

ကိုယ်ခန္ဓာ ၈၅ ရာခိုင်နှုန်း မသန်စွမ်းပေမယ့် စီရော်နယ်ဒိုနဲ့ မက်ဆီ ပုံတူပန်းချီကားတွေ ရေးဆွဲရင်း နာမည်ကျော်ခဲ့တဲ့ အီရန်နိုင်ငံသူ ဖာတီမီ 23.02.2023

သူမရဲ့နာမည်က ဖာတီမီ ဟာမာမီ ဖြစ်ပါတယ်။ အီရန်နိုင်ငံသူ ပန်းချီအနုပညာရှင်တစ်ယောက်ပါ။ သူမ ခုံမင်ဖက်တွယ်တာက ပန်းချီရေးဆွဲမှုပါပဲ။  ပန်းချီရေးဆွဲနေရတာဟာ သူမအတွက် ဘဝနာကျင်မှုတွေကို သက်သာရာရစေတယ်လို့ ဖာတီမီက ခံယူထားပါတယ်။ ဖာတီမီ ဆီမှာ ဘာကြောင့် ဘဝနာကျင်မှုတွေ ရှိနေရသလဲဆိုတော့ ခန္ဓာကိုယ်ချို့ယွင်းချက်တွေကြောင့်ပါပဲ။  သူမ ကိုယ်ခန္ဓာရဲ့ ၈၅ ရာခိုင်နှုန်းဟာ လုံးဝကို မသန်စွမ်းတဲ့အနေအထားဖြစ်နေခဲ့တာပါ။...

တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၂၂ရက်) 22.02.2023

ယနေ့(ဖေဖော်ဝါရီ ၂၂ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ပုလောမှာ CDM ကျောင်းဆရာမ ၁၇ဦးနဲ့ အရပ်သားတွေ အဖမ်းခံရတဲ့အကြောင်း - KNU နဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ကော်သူးလေ ရဲဘော်သုံးဦးကျဆုံးတဲ့အကြောင်း - မြိတ်က ရော်ဘာခြံထဲမှာ ဒဏ်ရာ‌တွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရတဲ့အကြောင်း - ထိုင်းနိုင်ငံမှာ နေစရာ စားစရာမရှိလို့ သတ်သေခဲ့တယ်လို့ယူဆရတဲ့ မြန်မာတစ်ဦးရဲ့ရုပ်အလောင်းတွေ့ခဲ့တဲ့အကြောင်း - အွန်လိုင်းက...

Ouça o podcast Dawei Watch Podcast no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos