Dawei Watch
Dawei Watch Podcast
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
Não deixe de visitar o site do podcast e apoiar quem o produz: daweiwatch.com
Onde ouvir?
Podcasts no app Replaio Radio Em breveOs podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts
Episódios
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ် 24.02.2024 9:23
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch ရဲ့ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များ 24.02.2024 5:48
ဒီတစ်ပတ်မှာတော့ ခရာဘောင်းဖလားဗိုလ်လုပွဲကြီး ရှိလို့နေပါတယ်။ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်ဆုံနေတဲ့အတွက် ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ ပရီးမီးယားလိဂ်ဘက်ကို ကြည့်လိုက်တော့လည်း အာဆင်နယ်က နယူးကာဆယ်နဲ့ဆုံနေလို့ ပွဲကျပ်ကစားရဖို့ ရှိနေပါတယ်။ မန်ယူနဲ့ မန်စီးတီးတို့ကတော့ သူတို့ထက် အင်အားနည်းတဲ့အသင်းတွေကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ရလဒ်ကောင်းဖို့ နီးစပ်နေပါတယ်။ အခုတစ်ပတ် ဘောလုံးပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ...
ဖေဖော်ဝါရီလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 23.02.2024 5:46
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကံပေါက်ဒေသက CDM ဆရာမတွေ ဆက်တိုက်အဖမ်းခံနေရတဲ့အကြောင်း - မွန်ပြည်သစ်ပါတီက ခွဲထွက်လာတဲ့အဖွဲ့နဲ့ NUG တို့ မဟာမိတ်ဖွဲ့ဖို့ သဘောတူခဲ့တဲ့အကြောင်း - ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို AA က ထပ်ပြီး သိမ်းယူလိုက်တဲ့သတင်း - ချင်းမိုင်မှာ အထောက်အထားမဲ့ မြန်မာတွေပါတဲ့ကား လမ်းဘေးဆိုင်ကိုတိုက်မိပြီး...
ဖေဖော်ဝါရီလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 22.02.2024 5:33
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အကြောင်း - အရှေ့တောဒေသမှာ ၅ ရက်အကြာဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီယာဉ် ဆယ်စီးကျော်ပျက်စီးခဲ့တဲ့အခြေအနေ - ထားဝယ်မြို့မှာ နိုင်ငံကူးလက်မှတ်လျှောက်သူတွေကို စမတ်ကတ်ပါလုပ်ရမယ်လို့ စစ်ကောင်စီက ဖိအားပေ...
ဖေဖော်ဝါရီလ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 21.02.2024 5:53
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်အရှေ့တောဒေကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် လေကြောင်းနဲ့ တိုက်ခိုက်ခဲတဲ့အကြောင်း - သရက်ချောင်းမြို့တယ် မင်းဒပ်ရွာဖက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတာ - ရေဖြူမြို့နယ် ကံပေါက်ဒေသဖက်မှာတော့ စစ်ကောင်စီတပ်က ပေါ်တာဆွဲမှာကို စိတ်မပူဖို့ လက်ကမ်းစာစောင်တွ...
မီးလောင်ပြင်က ဘဝခါးခါး 21.02.2024 8:03
စစ်ကောင်စီက ၂ ကြိမ်တိုင် မီးရှို့ခဲ့တဲ့ လောင်းလုံးမြို့နယ် ညောပြင်ရွာက ဒေသခံတွေဟာ အကာမရှိတဲ့ တာလပတ်အမိုးလေးတွေအောက်မှာ နေထိုင်နေကြရတာပါ။ နေရေးအခက်ခဲသာမက စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ မီးဘေးသင့်သူတွေအတွက် ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးဆိုတာကတော့ ထည့်ပြီးတောင် စဉ်းစားမနေနိုင်ပါဘူး။ သူတို့ဘာတွေ ကြုံတွေ့နေရသလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 20.02.2024 7:03
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမှာ အမေဆီက မူးယစ်ဆေးသုံးဖို့ ပိုက်ဆံတောင်းတာမရလို့ သားဖြစ်သူက နေအိမ်ကိုမီးရှို့တဲ့အကြောင်း - မြေကြီးတူးရာက သစ်ပင်ငုတ်ပိမိလို့ လောင်းလုံးမှာ အမျိုးသားတစ်ဦးသေဆုံးသွားတာ - ရခိုင်ကို လေကြောင်းနဲ့ပြန်လာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်း - ရှမ်းပြည်နယ်ထဲက...
ဖေဖော်ဝါရီလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 19.02.2024 7:04
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးခဲ့တဲ့ Non-CDM ဝန်ထမ်းနှစ်ဦးကို ခံဝန်နဲ့ပြန်လွှတ်လိုက်တဲ့အကြောင်း - ထားဝယ်အရှေ့တောဒေသမှာ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတဲ့အခြေအနေ - ကော့သောင်းပင်လယ်ပြင်မှာ စစ်သင်္ဘောတွေလိုက်စစ်နေလို့ မီးထွန်းငါးဖမ်းလှေတွေ ငါးဖမ်းမထွက်ရဲတဲ့ အကြောင်း - ရေဖြူမြို့နယ်မှာ CDM...
ဇီဝဇိုးတို့ ပျော်စံရာ 18.02.2024 8:34
သွားလာလည်ပတ်ရန် နေရာသိပ်မရှိဘဲ နာမည်နှင့် လိုက်ဖက်စွာပင် ပျင်းစရာကောင်းသည်ဟု အခြားဒေသခံအချို့က စနောက်ပြောဆိုလေ့ရှိသည့် ဘုတ်ပြင်းသည် ဇီဝဇိုးငှက်များအတွက်တော့ ပျင်းစရာမဟုတ်၊ ပျော်စံရာနေရာ တစ်ခုဖြစ်သည်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဇီဝဇိုးငှက်လေးများ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။
မြန်မာ့ရေးရာ 18.02.2024 9:02
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ) 17.02.2024 9:15
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ် 17.02.2024 9:04
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch ရဲ့ရင်ခုန်ခံစားဘောလုံးပွဲစဉ်များ 17.02.2024 4:34
ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ ပွဲကြီးပွဲကောင်းဖြစ်လာဖို့ရှိနေတာက မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲပါပဲ။ မန်စီးတီးပွဲကျပ်ကြုံနေတာကို အာဆင်နယ်နဲ့ လီဗာပူးတို့က အခွင့်အရေးယူသွားနိုင်လေမလားဆိုတာ စောင့်ကြည့်ကြရပါလိမ့်မယ်။ လူတန်တောင်းနဲ့တွေ့နေတဲ့ မန်ယူကလည်း နိုင်ပွဲဆက်လေဦးမလားကို ရင်ခုန်စရာပါပဲ။ ဒီတစ်ပတ် Dawei Watch ရဲ့ရင်ခုန်ခံစားဘောလုံးပွဲများအစီအစဉ်မှာ ပရီးမီးယားလိဂ်အသင်းကြီးတွေ...
ဖေဖော်ဝါရီလ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 16.02.2024 5:45
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - သရက်ချောင်းမြို့နယ်မှာ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိတဲ့အကြောင်း - ထားဝယ်မှာ သွေးအလှူရှင်တွေ ရှားပါးနေတဲ့အခြေအနေ - ကျွန်းစုမြို့နယ်ထဲ ဆီတင်လှေ ပေါက်ကွဲလို့ လူခြောက်ဦးဒဏ်ရာရသွားတဲ့အကြောင်း - သထုံမြို့ ကားတိုက်မှု လူခုနှစ်ဦးသေတဲ့သတင်း - မြေပုံမြို့အပါအဝင် မြို့ ၆ မြို့ကို AA...
ဖေဖော်ဝါရီလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 15.02.2024 7:52
တနင်္သာရီသတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch အဖွဲ့သားတွေက စီစဉ်တင်ဆက်ထားတာပါ။ ဒီကနေ့ တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကျွန်းစုမြို့က မအိုင်ကျေးရွာအုပ်စုမှာ စက်လှေမီးလောင်ပေါက်ကွဲတဲ့အကြောင်း - ရှင်ကိုးရှင်သမိုင်းဝင်ဖြစ်တဲ့ ရှင်မော်ဘုရားမှာ ဘုရားဖူးလာသူတွေ ကင်းမဲ့နေတာ - စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် PDF လုပ်ဖို့ဆက်သွယ်သူများလာတဲ့အကြောင်း - သတင်းဌာနရဲ့မေးမြန်းတာကို ဖြေကြားတဲ့ ကံ...
ဖေဖော်ဝါရီလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 14.02.2024 7:04
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရစနစ်ကြောင့် ကော့သောင်းကနေ ထိုင်းနိုင်ငံကိုသွားသူ နှစ်ဆကျော် မြင့်တက်လာတဲ့အကြောင်း - စစ်ကောင်စီတပ်မှာ အမှုထမ်းဖို့ သင်္ကြန်အပြီးမှာ စခေါ်တော့မယ့်အကြောင်း - ထားဝယ်မှာ ဓနိဖက် ဈေးတက်လာတဲ့အခြေအနေ - NCA ထိုးထားတဲ့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီကို တိုက်ခိုက်သွား...
ဖေဖော်ဝါရီလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 13.02.2024 6:40
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကျပ်သိန်းပေါင်းတစ်သောင်းနီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေသယ်လာတဲ့ ကုန်တင်ကားတစ်စီးကို ဗထူးတပ်မတော်က ဖမ်းဆီးပြီး မီးရှို့လိုက်တဲ့အကြောင်း - မွန်ပြည်နယ်က မြို့နယ်သုံးခုရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ ဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တဲ့ အခြေအနေ - တနင်္သာရီက အမျိုးသားတစ်ဦး မိုင်းနင...
ဖေဖော်ဝါရီလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 12.02.2024 8:15
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အခက်ကြုံနေရသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ကူညီမယ်ဆိုတဲ့အကြောင်း - လောင်းလုံးမြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးအချို့ရှိ ရုံးသုံးပစ္စည်းတွေကို ပြောင်းရွှေ့သွားတဲ့သတင်း - လောင်းလုံးမြို့အထက်တန်းကျောင်းက ကျောင်းသားအချို့ကို ဘာသာရပ်အားလုံး တစ်ရက်အတွင်း စာမေးပွဲ...
ယိုးဒယားသွား တောလား 12.02.2024 9:25
‘ဒီခရီးစဉ်မှာ သိလိုက်ရတာက ထားဝယ်ဟာ သိပ်အရေးပါတယ်။ ဒွါရဝတီ(ယိုးဒယား)ရောက် ဗုဒ္ဓဘာသာဟာ ကုန်းလမ်းကရောက်တာ ဖြစ်ဖို့များတယ်။ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းကို ဖြတ်ပြီးလာတယ်လို့ ယိုဒယားပညာရှင်တွေက အကြမ်းအားဖြင့် သတ်မှတ်ကြတယ်’ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ‘ယိုးဒယားသွား တောလား’ ဆောင်းပါးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မြန်မာ့ရေးရာ 11.02.2024 9:12
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲများ 10.02.2024 4:58
ဒီတစ်ပတ် Super Sunday မှာ စိတ်ဝင်စားစရာ ပွဲကောင်း ၂ ပွဲရှိနေပါတယ်။ တနင်္လာနေ့ကိုရောက်ရင်လည်း အားပြိုင်မှုပြင်းထန်မယ့်ပွဲစဉ် ၁ ပွဲကို ကြည့်ရမှာပါ။ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ် တာဝန်ယူထားတဲ့ ဝက်စ်ဟမ်းဟာ အာဆင်နယ်ကို ရင်ဆိုင်ရဖို့ ရှိနေပြီး မန်ယူကတော့ အာဆင်နယ်နည်းပြဟောင်း ယူနိုင်းအမ်မရီ ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာနဲ့ ကစားရမှာပါ။ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကိုရင်ဆိုင်ရမယ့် ခြေမှန...
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီလ ၄ ရက်ကနေ ၁၀ ရက်နေ့အထိ ) 10.02.2024 8:23
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ် 10.02.2024 9:08
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 09.02.2024 7:40
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီတပ်စစ်ကြောင်းထိုးချိန် ထားဝယ်အရှေ့တောဒေသခံ ၅၀ လောက် အဖမ်းခံရတဲ့သတင်း - ထားဝယ်ခရိုင် ပကဖတပ်ခွဲ ၂ ခု ဒေါနစစ်ကြောင်းကိုပြောင်းရွေ့တာဝန်ထမ်းဆောင်လိုက်တဲ့အကြောင်း - ရာမညတပ်ခေါင်းဆောင်နဲ့အဖွဲ့ မွန်ပြည်သစ်ပါတီနဲ့ ပူးပေါင်းလိုက်တဲ့အကြောင်း - ကော့သောင်းကနေ ထိုင်းနိုင်ငံကို ဂုံးချေ...
ဖေဖော်ဝါရီလ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 08.02.2024 8:04
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထိုင်းက အလိုရှိနေတဲ့ သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ကို စစ်ကောင်စီတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တဲ့အကြောင်း - စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကြောင့် ကလေး ၂ ဦးအပါအဝင် ပြည်သူ၉ ဦး ဒဏ်ရာရသွားတဲ့ အကြောင်း - သံဖြူဇရပ်မှာ မိုင်းနင်းမိလို့ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားတာ - နယ...
Podcasts parecidos
O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos